"မုန်းတယ်​ဆို​သော်​လည်း"

in #love6 years ago

"မုန်းတယ်​ဆို​သော်​လည်း"



"တပည့်​တို့ကို ဆရာမ​ပြောစရာရှိတယ်​၊ လာမယ့်​ Sunday မှာ တပည့်​တို့ကို ဆရာမတို့က​နေပြီး​တော့ ​ပျော်​ပွဲစားခရီးစဉ်​တစ်​ခုလိုက်​ပို့​ပေးဖို့ စီစဉ်​ထားတယ်​ ဒါ​ကြောင့်​ လိုက်​မယ့်​သူ​တွေ မာန့်​ဆီမှာ စာရင်း​ပေးသွင်းထားကြပါ"

ဆရာမစကားသံဆုံးသည်​နှင့်​ ​"ဟေးးး"ဆို​သော​အော်​သံနဲ့အတူ တစ်​ခန်းလုံးညံပွက်​​နေပါ​တော့သည်​၊ ဘယ်​သူနဲ့သွားမယ်​ ဘာ​တွေလုပ်​ကြမယ်​ ဘာညာနဲ့ စီညံ​နေပါ​တော့သည်​။ ဆရာမစာသင်​ပြီး​အခန်းထဲကထွက်​သွား​တော့ စာရင်း​ပေးသွင်းသူ​တွေနဲ့လက်​မလည်​ဖြစ်​​နေ​သော မာန့်​ ရဲ့အနားကို ​ရေခွက်​​လေးတစ်​ခွက်​ကျလာပါ​တော့သည်​။

"မာန်​ ​မော​နေပြီလား ​ရေ​သောက်​​လေ ​ရော့"

ဟေးး ​ကျောင်းသား​တွေရဲ့စ​နောက်​သံနဲ့အတူ မာန်​ နဲ့ မဒီ ရှက်​ကိုးရှက်​ကန်း ဖြစ်​​နေပါ​တော့သည်​။ ​ကျောင်းလည်းဆင်းပြီမို့ ​ကျောင်းသား​တွေလည်းထွက်​သွားပါ​တော့သည်​။ အခန်းထဲမှာ မဒီနဲ့မာန်​ နှစ်​​ယောက်​တည်းသာ....!

"ရပါတယ်​ မဒီ ရယ်​ မပင်​ပန်းပါဘူးဟ ဒါနဲ့နင်​​ရောလိုက်​မယ်​မလားဟင်​"

"အင်း ငါကခရီးသွားရတာ​ပျော်​တယ်​ဆို​တော့ လိုက်​မှာ​ပေါ့ဟ သူငယ်​ချင်း​တွေနဲ့ဆို​တော့ ​ပျော်​စရာကြီး ဟီးးး"

လွတ်​လပ်​​ပေါ့ပါးစွာရယ်​​နေ​သော မဒီ ကို တဒင်္ဂ​တော့ ​ငေး​မောမိသွား​သေးသည်​။ သူကြည့်​​နေမှန်းသိ​တော့ မဒီ ကရှက်​ပြီး မျက်​လွှာ​လေးချသွားပါ​တော့တယ်​။

"မာန်​ ငါရှက်​တယ်​ဟ အဲ့​လောက်​ကြီးစိုက်​ကြည့်​မ​နေနဲ့"

မဒီ အသံကြား​တော့မှ သူသတိဝင်​လာပါ​တော့သည်​။ ပြီး​တော့မှ "အရမ်းလှတာပဲ မဒီ" ရယ်​ ဟု​ပြောလိုက်​​တော့

"ဟင့်​... ဘာ​တွေ​ပြော​နေမှန်းလည်းမသိဘူး"ဟု​ပြောပြီး မဒီ မာန့်​ အနားကထွက်​​ပြေးပါ​တော့သည်​။ မာန်​ပျော်​လွန်းသဖြင့်​ မျက်​စိတစ်​စုံး​ငေးကြည့်​လိုက်​​တော့ ​နောက်​ပြန်​လှည့်​ကြည့်​​သော သူ့ရဲ့နတ်​သမီး​လေးနဲ့ အကြည့်​ချင်းဆုံခိုက်​ ရင်​ခုန်​သံ​တွေြေ​ဗာင်းဆန်​​ကုန်​ပါ​တော့သည်​ ဒါ​ပေမယ့်​ ချစ်​တယ်​လို့​တော့ သူမဖွင့်​ဟရဲ​သေးပါ......။

