အသည်းအသက်​နဲ့ထပ်​တူ.. .(​မောင့်​ကို) အပိုင်း(၁၂)

in #love6 years ago

အသည်းအသက်​နဲ့ထပ်​တူ.. .(​မောင့်​ကို)

အပိုင်း(၁၂)

မနက်​ခင်းရဲ့​နေ​ရောင်​ခြည်​နုနုကမှန်​ကတဆင့်​သူတို့ကုတင်​​ပေါ်ကျ​ရောက်​လာပါသည်​။မျက်​နှာ​ပေါ်က​နေထိုးကျ​လာ​သော​နေ​ရောင်​​ကြောင့်​မ​နေ့ညကလိုက်​ကာကိုမချလိုက်​ရမှန်းနားလည်​လိုက်​ပါသည်​။သူ့ရင်​ခွင်​ထဲမှာအိပ်​​ပျော်​​နေ​သောသူမပါးကိုနမ်းလိုက်​ပြီးမျက်​နှာကိုလက်​ဝါးဖြင့်​ကာထားလိုက်​ပါသည်​။

"ဟာ..၇နာရီခွဲပြီ
အလုပ်​​နောက်​ကျလို့က​တော့ဒက်​ဒီဆီမှာ​ကောခံရမှာဘဲ"

ကပြာကယာထပြီးလိုက်​ကာကိုဆွဲပိတ်​လိုက်​ပါသည်​။သူမနိုးသွားမှာစိုးလို့လည်းအသံမမြည်​​အောင်​လုပ်​ရပါ​သေးသည်​။ရေမိုးချိုးအဝတ်​စားလဲကာ​အောက်​ထပ်​​ပြေးဆင်းလာခဲ့ပါသည်​။

"မာမီ
သားအလုပ်​သွားပြီ"

"​ဟေ့
Breakfasts စားသွားဦး​လေ
သားမိန်းမ​ရော"

"သူအိပ်​​နေ​သေးတယ်​"

"ဟယ်​..​ယောက်ျားက​တောင်​အလုပ်​သွားပြီ
သူကအိပ်​​နေတုန်းလား"

"မာမီ
အသက်​ပင်​ပန်းလာလို့အိပ်​ပါ​စေဦး"

"​အေး​ပေါ့
မင်းကမင်းမိန်းမထိ​တာမကြိုက်​ဘူးဆို​တော့မ​ပြော​တော့ဘူး
ဟုတ်​ပြီလား"

မာမီ့ပါးကို​မွှေး​မွှေး​ပေးပြီးပြိုင်​ကားစိမ်းပုတ်​​ရောင်​​လေးကို​မောင်းထွက်​ခဲ့ပါသည်​။ဒီကားမ​မောင်းရတာကြာပြီမဟုတ်​လား။


"​ယောက်​မ​ရေ"

ခွန်းချိုတ​ယောက်​မ​နေ့ညကတည်းက​ယောက်​မတို့​ရောက်​​နေပြီကြားလို့​ပျော်​​နေခဲ့တာပါ။အိပ်​​နေပြီဆို​သော​ကြောင့်​လာမ​တွေ့ဖြစ်​ခဲ့။ နှိုက်​ခြိုက်​စွာအိပ်​​နေ​သော​ယောက်​မ​ချော​ချော​လေးကိုကြည့်​ပြီးခိုင်​ခံ့ဘာလို့အဲ့​လောက်​ချစ်​တာလည်းဆိုတဲ့အ​ဖြေကိုသိလိုက်​ပါသည်​။
စိမ်းညို့​နေတဲ့မျက်​ခုံး​မွှေး​တွေရယ်​။မျက်​​တောင်​​ကော့​ကော့​လေး​တွေဖြာ​နေတာရယ်​။နှာခမ်းကနဲနဲထူကာ​ထောင့်​ချိုး​လေး​တွေက​ကော့​နေတာကခိုင်​ခံ့ကိုညှို့ယူသွားတာဖြစ်​မယ်​။ဆံနွယ်​ရှည်​ရှည်​​လေး​တွေဖြာ​နေတာကအစကဗျာဆန်​တာအမှန်​။
ဟာကွာ..မိန်းမအချင်းချင်း​ငေးကြည့်​​နေမိတယ်​လို့။
ဟုတ်​ပြီ..​ငါ့ဝတ္ထုထဲကမင်းသမီးပုံစံကို​ယောက်​မအ​ကြောင်းထည့်​​ရေးရမယ်​။

"​ယောက်​မ​ရေ..ထ​တော့လို့"

"ဟင်​..မမဘယ်​တုန်းက​ရောက်​​နေတာလဲ
ခင်​အရမ်းပင်​ပန်းသွားလို့"

"ငါ့​ယောက်​မလှလွန်းအားကြီးလို့​ငေး​နေတာ​ဟေ့
ကြည့်​ပါဦး..ပါးပြင်​​လေး​တွေပန်း​ရောင်​​ပြေး​နေတာဘဲ
ငါအသည်းယားတာဟယ်​"

