အမှား​နည်း​စေလို

in #life5 years ago

ပျင်း​နေရင်​ စာ​ရေးဖို့စိတ်​ကူး​ပေါက်​တတ်​တဲ့သူက ကျမပါ။ ဘာအ​ကြောင်းကို ​ခေါင်းစဉ်​တပ်​ပြီး ​ရေးရမလဲ​တွေး​တော့ လူ​သား​တွေရဲ့ စိတ်​ဓာတ်​​ရေးရာနဲ့ဆိုင်​တဲ့အ​ကြောင်း​လေး ​ပြေးစဉ်းစားမိတယ်​။ ကျမဆိုတာက​လေ တစ်​​ယောက်​တည်း​နေရတဲ့အချိန်​မျိုး​တွေဆို ​ပတ်​ချာလည်​ လိုက်​​တွေး​နေတတ်​တဲ့သူမျိုး​လေ။ အခုလည်း facebookကြည့်​ရင်း နဲ့ပျင်းလာတယ်​၊ကြည့်​စရာ celebrity ​တွေအ​ကြောင်းလဲ ပျင်းတိုင်းကြည့်​​နေ​တော့ ကုန်​ပြီ။ ဒါနဲ့ပဲဟို​တွေး ဒီ​တွေး ၊ဟို​ရောက်​ဒီ​ရောက်​ နဲ့ စာ​ရေးမယ်​ဆိုပြီး ဖြစ်​သွား​ရော့။ ကဲ...ကြည့်​ လူ့စိတ်​ဆိုတာ ခဏ​လေးအတွင်းမှာကို မငြိမ်​ဘူး။သူသွားရာလိုက်​ရတာ​ပေါ့။ မလိုက်​လို့မဖြစ်​ဘူး​လေ စိတ်​သွားရာကိုယ်​ပါတဲ့ စကားပုံ​တောင်​ရှိ​သေးတာကို​နော။တော်​ပြီ...​တော်​ပြီ စာ​ရေးဖို့အ​ကြောင်း​လေး ဖြစ်​​ပေါ်ပုံကို ​ပြောပြ​နေ​တာ မပြီးနိုင်​ဘူး။အ​တော်​စကားများပြီး လျှာရှည်​တာလည်း ကျမပဲ(ဟားဟား)။

လူ​တွေရဲ့စိတ်​က အ​တော်​​လေးနားလည်​ရခက်​တယ်​။အေး​ပေါ့ ကိုယ့်​စိတ်​​တောင်​ကိုယ်​ မသိလိုက်​တာ​တွေကအများသားကို​နော..။သူတို့စိတ်​ကိုနားလည်​ဖို့ကြိုးစား​နေတုန်း သူတို့​ပြောင်းသွားကြပြန်​ပြီ။ အခုကိုယ့်​​ပေါ်​ကောင်း​နေတယ်​၊ကိုယ့်​အ​ပေါ်ခင်​​နေတယ်​လို့ အ​တွေး​လေးမ​တွေးလိုက်​နဲ့ အဲ့အချိန်​မှာပဲ​ပြောင်းသွားတတ်​တာမျိုး။ လူအမျိုးမျိုးစိတ်​အ​ထွေ​ထွေတဲ့ မဟုတ်​ဘူး လူတစ်​​ယောက်​ကိုပဲ စိတ်​အ​ထွေ​ထွေဖြစ်​​နေကြတယ်​။ အခုပဲ သူကငါ့ဆိုအလိုလိုက်​တယ်​ ငာ့အ​ပေါ်အရမ်း​ကောင်းတာ ​နောက်​သိပ်​မကြာ​ဘောင်​ ငါ့အ​ပေါ်​ကောင်းတယ်​ထင်​မိတာ အခု​တော့အလကားပဲတဲ့။ကဲ...ကြည့်​ ​ပြောင်းသွားကြပြီ။ ကျမထင်​တယ်​ လူ​တွေက​လေ ကိုယ့်​ခံစားချက်​၊ယူဆချက်​​တွေနဲ့ ကိုက်​ညီပြီးထွက်​လာတဲ့အ​ဖြေတစ်​ခုကိုပဲ ကိုယ့်​အတွက်​လို့မှတ်​ယူတတ်​ကြတယ်​။ ဆိုလိုရင်းက တစ်​ဖက်​သားကကိုယ့်​အ​ပေါ်​ကောင်းတယ်​မ​ကောင်းဘူးဆိုတာ ဖြစ်​လာတဲ့လတ်​တ​လောဖြစ်​ရပ်​​အ​ပေါ်မှာပဲဆုံးဖြတ်​တတ်​ကြတာ။ဒါ​ကြောင့်​လည်း အရင်​က​ကောင်းပြီး အခုမ​ကောင်းဘူးဖြစ်​ကြတာ​ပေါ့။

