သူက တော့ ဟုတ်နေပြီ။ (@aggamun)
အောက်ပါ ဘာသာပြန်ချက်သည် coindesk website တွင် Omkar Godbole ရေးသော " Bitcoin Price Nears $12K After Rising $500 in Minutes " အမည်ရှိ ဆောင်းပါးကို ကျွန်တော်၏ ထော့နင်းထော့နင်း အင်္ဂလိပ်စာဖြင့် ကျိုးတို့ကျဲတဲ ဘာသာပြန် ထားပါသည်။
btc အနေနဲ့ ဥရောပ ဈေးကွက်ဖွင့်ချိန်မှာ ပဲ အစိမ်းရောင် နယ်မြေထဲသို့ ခုန်ကူးလိုက်ပါတယ်။ အခုလည်း ကုန်သွယ်ရေး ကားချပ်ပေါ်က ခုခံစည်း တစ်ခုကို ကျော်တက်ဖို့ ချောင်းနေပါတယ်။ တနည်းအားဖြင့် $ 12,000 အထက် ရောက်ရှိဖို့ပါပဲ။
Bitstamp ရဲ့ ကိန်းဂဏန်းများ အရ ၁၅ မိနစ် အတွင်းမှာပဲ $ 11,400 ကနေ $ 11,916 အထိ ရောက်ရှိသွားခဲ့ပါတယ်။ ဒီ ရောက်ရှိမှုက ပြီးခဲ့တဲ့ ရက်သတ္တပတ် အတွင်း btc ဟာ $ 11,000 ကျော်မှာတင် အတက် မကြမ်း နိုင်တော့ပါဘူး ဆိုတဲ့ အမြင်တွေ ကို အဆုံးသတ် စေခဲ့ပါပြီ။
အခြား တဖက်မှာလည်း စိတ်ဝင်စား စရာ အချက် အချို့ ရှိနေပါသေးတယ်။ btc miners များရဲ့ လုပ်ဆောင်ချက်ကို တိုင်းတာတဲ့ hash rate တွေ တစ်စက္ကန့်ကို 74.5 million မျှ ရောက်ရှိ လာခဲ့ပြီး တစ်နှစ်ထက် တစ်နှစ် ပိုမို တိုးတက်လာနေပါတယ်လို့ bitinfocharts.com က ဖော်ပြထားပါတယ်။
trader ဟောင်း တစ်ယောက် ဖြစ်သလို သတင်းထောက် တစ်ယောက်လည်း ဖြစ်တဲ့ Max Keiser အပါအဝင် အချို့သော လေ့လာသူများက hash rate တက်ရင် price ပါ တက်လေ့ရှိတယ်လို့ ယူဆ နေကြပါတယ်။ အဲဒါသာ အမှန်ဆိုရင် btc ဟာ ခုခံမျဉ်း ကို ထိုးဖောက်ပြီး ယခင်ရောက်ရှိထားတဲ့ ဈေးနှုန်းကို ထပ်မံ ရောက်ရှိနိုင်ပါတယ်။
သူက ဟုတ်နေပေမယ့် ကိုယ့်ရှိတာလေးက ငုတ်နေသေါအခါ....
Posted using Partiko Android
အဲဒါ ပြောချင်နေတာ '' သူ ဟုတ် ကိုယ် ငုတ် '' ဝိုင်း အော်လဝေး စတင်း 😁
Posted using Partiko Android
ဝယ်စုလိုက်ရတော့မလား
Posted using Partiko Android
btc က သာ ဖြစ်ချင်တိုင်း ဖြစ်နေတာဗျာ။ ကျွန်တော်တို့ ငတိက တော့ ပြား ကနေ မတက်နိုင် ယက်ကန်ယက်ကန်နဲ့ 😁
Posted using Partiko Android
Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq
Wow' ကြိုက်သလောက်တက် စမ်း ဘာ
အားပါး မတ်မတ်က တော့ စိန်ခေါ်နေဘီ ဝေ့
Posted using Partiko Android