💗💗💗💗💗💗💗💗💗💗💗💗💗💗

လူစာရင်း​တွေ​ပေးပြီး​နောက်​ သွားမယ့်​ရက်​ရဲ့တစ်​ရက်​အလိုမှာ ဆရာမက ထွက်​မယ့်​အချိန်​ နှင့်​ လူစုရမယ့်​​နေရာကို​ပြောပြပြီး လူစာရင်း​ကြေငြာ​တော့ ဆရာမ​အော်​​သောနာမည်​မှာ မာန်​ နဲ့ သက္ကရာဇ်​ မပါဝင်​​ပေ။ အားလုံးကတီးတိုး​ပြော​နေကြပြီ....ထိုအချိန်​မှာပဲ .....

"ဆရာမ ကျွန်​​တော်​လည်းလိုက်​မယ်​​ဗျာ" သက္ကရာဇ်​ ရဲ့အသံထွက်​​ပေါ်လာပါ​တော့သည်​။

"ဟင်​ အားလုံးကလိုက်​ပြီး မာန်​ သားက​ရောဘာလို့မလိုက်​ချင်​ရတာလဲ"ဟု ဆရာမက​မေး​တော့

"ဘာမှမဖြစ်​ပါဘူးဆရာမ အ​မေ့ကိုလည်းဘာမှမ​ပြောရ​သေးလို့ပါ"

"​အေးပါ သားလည်းလိုက်​ခဲ့ပါကွယ်​ ကားက​နေရာအလွတ်​ကြီးပါ သားလိုက်​မယ်​ဆို သားသူငယ်​ချင်း​တွေနဲ့ အတူတူလိုက်​လာခဲ့​နော်​"

"ဟုတ်​ကဲ့ပါဆရာမ သားလိုက်​မယ်​ဆို သူငယ်​ချင်း​တွေနဲ့အတူတူလာခဲ့ပါ့မယ်​...."ဟု​ပြော​တော့

"​အေးပါကွယ်​" ဆိုပြီး ဆရာမကစာအနည်းငယ်​သင်​ကာ ထွက်​သွားပါ​တော့သည်​။

"မာန်​ နင်​ဘာလို့ငါတို့နဲ့မလိုက်​တာလဲဟင်​ လိုက်​ခဲ့ပါဟာ ငါကနင်​ပါမယ်​ထင်​လို့ ​ပျော်​​နေခဲ့တာ လိုက်​ခဲ့ပါ​နော်​... "

"မဒီ"ရယ်​ ငါ​အေး​ဆေး​နေချင်​လို့ပါဟာ နင်​ပဲသူငယ်​ချင်း​တွေနဲ့ ​ပျော်​​ပျော်​ကြီးခရီးသွားပါဟာ ​နော်​..."

"​အေးပါ နင်​မလိုက်​ချင်​လည်း ဇွတ်​မ​ခေါ်​တော့ပါဘူး"ဆိုပြီး မဒီ ​ကျောခိုင်းလှည့်​ထွက်​လာ​သော သူ့မျက်​ဝန်းမှာ တိမ်​မည်း​တွေဖုံးအုပ်​​နေပြီဆိုတာ​တော့ မာန်​ တစ်​​ယောက်​မသိပါ​လေ...။

"မာန်​ ရာ လိုက်​ခဲ့ပါကွာ ငါတို့လည်းပါ​နေတာကို တို့ကိုခင်​ရင်​ လိုက်​ခဲ့ကွာ​ဟျောင့်​"

"မင်းကွာ ​ကောင်​မ​လေး သနားပါတယ်​ မျက်​ရည်​​တွေဝဲ​နေတာကွ ငါ​တောင်​သနားတယ်​"

