ပျဉ်းတော်သိမ် (kaala saakha)

in #my5 years ago (edited)

39jz3fjqwj.png
Image source
၁၉၉၃ ခုနှစ်လောက်ကဖြစ်ပါသည်။ ဝန်ထမ်းအဖြစ်အလုပ်ဝင်ရောက်ခဲ့ပြီး ဝန်ထမ်းလစာဟူသည် ထမင်းစားဖို့မလုံလောက်တော့ပဲ မို့ဖိုးပဲဖိုးသာသာမျှသာသာဖြစ်တော့ရာ ကျွနုပ်နှင့်အတူတကွအလုပ် ဝင် လာကြသူရှစ်ဦးအနက် ကျွန်ုပ်တစ်ဦးတည်းသာ ဝန်ထမ်းအဖြစ်ကျန်ရစ်ခဲ့ပြီး ကျန် (၇)ရောက်မှာ အလုပ်မှထွက်သွားကြပါသည်။ကျွန်ုပ်အဖို့မှာမူ နောက်ဆုတ်စရာလည်းမိဘတို့က ဘက်ကရောင်းမရှိ၊ သူများတွေလိုနိုင်ငံခြားထွက်သွားဖို့ရာညကလည်း ငွေမရှိပြန်ရာ ဝန်ထမ်းအလုပ်လုပ်နေရင်းဖြင့် ကြုံရာ ကျပမ်းအလုပ်ပေါင်းများစွာကိုလုပ်ကိုင်၍ ဝမ်းစာရှာဖွေခဲ့ရပါသည်။
ထိုအလုပ်များထဲတွင် မုန့်လုပ်ရောင်းချသည့်အလုပ်လည်းပါဝင်သည်ဖြစ်ရာ ကျွန်ုပ်နှင့်ပျဉ်တော်သိမ်တို့ ပတ်သက်လာခဲ့ရပါသည်။ စာကလေးခွေများပလတ်စတစ်အိပ်ကလေးများဖြင့် တစ်ခွေခြင်းသွတ်သွင်း မီးပိတ်သည့်အခါ ပျဉ်တော်သိမ်ရွက်တစ်ရွက်စနှစ်ရွက်စကြော်ပြီးသားလေးကို ထည့်ပေးရပါသည်။ ပျဉ်းတော်သိမ်ရွက်ထည့်လိုက်သည်နှင့် စာကလေးခွေအထုတ်ကလေးသည် အနံ့မွှေးလာရုံမျှမက အဆင်းပါလှပလာပါသည်။ ပျဉ်းတော်သိမ်ရွက်ကို စမူဆာကြော်အတွင်းတွင်ထည့်၍ကြော်လျှင်လည်း အနံ့ပိုမိုမွှေးကြိုင်ပါသည်။ ပဲကုလားဟင်းချင်ရာတွင်လည်း ထည့်သွင်းအသုံးပြုကြသည်။
သို့သော် အမှန်အတိုင်းဝန်ခံရလျှင် ပျဉ်းတော်သိမ်ကိုဆေးဝါးအဖြစ်အသုံးပြုနိုင်ကြောင်းကိုမူလုံးဝမသိ ရှိခဲ့ပါ။လွန်ခဲ့သောရုံးပိတ်ရက်အတွင်း နေပြည်တော်ပရဆေးဥယျာဉ်သို့ရောက်ရှိသွားသည့် အခါမှသာ လျှင် ဆေးဝါးအဖြစ်အသုံးပြုနိုင်ကြောင်းသိရှိနားလည်လာခဲ့ရပါသည်။
ပျဉ်းတော်သိမ်၏ ဆေးဖက်ဝင်ပုံကိုလေ့လာကြည့်ပါမည်။ ပျဉ်းတော်သိမ်ကိုသက္ကရိုက်ဘာသာဖြင့် ကာလသာစ (kaala saakha) သို့မဟုတ် သုရာဘီနင်ဘ (Sunabhi minba) ဟုခေါ်ဆိုပါ သည်။ပျဉ်တော်သိမ်ရွက်တွင် ဗိုက်တာမင် အေ၊စီ ၊B1၊B2၊ထုံးဓာတ်၊သံဓာတ်၊ကစီဓာတ်၊ အမျှင်ဓာတ် များပါဝင်ပါဝင်ပါသည်ထို့အပြင်အမိုင်နိုအက်စစ်များစွာပါဝင်ခြင်းကြောင့် အစားအသောက်များအား မွှေးကြိုင်သောရနံ့ကိုဖြစ်ပြီး ရောဂါဘယများကိုကာကွယ်ပေးပါသည်။
