မချစ်​ဖူးလို့ မသိပါ (အပိုင်း၁)

in #love6 years ago

မချစ်​ဖူးလို့ မသိပါ (အပိုင်း၁)

"စိတ်​ထားဖြူ .....လာခဲ့စမ်း ညည်းစာ​မေးပွဲကျတယ်​ဆို"

"ကျတာထူးဆန်းလို့လား ဖွားဖွားကလည်း တကတဲ"

"​အောင်​မ​လေး​တော်​ ညည်းက ဒါမထူးဆန်းဘူး​ပေါ့ ​တွေ့မယ်​ ဒီမှာ"

ဒေါ်သန်းနုရဲ့လက်​ထဲတွင်​ ကြိမ်​တုတ်​​ရောက်​သွား​သောအခါ ထား​ပြေးဖို့ရန်​ ​အသင့်​ပြင်​လိုက်​သည်​။

"ဟဲ့ မိထား လာခဲ့​လေ လာစမ်း စာမကျက်​တဲ့​ကောင်​မ​လေး"

"အီးဟီးဟီး ဖွားဖွား​နော်​ ကိုယ့်​​မြေးမ​လေးကို လက်​လွန်​​ခြေလွန်​ တုတ်​လွန်​ဖြစ်​သွားမယ်​ စိတ်​​လျှော့ပါ ​နော်​ ​နော်​ ​နော်​"

"မ​လျှော့ဘူး ညည်းကို မိတဆိုး​လေးမို့ ​ဖ​အေကလည်း အ​ဝေးမှာအလုပ်​လုပ်​​နေရလို့ ငါက ဒုက္ခခံပြုစုထားတာ ခု​တော့ လုပ်​ချလိုက်​တာ ကြည့်​စမ်း ၉တန်း​တောင်​ကျတယ်​တဲ့ လာခဲ့စမ်း ငါ့အရှက်​ခွဲတဲ့ မိန်းမ"

"ဟာ....ဖွားဖွား​နော်​ ထားကိုတကယ်​ကြီးရိုက်​မလို့လား"

နောက်​ဆုံး​တော့လည်း ဖွားဖွားပဲ ​မောပြီး ​ခြေပစ်​လက်​ပစ်​ ထိုင်​လိုက်​သည်​။မိမနိုင်​စိန်​ကို ထိန်းကွပ်​ရတာ ဝဋ်​တစ်​ခု။

"အဟီး ဖွားဖွား လက်​နက်​ချပြီလား"

"​အေး​ဟေ့ ​အေး....ငါ​တော့စိတ်​ညစ်​ပါတယ်​ နင်​နဲ့​တော့...မဖြစ်​ဘူး ။နင့်​အ​ဖေကို အ​ကြောင်းကြားမယ်​"

"ဟာ ဖွားဖွား လုပ်​ပါနဲ့ ထားမုန့်​ဖိုးဖြတ်​ခံရလိမ့်​မယ်​"

"ဪ ဒါကျ​တော့သိသားပဲ....မရဘူး နင့်​အ​ဖေကို​ပြောမှ​ဖြစ်​မှာ"

"ဖွားကလည်း အဟင့်​ ဟင့်​"

ထား ဟန်​​ဆောင်​ပန်​​ဆောင်​ငိုပြလိုက်​​သော်​လည်း အချည်းအနှီးဖြစ်​သွားသည်​။ထား၏ဖခင်​ဦးလွင်​​အောင်​သည်​ မြစ်​ကြီးနားမှာ တာဝန်​ကျ​နေပြီး ထားက​တော့ ​ကျောက်​ပန်း​တောင်းမှာပဲ ဖွားဖွားနဲ့အတူ ​နေထိုင်​ခဲ့ရသည်​။အခု​တော့ ထားဘဝတစ်​ဆစ်​ချိုး​ပြောင်းလဲသွား​အောင်​ ဘာ​တွေဖြစ်​လာဦးမလဲ ထားလည်းမသိ​တော့ပါဘူး။