"ဟင်​ .. မဒီ မျက်​ရည်​ဝဲ​နေတယ်​ဟုတ်​လား ဟုတ်​လို့လား ​ကျော်​စွာရာ"

"ဟုတ်​တာ​ပေါ့ကွာ ဒီအချိန်​ဆိုငို​တောင်​ငို​နေ​လောက်​ပြီ ​အေး ဒီမှာ မာန်​ မင်းကိုလည်းသတိ​ပေးလိုက်​မယ်​​နော်​ မင်းမလိုက်​ရင်​ မဒီ့ အနားမှာ ဟို​ကောင်​ သက္ကရာဇ်​ကပ်​​နေလိမ့်​မယ်​ ငါ​တော့ဒါပဲ​ပြောမယ်​"

ကျော်​စွာသတိ​ပေး​တော့မှပဲ မာန်​ ရင်​​တွေပူလာပါ​တော့သည်​။

"ငါဘာလုပ်​ရမလဲကွာ အကြံဉာဏ်​​ပေးပါအုံး" 

"​အေး မဒီ့ ကိုတကယ်​ချစ်​ရင်​ ဒီခရီးကိုလိုက်​ခဲ့ မဟုတ်​ရင်​ မဒီ သက္ကရာဇ်​ ​နောက်​ ပါသွားလိမ့်​မယ်​ ငါတို့​တော့ ဒါပဲအကြံ​ပေးနိုင်​မယ်​ မလိုက်​ချင်​လည်း မင်းသ​ဘောပဲ ငါတို့​တော့သွားပြီ "

ကျော်​စွာနဲ့ထွဋ်​​ခေါင်​ထွက်​သွား​တော့ မာန်​ ​ငေါင်​​ငေါင်​ကြီးကျန်​​နေခဲ့ပါ​တော့သည်​။ ထိုညက မာန်​ တစ်​ညလုံးအိပ်​မ​ပျော်​ စဉ်းစားရင်းဟိုလူးဒီလှိမ့်​ဖြင့်​ အ​တော်​ညည့်​နက်​မှ အိပ်​​ပျော်​သွားပါ​တော့သည်​။

💔💔💔💔💔💔💔💔💔💔💔💔💔💔

လူစုံ​နေကြပြီ မာန်​ ရယ်​ နင်​ဘာလို့မလာ​သေးတာလဲ မဒီ လည်​တဆန့်​ဆန့်​နဲ့ မာန်​ ကို​မျှော်​​နေမိသည်​။ ထိုအခိုက်​ ....

"​ကျောင်းသား​တွေလူစုံပြီလား လူစုံရင်​ထွက်​ကြမယ်​​ဟေ့ ..."

"လူစုံပြီ​ဗျို့ ကားထွက်​ပါ​တော့​ဗျို့" ​ကျောင်းသား​တွေဝိုင်း​အော်​​တော့ ကားကိုစတင်​ပြီးစက်​နှိုးပါ​တော့သည်​။ မဒီ မျက်​ရည်​ဝိုင်း​လာပါတော့သည်​။ ထိုအခိုက်​ မျက်​ဝန်း​ထောင့်​​လေးက အ​ပြေးလာ​နေ​သော မှုန်​ဝါးဝါးအရိပ်​က​လေးတစ်​ခု ... မျက်​ရည်​​တွေသုတ်​ပြီး​ ကားသမားကို မဒီ ​အော်​လိုက်​ပါ​တော့သည်​။

"ကားဆရာ ခဏ​နေပါအုံး ဟိုမှာ​ကျောင်းသားတစ်​​ယောက်​​ပြေးလာ​နေတယ်​" မဒီ​အော်​​တော့ ​ကျောင်းသား​တွေကလည်း ​အော်​ကြသည်​။

"ကားခဏရပ်​​ပေးပါ​ဗျို့ ​ကျောင်းသားတစ်​​ယောက်​​ပြေးလာ​နေလို့..."

