XiaomiMi 8 & Mi 8 SE

in #mi86 years ago

XiaomiMi 8 နှင့် Mi 8 SE မှာ Xiaomi စမတ်ဖုန်းသမိုင်းတွင် အကောင်းဆုံးကင်မရာပါဝင်သည့်ဖုန်းများ ဖြစ်လာမည် ”

ပြီးခဲ့တဲ့ မတ်လတုန်းက Xiaomi က ကြေညာရောင်းချခဲ့တဲ့ Mi Mix 2S ဟာ Xiaomi က ရောင်းချလာတဲ့ဖုန်းများထဲမှာ အကောင်းဆုံးကင်မရာပါဝင်တဲ့ဖုန်း ဖြစ်ပါတယ်။ XiaomiMi Mix 2S ကင်မရာက Huawei P20 Pro အောက် အကောင်းဆုံး ကင်မရာပါစမတ်ဖုန်းစာရင်းဝင် ဖြစ်ပါတယ်။ ဒါပေမယ့် ယနေ့ ထွက်ပေါ်လာတဲ့ သတင်းအရ XiaomiMi 8 က Xiaomiဖုန်းတွေထဲမှာ အကောင်းဆုံးကင်မရာပါ စမတ်ဖုန်း ဖြစ်လာမယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ XiaomiMi Mix 2S က Xiaomi ဖုန်းထဲမှာ အကောင်းဆုံးကင်မရာပါ စမတ်ဖုန်းဖြစ်ပေမယ့် မကြာမီကာလအတွင်းမှာ Mi 8 က အစားထိုးနေရာရယူသွားတော့မှာ ဖြစ်ပါတယ်။ XiaomiMi Mix 2S က Snapdragon 845 သုံးထားတဲ့ ပထမဆုံးXiaomiဖုန်း ဖြစ်ပါတယ်။ အခြားတစ်ဖက်မှာ Mi 8 က Snapdagon 845 သုံးလာမယ့်အပြင် အကောင်းဆုံးကင်မရာပါ Xiaomiဖုန်း ဖြစ်လာပါမယ်။

XiaomiMi Mix 2S မှာ 12MP+12MP ကင်မရာ ပါဝင်ခဲ့ပါတယ်။ XiaomiMi 8 မှာ 20MP+16MP ကင်မရာ ပါဝင်မှာ ဖြစ်ပြီး 20MP ကင်မရာမှာ အလင်းဝင်ပေါက် f/1.7 သုံးလာပါမယ်။

ဒုတိယကင်မရာဆင်ဆာမှာ f/2.0 သုံးလာပါမယ်။
XiaomiဟာMi 8 အပြင် အထူးဗားရှင်းအနေဖြင့် Mi 8 SE ကိုလည်းရောင်းချလာမှာဖြစ်ကြောင်း သိရပါတယ်။ ဒီဖုန်းနှစ်လုံးအကြားမှာ အရွယ်အစားပဲကွာခြားလာမှာဖြစ်ပြီး ကင်မရာများကို AI စနစ် ထောက်ပံ့ပေးလာပါမယ်။

XiaomiMi 8 3D Facial Recognition ပါဝင်တဲ့ ပထမဆုံး Android ဖုန်း ဖြစ်လာမယ်လို့လည်း သတင်းထွက်နေပြီးမျက်နှာပြင် ရုပ်ထွက်အောက် လက်ဗွေရာစနစ် ပါဝင်မယ်လို့ သိရပါတယ်။

Coin Marketplace

STEEM 0.27
TRX 0.13
JST 0.032
BTC 62423.21
ETH 2897.82
USDT 1.00
SBD 3.56