ဘဝရဲ့ အချိုးအကွေ့

in #msu6 years ago

ပုံမှန်လည်ပတ်နေတဲ့ ဖုန်းဆိုင်လေး ပြောင်းလဲဖို့ အခြေအနေတွေဖြစ်လာတော့ နေရာပြောင်းရတော့မယ်။ နေရာတစ်ခုရဖို့ဆိုတာ မလွယ်လှဘူးလေ။ ကိုယ့်ဆိုင်လေး အခြေကျပြီးမှဒီလို ကံကျမ္မာအလဲအပြောင်းဖြစ်သွားတော့ ကျွန်တော်ရဲ့ ဘဝအပြောင်းအလဲတစ်ခု ဖြစ်ရတော့မှာပေါ့။ ဟိုနေရာလေး ကောင်းနိုးနိုး ဒီနေရာလေးကောင်းနိုးနိုး လိုက်ရှာနေတဲ့ တစ်ယောက်ရဲ့အခြေအနေပါ။ အိမ်ပိုင်ရှင်က အမှတ်မထင်ရောင်းလိုက်ပြီး ထွက်သွားဖို့ အချိန် (၁၅)လောက်ပဲပေးလိုက်တော့ ဆိုင်တစ်ဆိုင်အတွက် အတော်ဆိုးရွားတဲ့အခြေအနေကိုရောက်ရှိလာပါတယ်။ ခုထိတော့ ရှာဖွေနေဆဲပါ။ နေရာစကားပြောတော့ နေရာရဖို့ ကြိုးစားနေရတယ်။ နေရာကောင်းက ဆိုင်ခန်းဈေးတွေကလည်း အော်လိုက်ကြတာ တစ်လလုပ်စာတောင်အဲလောက်ရမယ်မထင်။ ခုချိန်တော့ နေရာကောင်းပြီး ဈေးအဆင်ပြေပါစေပဲ ရှာရင်း ဆုတောင်းနေရတယ်။ ခုချိန်ကတော့ လုပ်အားဉာဏ်အားထက် ကံအားနဲ့ ဆိုင်နေပါပြီ။ ကံအလဲအပြောင်းဘယ်လိုလာမလဲတော့ ဖြစ်လာမှပဲ သိရတော့မယ်။ မျှော်လင့်ချက်ကတော့ အကောင်းပဲ မျှော်လင့်ကြတာပါပဲလေ။ ဒီအထဲ ဆိုးချင်လည်းဆိုးသွားနိုင်တာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ကြုံသမျှ ကံအကြောင်း ဒဏ်ခံနိုင်ဖို့ အားမွေးထားပါတယ်။ ကံတရားလွန်းဆွဲနေချိန် ဉာဏ်နဲ့တော့ မမှားအောင် ပဲ့ကိုင်နေပေမဲ့ အရှုံးအမြတ်တွေပါ ပါဝင်နေပါတော့တယ်။ တိုးတက်ရင် 30% ဆုံးရှုံးရင် 120% မညီမျှကိန်းတစ်ခုကို ပဲ့ကိုင်နေရပါတော့တယ်။ လောကပင်လယ်ပြင်မှာ ကူးခတ်နေသူရဲ့ ညီထွားသံ။
qmi143qns0.jpg
photo by my shop
@nayhlaingsoe
#MSU_No.024
#burmese-curation
#myanmar
@c-squared
@esteem
#esteem-myanmar

Sort:  

စိတ်မကောင်းပါဘူး ဘရို။ မြန်မာတွေက အဲ့ဒိလိုပါပဲ။ ဈေးရောင်းကောင်းပြီဆို ဖောက်လာကြပြီ။

အဆင်ပြေပါစေ

အဆင်​​ပြေပါ​စေ bro စိတ်​ညစ်​ရတဲ့ အချိန်​​တွေ ​ကျော်​ဖြတ်​နိင်​ပါ​စေဗျာ

Posted using Partiko Android

ကျေးဇူးပါ နေရာရပါပြီမိသားစုနဲ့နေတော့ ကျဉ်းတာတစ်ခုပါပဲ

အဆင်​​ပြေပါ​စေဗျာ 😊

Posted using Partiko Android

fighting ဆရာ သမား..။ အခြေနေတစ်ခုကနေ တစ်ခုကိုပြောင်းခြင်းဟာ ပိုကောင်းဖို့အတွက်လို့ပဲ အမြဲ ခံယူထားပါ။ တကယ်ပဲ ပိုကောင်းတဲ့ဘ၀ တွေကိုပိုင်ဆိုင်လာပါလိမ့်မယ်။ အောင်မြင်ပါစေ

နေရာကောင်းလေးကိုအမြန်ဆုံးရှာတွေ့ပါစေ

ကျနော်တို့ ဗိုလ်ချုပ် ပြောခဲ့ သလို ပေါ့။ အကောင်းဆုံးကို မျှော်လင့်ပါ။ အဆိုးဆုံး အတွက် ပြင်ဆင်ထားပါ။ ဘဒို အဆင်ပြေဖို့ ဆုတောင်းပေးပါတယ်။

Posted using Partiko Android

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Congratulations! This post has been upvoted from the communal account, @minnowsupport, by nayhlaingsoe from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Congratulations @nayhlaingsoe! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You received more than 7000 upvotes. Your next target is to reach 8000 upvotes.

Click here to view your Board of Honor
If you no longer want to receive notifications, reply to this comment with the word STOP

Do not miss the last post from @steemitboard:

Be ready for the next contest!
Trick or Treat - Publish your scariest halloween story and win a new badge

You can upvote this notification to help all Steemit users. Learn why here!

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 60625.76
ETH 2898.84
USDT 1.00
SBD 3.62