အမှားကိုအဆိပ်​ထုတ်​ခြင်း(အပိုင်း-၂)

in #myanmar7 years ago

ကို​ကျော်​ဇင်​တ​ယောက်​ ..
စိတ်​တွင် အ​ဖြေမရှိဗလာနတ္ထိဖြင့်​ ​​ခြေဦးတည့်​ရာဆိုင်​သို့ အ​ရောက်​ ပိန်​လှီ​ဖျော့
တော့ လူပုံပန်း၊ အ​သွေးသားကရောဂါ
သည်​ ပမာ မျက်​လုံးများက ထိုင်းထိုင်း
မှိုင်းမှိုင်း စိတ်​ဓာတ်​ကျ​နေပုံ​ပေါ်လွင်
လျှက်​ ...

light.jpg

ခါတိုင်းကဲ့သို့  ငှက်​မ​လေးများပလီပလာ
တွတ်​ထိုးသံများမကြားရ​တော့ ..ဆိုင်​ရှင်
လုပ်​သူ၏သတင်း​မေးနှုတ်​ဆက်​စကားသံမှ အပမည်​သည့်​စကားသံမှ မကြားရ​ပေ ..
ဆိုင်​ရှင်​က ကို​ကျော်​ဇင်​ နှင့်​ အ​တော်​ရင်းနှီးသူ​ဖြစ်​တာလည်းပါမည်​ထင်​ပါသည်​။
ကို​ကျော်​ဇင်​အားအမြဲတမ်းစီးပွား​ရေးတခု
လုပ်​ရန်​တိုက်​တွန်း​နေသူ။ စီးပွား​ရေး အကူညီ​ပေးရန်​ အမြဲတမ်းဖွင့်​ဟ​နေသူ။
သူ​ပြောတိုင်းကို​ကျော်​ဇင်​ ငြင်းခဲ့သည်​သာ။မည်​သည့်​အလုပ်​ကိုမဆို လုပ်​ရန်​ သူစိတ်​မပါခဲ့ ။သောက်​စားမူးယစ်​​နေရသည်​ကို
ပျော်​​မွေ့ ​နေသူ သူ့ အတွက်​အလုပ်​သည်​ မဟာရန်​သူပမာ။

ယခုတကြိမ်​တွင်​​တော့ ကို​ကျော်​ဇင်​အ​တွေး​ပြောင်းလဲခဲ့လေပြီ ..

ငွေမျက်​နှာက လူ​ပေါင်းများစွာရဲ့  စာရိတ္တ နှင့်​ ဘဝကိုပါ​ပြောင်း​လဲ​စေနိုင်​​ကြောင်း ဖြစ်​သလို​နေခဲ့သူ ကို​ကျော်​ဇင်​တ​ယောက်​ နားလည်​သ​ဘော​ပေါက်​လာခဲ့​ပြီးဖြစ်​သည်​။

ဟုတ်​ပါသည်​ .. ယခင်​ပြီးခဲ့သည့်​ကာလတ​လျောက်​ ​ငွေကိုတန်​ဖိုးမထား အရာရာကို
ပေါ့​ပေါ့​နေ ​ပေါ့​ပေါ့စား တဒင်္ဂ တခဏစာကိုနိဗ္ဗာန်​သဖွယ်​ ထင်​မှတ်​မှားခဲ့​လေသူ ကို​ကျော်​ဇင်​ .. အသိတရားနှင့်​လူကပ်​​ရောက်​ ချိန်​ ထင်းခနဲ့ မြင်​လိုက်​မိသည်​က"​ငွေ​ကြေးဥစ္စာ" ဆိုသည့်​ အဆင်​တန်​ဆာတခု ။ လူ့ ဘဝတွင်​ မရှိမဖြစ်​လိုအပ်​သည်​ဟူ၍ ။

images (37).jpg

သို့ ​သော်​ ..
ငယ်​စဉ်​ထဲကမည်​သည့်​အလုပ်​မှ မယ်​မယ်
ရရ မလုပ်​ခဲ့ ။ မိဘများရှိစဉ်​တွင်​လည်း မလုပ်​ခဲ့ ​ကျောင်းသွား ​ကျောင်းပြန်​ ။ ​ကျောင်းပြီးခဲ့​တော့လည်း ဟို​ယောင်​​ယောင်
ဒီ​ယောင်​​ယောင်​ အချိန်​ဖြုန်းခဲ့သည်သာ ။
မိဘ​တွေ ဆုံးပါးသွား​တော့ ပိုဆိုးသည်​က
သောက်​လိုက်​ စားလိုက်​ နှင့်​ အချိန်​ကုန်
ခဲ့ ​သည်​သာချည်း ။ ယ္ခု အအိပ်​ပျက်​ အစားပျက်​ ​သောက်​စားခဲ့သည့်​ ဒဏ်​​ကြောင့်​ ကျန်းမာ​ရေး ညံဖျင်း၍ ​ဆေးရုံ တက်​ခဲ့သည်​။ ထုံစံအတိုင်း ​ငွေကုန်​​ကြေးကျများ​စေခဲ့သည်​​ပေါ့ ။ ​ဆက်​လက်​၍ ဤကဲ့သို့ သာ ​လျှောက်​လှမ်း​နေမည်​ဆိုပါက မိမိအ​နေအထားသည်​ လူ​တော မတိုး နိုင်​ဖြစ်​ရ​ပေ​တော့မည်​။

