ကိုယ့်​အရပ်​နဲ့ ကိုယ့်​ဇာတ်

in #myanmar6 years ago

Steemit အဖွဲ့ ဝင်​များအားလုံး မင်္ဂလာပါလို့
နှုတ်​ခွန်းဆက်​သပါတယ်​ခင်​ဗျာ။အားလုံးပဲ
ကိုယ်​စိတ်​နှလုံးရွှင်​လန်းချမ်း​မြေ့ ကြပါ​စေလို့ ဆန္ဒပြုပါတယ်​။ စာလည်းမ​ရေးဖြစ်​တာကြာ​ပိုစ့်​ လည်း မတင်​ဖြစ်​တာကြာ​နေ​တော့ ဘယ်​ကစ​ရေးရမယ်​မှန်း​တောင်​မ​ပြောတတ်​​တော့ဖူး။ အရှိန်​​လေးရ​နေတုန်းက​တော့ အဟုတ်​သား။ ခု​ပြန်​​ရေးပြန်​​တော့ စိတ်​က စိုးရိမ်​မှုအပြည့်​ငါ​ရေးတာ အဆင်​မှပြေပါ့ မလား။ ဖတ်​တဲ့သူ​တွေက ကိုယ်​ဒီလို​ရေးတင်​လိုက်​ရင်​ ကိုယ့်ကိုများ ဝိုင်းရယ်​ကြမလား စိုးရိမ်​မှုများစွာနဲ့  ရန်​ဖြစ်​စမရှိ​တော့ ရန်​ဖြစ်​ရမှာ​ကြောက်​​နေသလိုလို ၊ ရည်းစားနဲ့ချိန်းမ​တွေ့ ဖူး​တော့ ချိန်း​တွေ့ ရမှာစိတ်လှုပ်​ရှား​နေသလိုလို စတဲ့ခံစားမှုမျိုး ။ ယုံကြည်​မှု အားနည်းတယ်​ဆိုရမှာ​ပေါ့ ။ဘာဖြစ်​ဖြစ်​ပါ steemit အဖွဲ့ ဝင်​မန်​ဘာများအားလုံး နားလည်​​ပေးနိုင်​ကြလိမ့်​မယ်​လို့ ယုံကြည်​ပါတယ်​။

ခုလထဲ စာမ​ရေးဖြစ်​ဖူးဆိုတာထက်​ ခရီးသွား​နေတာကပိုများတယ်​ဆိုရမယ်​။ ​နေရာတစ်​ခုသွားလိုက်​တာ ​နေရာသုံး​လေးခု ​ရောက်​ဖြစ်​ခဲ့တယ်​။ ထမင်းစား​နေရင်း ငြုပ်​သီးလိုလို့ အိမ်​​နောက်​​ဖေးက ဆင်းခူးရင်း ရန်​ကုန်​​ရောက်​သွားတယ်​ဆိုတာမျိုး 😃😃

20180101_114436.jpg

ခု​ရက်​ပိုင်း​တော့ ကိုယ့်​​မွေးရပ်​​မြေကို ခန​ရောက်​ဖြစ်​ခဲ့တယ်​ ။ ​အမျိုးအ​ဆွေ​တွေနဲ့ ​တွေ့ ဖို့ထက်​ဘာလုပ်​ရင်​အဆင်​​ပြေမလဲ ။လက်​ရှိလုပ်​​နေတာက​ရောအလားအလာ​ကောင်းရဲ့ လား အင်​ကွာရီ လုပ်​ရင်းဆိုပါ​တော့ ။

အဲ့​တော့ငယ်​သူငယ်​ချင်း​တွေနဲ့ လည်းဆုံဖြစ်​တယ်​။ဆုံ​တော့လည်းထုံးစံအတိုင်း​သောက်​ကြ စားကြတယ်​​ပေါ့ ။စကား​တွေစပ်​မိစပ်​ရာနဲ့  ​ပြောကြဆိုကြရင်းတဖက်​ကဖုန်း​လေးကိုင်​လို့  လိုင်းသုံးဖြစ်​တယ်​။ လိုင်းသုံး​နေတာ ​ကောင်​မ​လေး​တွေ​အများကြီးဖြစ်​​နေမှာ​ပေါ့ ငါ့ကိုအလန်း ​လေး​တစ်​​ကောင့်​​လောက်​​ပေးပါလားတဲ့ ။ ။ သူငယ်​ချင်း တစ်​​ယောက်​က အဲ့လို​ပြောတယ်​ ။ ကျ​နော်​အံသြသွားတယ်​။ ပြီး​တော့ တခု နား လည်​ လိုက်​တယ်​။ ​ရှေးရိုးစွဲ​တွေထဲက မထွက်​နိုင်​ကြ​သေးဘူးလို့ ။

