အမှားကို အဆိပ်​ထုတ်​ခြင်း (အပိုင်း-၁)

in #myanmar7 years ago (edited)

ရက်​ မှ လ ၊ လမှ နှစ်​သို့ ကူး​ပြောင်းခဲ့​လေပြီအသက်​​တွေလည်း ကြီးလို့ မိဘ​တွေလည်းဆုံးပါးခဲ့ပြီး​နောက်​​ကို​ကျော်​ဇင်​တစ်ယောက်​ အိမ်​တွင်​မမြဲခဲ့ ။ မိဘထားခဲ့​သောအ​မွေနှစ်​က​လေးနှင့်​ ​ငွေ​ရေး​ကြေး​ရေး ကလည်းတစ်​​ယောက်​တည်းသမားဘို့ ပူစရာမရှိ ။

images (35).jpg

တစ်​ကိုယ်​တည်း ဘဝ မိမိ စိတ်​ကူး​ပေါ်ရာ​အ​ပျော်​​ရှာရင်း စိတ်​၏​ဖြေရာရှာခဲ့​လေသည်​။ ဘဝတခုကို အ​ခြေတည်​ရာ မရှာ​ဖွေခဲ့ ​လေ​သော ​ကို​ကျော်​ဇင်​ ​ဆွေမျိုး ညာတိရှိ​သော်​လည်းတသက်​လုံးအတူ​နေရန်​မဖြစ်​နိုင် ။

မိဘ​တွေကလည်း အသက်​ကြီးမှသားသမီး
ထွန်းကားခဲ့သည့်​အတွက်​ သူ့ တ​ယောက်
တည်းသာအချစ်​ပုံ​အောအလိုလိုက် အ ကြိုက်​​ ဆောင်​ခဲ့​လေ​တော့ သူ့ ဘဝမှာ
မပြည့်​စုံခဲ့သည်​က ခပ်​ရှားရှား။

ကံ​ခေသည်​က မိဘများက အရမ်းချစ်​ အရမ်း အလို လိုက်​ခဲ့​သော်​လည်း မိန်းက​လေးများ နှင့်​ ပတ်​သက်​လာလျှင်​ တင်း
ကြပ်​​သောစည်း ကမ်းနှင့်​အတူမည်​သူတစ်​ဦးတစ်​​ယောက်​ နှင့်​မျှ ဆက်​ဆံပတ်​သက်​မှုမျိုးကိုမလိုလားခဲ့​ပေ။သားဖြစ်​သူအား က​လေးငယ်​သဖွယ်​။ မည်​သည့်​မိန်းက​လေးနှင့်​ မျှသားဖြစ်​သူအားတန်​သည်​မထင်​ ။
ထိုကဲ့သို့ သားဖြစ်​သူအားအချစ်​ပိုခဲ့​လေသည်​။

ခေတ်​လူငယ်​ပီပီ သားဖြစ်​သူ ​​ကျော်​ဇင်​ကား​ မိဘများအ​ကြောင်းကို သိနှင့်​ပြီးဖြစ်​သည့်​အတိုင်းမိဘများ ​​ရှေ့ တွင်​သာ ရိုးရိုးကုတ်​ကုတ်​​နေခဲ့​သော်​လည်း ​ကွယ်​ရာတွင်​ မိန်းမ များစွာနှင့်​ ​ပွေရှုပ်​ စမြဲ ။

မည်​မျှပင်​အလိုလိုက်​ အကြိုက်​​ဆောင်​ခဲ့​သော်​လည်း အရွယ်​​ရောက်​​နေ​သောသား
အတွက်​ သူတို့ ရုတ်​တရက်​ ဆုံးပါးသွားချိန်​ တွင်​တိမ်းမြား ခြင်းလျှင်​ ဆိုသည့်မိဘ ဝတ္တရား မ​ကျေပွန်​ခဲ့ ကြရှာ။

ကို​ကျော်​ဇင်​ကား မိဘများမရှိ​တော့သည့်
နောက်​ ဝမ်းနည်းပူ​ဆွေးမှု နှင့်​အတူ အလုပ်​ကိုမယ်​မယ်​ရရ မလုပ်​ ။ မိဘများထားရှိခဲ့​သောသူ့ တသက်​စာအ​မွေအနှစ်​များနှင့်​စိတ်​ကြိုက်​သုံးဖြုန်း​၍ ​နေ​လေ​တော့သည်​။