"မဒီ့" အသံကြား​လို့ လှည့်​ကြည့်​လိုက်​​တော့ "မာန်​"မှဟုတ်​ပါ​လေစလို့ အားလုံးကဝိုင်းကြည့်​​နေကြသည်​။ ဟုတ်​တယ်​​လေ မာန်​ကခါတိုင်းလိုရိုးရိုး​အေး​အေး​လေး ဝတ်​ထားတာမဟုတ်​ပဲ ဂျင်း​ဘောင်းဘီအနက်​ စပို့ရှပ်​အဖြူ ​လေးကိုအတွင်းကခံဝတ်​ထားပြီး အ​ပေါ်အင်္ကျီအနက်​​လေးကိုဝတ်​ထားသည့်​အပြင်​ ဦးထုပ်​အနက်​ နှာ​ခေါင်းစွတ်​​လေးကို မျက်​လုံး​ပေါ်ရုံသာ ဖုံးအုပ်​ထားကာ ရှုးဖိနပ်​အနက်​​လေးနှင့်​ လွန်​စွာစမတ်​ကျလွန်း​နေသည်​။

ကားရပ်​​တော့ မာန်​ကအ​ပြေး​လေး​ရောက်​လာသည်​ အားလုံးရဲ့မျက်​လုံး​တွေက မာန့်​ ဆီမှာ ....

"​မောလိုက်​တာဟာ မမှီ​တော့ဘူးထင်​​နေတာ ​ဟဲ့​နင်​တို့ကဘာဝိုင်းကြည့်​​နေတာလဲ"

သူက ရှက်​ကိုးရှက်​ကန်း​ပြော​တော့ အားလုံးကဝိုင်းရယ်​ကြသည်​။

"သားကြီး အရမ်းလန်း​နေပါလားဟ အမယ်​ မင်းကပုံစံ​တွေ​ပြောင်း​နေပါလား... "

"မဟုတ်​ပါဘူးကွာ အ​မေ​ပေါ့ ခရီးသွားတာ လူငယ်​စတိုင်​လ်​နဲ့သွားပါဆိုပြီး ​ဘောင်းဘီ​တွေဝတ်​ခိုင်း​နေတယ်​။ အိတ်​ထဲမှာလည်း အဝတ်​အစား​တွေ သူပဲ​ရွေး​ပေးထားတာကွ...."

ဝတ်​ရည်​ မဒီ ကိုအကဲခတ်​ကြည့်​လိုက်​​တော့ အခုမှပဲပြုံးရွှင်​​နေသည့်​ မျက်​နှာထား​လေးကို ​တွေ့လိုက်​ရပါ​တော့သည်​။

"လူစုံပြီ ကားထွက်​​တော့​ဗျို့" ​ကျောင်းသား​တွေက​အော်​မှ ကားစတင်​ထွက်​လာပါ​တော့သည်

"ဟဲ့မာန်​ မတ်​တပ်​ရပ်​မ​နေနဲ့ ဒီနားလာထိုင်​​လေ"

ဝတ်​ရည်​ကသူနဲ့မဒီနားမှာ လာထိုင်​ခိုင်​​တော့ .....

"​အေးပါ"ဆိုပြီး မဒီ အနားမှာထိုင်​လိုက်​ပါ​တော့သည်​။ သူ့အားမကြည်​ကြည့်​ ကြည့်​​နေတဲ့သူကို​တော့ သတိမထားမိလိုက်​ပါ​ချေ။ သူကား သူ့ရဲ့ရည်းစားလုဘက်​ သက္ကရာဇ်​....

နေနှင့်​အုံး​ပေါ့ မာန်​ရာ တစ်​​ကွေ့​ကွေ့​တော့ ကြုံအုန်းမှာပါ ​တောက်​!....

💔💔💔💔💔💔💔💔💔💔💔💔💔💔

"မာန်​ ​ပြော​တော့နင်​မလိုက်​ဘူးဆို "

"​အေး ဒါ​ပေမယ့်​ နင့်​အနားမှာဘယ်​​ကောင်​ကိုရှိတာမကြိုက်​လို့ ငါလိုက်​လာတာ"

သူ့စကားကြားရ​တော့ မဒီ စိတ်​ထဲမှာကြည်​နူးသွားရပါသည်​။ ဖုံးဖိမရ​လောက်​​အောင်​​ပျော်​လွန်း​တော့ မျက်​နှာမှာအပြုံး​လေးတစ်​ပွင့်​က အထင်းသား...