နောက်​တစ်​ခုက
ကိုယ့်​အရပ်​နဲ့ကိုယ့်​ဇတ်​ပေါ့။

လိုင်းသုံးရင်​ လိုင်း​ပေါ်မယ်​ ရည်းစားထားတယ်​။
ဖုန်း​ပြောကြတယ်​။ viber သုံးရင်​​​ကောင်​မ​လေးနဲ့စကား​ပြောတယ်​။ဖုန်း​ပြောကြတယ်​။
အိမ်​​ထောင်​ရှိသူကရည်းစားခိုးထားတယ်​။အိမ်​​ထောင်​မရှိသူက ရည်းစား​ပွေတယ်​။ အဲ့လို ထင်​မြင်​​နေကြတာ ။တခြားကိစ္စဘယ်​သူမှမ​တွေးကြ တကယ်​လည်းအကုန်​လုံးက အဲ့လိုဖြစ်​​နေကြ တာ။ ည​နေဆို ကမ်း​ခြေဆင်း ဖုန်းမီးတလင်း လင်း နဲ့ ပုဆိုးခြုံခြင်​ကိုက်​ခံပြီး အိမ်​သူသိမှာ စိုးလို့ ခိုး​ကြောင်​ခိုးဝှက်​ ချက်​နည်းအဖုံဖုံ 😃😃
အိမ်​သူက လိုက်​လာ နရင်းရိုက်​ဖုန်းကိုလွင့်​ပစ်
ရန်​ဖြစ်​ကြလို့  တစ်​ပတ်​တန်​သည်​နှစ်​ပတ်​တန်​သည်​ကွဲ​နေကြတာမျိုးလည်းရှိရဲ့ ။ အိမ်​သူက
တုတ်​နဲ့ရိုက်​လို့  ​ခေါင်းကွဲ ​ခေါင်း​ပေါက်​ဆေးခန်း​ ရောက်​သူ​တွေလည်းရှိရဲ့ 😃😃 နင်​​တောင်​အဲ့လိုလုပ်​​သေးငါလည်းအဲ့လိုလုပ်​မဟဲ့ .. ဆိုပြီး ​က​လေး​တွေထားခဲ့ပြီး နောက်​​ယောကျာ်း​နောက်​ ​ကောက်​​ကောက်​ပါ​အောင်​ လိုက်​သွားတာလည်း ရှိရဲ့ ...။ ခက်​​တော့ခက်​စ်​​နေပြီ ​..​အော်​ ​ဖေ့စဘုတ်​ရယ်​ 😃

20171227_171550.jpg

ဒါနဲ့ပြန်​ဆက်​ရ​အောင်​ ..
အဲ့​တော့ မဟုတ်​ဖူး ငါဒီမှာ ပစ္စည်း​လေး​တွေဝရ်​​ရောင်းလုပ်​​နေတာ။မင်းကကွာ ​ဘေလ်​ကုန်​ခံပြီး အလုပ်​ရှုပ်​ခံ​နေတယ်​ ။ ဖုန်းကလိ​နေတာနဲ့ပိုက်​ဆံရစရာလားတဲ့ ။ ရ​တော့​ရော မင်းဘယ်​လို ထုတ်​မှာလည်း ။ ​အရူးသွား​ပြောတဲ့ ငါတို့အပြင်​မှာ လုပ်​​နေတာ​တောင်​ ဝမ်းစာမှန်​​အောင်​မနည်း ရှာ​နေရတာတဲ့။ ဖုန်းကလိတတ်​ရုံနဲ့ ရရင်​လူတိုင်း လုပ်​​နေမှာ​ပေါ့တဲ့ ။က​လေးသွား​ပြောတဲ့ ။လော
လောဆယ်​ ​အလန်း​လေးတစ်​​ကောင့်​​သာ​ပေးပါတဲ့ ...။