"မိထား​ရေ ​ဟေ့ စိတ်​ထားဖြူ "

ခြံ​ရှေ့က ​အေးမြ​​အော်​သံ​ကြောင့်​ ထားအိမ်​အ​ပြင်​ထွက်​လာသည်​။

"​ပြော ဘာလဲ စွတ်​တရွတ်​​အော်​​နေတာ"

ထား​ပြောလိုက်​တာကို သူကစိတ်​မဆိုးဘဲ ခပ်​ပြုံးပြုံး​လေး​လုပ်​နေသည်​။ပြီးမှ

"နင်​ကလည်းဟာ ငါအ​ဖော်​မရှိလို့ ယာထဲလိုက်​ခဲ့ဦး​နော်​ ​နော်​"

"ဇာတ်​လမ်းကစပြီ ​နေဦး ငါ ဖွားဖွားကို​ပြောဦးမယ်​"

"ဟယ်​ တယ်​လိမ်​မာ​နေပါလား "

"ခုမှ သိလား ဟွန်း ခဏ"

ထား အိမ်​ထဲပြန်​ဝင်​သွားချိန်​အထိ ​အေးမြကလိုက်​မဝင်​ဘဲ အပြင်​မှာပဲ ရပ်​ကျန်​ရစ်​ခဲ့သည်​။ဖွားဖွားရဲ့ ​အော်​သံဟစ်​သံကို နားမခံနိုင်​၍ ​နေခဲ့တာဆိုလည်း မမှားပါ။

ဖွားဖွားက ဧည့်​ခန်းမှာ စားစရာ​တွေစီရင်​​နေသည်​။တခမ်းတနားပြင်​ဆင်​နေပုံကိုကြည့်​၍ အ​ရေးတကြီးဧည့်​သည်​ပင်​ဖြစ်​နိုင်​သည်​။ဖွားဖွားက အိမ်​အကူ​တွေကို ​နေရာတကျခိုင်း​စေ​နေသည်​။

"ဖွားဖွား ထား အပြင်​သွားမလို့"

"ဘာလုပ်​မလို့လဲ မသွားရဘူး ဒီ​နေ့မြို့ကဧည့်​သည်​​တွေလာမှာ"

"ဟာ ဖွားကလည်း သူတို့လာတာ ထားနဲ့မဆိုင်​​ရေးချမဆိုင်​ဘူး​နော်​"

"ဆိုင်​တာ​ပေါ့...အဲ့ဒိဧည့်​သည်​​တွေက ညည်းအ​ဖေမိတ်​​​ဆွေ​တွေ...ညည်းမြို့က​ကျောင်းကိုသူတို့အိမ်​မှာ​နေပြီးတက်​ရမှာ"

"ဘယ်​လို...သူတို့အိမ်​ကို လိုက်​​နေရမယ်​ ဟာ ဟင့်​အင်း ထားမ​နေချင်​ဘူး​နော်​ ဖွားရယ်​ ​ဖေ​ဖေ့ကိုကူ​ပြော​ပေးပါဦး....ကိုယ့်​​မြေးမ​လေးကို သူများအိမ်​မှာ မျက်​နှာငယ်​နဲ့​နေ​စေချင်​လို့လား"

"တိတ်​စမ်း...မိထား လူကြီး​တွေက​ကောင်း​စေချင်​လို့စီစဉ်​တာကို မငြင်းနဲ့ သွား​တော့ မနက်​ဖြန်​သွားဖို့ပစ္စည်း​တွေထည့်​ထား ​"

"ဟင်​....မ..မနက်​ဖြန်​...ဟာ ဖွားဖွား"

"သွားဆို ငါလုပ်​လိုက်​ရ"

"အာ့...သွားပြီ​ဗျို့"

စိတ်​ထားဖြူ ထွက်​သွား​သောအခါမှ ​ဒေါ်သန်းနုပြုံးနိုင်​​တော့သည်​။တစ်​​ယောက်​တည်းရှိ​သော ​မြေးမ​လေးကို ​အ​ဝေးမြေခြား​တွင်​ တစ်​​ယောက်​တည်း လွှတ်​မထားချင်​​သော်​လည်း သူ့ရဲ့ပညာ​ရေးက အဓိကပဲမဟုတ်​လား။

"တီ.....တီ..."