ခွန်းချိုကသူမပါးနှစ်​ဖက်​ကိုလက်​ဖြင့်​ညှစ်​ထားပြီးပါးနှစ်​ဖက်​ကိုဘယ်​ပြန်​ညာပြန်​နမ်းလိုက်​ပါသည်​။

"မမ​နော်​..ခင်​မျက်​နှာမသစ်​က​သေးဘူး"

စောင်​​ခေါက်​မလို့အိပ်​ရာကထလိုက်​​တော့

"ဟယ်​..​ယောက်​မဒီအင်္ကျီနဲ့အိပ်​တာလား"

"ဟုတ်​တယ်​​လေ..ဘာဖြစ်​လို့လဲ"

ဖြူလွလွရှပ်​အင်္ကျီလက်​စကက​စတက်​​ကော်​လံနဲ့​ရှေ့ကွဲဖစ်​ကာ​ပေါင်​လည်​​လောက်​ထိ​ရောက်​ပါသည်​။
နောက်​ကခါးစည်းကြိုးနဲ့ဖြစ်​ကာချည်​သားမို့သက်​​တောင့်​သက်​သာရှိပါသည်​။

"ငါရှက်​တာအယ်​"

"မမ​နော်​..ဘာ​တွေ​တွေး​နေတာလဲ"

မျက်​နှာသစ်​မလို့​ရေချိုးခန်းဝင်​​တော့လည်းခွန်းချိုကစကားတတွက်​တွက်​​ပြောကာလိုက်​ဝင်​လာပါသည်​။

"ငါအခု​ရေးမယ့်​ဝတ္ထုမှာမင်းသမီး​နေရာက​ယောက်​မကိုထည့်​​ရေးမလို့
ရတယ်​မှတ်​လား"

သွားတိုက်​​နေ​သော​ကြောင့်​​ခေါင်းညိတ်​ပြလိုက်​ပါသည်​။

"​ယောက်​မ​ရေ
မာမီစကား​ပြောတာရင့်​ရင်​ခွင့်​လွှတ်​​ပေး​နော်
မာမီကသူ့သား​ချောကိုအရမ်းချစ်​တာ​လေ"

"ဟုတ်
ခင်​အဝတ်​လဲပြီးရင်​ဆင်းခဲ့မယ်
မမခင့်​ကိုတ​နေရာလိုက်​ပို့​နော်​"

"​အေး​အေး"

ခရမ်း​ရောင်​အ​ပြောင်​သားလက်​ပြတ်​​လေးကလည်​ပင်းကိုခပ်​ကျယ်​ကျယ်​​လေးvပုံစံ​ဖောက်​ထားကာခါးတို​လေးဖြစ်​သည်​။ထဘီကအဖြူခံ​ပေါ်မှာခရမ်း​ရောင်​အပွင့်​ကြီး​တွေနှင့်​။
မျက်​နှာကို​ပေါင်​ဒါနဲနဲပုတ်​လိုက်​ပြီးနှာခမ်းသားကို​ပန်း​ရောင်​​လေးဆိုးလိုက်​ပါသည်​။အလည်​ခွဲဆံပင်​ရှည်​ရှည်​​တွေကို​ဖြီးကားတဝက်​ကို​ရှေ့၌ချထားလိုက်​ပါသည်​။သူမပြင်​ဆင်​မှုကဒီ​လောက်​သာ။ပိုက်​ဆံအိတ်​ကိုယူကာ​အောက်​ထပ်​ဆင်းလာခဲ့ပါသည်​။ဒီ​နေ့စုစုကိုသင်​တန်းတခုခုတက်​ခိုင်းမလို့ရည်​ရွယ်​ထားတာပါ။

"အမ​လေး..ဒါလားအိမ်​​ထောင်​သည်
အလှက​လေးပြင်​ပြီးအပြင်​ထွက်​မယ်​ချည်း​ချောင်း​နေပါလား
ငါ့သားက​တော့နား​တောင်​မနားရှာဘူး"

"ခင်​အလုပ်​သွားမလို့ပါ​မေ​မေ"

"ငါတို့မှာညည်းဆယ်​သက်​စားမကုန်​တဲ့စည်းစိမ်​ရှိပါတယ်​သက်​သခင်​ရဲ့
ညည်းလစာတပဲ​ခြောက်​ပြားကိုငါ​ပေးနိုင်​တယ်​"

"ခင့်​ဗီဇကိုကသူများကိုအားမကိုးတတ်​လို့ပါ
ခင့်​အလုပ်​ကိုလည်းချစ်​လို့"

"​ပြောလိုက်​ရင်​reasonရှိပြီးသား"

"စုစု​ရေ"

"ရှင်​..မမ"

"ဒီမှာ​နေရတာအဆင်​​ပြေလား"

"ဒီ​နေ့စုကိုသင်​တန်းတခုလိုက်​အပ်​မလို့ဆိုတာတကယ်​လားဟင်​"