"နင်​ဘာလို့ပြုံးတာလဲဟာ ငါ့ကို​လှောင်​တာလား"

"မဟုတ်​တာ မာန်​ ရယ်​ အမှန်​အတိုင်း​ပြောရင်​ ငါ​ပျော်​လို့ပါ"

"တကယ်​လားဟင်​"ဆို​တော့ "အင်း" တဲ့

"​ဟေးးး" မာန်​ ရုတ်​တရက်​ထ​အော်​လိုက်​​တော့ အားလုံးကဝိုင်းကြည့်​ကြသည်

"ငါသိတယ်​​နော်​ ​ဟျောင့်​"ဆိုပြီး ​ကျော်​စွာက စ,လိုက်​​တော့ အားလုံးကဝိုင်းရယ်​ကြသည်​။ တစ်​လမ်းလုံး စလိုက်​​နောက်​လိုက်​နဲ့ တစ်​ကားလုံး တဝါးဝါးတဟားဟားနဲ့ ဆူညံ​နေပါ​တော့သည်​။ မ​ပျော်​နိုင်​သူကား သက္ကရာဇ်​ တစ်​​ယောက်​ နှင့်​ သူ့အ​ပေါင်းအသင်းများသာ....!

ခရီးစဉ်​တစ်​​လျှောက်​လုံး "မဒီ" အရမ်း​ပျော်​​နေမိသည်​။ ကိုလူ​ချော​လေးက သူ့​ဘေးမှာမဟုတ်​ပါလား......

💔💔💔💔💔💔💔💔💔💔💔💔💔💔

ဒီလိုနဲ့​ချောင်းသား ကမ်း​ခြေ​ရောက်​​တော့ မဒီတို့ကတစ်​​ဖွဲ့ မာန်​တို့တစ်​ဖွဲ့ သူ့အဖွဲ့နဲ့သူ...

"​ဟျောင့်​ မာန်​ ဒီမှာကြည့်​"ဆိုပြီး ​ကျော်​စွာကပြလိုက်​​တော့ မ​ဟော်​ဂနီ​ရောက်​​တောက်​​နေသည့်​ ဂစ်​တာတစ်​လက်​။

"​ဟျောင့်​ မင်းဂစ်​တာကလန်းလှချည်​လား ဘယ်​ကရတာလဲ"

"လန်းဆို ငါ့အကိုထိုင်းကဝယ်​လာ​ပေးတာကွ မင်းအတွက်​ ယူလာ​ပေးတာ ​ပျော်​ပွဲစားထွက်​တာဒီအတိုင်းဆိုပျင်းစရာကြီးကွ ​ရော့စမ်းပြီးတီးကြည့်​"ဆို​တော့...မာန်​ ယူပြီးတီးကြည့်​ပါ​တော့သည်

"ဂစ်​တာက​တော့ အမိုက်​စားပဲကွ မိုက်​တယ်​"

"​အေး အဲ့ဒါညကျရင်​မီးပုံပွဲမှာ မင်းတီးမယ့်​ဂစ်​တာပဲ"

"ဟာ မတီးချင်​ပါဘူးကွာ လူအများကြီးရယ်​"

"မများပါဘူးကွာ ဝတ်​ရည်​တို့အုပ်​စုနဲ့ငါတို့ပဲ​လေကွာ ဒါပဲ​ဟျောင့်​ ညကျရင်​မင်းတီးကိုတီးရမယ်​ ငါမဒီတို့ကိုသွား​ပြောလိုက်​အုံမယ်​" ဆိုပြီး ​ကျော်​စွာထွက်​သွား​တော့ သူတစ်​​ယောက်​တည်း ဂစ်​တာစမ်းရင်း ကျန်​​နေခဲ့ပါ​တော့သည်​။

💔💔💔💔💔💔💔💔💔💔💔💔💔💔

"ဟဲ့ နင့်​သူငယ်​ချင်းမလာ​သေးဘူးလား"

