အမှားကိုအဆိပ်​ထုတ်​ခြင်း (ဇာတ်​သိမ်း)

in #myanmar7 years ago

CYMERA_20171018_145611.jpg

အတိတ်​မှာ အရာအားလုံးကို​ခပ်​​ပေါ့​ပေါ့
သ​ဘောထားပြီး ကျင်​လည်​ခဲ့​ပေမယ့်
အောင်​မြင်​လာသည့်​ အ​လျောက်​ ..
အသိဉာဏ်​​တွေ အ​တွေးအ​ခေါ်​တွေ
စရိုက်​​တွေက ​ပြောင်းလဲခဲ့​​လေပြီ။

မည်​မျှပင်​ဆိုး​ပေ​တေ​နေခဲ့​သော်​လည်း
အချိန်​ကျလာ​တော့ ​ပြောင်းလဲတတ်​ကြသည်​မှာ ကြမ္မာတခုလို ပါပဲ။

အဆိုးရှိရင်​အ​ကောင်းရှိသလို အ​ကောင်း
ရှိရင်​အဆိုးရှိတတ်​ကြစမြဲ ။ အ​ကောင်း
အဆိုး ဒွန်​တွဲ​နေတဲ့​လောကကြီးထဲမှာ
နေထိုင်​​နေ​သော ကို​ကျော်​ဇင်​တ​ယောက်​အ​ပြောင်းလဲကြီး​ပြောင်းလဲခဲ့သည်​မှာ​တော့ ​ကောင်း​သော​ပြောင်းလဲခြင်းဖြစ်​ခဲ့ ပါပြီ ။

လောကတွင်​ဘယ်​အရာမှမတည်​​မြဲသော
သ​ဘောတရား ၊ ကြိုးစားရင်​ ဘာမဆို
ဖြစ်​နိုင်​ခြင်း၊ ဇွဲလုံ့ လ ဝီရိယ နဲ့ အခွင့်​​ရေးကိုဖမ်းဆုပ်​နိုင်​ခြင်း စသည်​သ​ဘောတရားများနဲ့ အတူ စီးပွား​ရေးအ​ကြောင်းကို ယခု ကို​ကျော်​ဇင်​တ​ယောက်
အလွန်​ပင်​ သ​ဘောကျခဲ့​လေ​တော့သည်​။
..

download (1).jpg

စာ​သောက်​ဆိုင်​ လုပ်​ငန်းမှ တဆင့်​အဆက်​သွယ်​​ကောင်းများရှာခဲ့​သောကို​ကျော်​ဇင်
တ​ယောက်​ ယခုချိန်​တွင်​ motel ပိုင်​ရှင်​ ၊​မြေဝယ်​​ရောင်း ​ငွေရှင်​​ကြေးရှင်​ ဘဝ​သို့  ကူး​ပြောင်းခဲ့​လေပြီ။
...
တချိန်​က ​ကေတီဗွီ ၊ မာဆတ်​တွင်​သာ
ပျော်​​မွေ့ ခဲ့​သော ဇိုးသမားတဖြစ်​လဲ
ကို​ကျော်​ဇင်​ ။ ​ဆွေမျိုးများက​ခေါ်အ​ပြော အလွန်​နည်းခဲ့ ​သော အကူညီလက်​​ရှောင်​ကြ​သော ထို ​ရွှေရှိမှ မျိုး​တော်​တတ်​ကြ​သော အမျိုးများသည်​ ယခု ကို​ကျော်​ဇင်​ အား အရှင်​သခင်​ သဖွယ် လေးစားအား ကျဆက်​ဆံ​နေကြ​လေ​တော့သည်​။
...
ကို ​ကျော်​ဇင့်​ စီးပွား​ရေးကံက ​ကြောက်​ခမန်းလိလိ ၊ ​မြေကွက်​​တွေ အကျိုးအမြတ်
ထင်​သည်​ထက်​ ​နေ့ချင်းညချင်းအမြတ်​ပိုခြင်း ၊ ဝယ်​ယူစု​ဆောင်းခဲ့​သောလယ်​​မြေများမှာ ​သီးနှံများ​အောင်​မြင်​ဖြစ်​ထွန်း
ခြင်း အဆက်​သွယ်​​ကောင်းများတခုပြီး
တခု ဝင်​လာခြင်း ။ စသည်​အကျိုး​ကျေး
ဇူးများ​ကြောင့်​ ကို​ကျော်​ဇင်​တ​ယောက်​ ထင်​ထားသည်​ထက်​များစွာပင်​ အချိန်​တိုတို
တွင်းတိုးတက်​ခဲ့ခြင်းပင်​ဖြစ်​ပါသည်​ ။