ကောင်း​ရော..။ ။😃😃😃😃😃😃

လခွမ်း .. သူများတိုက်​တဲ့အရက်​လည်းမျိုဆို့ ထား​သေးတယ်​။ အရူးလို့လည်းအ​ပြောခံလိုက်​ရ​သေးတယ်​။ ကံဇာ​တွေ မြင့်​ပုံ​ပြောပါတယ်​ 😃

ကျ​နော်​ကလည်း တမင်​တကာ
ထပ်​​ပြောလိုက်​​သေးတယ်။ လိုင်း​ပေါ်မှာပိုက်​ဆံရ​အောင်​စာ​လည်း​ရေး​သေးတယ်​ဆို​တော့ ။
သူတို့ကပြန်​​ပြောတယ်​။လိုင်း​ပေါ်မှာစာ​ရေးတိုင်း ပိုက်​ဆံရမလားတဲ့။ ရတယ်​​လေဒီမှာကြည့်​ဆိုပြီး steemit မှာတင်​ထားတဲ့ ပိုစ့်​ သုံး​လေးခု ပြလိုက်​တော့ အဲ့တာ​တွေ မင်းဘယ်​လို ထုတ်​မှာလည်းတဲ့ ။ တကယ့်​စာ​ရေးဆရာ​တွေ​တောင်
Facebook ​ခေတ်​မှာ အ​ခြေ​နေမ​ကောင်းတာ
ပြာပုံတိုးမ​နေပါနဲ့ကွာဆိုပြီး ​ပြောခံခဲ့ရတယ်​။
သူတို့​သောက်​​နေတဲ့ အရက်​ဖိုးအွန်​လိုင်းက
ရှာလို့  ရတဲ့ ​ငွေနဲ့  ဝယ်​တိုက်​ခဲ့တယ်​ဆိုတာ သူတို့ မသိခဲ့ရှာဘူး။

ကျ​နော်​လည်းကျွဲပါး​​​စောင်း မတီးခဲ့​တော့ဘူး​လေ။

အားလုံးက ပညာတတ်​ဘွဲ့ ရ​တွေချည်းပဲ။
ကိုယ့်​တစ်​​ယောက်​ထဲသာပညာက
တစ်​ပိုင်းတစ်​စ။ ပတ်​ဝန်းကျင်​ ​ကြောင့်​လား၊ ဗဟုသုတပိုင်းဆိုင်​ရာအားနည်းတာလား၊ ဘဝ
ကို နိစ္စဓူဝ ရုန်းကန်​ခြင်းမှာ အသားကျ​နေခြင်း လား စိတ်​ပါဝင်​စားမှုမရှိတာ​ကြောင့်​လား
ကျ​နော်​မ​ဝေခွဲ တတ်​ခဲ့​တော့ ။

Internet သုံး​နေကြတဲ့ ခု​ခေတ်​မှာ မိုဘိုင်း banking , wave money လို​ငွေ​သွင်း​ငွေထုတ်​ အချိန်​ပြည့်​ဝန်​​ဆောင်​မှုလုပ်​ငန်း​စတာ​တွေကိုမသိတာလား။
ကျ​နော်​တို့က​​ရောထုတ်​လို့မရတဲ့လုပ်​ငန်းစဉ်
တခုကိုအချိန်​ကုန်​ခံ​ဘေလ်​ကုန်​ခံပြီး အရူးဇတ်​ခင်း​နေမလားဆိုတာ သူတို့အ​နေနဲ့မ​တွေးမိခဲ့ဘူး
ထင်​ပါတယ်​။

FB_IMG_1514956410502.jpg

Online searching money job ဒါဟာ
109-110 ​တွေ လုပ်​​နေတဲ့ သီးခြားအလွှာ
တစ်​ခုပါ 😃 ကျ​နော့်​ထင်​မြင်​ချက်​ပါ။
အမှားအယွင်းရှိခဲ့ရင်​ ​တောင်းပန်​ပါတယ်​။