"​ဟော်​​တော်​....ကားသံကြားတယ်​...ဟဲ့ ​မောင်​ထွန်းရှိန်​ တံခါးသွားဖွင့်​လိုက်​...ပြီး​တော့ ​​လှ​မေက ထားကိုသွား​ခေါ်စမ်း"

"ဟုတ်​..ဖွားဖွား"

အသီးသီးကိုခိုင်း​စေလိုက်​ကာ ဧည့်​သည်​​တော်​​တွေကို ​စောင့်​​နေလိုက်​သည်​။
ခဏအကြာ ဧည့်​သည်​လင်​မယားနှင့်​ သားတစ်​​ယောက်​က အိမ်​ထဲကို ဝင်​လာကြသည်​။

"ဟာ....ဖွားဖွားက နုဆဲပဲ​နော်​"

ဦးမြင့်​မြတ်​​အောင်​က အပြုံး​လေးနဲ့ ဖွားကိုနှုတ်​ဆက်​ရင်း အိမ်​ထဲသို့ဝင်​ခဲ့ကြသည်​။

"​ပြောတာပါပဲကွယ်​ ဒီ​မြေးမထိန်းရတာနဲ့ မနုချင်​​တော့ပါဘူး ကဲ ကဲ အိမ်​ထဲဝင်​ကြ"

"ဖွား..ဒါနဲ့ ဟို ​မြေးမက​ရော ဘယ်​သွားလဲ"

"ရှိတယ်​ ဟဲ့....လှ​မေ​ရေ မိထားကိုသွား​ခေါ်လိုက်​ဦး"

"ဪ မိထားတဲ့လား"

အခုမှပဲ ဇနီးဖြစ်​သူ​ဒေါ်တင်​တင်​နွယ်​က ​မေး​တော့သည်​။

"အမည်​ရင်းက စိတ်​ထားဖြူတဲ့....အလိုလိုက်​ထား​တော့ အရမ်းဆိုးတာကွဲ့​ အဲ့ဒါ​ကြောင့်​ ဒီကတူ​လေးတို့ဆီမှာ ​ကျောင်းဆက်​တက်​​စေချင်​လို့...သူ့ကိုဆုံးမ​ပေးကြပါကွယ်​"

"ဘာမှမပူပါနဲ့ ဖွားရဲ့...ကျွန်​​တော်​က လွင်​​အောင်​နဲ့ငယ်​သူငယ်​ချင်း​တွေဆို​တော့ ကူညီရတာ​ပေါ့...ဪ ဒါက သားငယ်​​ဗျ ​အောင်​တိုင်း​ညီတဲ့ ​အိမ်​မှာက သားကြီး​ရော သမီး​လေး​ရောရှိ​သေးတယ်​"

"ဪ ဒါဆို အဖွား​မြေး​လေးအ​ဖော်​ရတာ​ပေါ့ ​ကျေးဇူးတင်​ပါတယ်​ကွယ်​ ကဲ စားကြပါဦး ဘာမှအားမနာနဲ့"

"စားမှာ စိတ်​ချဗျို့...."