1507093663-picsay.jpg

သ​ဘောမ​နော​ကောင်း၊ သူတပါးကိုကူညီတတ်​ပြီး ရက်​​ရော​ပေးကမ်းခြင်းမှာမတွန့်တိုတတ်​​သောကို​ကျော်​ဇင်​ သာ​ပေါင်းညာစား သူငယ်​ချင်း အ​ပေါင်း အသင်းများက​မြှောက်​​ပေးသည်​ ကတ​ကြောင်း၊ မိမိကိုယ်​တိုင်​ကလည်း စိတ်​ပျက်​အားငယ်​စိတ်​​လေသည်​ကတ​ကြောင်း၊ အ​သောက်​ အစားဖက်​လာသည့်​အပြင်
မိန်း​မများစွာနှင့်​လည်း ယခင်​ကထက်​​ပွေရှုပ်​ဆက်​ဆံမှုများပြားလာခဲ့သည်​။

သေရင်​ ကိုယ့်​နောက်​ဘာမှ မပါ။ မ​သေခင်​တွင်​​ပျော်​​ပျော်​ပါးပါး မိမိစိတ်​ကြိုက်​သုံး
ဖြုန်း​နေထိုင်​နိုင်​ခြင်းသည်​ပင်​လက်​ရှိနိဗ္ဗာန်
ပင်​မဟုတ်​ပါ​လော။ (အယူအဆလွဲမိစ္ဆာဒိဋ္ဌိ
ကပ်​ငြိခဲ့​လေပြီ။ )

ခေတ်​စနစ်​​ရေစီး​ကြောင်းနှင့်​အတူအနှိပ်​ခန်း
ကာရာအို​ကေ ၊တည်းခိုခန်း စသည်​တို့  က များပြား လာသည်​ နှင့်​အမျှအလယ်​အလတ်​လုပ်​ငန်း ရှင်​ ၊အ​သေးစားလုပ်​ငန်း ရှင်​၊လခစား၊ ​နေ့စား အလုပ် သမားများ အတွက်​ စိတ်​အပန်း​ဖြေရာဖြစ်​လာခဲ့သည်​။ ကို​ကျော်​ဇင်​တို့ လိုသုံးဖြုန်း​နေသူများ အတွက်​ကားပြောစရာရှိ​တော့ ​ပေ ။ KTV, Massage စသည်​ တို့သည်​ သူတို့ အိမ်​သဖွယ်​ဖြစ်​​နေ​လေ​တော့ သည်​။

အချိန်​ကြာလာသည်​နှင့်​အမျှ
ငွေရလွယ်​ မိန်းက​လေးများ၏ မာယာတွင်းသက်​ဆင်းခဲ့ရ​လေပြီ​ပေါ့ ။ မသွားရမ​နေနိုင်​ဘာကိုစွဲလမ်းမိသည်​မသိ သူတို့နယ်​တွင်​ ကို​ကျော်​ဇင်​ မ​ရောက်​ဖူးမသိရှိသည့်​အနှိပ်​ခန်း​ကေတီဗွီ ၊ တည်းခိုခန်းသည်​ မရှိ။ထိုကဲ့ သို့ ကျွန်းကျင်​နှံ့ စပ်​ပါ​သောကို​ကျော်​ဇင်​တည်း။ ​😃😃😃

ကေတီဗွီ ၊ မာဆတ်​ မှ ​ညငှက်​​လေး
များသည်​လည်း ​ကျော်​ဇင်​ဆိုမသိသူမရှိ ။
ကျော်​ဇင်​လာပြီ​ဟေ့.. ဆို သူတို့ အတွက်
ထီဆိုင်​မှ ထီလာ​လျော်​သည်​နှယ်​။ ကို​ကျော်ဇင်​ကလည်း ​ငွေသုံးကလက်​ဖွာ ​ပေးလိုက်​သည့်​မုန့်ဖိုး တခါတရံ ခပ်​​ထွေ​ထွေ ဖြစ်​ပြီ​ဟေ့ဆို ပိုက်​ဆံ​ကို ပိုက်​ဆံမထင်​ ပါသမျှ
အကုန်​ကြဲ​လေ​တော့သည်​။ ဆိုင်​မန်​​နေဂျာ
တွေကပင်​အစ ​ကို​ကျော်​ဇင်​အတွက်​ ဆို
Vip တန်း ။ ထိုနယ်​တခွင်​ ထိုမျှ သြဇာ
ညောင်း​ခဲ့လေ​သော​ ကို​ကျော်​ဇင်​ 😃😃😃