ဆေးအဖြစ်အသုံးဝင်ပုံမှာ
ပျဉ်းတော်သိမ်သည် သွေးထဲရှိသကြားဓာတ်ကို သိသိသာသာထိန်းသ်မ်းပေးသည်။ ဆီးချိုရောဂါရှိပြီး အဝလွန်နေသူဖြစ်ပါက ပျဉ်းတော်သိမ်နှင့်အလွန်သင့်တော်သည်။လတ်ဆတ်သော ပျဉ်းတော်သိမ်ရွက် ကြီးကြီး ၁၀-ရွက်ကို နေ့စဉ်နံနက်တိုင်း သုံးလတိတိစားသုံးပါက ကိုယ်အလေးချိန်သိသိသာသာလျှော့ နည်းသည်ကိုတွေ့ရလိမ့်မည်။ ဘင်ကလော (Banglone)အခြေစိုက် အိန္ဒိယ-အမေရိကန်ဆေးရုံ၏ စမ်းသပ်ချက်အရ ပျဉ်းတော်သိမ်ရွက်သည် သွေးဖိအားမြင့်မားမှုကို လျော့ကျစေသည်။ကိုလက်စ ထရောကိုလည်း လျောနည်းစေသည်ဟုဆိုသည်။
အဆီနှင့် ပရိုတိန်းဓာတ်များပေါင်းစပ်ထားသည့် ဓာတ်ပေါင်းများသည် လူတို့သွေးထဲတွင် လှည့်ပတ် သွားလာလျှက်ရှိ၏။ အဆိုပ်ဓာတ်ပေါင်းများကို ကိုလက်သထရော(ဝါ) လစ်ပိုပရိုတိန်းဟုခေါ်သည်။ ကိုလက်စထရောအများစုမှာ သိပ်သည်းစနည်းသည့် ကိုလက်စထရောများဖြစ်ပြီး ၎င်းတို့ကိုမကောင်း တဲ့ ကိုလက်စထရောများဟုခေါ်သည်။ ထိုမကေင်းသည့်ကိုလက်စထရောများလူ့ကိုယ်ခန္ဓာ အတွင်း များပြားလာသည့်အခါ နှလုံးသွေးကြောဆိုင်ရာရောဂါများဖြစ်ပွားလာစေပါသည်။ ထို မကောင်းသည့် သိပ်သည်းဆနည်း(Low density Lipoprotein LDL) ကိုလက်စထရောများသည် သွေးကြောထဲ၌ အဆီများစုပုံလာစေပြီး သွေးကြော ကျဉ်းကာပိတ် ဆို့စေသည်။သို့သော် ကောင်းသည့် သိပ်သည်း ဆများ(High density Lipoprotein)ကိုလက်စထရောသည် သွေးကြောများမပိတ်အောင်ကာကွယ် ပေး သည်။ ပျဉ်တော်သိမ်ရွက်သည် ဆိုခဲ့သည့် သိပ်သည်းဆများကိုလက်စထရောများ ကိုတိုးပွားစေ သည့် ဂုဏ်သတ္တိနှင့် သိပ်သည်းဆနည်း(Low ကိုလက်စထရောများကို လျော့ကျစေသောဂုဏ်သတ္တိ ရှိသည်။အခြားသောဂုဏ်သတ္တိများအဖြစ် ဆံပင်သန်နက်ဆေးအသုံးပြုခြင်း၊ ဝမ်းကိုက်၊ဝမ်းလျှော၊ လိပ်ခေါင်းရောဂါများအတွက်လည်းအသုံးပြုနိုင်ပါသည်။ဗိုက်တာမင်အေများစွာပါဝင်သည့်အတွက် မျက်စေ့ရောဂါအတွက် အရွက်ကို ပုံမှန်စားသုံးပေးလျှင် မျက်စေ့ကိုကြည်လင်စေပါသည်။
ဤသည်တို့မှာ အချိန်တိုအတွင်းလေ့လာသိရှိရသမျှကို ဗဟုသုတရရှိနိုင်စေရန် ရှာဖွေရေးသား ခဲ့ခြင်းဖြစ်ပါသည်။