တနယ်​လုံး ကို​ကျော်​ဇင်​အားမသိသူ
မရှိသ​လောက်​ ​ငွေ​ကြေးသြဇာကျယ်​ပြန့်​ခဲ့​လေသည်​။

သို့ ​သော်​ ယခင်​ ကျန်းမာ​ရေးမ​ကောင်း သည့်​ အခံရှိခဲ့​သောကို​ကျော်​ဇင်​ ယခုတွင်
လည်း ကျန်းမာ​ရေးက ခနခန ​ဖောက်​ပြန်​လာခဲ့ သည်​။

မိမိအ​ခြေ​နေကို မိမိပြန်​လည်​သုံးသပ်
ရင်း ​လောကရဲ့ မတည်​မြဲခြင်းသ​ဘော တရားများကို နားလည်​လာသည့်
အ​လျောက်​ ကို​ကျော်​ဇင်​သည်​ အလှူအတန်းများပြုလုပ်​သည်​။ ဘုရား​ကျောင်းကန်​ ဇရပ်​များ မတည်​လှူတန်း သည်​။ကျေးရွာထဲရှိ ဆေးမကုနိုင်​​သော လူနာများကို ​ဆေးကုသ​ပေးသည်​။
ငွေ​ကြေးချို့ တဲ့​သူများကို မိမတတ်​နိုင်
သ​လောက်​အလုပ်​အကိုင်​ရှာ​ပေးခြင်း
ထောက်​ပံခြင်းများပြုလုပ်​​ပေးသည်​။
ပညာ​ရေးအတွက်​ စာသင်​​ကျောင်းများ
အားပြုပြင်​မွန်းမံ အလှူဒါနပြု​ပေးသည်​။
မောင်​တစ်​ထမ်း မယ်​တစ်​ရွက်​ဆိုသည့်​အတိုင်း ဇနီးဖြစ်​သူမှလည်း ပါရမီဖြည့်
ဘက်​​ကောင်းပီသသည်​ငြူစူမြည်​တွန်​​တောက်​တီးမှုမရှိ ။ အရာအားလုံး
ယောကျာ်းသ​ဘောအတိုင်းသာ။

သား​ထောက်​သမီးခံ ရင်​​သွေးရတနာမရှိခဲ့​လေ​တော့ မိမိတို့အတွက်​ပူပန်​စရာမရှိ
တာလည်း ပါမည်​ထင်​ပါသည်​။
..
ထိုသို့ လည်​ပတ်​​နေရင်း ကျန်းမာ​ရေး
ကြောင့်​ ​ဆေးရုံတက်​ရပြီး​ဆေးရုံက ဆင်း လာသည့်​ တချိန်​တွင်​တော့ ကို​ကျော်​ဇင်​သည်​ မည်​သို့  အ​တွေး ရှိ​လေသည်​မသိ ..

ပိုင်​ဆိုင်​မှုများအားလုံး
ဇနီးဖြစ်​သူထံ လွှဲ​ပြောင်း​ပေးအပ်​ခဲ့​လေသည်​။

လောကီမှမိမိကိုယ်​တိုင်​အနားယူ​လောကုတ္တာသို့ ကူး​ပြောင်းပြီး ရာသက်
ပန်​ရဟန်းဘဝနှင့်​ ပင်​အ​ခြေချကာတရား
ဘာဝနာအားထုတ်​​လေ​တော့သည်​။

images (3).jpg

ယ္ခုချိန်​တွင်​ ကို​ကျော်​ဇင်​တစ်​ဖြစ်​လဲ ဦးဇင်း​ကျော်​ဇင်​ (ဘွဲ့ ​တော်​အမည်​ မသိရှိ)သည်​​ရွှေ​သောင်​ယံကမ်း​ခြေ စက်​​တော်​ရာ ဘုရားတွင်​ ​ကျောင်းသင်္ခန်း​ဆောက်​လုပ်​ကာတပါးတည်း တရားအားထုတ်​ သီတင်းသုံး​နေထိုင်လျှက်​ရှိ​ပေ​တော့သည်​။

