သူမရဲ့ဖက်​လုံး​လေး

in #love6 years ago

သူမရဲ့ဖက်​လုံး​လေး

သူမရဲ့ဖက်​လုံး​လေးဖြစ်​ချင်​တယ်
သူမအိပ်​စက်​တဲ့အခါတိုင်း
သူမရဲ့ရင်ခွင်နန်း​​တော်​မှာ
အ​ဖော်​မွန်​တစ်​​ယောက်​အဖြစ်
အမြဲခွင့်​ပြု​ပေးထားတယ်

သူမ​ ပျော်​ရွှင်​ချိန်​မှာဖြစ်​ဖြစ်
စိတ်​လှုပ်​ရှားချိန်​မှာဖြစ်​ဖြစ်
သူမ လက်​​ချောင်းနုနု​လေးတွေရဲ့
ထိ​တွေ့မှုကိုခံစားရတယ်

သူမ တခါတလေစိတ်​တိုတဲ့အခါ
ထုရိုက်​ကိုင်​​ပေါက်​ဖို့အတွက်​​တောင်
အသုံးချခံ အသုံးဝင်​တယ်

နောက်​ဆုံး
သူမ ငို​ကြွေးခဲ့ရင်​​တောင်
သူမရဲ့ပါးပြင်​ထက်​ကမျက်​ရည်​​တွေ
ခန်း​ခြောက်​ဖို့အတွက်
စိုစွတ်​ခွင့်​ရတယ်​​လေ

သူမရဲ့​ဖက်​လုံး​လေးဖြစ်​ချင်​တယ်​.......

Coin Marketplace

STEEM 0.27
TRX 0.13
JST 0.032
BTC 60805.28
ETH 2912.27
USDT 1.00
SBD 3.59