"​အေးပါကွယ်​ စားကြ"

ဧည့်​သည်​လင်​မယားနှစ်​​ယောက်​က စားလိုက်​ကြ စကား​တွေ​ပြောလိုက်​ကြနှင့်​ ​ဖော်​​ဖော်​​ရွေ​ရွေရှိလှသည်​။သားဖြစ်​သူ​ကောင်​​လေးက အ​နေခပ်​​အေး​အေးထင်​ပါရဲ့။စကါးသိပ်​မ​ပြောပဲ မျက်​နှာ​လေးညှိုး​နေသည်​။

"ဟဲ့ ​ကောင်​​လေး ​နေ​မ​ကောင်းဘူးလား"

ဖွားဖွားက စကားဖြတ်​ပြီး ညီ့ဘက်​ကို​မေးခွန်း​မေးလိုက်​သည်​။သူမ​ဖြေရ​သေးခင်​မှာပဲ ​မေ​မေကအရင်​​ဖြေလိုက်​သည်​။

"ဖွား​ရေ...ကားမူးလို့တဲ့...ကဲ သား အပြင်​​လေ​ကောင်း​လေသန့်​​လေးရှူချည်​ပါ့လား...ဒီထဲ​နေရင်​ အရမ်းမူး​နေမယ်​"

"ဟုတ်​ကဲ့...မာမီ။ဪ ဖွား ​ညီ့ကိုအပြင်​ထွက်​ခွင့်​ပြုပါဦး"

"​အေး ​အေး သွားပါကွယ်​"

ညီအပြင်​ကိုထွက်​လာကာ ခြံဝန်း​လေးထဲ ​လျှောက်​ကြည့်​​နေမိသည်​ ။အိမ်​ကိုတည်​​ဆောက်​ထားပုံက မြို့အိမ်​​တွေလို ​ခေတ်​မီစနစ်​တကျ ​ဆောက်​ထားတာဖြစ်​သည်​။


ထားကိုလိုက်​ရှာရင်း ​ဒေါ်လှ​မေတစ်​​ယောက်​​ခေါင်းမီး​တောက်​​နေပြီ။ဖွားဖွားက​ အ​ခေါ်လွှတ်​လိုက်​တာမို့ ရှာ​ပေမဲ့ အခန်းထဲမှာလည်း မ​တွေ့ အပြင်​မှာလည်း ​မ​တွေ့​သေး။

"ဒီ​ကောင်​မ​လေး ဘယ်​​ပျောက်​သွားပါလိမ့်​​နော်​"

"ခစ်​ခစ်​ "

ထား ရယ်​ချင်​စိတ်​ကိုမနည်းချုပ်​တီးထားရသည်​။ဒေါ်လှ​မေက ထားကိုရှာရင်း ​ချွေးဒီးဒီးကျ​နေတာပင်​။ထားက သူမသိ​အောင်​ ပုန်း​နေခဲ့တာ။

"ကဲ...မှတ်​ပလား...ဟွန်း..မြို့ကဧည့်​သည်​​တွေလာတာ ထားကိစ္စလား...ကိုယ့်​ဟာကို အိမ်​လည်​တာ​ကောင်းတယ်​"

ထား​နောက်​ဘက်​​ပေါက်​​က​နေ ခိုးထွက်​လာစဉ်

"မမထား...မမ...အီးဟီးဟီး "

"ဟယ်​...သာထူး ဘာလို့ငိုလာတာလဲ ​ပြောစမ်း ဘာဖြစ်​လို့လဲ ​အေးမြကရိုက်​လို့လား"

"ဟုတ်​ဘူး မမထား...ဟို..ဟိုမှာ​လေ"

သာထူး လက်​ညှိုးညွှန်​ပြ​နေတာက မန်​ကျည်းပင်​ရဲ့ အကိုင်းတစ်​ခု။သေချာကြည့်​မှ ထိုကိုင်းတွင်​စွန်​ငြိ​နေတာကိုမြင်​လိုက်​ရသည်​။

"စွန်​လိုချင်​ရင်​ မမယူ​ပေးမယ်​​နော်​ ခဏ​စောင့်​ မငိုနဲ့​တော့ တိတ်​ တိတ်​"

"ဟုတ်​...မမထား မြန်​မြန်​လုပ်​​နော်​ သားသား​စောင့်​​နေမယ်​"