"တကယ်​​ပေါ့
စုကမတက်​ချင်​လို့လား
အခု​ခေတ်​မှာcomputerကိုလူတိုင်းတက်​သင့်​တယ်​ထင်​လို့"

"မမကိုစုအရမ်းအားကျတယ်
စုကြိုးစားမယ်​မမ"

"​ယောက်​မ​ရေ
သွားရ​အောင်​"

"ဒီကမမခွန်းချိုကလိုက်​ပို့မှာစုရဲ့
မမကကားသိပ်​မ​မောင်းရဲဘူး"
သူ့အသိဆိုင်​ရှိတယ်​​လေ"

"​ကျေးဇူးပါမမခွန်းချို"

"အင်း"

ခွန်းချိုဒီ​ကောင်​မ​လေးကိုသိပ်​မကြိုက်​ချင်​ပါ။စကား​ပြောတာရဲတင်းပြီးဘာမှမ​ကြောက်​တဲ့ပုံစံမျိုး။အော်​..ငယ်​​သေးတာဘဲ​လေ။
ကား​ပေါ်​ရောက်​​တော့ခိုင်​ခံ့ဆီကဖုန်းလာပါသည်​။

"​အေး​..ပြောခိုင်​ခံ့"

"......."

"​အေး..နင့်​မိန်းမနိုးပြီ
အခုစုစုကိုcomputerသင်​တန်းလိုက်​အပ်​​ပေးမလို့"

"......"

"​အေး​အေး"

"​ယောက်​မခိုင်​ခံ့က​ပြောချင်​လို့တဲ့"

"ဟယ်​လို​..​မောင်​"

"....."

"​မောင်​ကလည်း
ခင်​တ​ယောက်​ထဲသွားတာမှမဟုတ်​တာ"

"....."

"ဘယ်​မှမသွားဘူး
စုစုကိုသင်​တန်းအပ်​ပြီးတာနဲ့ဆိုင်​သွားမှာ
ည​နေဝင်​ကြို..ဒါဘဲ​နော်​"

"...."

"ခင်​လည်းချစ်​ပါတယ်
ဟုတ်​ပြီလား"

ဖုန်း​ပြောပြီး​တော့ခွန်းချိုဆီဖုန်း​ပေးလိုက်​ပါသည်​။

"အမြင်​ကတ်​တာအယ်
ခိုင်​ခံ့ကလည်းအဖြစ်​ကိုသည်းတယ်​"

"အားကျရင်​မြန်​မြန်​ရှာ​လေ"

ခွန်းချိုရဲ့သူငယ်​ချင်းပိုင်​ဖြိုးက​မြေနီကုန်းမှာcomputerသင်​တန်းဖွင့်​ထားပါသည်​။စုစုကိုလည်​လည်​​ပွေ​ပွေ​ဖြစ်​​စေချင်​တာ​ကြောင့်​​လူစည်​ကားတဲ့​နေရာကို​ရွေးချယ်​ထားတာပါ။သင်​တန်းဆီ​ရောက်​​တော့

"ပိုင်​ဖြိုး​ရေ"

"ခွန်းချိုမ
လာ​လေ"

ပိုင်​ဖြိုးကသူမ​နောက်​ကခင်​နဲ့စုစုကိုကြည့်​လိုက်​ပြီး

"သင်​တန်းသူ​တွေလားခွန်းချို"

"​အေးဟ
စုစုတဲ့"

"စုစုနှုတ်​ဆက်​လိုက်​ပါဦး"

"စုစုပါဆရာ"

"အစ်​ကိုလို့ဘဲ​ခေါ်ပါစုစု
ဒါနဲ့​နောက်​တ​ယောက်​က​ရော"

"အဲ့ဒါငါ့​ယောက်​မ"

"နင်​မ​နောက်​နဲ့​နော်
ငါအတည်​​မေးတာ"

"သက်​သခင်​ပါကိုပိုင်​ဖြိုး
ကျွန်​မညီမ​လေးကိုအပ်​ပါတယ်​​နော်​"

"​ငွေ​ရေး​ကြေး​ရေး​တော့မ​ပြော​တော့ဘူးပိုင်​ဖြိုး
နင့်​accထဲကိုလွှဲ​ပေးလိုက်​မယ်
အခု​တော့basicကစလိုက်​​ပေါ့"

"​အေးပါဟ"

"ငါတို့သွား​တော့မယ်​"

"​ကော်​ဖီ​လေးဘာ​လေး​သောက်​သွား.."

"မ​သောက်​​တော့ဘူး
နင့်​မျက်​လုံးကျွတ်​ကျ​တော့မယ်
အဲဒါငါ့​ယောက်​မ"

စုစုကိုထားခဲ့ပြီးcentreထဲကထွက်​ခဲ့ကြပါသည်​။သူမကိုဆိုင်​သို့ပို့ပြီးခွန်းချိုက​တော့စာကြည့်​တိုက်​သို့။


Thanks

Coin Marketplace

STEEM 0.26
TRX 0.13
JST 0.032
BTC 60955.99
ETH 2884.24
USDT 1.00
SBD 3.63