ပုံပြင် ပါ တကယ် ပါ (@aggamun)

in #myanmar5 years ago

image

ဒီ စာကို ဖေ့ဘုတ်ပေါ်မှ ဖတ်မိသော အကြောင်း အရာလေး ကို ပြန်လည် ခံစား ရေးသားပါသည်။

ဒါ တကယ့် အဖြစ် အပျက် မဟုတ်ရပါဘူးဗျာ။ တကယ်ပြောတာ ပုံပြင် ပါ ပုံပြင်။ တစ်ခါက နိုင်ငံတစ်ခုမှာ ဆင်းပေးရတော့မယ့် သမ္မတ တစ်ကောင် အဲလေ တစ်ဦး ရှိပါသတဲ့။ သူက ဆင်းကာနီး နောက်တက်လာမဲ့ အစိုးရကို လုပ်ရည် ကိုင်ရည် ရှိမလား စမ်းသပ်ချင်တာ ကြောင့် တစ်ခု မဟုတ် တစ်ခု ယုတ်မာဖို့ ကြံစည် လိုက်ပါသတဲ့။ ဒါဟာ သူ့ကိုယ် ကျိုး အတွက် မပါ ပါဘူး။ တကယ်လို့ ပါခဲ့ရင် အဲ့ သမ္မတကြီး သိန်းတစ်သောင်း ဆုထီ ဆယ်ခါ ပေါက်ပြီး ဝမ်းသာလုံး ဆို့ သေပါစေဗျာ။

သူ အကြောင်း နည်းနည်း တော့ ပြောပါရစေ။ ဒါမှ ဘာဖြစ်လို့ သမ္မတကြီးကို လူငယ်တွေက နှစ်စဉ် သတိတရ ကန်တော့လဲ သိမှာ မို့လို့ပါ။ အခုတော့ မကန်တော့တာ ကြာပြီလေ။ အင်မတန် ရိုးသားရှာတဲ့ သမ္မတကြီးပါ။ နိုင်ငံရေးက နားရင် မုန့်ဟင်းခါး ရောင်းမှာပါ။ လောလော ဆယ်ဆယ်တော့ အရင်းအနှီး မရြသေး လို့ နေမှာပါ။ သမ္မတကြီးကို ပြည်သူတွေ အချစ်ဆုံး လုပ်ရပ်ထဲက နှစ်ခု ကို ပြောပြပါ့မယ်။

အဲဒါက တော့ အရင် ဘဝ တုန်းက ရောင်းချင်သလို ရောင်းစားခဲ့တဲ့ ဘာဆုံ ဆိုလား မသိဘူး။ အခု ပြည်သူ သဘောမတူလို့ သူလက်ကလွတ် ရင် ပြီးရော ရပ်တန့်ထားတာရယ်၊ မတန်တဆ ရောင်းလို့ ဝ တော့မှ ဈေးလျော့ပြီး ( တစ် ထစ်ခြင်း ) ရောင်းပေးတဲ့ ကဒ်ရယ် ပေါ့။ ပုံပြင် ထဲက သမ္မတနော်။ ယုန်ထင် ကြောင်ထင် မထင်နဲ့ နော်။ တကယ် ဖြစ် တတ်တယ်။

ဒီလိုနဲ့ သူဟာ တကယ့် အဆင့်မြင့် ဟိုတယ်ကြီး သုံးလုံးကို ကမန်းကတန်းနဲ့ ပုဂ္ဂလိက ထံ အငှား ချပါတော့တယ်။ ပြည်သူများ အဆင်ပြေပါစေ ဆိုပြီး ရှိ မဆင်းရဲ သား ( မှတ်ချက် - ရှေ့ နောက် လွဲချင် လွဲနိုင်သည်။ လက်ညောင်းမည် စိုး၍ မပြင်တော့ပါ။ ) များထံ နှစ် ၇၀ စာ အငှား ချပေးပါသတဲ့။ တစ်လ ငါးသိန်း နဲ့။ ဒါကတော့ နိုင်ငံတော် ဘတ်ဂျက် လည်းရ ပြီးတော့ အဟမ်း ဘတ်ဂျတ် လည်းရ တော့ ဝင်းဝင်း theory မဟုတ်လားဗျာ။ သမ္မတကြီး စေတနာပါ။

တစ်လ ငါးသိန်း နှစ် ၇၀ ဟိုတယ် သုံးလုံး ဆိုတော့ စုစုပေါင်း နိုင်ငံတော် အသုံးစရိတ်ကြီး ပဲ သန်း ၁ ၂၆၀ ပေါ့။ ကဲ သုံးပါလေ့။ ဒါပေမဲ့ နောက်မှ သိရတာက ဒီဟိုတယ် ကြီးတန်ကြေးက တစ်လကို ငှားမယ်ဆို သိန်းငါးဆယ် မက ရှိနေပါတယ်တဲ့။ ဒါဆို တွက်ကြည့်ရအောင်ဗျာ။ တစ်လ ၄၅ သိန်း နဲ့ နှစ် ၇၀ စာ ဟိုတယ်က သုံးလုံး။ သန်း ၁၁ ၃၄၀ ပါ။ ဒါတွေက ဘယ်သူ အိတ်ထဲ ရောက်သွား မလဲ။ ကျွန်တော် မသိပါဘူး။ ဒါပေမဲ့ အဲ့ သမ္မတ ကြီးပေါ့ နောက်ကြောင်း မပြန်ရ ဥပဒေကို အသည်းအသန် အတည်ပြုသွားတာ။

ပုံပြင်လေး ကတော့ ဒါပါပဲကွယ်။

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

ါ်ဒီပုံပြင်လးကလွန်ခဲ့တဲ့နှစ်၃၀၀၀လောက်က ဘာမှမသိ ဆိုတဲ့တိုင်းပြည်ကဘုရင်နဲ့တူတယ်

Posted using Partiko Android

မှန်ပါ့

Posted using Partiko Android

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 64534.17
ETH 3150.15
USDT 1.00
SBD 4.01