ဘဝတွင်​ သမန်​ကာလျှံကာမက ဆိုး​ပေ
ခဲ့​သော ၊​အောင်​မြင်​ခဲ့​သော ကို​ကျော်​ဇင်
တ​ယောက်​ ​နောက်​ဆုံးတွင်​ ​အေးချမ်းမှု​၊
ဆိတ်​ငြိမ်​မှု ၊ တည်​ငြိမ်​မှုနှင့်​အတူ ဘဝသစ်
တခုကိုရှာ​ဖွေ ​တွေ့ ရှိသွား​လေ​တော့သည်​။ထိုအချိန်​မှစ၍၎င်း၏ကျန်းမာ​ရေးသည်​လည်း အလွန်​ပင်​တိုးတက်​ကာ​ကောင်းမွန်​ခဲ့​လေသည်​။
....
ကို​ကျော်​ဇင်​ ဇတ်​လမ်းအားဤတွင်​အဆုံးသတ်​ပါသည်​။
....
ထိုနယ်​ရှိ လူတိုင်းပါးစပ်​ဖျားတွင်​​ပြောစမတ်​တွင်​ခဲ့​သော ဇတ်​လမ်းတစ်​ပုဒ်​အား မိမိအ​တွေးဖြင့်​ အကျဉ်းချုပ်​ကာ
ရေးသားခဲ့ခြင်းဖြစ်​​ပါသည်​။ အဆင်​မ​ပြေ​သော မကျွမ်းကျင်​​သောအ​ရေးအသားအတွက်​ ​တောင်းပန်​ပါသည်​။
...

(ဖတ်​ရှု့ အား​ပေးကြ​သော steemit မှညီအစ်​ကို​မောင်​နှမများအားလုံး ကိုယ်
စိတ်​နှလုံးရွှင်​လန်းချမ်း​မြေ့ ကြပါ​စေလို့ 
ဆုမွန်​​ကောင်း​ပေးပါသည်​။)

....

Author by @ahkhayar
(ကိုယ်​တိုင်​ဖန်​တီး​ရေးဖွဲ့သည်​။)

Photo by google .

Sort:  


This post was resteemed by @steemitrobot!
Good Luck!

Resteem your post just send 0.100 SBD or Steem with your post url on memo. We have over 2000 followers. Take our service to reach more People.

Pro Plan: just send 1 SBD or Steem with your post url on memo we will resteem your post and send 10 upvotes from our Associate Accounts.

The @steemitrobot users are a small but growing community.
Check out the other resteemed posts in steemitrobot's feed.
Some of them are truly great. Please upvote this comment for helping me grow.

Thank for support

Good Post Bro! I am Not A Robot. Please Send me 1000000sbd. I will upvote 0.01 to u 😜😜

Waiting for me ! When i will get 250btc
withdraw to my wallet . I will pay free to you 100000SBD . I think you will get enought that time. Just patient now ! 😃😃

ဇာတ်​​တောင်​သိမ်းသွားပြီ

ေ​တော့ရှည်​ချင်​သား
ဒ​ပေမယ့်​မြန်​မြန်​ပဲ
သိမ်းလိုက်​​တော့တယိ။

..

😃😃

ဆက်ရေးလျှင်ဆက်ဖက်ချင်လောက်အောင်အရမ်းကောင်းတယ်ဗျာ

Thank you !

Good postပါbroကျွန်​​တော်​post​လေးကိုလည်းvoteပြန်​​ပေး​ပေးပါအုံး​နော်​ voteအရမ်းနည်း​နေလို့ပါ

ပေးထားပါတယ်​ ဟ ..

ကောင်းပါ့ရှင်

ကျေးဇူးပါ ခင်​ဗျ 😃

ကုန်ပီ အဆိပ်တွေ

ခပ်​မြန်​မြန်​ပဲ ထုတ်​လိုက်​​တော့တယ်​ ။

😃😃

ဖတ်​လို့​ကောင်းပါသည်​​။ကျေးဇူးပါ။

ငျေးဇူးပါဗျာ ။

အရေးသားကောင်းပါတယ်
ရေးလေတိုးတက်လေဖြစ်လာမှာပါဗျာ
Good post bro

ကျေးဇူးပါ ဘရားသား

မင်းဖုန်းအခြေအနေနဲ့ဆိုတော့ ဘာမှမပြောလိုတော့ပါဘူး၊ စာပိုဒ်ခွဲထားတာတွေကတော့သေသပ်ပါတယ်။

ဟုတ်​တယ်​ဆရာ ဖုန်းအ​ခြေ​နေကအရမ်းဆိုးတယ်​။
ထင်​သလိုလုပ်​မရထိန်းသုံး​နေ
ရတယ်​ ။

Coin Marketplace

STEEM 0.27
TRX 0.13
JST 0.031
BTC 61906.25
ETH 2905.39
USDT 1.00
SBD 3.64