တကြိမ်​​တော့ ကိုယ်​​ကျော်​ဇင်​ ​အမြဲသောက်​စား မူးယစ်ခဲ့သည့်​ဒဏ်​​ကြောင့်​ ကျန်းမာ​ရေးအညံ့ ဘက်​သို့ လိုက်​လာခဲ့သည်​။
သောက်​စားမူးယစ်​​ပွေရှုပ်​​နေတုန်းက ​နေ့ဖို့ ညစာချန်​ထားနိုင်​ခဲ့​သော်​လည်း တကယ်​တမ်းကျန်းမာ​ရေး ချူခြာညံ့ဖျင်းလာချိန်​တွင်​ ​နေ့ဖို့ ညစာမချန်​ထားနိုင်​ခဲ့ ကျန်းမာ​ရေးအတွက်​သာအာရုံစိုက်​ ကုသလိုက်​ရသည့်​အတွက်​ ​ကို​ကျော်​ဇင့်​ စီးပွား​ရေးအ​ခြေ​နေမ​ကောင်းနိုင်​​တော့ ။ မိဘများထားသည့်​ အ​မွေအနှစ်​နှင့်​သာ
အချိန်​ကုန်​ခဲ့​ပြီး ဘာအလုပ်​မှ မယ်​မယ်​ရရ
မလုပ်​ခဲ့​သော ကို​ကျော်​ဇင်​ခေါင်းမီးတောက်​ ရပီ​ပေါ့ ။ ဘယ်​​ဆွေမျိုး ဘယ်​အ​ပေါင်းသင်းကမှ ကူညီ​ဖော်​မရ ။မျက်​နှာလွှဲသွားတတ်​ကြ​လေပြီ။ ​မေးထူး​ခေါ်​ပြော မ​ကောင်း တတ်​လို့  နှုတ်​ဆက်​ရုံသာ ​ပြောင်းလဲခဲ့ကြပြီ
(​ငွေ​ကြေးမျက်​နှာ အလွန်​ကြီး​လေစွ။)

images (34).jpg

ငွေ​ကြေးအတွက်​ စဉ်းစားခန်းဝင်​ရင်း
ကို​ကျော်​ဇင်တ​ယောက်​ စိတ်​ညစ်​ညစ်​နှင့်
သွား​နေကျ ဆိုင်​ဘက်​​ဆီခြေဦးလှည့်​ဖြစ်​ခဲ့​လေသည်​။

သို့ ​သော်​ ...ခါတိုင်းကဲ့သို့  အ​ပျော်​​ခြေလှမ်းများနှင့်​မဟုတ်​တော့ပြီ။သေချာသည်​က သူ့တွင်​အသိတရားတစ်​စုံတစ်​ရာရရှိခဲ့ပြီးဖြစ်​​လေသည်​။

တဦးတည်းသမားကို​ကျော်​ဇင်​တ​ယောက်​ ​ရှေ့ဆက်​ဘဝကို အဘယ်​ကဲ့သို့ ဆက်​လက်​ဖြတ်​သန်း မည်​နည်း ???

အပိုင်း (၂) ဆက်​ရန်​ ။

Author by @ahkhayar
(ကိုယ်​ပိုင်​အ​တွေးဖြင့်​​ရေးသားတင်​ဆက်​သည်​။ )
Photo by google and self.

Sort:  

waiting for more from you ahkhayar! keep motivating!

ကို​ကျော်​ဇင်​တစ်​​ယောက်​ဘာဆက်​ဖြစ်​မလဲ​စောင့်​​မျော်​​နေပါမယ်

Yes. Just waiting bro.
Thank for reading .!

အမှားမကင်းတဲ့လောကြီးမှာအမှန်မြင်နိုင်ဖို့အတွက်အကျိုးရှိတဲ့စာမူတစ်ခုအဖြစ်အထောက်အပံရအောင်ရသပေးနိုင်ပါတယ်bro

Thank you ! 😃
ဘယ်​လို​သွေဖယ်​သွားမလဲ !
ဘယ်​လို​လျှောက်​လှမ်းသွားမလဲ !

Just waiting bro 😃

မိန်းမသာပေးစားလိုက်ပါ သီတင်းလည်းကျွတ်နေပီ

😃😃😃
လူမမာနလန်​ထ အားမ​ငွေလည်းမ​တော့
ဘယ်​မိန်းမယူတုန်း ကိုယ့်​ဆရာ
မိန်း​တွေ​ကြာင်းလည်း မသိတာလိုက်​လို့  😃😃

Thank for your sharing

Welcome brother 😃

ဝေးဟေး စောင့်ပြီလေ ကိုကျော်ဇင်ရေ

စောင်​​စေ ဗျား 😃😃

အပိုင်း(၂) ကို မျှော်နေပါတယ်။

ထပ်​ပြီးတ​တွေဖြစ်​လာရင်​​တော့မသိဘူ​နော်​ 😃

အပိုင်း၂လေး စောင့်မျှော်နေပါတယ်

ဟုတ်​ကဲ့​ကျေးဇူးပါ။

ဆက်လက်အားပေးနေပါတယ်ဗျ!

Thank you 😃

Coin Marketplace

STEEM 0.28
TRX 0.11
JST 0.030
BTC 67232.05
ETH 3746.15
USDT 1.00
SBD 3.64