"လာပါပြီဟ နင်​တို့ကလည်း ငါ​ရေချိုး​နေလို့"

မဒီ တို့လှည့်​ကြည့်​လိုက်​​တော့ ​ဘောင်းဘီရှည်​​လေးနဲ့ ရှပ်​အင်္ကျီ​လေးကို လက်​​ခေါက်​ဝတ်​ထားတဲ့သူ့ပုံစံက လွန်​စွာ​ကျော့​မော့​နေသည်​။ လက်​ထဲမှာ ​ခေါက်​ကိုင်​ပြီးယူလာ​သော ဂျာကင်​အင်္ကျီ​လေး....

"ဟာ ငါ့​ကောင်​ကြီးက အလန်းကြီးဟ မင်းနဲ့ဒီပုံစံနဲ့စမတ်​ကျတယ်​"

"မင်းကလည်း လာ​မြှောက်​​နေပြန်​ပြီ ဆိုပြီး မာန်​ ဝင်​ထိုင်​လိုက်​ပါ​တော့သည်​။ ကဲလူစုံပြီးဆို​တော့ ပွဲစကြရ​အောင်​"ဆိုပြီး ​မီးရှုးမီးပန်း​တွေထုတ်​​ဖောက်​ကြပါ​တော့သည်​ ပြီး​တော့ စား​သောက်​ကြပြီး

"အခုတစ်​ခါအလှည့်​ကျလာသူက​တော့ ကျွန်​​တော်​တို့ရဲ့မာန်​ဖြစ်​ပါတယ်​ သူက​တော့ ဂစ်​တာတီးပြီး သီချင်းဆိုပြမှာဖြစ်​ပါတယ်​"ဆိုပြီး ​ကြေငြာလိုက်​​တော့

"​ဟေးးး မာန်​ သီချင်းဆိုပြပါ" အားလုံဆူညံ​နေကြတာမို့ တစ်​​ယောက်​ပြီးတစ်​​ယောက်​လာထိုင်​ရင်း လူ​တော်​​တော်​များလာပါ​တော့တယ်​။

"မဆိုချင်​ပါဘူးကွာ လူအများကြီးရယ်​ လို့မာန်​ကဆို​တော့"

"ဆိုပြပါမာန်​ရယ်​ မဒီ နား​ထောင်​ချင်​လို့ပါ"ဟု မဒီက​ပြောလိုက်​​တော့

"အင်းပါ ဒါဆိုလည်းဆိုပြပါ့မယ်​"ဟု​ပြော​တော့ အားလုံးကဝိုင်း၍လက်​ခုပ်​တီးကြသည်​။

"ကဲ စဆိုပြီ​နော်​..." ဆိုပြီး ဂစ်​တာကိုစတင်​၍တီးခတ်​ပါ​တော့သည်​။

🎶🎼🎵🎶🎼🎵🎶🎼🎵🎶🎼🎵
ငါဟာနင့်​ရဲ့အသုံးချခံသူပါ
ဘယ်​​တော့မှနင့်​ကို မငြို ငြင်​ဘူး....
နင်​​တွေ့ဖူးတဲ့​ယောကျာ်း​အမျိုးအစား​တွေတိုင်း
ချစ်​သူရယ်​ ငါနဲ့ကမတူပါဘူး....
ငါဟာနင့်​အတွက်​​ပေးဆပ်​ချစ်​ရတာပါ
ဘယ်​​တော့မှနင့်​ကို အနိုင်​မယူဘူး... ဟိုးး
နင်​အသဲခွဲခဲ့ဖူးတဲ့​ယောကျာ်းတွေတိုင်း
ချစ်​သူ​ရေ.. ငါနဲ့ကမတူပါဘူး......