မိဘများရှိစဉ်​က မြို့ မျက်​နှာဖုံး ဘဝနှင့်
အစစ အရာရာ လို​လေ​သေးမရှိ ။ ယခု မိမိ
လက်​ထက်​တွင်​မှ မျိုးဆက်​လည်းမရှိ ၊ ​ငွေ
ကြေးလည်းမရှိ ၊ဂုဏ်​သိက္ခာဆိုသည်​ကား
ခပ်​တည်းတည်းသာကျန်​​လေ​တော့သည်​။
ထို့အတူ ဆုံးပါးသွားပြီဖြစ်​​သော မိဘများ ကို သိက္ခာချရာ​ရောက်​​ ပေ​တော့ မည်​။
ထင်​ဟပ်​လာသည့်​ အသိတရားတခုနှင့်
အတူ ကို​ကျော်​ဇင့်​ စိတ်​ကူး​တွေက အလုပ်
တခုဆီသို့  ..

မိမိ ​သောက်​စားယစ်​မူး ကျင်​လည်​ခဲ့ရာဆိုင်​​ပေါင်းစုံ၏ အားသာချက်​၊ အားနည်းချက်
များကို သူရင်းနှီးကျွမ်းဝင်​ပြီးသား တခြား
မည်​သည့်​အလုပ်​မှလည်း မလုပ်​ဖူးသည့်​အတူတူ အနီးစပ်​ဆုံး ယ​နေ့ ​ခေတ်​စား​နေသည့်​ ​ကေတီဗွီ ၊မာဆတ်​နှင့်​ စားသောက်​ ဆိုင်​ စသည်​အ​တွေးနဲ့ အတူ ကို​ကျော်​ဇင်​အကြည့်​က ဆိုင်​ရှင်​ ဖြစ်​သူထံသို့  ..........
သူ့ကို ဆိုင်​ဖွင့်​ရန်​ အခါခါတိုက်​တွန်းခဲ့ဖူးသူ
အလုပ်​အကူညီ​ပေးရန်​အမြဲတမ်းကမ်းလှမ်းခဲ့သူ ။ ယခု​တော့ သူမငြင်းပယ်​​တော့ပြီ ။
ဆိုင်​ရှင်​ကလည်း ကို​ကျော်​ဇင်​ အ​တွေးကို ကြိုတင်​သိနှင့်​​နေသည့်​အလားပြုံးပြလျှက်​။" ငါမ​ပြောဘူးလား​ကျော်​ဇင်​ အစတည်းကစီးပွား​ရေးတခုလုပ်​ထားပါလို့ " ​ပြော​နေသည့်​နှယ်​။

ထိုအချိန်​က ​ကို​​ကျော်​ဇင်​တို့​ဒေသနယ်​တွင်
နိုင်​ငံ​တော်​ အစိုးရမှ ကမ်း​ခြေ စီမံကိန်း စတင်​ရန်​ ပုဂ္ဂလိက လုပ်​ငန်းရှင်​များစတင်
ဝင်​​ရောက်​​နေသည့်​ အချိန်​လည်းဖြစ်​သည်​။

ကမ်း​ခြေစီမံကိန်းအတွက်​ လမ်းပန်းဆက်​သွယ်​​ရေးကို အဓိက​ကောင်းမွန်​​လာသည်​နှင်​အမျှ​ ​ဒေသတွင်​မြေ​ဈေး​တွေလည်း ထင်​မှတ်​မထား​လောက်​​အောင်​​မြင့်​တက်​​နေချိန်​ လည်းဖြစ်​သည်​။ယခင်​ ရွာသား နယ်​သား​တွေအပြင်​ အလုပ်​သမားလူတန်းစားတို့ ​​ခေတ္တ​ပြောင်း​ရွေ့ အ​ခြေစိုက်ရာ​နေရာတခု အဖြစ်​ တဖြည်းဖြည်းနှင့်​ ​ဒေသတွင်​လူဦး​ရေလည်း တိုးပွားလာ​ခဲ့သည်​။

လူဦး​ရေတိုးပွားလာသည်​နှင်​အမျှစာ​သောက်​ဆိုင်​ ​ဈေးဆိုင်​တို့ ​ရောင်းအား
မြင့်​တက်​လာ​နေသည်​။ ဆိုင်​ရှင်​တို့အတွက်​ ​ရောင်းအားမတရား​ကောင်း​နေသည့်​အချိန်​ စီမံကိန်း ကာလအတွင်း ​ရောင်း​နေရမည်​သာ။ ကမ်း​ခြေဟု​ခေါ်တွင်​နိုင်​သည့်​အချိန်​တွင်​လည်း ​ရောင်း​နေရဦးမည်​သာ။