က​လေးအငိုတိတ်​ရ​အောင်​ သစ်​ပင်​​ပေါ်တက်ကာ အရိပ်​အ​ရောင်​ပြမဲ့ ​ပေါက်​​ကျော်​မ​တော့ လုပ်​ငန်းစ​လေပြီ။လှေကား​ထောင်​လိုက်​ပြီး စွန်​ကိုတက်​ယူလိုက်​သည်​။သစ်​ပင်​က လူတစ်​ရပ်​​ကျော်​စာပဲ ရှိသည်​ ​။

"ဟာ....သူ...သူခိုး...ဆင်းခဲ့စမ်း"

"ဟင်"

အောက်​ငုံ့ကြည့်​လိုက်​​တော့ ​လှေကားကိုလှုပ်​​နေတာ လူငယ်​တစ်​​ယောက်​ဖြစ်​​နေသည်​။ဒါ မြို့ကကို​ရွှေ​ချောပဲဖြစ်​မည်​။

"​အောင်​မာ ပြူးတူးပြဲတဲ ကြည့်​မ​နေနဲ့...ဆင်းခဲ့စမ်း"

"ဟာ...ဘာလို့အရမ်းလှုပ်​​နေတာလဲ ဒီမှာပြုတ်​ကျ​တော့မယ်​"

"ဆင်းခဲ့စမ်း ရုပ်​က​လေးသနားကမားနဲ့ခိုးတုန်းကခိုးပြီးခုမှ"

"အံမာ ဘယ်​သူကခိုး​နေလို့လဲ ထားကသူခိုးမဟုတ်​ဘူး ဖြစ်​ရင်​ဖြစ်​ နင်​သာသူခိုး"

"ဘာ...မင်း"

"ဒုန်း..ဝုန်း"

"အား....​သေပြီ"

လှေကားကို ညီက အတင်းတွန်းလိုက်​​တော့ ယိုင်​ထွက်​သွားကာ ထားဟန်​ချက်​ပျက်​သွားသည်​။ထားကိုယ်​​လေး ​လေထဲ ​ဝေ့ခနဲဖြစ်​သွားပြီး ကိုယ့်​ကိုယ်​ကို ​သေပြီပဲလို့ထင်​လိုက်​သည်​။သို့​သော်​ ​အောက်​ကျလာ​တော့ ထားမ​သေ​သေးပါ။

"ငါ အသက်​ရှူ​နေ​သေးတာလား"

မျက်​လုံးဖွင့်​မကြည့်​​သေးဘဲကိုယ့်​ဝင်​သက်​ကို ဆန်းစစ်​ကြည့်​​နေမိသည်​။

"ခင်​​ဗျား မ​သေဘူး အမိ ဖယ်​​တော့ အား"

"ဟင်​...သူ"

အခုမှ တကယ်​မျက်​လုံးဖွင့်​ကြည့်​​တော့ ထားက သူ့ရဲ့ရင်ဘတ်​​ပေါ် ​မှောက်​ရက်​လဲကျသွားတာပါလား။

"ဟာ...ပြူးတူးပြဲတဲကြည့်​ပြန်​ပြီ..မင်းကိုယ်​လုံးကြီးဖယ်​စမ်း ဒီမှာ​အောက်​ကလူက ​သေ​တော့မယ်​"

"မဖယ်​ဘူး သူခိုးလို့ စွပ်​စွဲလို့ကို မဖယ်​​တာ"

ပြော​နေစဉ်​အတွင်းမှာပဲ

"ဟယ်​....သမီး..."

"ဟင်​....သား"

အိမ်​ဘက်​က​နေ အိမ်​သား​တွေအားလုံး​ပြေးထွက်​လာကြ​တော့ နှစ်​​ယောက်​စလုံးက ထပ်​ရက်​ကြီးဖြစ်​​နေကာ အမြင်​မ​တော်​စရာ မျက်​စိဆံပင်​​မွေးဆူးစရာကြီးဖြစ်​​နေသည်​။ဝုန်းခနဲ အသံကြား၍ ထွက်​လာကြတာဖြစ်​မည်​။နှစ်​​ယောက်စလုံး စကားနိုင်​လု​နေကြ၍ ​ဘေးပတ်​ဝန်းကျင်​ကိုလည်း သတိမထားမိခဲ့။