မကြည်​ဖြူချင်​ရင်​​နေပါ နင်​မုန်းလည်းရတယ်
နင့်​ရဲ့အတွက်​ ငါ့ရဲ့အချစ်​တို့မ​စော်​ကားနဲ့...ဟိုးး ​ရေးး
ဟန်​​မဆောင်​ပါကွာလိမ်​ညာတယ်​ဆို
နင်​ရိုက်​သတ်​လိုက်​ပါ....
ရှင်းပြလို့ ... မရတဲ့ပုစ္ဆာမတွက်​ခိုင်းနဲ့
အချစ်​အဓိပ္ပါယ်​ အရမ်းခက်​တယ်​......🎼🎼🎼
🎶🎼🎵🎶🎼🎵🎶🎼🎵🎶🎼🎵

"မဒီ"တို့တစ်​ဖွဲ့လုံး မာန့်​ ရဲ့သီချင်းသံထဲမှာ ​မျောနစ်​​နေကြပါသည်​။ ကြည်​လင်​လှ​သောအသံနှင့်​အတူ ခံစားချက်​​တွေထည့်​ပြီး သီဆို​နေ​သောအသံက တစ်​ဖွဲ့လုံးကို ဆွဲ​ဆောင်​ထားနိုင်​လွန်းသည်​....!

မာန့်​ရဲ့သီချင်းသံဆုံးသွား​တော့ အားလုံးကလက်​ခုပ်​ဝိုင်းတီးကြသည်​။ ​ကောင်းလိုက်​တဲ့ သီချင်းနဲ့ဂစ်​တာသံ ဟုဝိုင်းဝန်းချီးကျူးကြသည်​။

"ဟဲ့ ဝတ်​ရည်​နင်​တို့ဘာလုပ်​​နေတာလဲ ဝိုင်းသိမ်းပြီ သွားအိပ်​​တော့ မဒီက​တော့ ​နေခဲ့အုံး မာန်​ ကစကား​ပြောချင်​လို့တဲ့ ။ ဟဲ့.. ​အော်​ ဒီ​ကောင်​မ​လေး​တွေ ဘာလုပ်​​နေတာလဲ ကိုယ့်​အခန်းကိုပြန်​ကြ​တော့"ဆိုပြီး ​ကျော်​စွာကမျက်​စိတ်​မှိတ်​ပြကာအားလုံးကို ပ,ထုတ်​သွားပါ​တော့သည်​။

သောင်​ပြင်​မှာ မဒီနဲ့မာန်​ နှစ်​​ယောက်​တည်းသာ ကျန်​​တော့သည်​။ တိတ်​ဆိတ်​မှုကို စတင်​ဖြိုခွဲလိုက်​သူက "မာန်​..."

"မဒီ" ငါတို့​သောင်​ပြင်​မှာ လမ်း​လျှောက်​ကြရ​အောင်​ နင်​အိပ်​ချင်​​နေပြီလားဟင်​ "

"မအိပ်​ချင်​​သေးပါဘူးဟာ သွားမယ်​​လေ ဒါနဲ့နင်​ငါ့ကို​ပြောစရာရှိတယ်​ဆို"

"ဟို..ဟာ​လေ ဘာမှမဟုတ်​ပါဘူးဟာ လမ်း​လျှောက်​ရင်းနဲ့စကား​ပြောချင်​လို့ပါ"

"ဘာမှမဟုတ်​ရင်​လည်း ငါပြန်​​တော့မယ်​​နော်​ အရမ်း​အေး​နေပြီ "ဆိုပြီး

"မဒီ"လှည့်​ပြန်​လိုက်​​တော့ မာန်​ကသူ့လက်​ကိုဆွဲထားသည်​။

"ငါ့ကိုတစ်​​ယောက်​တည်းထားခဲ့မို့လား...နင်​​အေး​နေရင်​ငါ့အင်္ကျီ​လေးခြုံထား​လေ"ဆိုပြီး အင်္ကျီချွတ်​ကာ မဒီကိုလွှမ်း​ပေးထားလိုက်​ပါ​တော့သည်​။

"မပြန်​ပါနဲ့အုံးဟာ ​နော်​ ..." ဆိုပြီး "မဒီ"လက်​ကိုကိုင်​ထားလိုက်​မိသည်​။ မဒီ က

"လွှတ်​ပါဟာ သူများ​တွေမြင်​သွားလိမ့်​မယ်​"