ကျမ်းကိုး - *ဆရာမြင့်(စကြာမင်း)၏ သဘာဝဆေးပင်များနှင့် ရောဂါကုထုံးများ၊ Internet *

မင်းစိုးနိုင်
MSC-010

Sort:  

အာ့လည်း ရှိတာဘဲ အလေ့ကျ အပင်ပေါက်လေးတေမှ များကြီးရှိတယ်

ပေါပါတယ် မရှိတဲ့နေရာကျဘယ်သွားရှာရမှန်းမသိဘူး

Posted using Partiko Android

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

စာက​လေး​ခွေတို့မှာ...ဒီအရွက်​ပါရင်​​တော်​​တော်​​မွှေးပါတယ်​...ဒါမဲ့​ဆေးဖက်​၀င်​တာကို​တော့ခုမှသိပါတယ်​...

Posted using Partiko Android

စာလေးခွေထဲဆိုအရမ်းစားကောင်းတာနော် ခုတော့ ဝိတ်ပါချလို့ရပြီ

Posted using Partiko Android

ပျဉ်းတော်သိမ် ကို ပဲချဉ်ရေဟင်းလေးထဲ ထည့်စား
ငါးခြောက်ကြော်လေးနဲ့ ဆို ကောင်းမှကောင်း

သူ့နေရာနဲ့ထဲ့ပေးမှအဆင်ပြေတာ ပျဉ်တော်သိမ်ပါမှကောင်းတာကိုမပါရင်တမျိုးဖြစ်နေရော

Posted using Partiko Android

အဲ့ဒီ အရွက်​က ပဲငပိ​ချောက်​နဲ့​ကျော်​စား​ကောင်းတယ်

အဲလိုတော့စားဖူးသေးဘူး

Posted using Partiko Android

ကြက်‌သားဟင်းမှာလည်း ထည့်‌တတ်‌တယ်‌‌နော်‌။အရွက်‌က အစိမ်း‌ကောအေ ခြာက်‌‌ကော ထည့်‌လို့ရတယ်‌မို့လား။

ဟုတ်ပါ့ကြိုက်တဲ့သူကထည့်စားပါတယ်

Posted using Partiko Android

ပျဉ်းတော်သိမ်နှစ်ရွက်သုးံရွက်ကိုနေ့ စဉ်ထမင်းနှင့်မြု ပ်စားရင်ဆံပင်ဖြူ ခြင်းကာကွယ်တယ်လို့ တိုင်းရင်းဆေးဆရာတစ်ယောက်ရေးထားတာဖတ်ဖူးတယ်

အဲတာဟုတ်တယ်။ စာရှည်မှာစိုးလို့အသေးစိပ်မရေးတော့ပဲ။ ဆံပင်သန်နက်လောက်ပဲရေးလိုက်တာပါ။

တော်တော် အသုံးတည့်တဲ့ အပင်ဘဲနော် ဦးမင်း

Posted using Partiko Android

ဆေးဘက်ဝင်တာတောင်အစကသိပ်သိခဲ့တာမဟုတ်ပါဘူး

Posted using Partiko Android

မထင်မှတ်ပဲ သိပ်တန်ဖိုးရှိတဲ့အပင်တွေဖြစ်နေတာကို သိလိုက်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။ဗဟုသုတတိုးပွားစေပါတယ်။တန်ဖိုးရှိသော post လေးပဲဖြစ်ပါတယ်ဦးမင်း

ဖတ်ရှုပေးလို့ကျေးဇူးပါ

Posted using Partiko Android

Hi, @minsoenaing!

You just got a 0.16% upvote from SteemPlus!
To get higher upvotes, earn more SteemPlus Points (SPP). On your Steemit wallet, check your SPP balance and click on "How to earn SPP?" to find out all the ways to earn.
If you're not using SteemPlus yet, please check our last posts in here to see the many ways in which SteemPlus can improve your Steem experience on Steemit and Busy.

Coin Marketplace

STEEM 0.28
TRX 0.12
JST 0.033
BTC 61691.46
ETH 3047.50
USDT 1.00
SBD 3.88