"ဒါက ဘာဖြစ်​တာလဲ မိထား"

ဖွားဖွားရဲ့ ​မေးသံက ​အောင်​​အောင်​မာမာကြီး။ထား နဲ့ သူ ထထိုင်​လိုက်​ကြပြီး တစ်​​ယောက်​ကို​တစ်​​ယောက်​ ရန်​မူသည့်​မျက်​​စောင်း​တွေထိုးလိုက်​ကြသည်​။

"ဟဲ့...​ဖြေ​လေ သား"

မာမီကပါ ​မေး​နေ၍ ညီ​ခေါင်း​ခြောက်​သွားကာ ​ပွန်းပြဲသွား​သောလက်​​မောင်းကဒဏ်​ရာကို ​ယောင်ပြီးအုပ်​လိုက်​မိသည်​။အထင်​လွဲစရာကြီးဖြစ်​​နေမှာပဲ မဟုတ်​လား။

"ဟို....ဟို ​လေ..သူကအရင်​စတာ ဖွား"

ထားအသံက မတိုးမကျယ်​ဖြစ်​​သော်​လည်း သူ့နားတွင်ေ​​တာ့ ​ဗုံး​ပေါက်​သွားသကဲ့သိုပင်​။

"​အောင်​မာ နင်​အရင်​စတာ..နင်​သာ သစ်​ပင်​​ပေါ်တက်​တာ​လေ"

"နင်​ အရင်​စတာ​လေ ငါ့ကို သူခိုးလို့​ပြောတာပါ့​ကော"

"နင်​ အရင်​စတာ​လေ"

"ငါမဟုတ်​ဘူး နင်​စတာ"

"နင်​"

"နင်​"

တစ်​​ယောက်​ကို​တစ်​​ယောက်​ လက်​ညှိုးထိုးရင်း မျက်​​စောင်းတခဲခဲဖြစ်​​နေကြသည်​။လူမဟုတ်​ဘဲ နဂါးသာဆို ပြာကျကုန်​​လောက်​ပြီ၊

"ကဲ....​တော်​ပြီ ​တွေ့မှမ​တွေ့ရ​သေးဘူး ရန်​ကအရင်​ဖြစ်​တယ်​...ဟင်းဟင်း မိထား​နော်​ ညည်း ​တွေ့မယ်​"

"ဟာ ဖွားကလည်း သူစမှားတာ​လေ"

ထားက အတိုင်​အ​တောထူကာ စူပွပွနဲ့​ပြောလိုက်​တာကို ဧည့်​သည်​လင်​မယားကပြုံးကြည့်​​နေကြသည်​။

"လူကိုများ ပြက်​လုံးထုတ်​​နေတယ်​ထင်​​နေလားဘဲ ဘာ​ပြော​ပြော ပြုံးပြုံးကြီးကြည့်​​နေတာ တကတဲ"
ထား ​တွေးလိုက်​တာကို သူတို့များ ရိပ်​မိသွားသလားမသိပါ။ ထားကို ပိုပြုံးပြပြီး

"သမီး​လေးက ချစ်​ရာ​ကောင်းလိုက်​တာ...ထားထားလို့​ခေါ်မယ်​​နော်​...ကဲ သား​ရေ...အဲ့ဒါမင်းသူငယ်​ချင်းအသစ်​ပဲ..စိတ်​ထားဖြူတဲ့..ထားထား​ရေ...သူက မာမီ့ရဲ့သားငယ်​ ​အောင်​တိုင်းညီတဲ့ မှတ်​ထားကြ​နော်​"

"ဟုတ်​"

"ဟုတ်​ကဲ့ မာမီ"

ထို​နေ့က ပြဿ နာသည်​ ထိုမျှနှင့်​ အကျဉ်းချုပ်ြ​ပီးသွား​သော်​လည်း ​နောင်​လာမည့်​ပြဿ နာ​ပေါင်း ​သောင်း​ခြောက်​​ထောင်​မက ရှိ​နေ​ပေဦးမည်​။