စိတ်​ခံစားချက်​​နောက်​ကိုလိုက်​ပြီး လုပ်​​ဆောင်​တဲ့အရာတိုင်းက အကုန်​မမှန်​နိုင်​ဘူး။ဒီ​နေရာမှာ ဆင်​ခြင်​​တွေး​တောခြင်းဆိုတဲ့ သတိ​လေးကပ်​ဖို့လိုလာပြီ။ ဒါမှလည်းလုပ်​သင့်​၊မလုပ်​သင့်​၊ဖြစ်​သင့်​မဖြစ်​သင့်​ဆိုတဲ့ဒွိဟထဲကထွက်​လာနိုင်​မှာ​လေ။ ဆင်​ခြင်​သုံးသပ်​မှုက အ​တော်​​လေးအ​ရေးပါသလို တကယ်​လည်းအကျိုးပြုတယ်​။ ဒီသတိ​လေးတာရှိ​နေရင်​ အမှားနည်းပြီး ​ပျော်​ရွှင်​မှု​တွေများလာမှာ။ လူ​တွေလို​နေတာက အဲ့ဒါ​လေးပဲ။ ဘာ​ကြောင့်​ဒီလိုဖြစ်​သွားတာပဲ ဆိုတဲ့အ​ဖြေကိုရှာဖို့​မေ့ထားပြီး ပြသနာကို​ဒေါသနဲ့ရှာပြီး အပူမီးကိုမှလှမ်းကိုင်​ချင်​ကြတာမသိကြဘူး။ ​နောက်​ဆုံးပူ​လောင်​ရတာ အခြားသူမဟုတ်​ဘူး ကိုယ်​ပဲ။ ဒါစိတ်ခံစားချက်​​ပေါ်မှာပဲ​လျှောက်​တတ်​တဲ့ ဂျ​လေဘီ​လေး​တွေအသိဆုံး​နေမှာပါ။ ​နောက်​မှ အဲ့တုန်းက အဲ့လိုမ​ဖြေရှင်းဘဲ ဒီလို​ဖြေရှင်းလိုက်​ရင်​ အ​ကောင်းဆုံးအ​ဖြေရနိုင်​တယ်​ဆိုတာကို အချိန်​​တွေ ​နောင်​တ​တွေ​ပေးဆပ်​ပြီးမှ ရလိုက်​ကြတယ်​။ အဲ့ချိန်​မှာ သိပ်​​နောက်​ကျသွားပြီ။ ပြန်​ပြင်​ဖို့မလွယ်​ကူသလို ပြင်​မရတာ​တွေလည်းတပုံကြီးပဲ။ ဒါ​ကြောင့်​ လက်​ရှိအချိန်​ဟာအ​ကောင်းဆုံးဆိုရင်​ လက်​ရှိအချိန်​​လေးမှာ စိတ်​ခံစားချက်​​ကြောင့်​ အမှားမလုပ်​ဖို့လည်း ​မေ့ထားလို့မရဘူး။ သတိဆိုတာ ပိုတယ်​မရှိဘူးတဲ့ ..ဟုတ်​တယ်​မလား?? ဒါ​ကြောင့်​ဆင်​ခြင်​ပြီးလုပ်​ပါ၊သုံးသပ်​ပြီးမှ အ​ဖြေရှာပါလို့​နော်​။ ကျမက​တော့ အမှားကမလွတ်​​သေး​ပေမယ့်​ မများ​တော့ဘူး။ အားလုံးလည်း အမှားနည်းကြပါ​စေ......

@thithisann

Sort:  

Congratulations @thithisann! You received a personal award!

Happy Birthday! - You are on the Steem blockchain for 2 years!

You can view your badges on your Steem Board and compare to others on the Steem Ranking

Vote for @Steemitboard as a witness to get one more award and increased upvotes!

Coin Marketplace

STEEM 0.27
TRX 0.13
JST 0.032
BTC 62795.05
ETH 2941.10
USDT 1.00
SBD 3.55