ယခု ကို​ကျော်​ဇင်​တ​ယောက်​ ဆိုင်​ဖွင့်​ရန်
စိတ်​ကူးအား​ရှေ့ ဆက်​ရန်​ ဆိုင်​ရှင်​ဖြစ်​သူနှင့်​ တိုင်​ပင်​ပြီး မိမိအိမ်​သို့  ပြန်​လာခဲ့​လေ​တော့သည်​။

images (9).png

ငွေ​ကြေးကုန်​ခမ်းသွား​သော်​လည်း မိမိတွင်​ဥစ္စာပစ္စည်း ကျန်​​နေသည်​မဟုတ်​ပါ​လော။မြေကွက်​ဆိုသည်​မှာ တ​မျှော်​တ​ခေါ် ထိုအတွက်​​ဆိုင်​​နေရာမပူပန်​ရ​သော်​လည်းဆိုင်​အပြင်​ဆင်​ အတွက်​ကုန်​ကျစရိတ်​ မည်​ကဲ့သို့ စီမံရမည်​နည်း ??? သူတပါးအကူညီယူတိုင်း​ကောင်းပါမည်​လား ???

တကယ်​ဆို အလုပ်​ လုပ်​ရသည်​မှာမလွယ်​ပါလား။ ငါ့ဖခင်​ ဤကဲ့သို့ ကြွယ်​ဝခဲ့​လေ​အောင်​ မည်​ကဲ့သို့ ရှာ​ဖွေစု​ဆောင်း ခဲ့ပါသနည်း ။ အ​တွေးနဲ့အတူ မိမိသုံးချင်​တိုင်းသုံး ဖြုန်းချင်​တိုင်းဖြုန်း ခဲ့​လေသည်​ မှာရှက်​ဖွယ်​လိလိ (ဒါ​တောင်​မိမိအလုပ်​ကို
လက်​​တွေ့ အ​ကောင်​အထည်​မ​ဖော်​ရ​သေး​ပေ။)

မည်​မျှပင်​ ခက်​ခဲပါ​စေ မိမိ​အောင်​မြင်​​အောင်​လုပ်​မည်​ဟု စိတ်​ပိုင်းဖြတ်​ထားပြီး
ဖြစ်​သည်​။
(တိုးတိုးတိုင်​ပင်​​ဖော်​​ တော့ စိတ်​ထဲ ကျိတ်​တမ်းတမိသည်​​ပေါ့ ။ တကိုယ်​တည်းဘဝ
အထီးကျန်​လှသည်​။ သို့ ​သော်​ မိမိဖြစ်​ပျက်
ခဲ့သည့်​အ​ခြေ​နေ​တွေအရ မဖြစ်​နိုင်​။)

မိမိအ​ကြောင်းသိ​သော မည်​သူမျှ မိမိအား လက်​ခံမည်​မဟုတ်​​ပေ။ မိမိကံပင်​မဟုတ်​ပါလား !! လက်​ရှိ အ​ရေးကြီး​နေသည်​က
စီးပွား​ရေးတစ်​ခု လုပ်​​ဆောင်​ရန်​သာမိမိ
အ​တွေးတွင်​စိုးမိုးလျှက်​ ....

images (36).jpg
...
ဆက်​လက်​၍ ကို​ကျော်​ဇင်​တ​ယောက်​အသိဉာဏ်​ပြည့်​ဝစွာ ဘဝကို ဖြတ်​သန်း မည်​လား!! စီးပွား​ရေးကို​ရော မည်​သို့ 
ဆောင်​ရွက်​သွားမည်​နည်း!! သူလိုချင်​​သော
တိုးတိုး​ဖော်​ တ​ယောက်​ နှင့်​​ဆုံဆည်း နိုင်​မည်​လား!! ကြမ္မာအ​ပြောင်းအလဲ အတွက်​ မည်​ကဲ့ သို့ ​ဖြစ်​ပျက်​မည်​နည်း ....

အပိုင်း (၂)ဆက်​ရန်​ ။

Author @ahkhayar
(ကိုယ်​တိုင်​​စိတ်​ကူးဖြင့်​ခံစား​ရေးဖွဲ့ သည်​။)

Photo .. google

....

Sort:  

Ohh! Thank you brother 😃

Good Post! BRO.

Really ! Thank for supporting nice brother!😃

Good Story
Thank for sharing

Thank for support!

Thank sis ..😃

ဝိုး ကိုကျော်ဇင် အားမလျှော့နဲ့ ချ ချ

ဝျွါတ်​ပြီ​တော့ မိန်း​ပေးစား​တော့မယ်​ ။
😃😃😃

nice post,brother!
thanks for sharing!

Thank for support!

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 65935.31
ETH 3015.23
USDT 1.00
SBD 3.75