တစ်​နှစ်​ကျထားပြီး ညီနှင့်​အတူ​ကျောင်းတက်​ရမည့်​ အ​တောအတွင်း ထားတစ်​​ယောက်​ တဂျက်​ဂျက်​ရန်​ရှာ​နေဦးမှာလား။အရင်​လိုမဟုတ်​ဘဲ ​အေး​ဆေးတည်​ငြိမ်​သွားမှာလား မ​သေချာ​သေး​ပေ။ညီ့အကြိုက်​က ထားပုံစံမဟုတ်​သလို ထားရဲ့မိတ်​​ဆွေပုံစံကလည်း ညီလို ​ပျော့​စိ​စိ​ကောင်​စားမျိုးမဟုတ်​။

ထား မြို့ကို မလာချင်​​သော်​လည်း ​ရောက်​ရသည်​။မ​နေချင်​​သော်​လည်း ​ပျော်​သလို​နေရသည်​။တော်​ရာမှပဲ ​ပျော်​​အောင်​​နေပစ်​ဖို့ ထားစိတ်​ကူးယဉ်​ကြည့်​မိသည်​။ပြဿ နာ​တွေ ဖန်​တီးရင်း ​ပျော်​ရွှင်​မှုကို အရယူမည်​။ဒါ ထားရဲ့အိပ်​မက်​။

"စိမ်း​ရေ စိမ်း လာပါဦး"

အိမ်​ထဲမှ ထားနှင့်​ရွယ်​တူ​ကောင်​မ​လေးတစ်​​ယောက်​ထွက်​လာသည်​။မြို့သူမို့ ​ရူပါက မချူချာ​ပေ။အ​တော်​​လေး ​ချောလှသည်​။သူ့ရဲ့ဆံပင်​​တွေက ​ပေါင်​လယ်​​လောက်​​ရောက်​​နေပြီး ဒီတိုင်း​လေးဖြည်​ချထားသည်​။ရိုးလည်းမရိုး ဆန်းလည်းမဆန်း​သော ဝတ်​ဆင်​မှုမျိုးနှင့်​ ယဉ်​စစ​လေးပင်​ဖြစ်​သည်​။

"ဟင်​...မာမီ သူကဧည့်​သည်​လား"

ထားကို​မေး​နေခြင်းပင်​ဖြစ်​သည်​။ထား ပြန်​ပြုံးပြ​နေပြီး ကိုယ့်​ကိုယ်​ကို မိတ်​ဆက်​လိုက်​သည်​။

"ဟုတ်​...စိတ်​ထားဖြူပါ ဒီအိမ်​မှာ​နေပြီး​ကျောင်းတက်​ရမှာပါ"

"ဪ တို့နာမည်​က ပင်​ရွက်​စိမ်းပါ"

အံ့သြသလို​လေး ပြုံးပြီး ထားရဲ့အဝတ်​အိတ်​​တွေကို အိမ်​ထဲယူသွားသည်​။

"မာမီ သူ့အတွက်​အခန်းက​ရော"

စိမ်းက ​မေးလိုက်​သည်​။ဒီအိမ်​မှာ တစ်​​ယောက်​တစ်​ခန်း​နေကြ၍ ​မေးလိုက်​ခြင်းဖြစ်​သည်​။

"စိမ်းနဲ့ ကပ်​ရပ်​အခန်း​ကို ရှင်းခိုင်းပြီးသား....ဟဲ့..မိညို​ရေ မိညို"

"ရှင်​...မမကြီး"

"​အေး....ဒီပစ္စည်း​တွေကို ရှင်းခိုင်းထားတဲ့အခန်းမှာသွား​ရွှေ့​တော့...ထားထားလည်းနားဦးမလား"

"ရပါတယ်​ အန်​တီရဲ့ ထားအဆင်​​ပြေပါတယ်​"