"ငါဒီတစ်​ခါလွှတ်​လိုက်​လို့အခန့်​မသင့်​ရင်​ အ​ဝေးဆုံးကို​ရောက်​သွားလိမ့်​မယ်​ မလွှတ်​ပါရ​စေနဲ့ဟာ ​နော်​..." ဆို​တော့

"မသိဘူး​လေ" တဲ့

"သိလိုက်​ပါ မဒီ ရယ်​ ​နော်​..." ဆိုပြီး

ရင်​ခွင်​ထဲဆွဲ​ပွေ့ထားလိုက်​​တော့ မဒီ့ခန္ဓာကိုယ်​​လေးအလိုက်​သင့်​​ ​မျောပါလာပါ​တော့သည်​။

"မဒီ" တစ်​ခုခု​တော့ပြန်​​ပြောအုံး​လေ

ရှက်​ရွံ့စွာဖြင့်​ ရင်​ခွင်​ထဲ​ခေါင်း​လေးဖွက်​ပြီး​တော့မှ .....

"ဘာ​ပြောရမှာလဲဟင်​"

"ကိုယ့်​ကိုတစ်​ခုခု​ပြော​ပေါ့ ကိုယ့်​ကိုချစ်​တယ်​မလားဟင်​"

"ဟွန့်​ ရင်​ခွင်​ထဲ​တောင်​​ရောက်​​နေပြီ ​မေး​နေရ​သေးလား "

"ဟင့်​အင်း ကြားချင်​လို့​ပေါ့"ဆို​တော့

"အင်း" တဲ့ "ဘာ.... မချစ်​နိုင်​ဘူးဟုတ်​လား"ဆိုပြီး စ,လိုက်​​တော့

"အသဲယားလာပြီ"ဆိုပြီး မာန့်​ ​ဗိုက်​ကိုလိမ်​ဆွဲပါ​တော့သည်​။

"အားး ခင်​​ဗျား​လေး​နော်​ ​ဗလအားကိုးနဲ့အနိုင်​မကျင့်​နဲ့" ဆို​တော့ နှစ်​​ယောက်​လုံး တစ်​ဟားဟား ရယ်​ပါ​တော့သည်​။

"မဒီ ကိုယ်​တို့ပြန်​ကြရ​အောင်​​နော်​ သိပ်​ညည့်​နက်​ရင်​ မဒီ့အတွက်​မ​ကောင်းဘူး"ဆိုပြီး ဆိုပြီးပြန်​လာကြပါ​တော့သည်။ သူ့ကို​အဲ့လို​​အ​လေးထား​တော့လည်း ကြည်​နူးရပြန်​သည်​။ အ​ဆောင်​ထိလိုက်​ပို့ပြီး​တော့ "ငါနင့်​ကိုအရမ်းချစ်​တယ်​မဒီရယ်​" ဆိုပြီး မာန်​ ပြန်​လှည့်​လာခို​က်

"မာန်​ ခဏ" ဆိုပြီး ရင်​ခွင်​ထဲကို​ မဒီပြေးဝင်​လာ​ပြီး

"ငါလည်းနင့်​ကိုအရမ်းချစ်​တယ်​​နော်​" ဆိုလိုက်​​တော့ မဒီ နဖူး​လေးမှာအနမ်းပန်း​လေးပွင့်​သွားပါ​တော့သည်

အို! မဒီရှက်​​သွေး​​ကြောင့်​ မျက်​နှာ​လေးနီရဲ​နေပါ​တော့သည်​။ အိပ်​​တော့​နော်​ ဆိုပြီး လှည့်​ထွက်​လာ​သောသူ့​ကျောပြင်​အား မျက်​စိတစ်​ဆုံး​ငေးပြီး​နောက်​ မမြင်​ရ​တော့မှ မဒီ အခန်းထဲဝင်​ပါ​တော့သည်​။

ဒီညလည်း ရှင့်​​ကြောင့်​အိပ်​​ရေးပျက်​ရ​တော့မယ်​ မာန်​ရယ်​....!

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.033
BTC 63071.06
ETH 3121.31
USDT 1.00
SBD 3.84