" ​ဒါဆိုလည်း စိမ်းနဲ့စကား​ပြော​နေ​လေ မာမီနဲ့ဒယ်​ဒီတို့ သွားနား​တော့မယ်​...ဪ ညီ​ရော"

ညီက ကားအပြင်​ကိုထွက်​လာကတည်းက အခန်းထဲကို တန်းတန်းမတ်​မတ်​ဝင်​သွားပြီး အပြင်​ကို ​ပေါ်​တော်​မူမလာပါ။

"​ညီအထဲဝင်​သွားတာ စိမ်းမြင်​လိုက်​တယ်​ မာမီ"

"ဪ ဒီ​က​လေးကလည်း ...ကဲပါ​လေ မာမီသွားပြီ​နော်​"

"ဟုတ်​"

မာမီတို့ထွက်​သွားချိန်​အထိ နှစ်​​ယောက်​လုံး စကားမ​ပြောဖြစ်​ကြ​သေး။တစ်​​ယောက်​ကိုတစ်​​ယောက်​ စူးစမ်း​လေ့လာ​နေမိသည်​။

ထား၏ပုံစံ​လေးက လွတ်​လွတ်​လပ်​လပ်​သွင်​ပြင်​မျိုးဖြစ်​သည်​။ခပ်​ပွပွအင်္ကျီလက်​ရှည်​ကို ဝတ်​ထား၍ ကပိုကရိုရှိလှသည်​။ ဂျင်း​ဘောင်းဘီအရှည်​ကို ဒူးနားအထိ​ခေါက်​တင်​ထား၍ အ​ပေါ်ကအပွ ​အောက်​က တိုနံ့နံ့ဆို​တော့ ကြည့်​ရတာ သိပ်​​ဒေါင့်​မကျိုးပါ။သို့​သော်​လည်း ထားသည်​ စိမ်းအတွက်​ ညီမ​လေးတစ်​ဦးလို ချစ်​ခင်​ဖွယ်​​ကောင်း​လောက်​​အောင်​ အပြုံးချိုချို​လေး​တော့ ရှိ​သေးသည်​။အပြစ်​ကင်းသည့်​မျက်​နှာ​လေးက က​လေးဆန်​ဆန်​​လေးဖြစ်​သည်​။

"နင်​က ဘယ်​နှတန်းလဲ"

ရုတ်​တရက်​ နင်​ လို့သုံးနှုန်းလိုက်​၍ စိမ်း အံ့သြမိသွားသည်​။

"စိမ်းက ဆယ်​တန်းတက်​ရမှာ ညီမ​လေးရဲ့...ထားက​ရော"

"ညီမ​လေးလို မ​ခေါ်ပါနဲ့...ငါက နင်​နဲ့ရွယ်​တူပဲ ကိုးတန်းကျသွားလို့ အတန်းငယ်​တာ"

စိမ်း သူ့စကား​ကြောင့်​ပြုံးမိသွားသည်​။စိတ်​ဆိုးစရာဖြစ်​မလာဘဲ ပိုပြီး​တောင်​ချစ်​ဖို့​ကောင်​​နေသည့်​ ထားပဲမဟုတ်​လား။ကိုယ်​ရဲ့မ​ကောင်း​ကြောင်းကို ​ပေါ်​တင်​​ပြောကာ ရှက်​ရ​ကောင်းမှန်းလဲမသိ​ပေ။တကယ့်​ အရိုင်းတုံး​လေးပါလား ထားရယ်​။

ကြိုးစားပမ်းစားဖန်​တီးထားတာမို့ အား​ပေးကြပါဦး​နော်​။အရမ်း​ကောင်းတဲ့ဇာတ်​လမ်း​လေးဖြစ်​​အောင်​​ရေးထားပါတယ်​ readerတို့​ရေ😘😘😘

Coin Marketplace

STEEM 0.26
TRX 0.13
JST 0.032
BTC 61663.08
ETH 2893.40
USDT 1.00
SBD 3.48