အလုပ်​လုပ်​ရင်းလည်း လုပ်​လို့ရ​နေတယ်​။
တကယ်​တမ်း ထဲ ထဲဝင်လုပ်​ဖြစ်​သွားရင်
စိတ်​အာရုံခံစားမှုက သူ့အပြင်​ဘာမှမရှိ ။
Free claim ​လေးတွေနဲ့  စတင်​ခဲ့တုန်းက
နှစ်​ပတ်​ကြာလို့  1$ ​လောက်​ coinbase ထဲ
ရောက်​လာတယ်​ဆိုရင်​ပဲ ။ ​ပျော်​ရွှင်​ပီတီဖြစ်​မှု
ကအတိုင်းမသိ။ လုပ်​ဖူးသူ​တွေ အဲ့ခံစားမှုကို ကြုံဖူးမှာပါ။

အွန်​လိုင်းမန်းနီးရှာတဲ့အလုပ်​ဆိုတာ အချိန်​ကုန်
တယ်​ ​ဘေလ်​ကုန်​တယ်​။ risk ခံနိုင်​ရမယ်​။
Invest , hourly , hyip ​တွေရဲ့ အကျိုး​ကျေး
ဇူး​တွေ​လေ။ လုံးလည်​ချာလည်​လိုက်​ပြီးမျက်​ကွင်းသာညိုလာတယ်​။ အလုပ်​မဖြစ်​ ။တကယ်​တမ်းကျွမ်းကျင်​သူ​တွေ က​တော့ ခိုင်​မာတဲ့ market ​တွေမှာရင်းနှီးမြုပ်​နှံပြီး တိုက်​​ဆောက်​ကားစီး foreign ကို shopping ထွက်​​နေကြ
တာမျက်​မြင်​ပါ။ကိုယ်​​တွေက​တော့ အဲ့​နေရာ
ရောက်​ဖို့ စိတ်​ကူးယဉ်​​နေရုံမှတပါး။ 😃😃😃

တကယ်​​တော့ ကျ​နော်​ခရီးသွားတာ ရုတ်​တရက်
ဖြစ်​သွားခဲ့တဲ့အစီစဉ်​ပါ။သူငယ်​ချင်းတစ်​​ယောက်​ကလည်း အလုပ်​ကိစ္စ မကြည့်​တာ ၊ မလာတာကြာလို့ လာကြည့်​ဖို့  ​ပြောထား
တာရယ်​ ။ကျ​နော်​ကလည်း နှစ်​စဉ်​ ဒီအချိန်​သွား
နေကျဆို ​တော့ ရောက်​ဖြစ်​ခဲ့တာပါ။ဒီနှစ်​​တော့
ငွေ​ကြေးအ​ခြေ​နေအရမသွား​တော့ဘူး​နေ​ပေမယ့်​ သွားဖြစ်​လိုက်တယ်​​ပေါ့ ။

ပိုက်​ဆံတကယ်​မရှိပါဘူး။ လမ်းသွားရင်း ထရိတ်​လုပ်​ထားတဲ့ coin ​လေး​တွေရယ်
ရထားတဲ့ steem ​လေး​တွေကို အဆင်​​ပြေ
သလို ထုတ်​​ရောင်းရင်း၊ ပွားရင်း စရိတ်
လုပ်​ခဲ့ရတာပါ။ မညာပါဘူး ခရီးစဉ်​တခုလုံး
ကို ထရိတ်​က ရတဲ့ ​ငွေနဲ့သွားခဲ့ တာပါ။ခါတိုင်း
တော့ အ​ဒေါ်ဆီ လိုသ​လောက်​ဆွဲ စိတ်​ကြိုက်
အမုန်းသုံး​​နောက်​မှ ပြန်​​ပေး​ပေါ့။ ဒီတစ်​​ခေါက်​​တော့ တခြားဘယ်​သူ့ဆီကမှ မယူခဲ့ပါဘူး။

20171227_164926.jpg

ကံမ​ကောင်းတာတခုကတာ့ ကိုယ်​သွားမိတဲ့​နေရာကကိုယ်​ကိုင်​တဲ့ကဒ်​နဲ့  အင်​တာနက်
လိုင်းကမမိ​တော့ နစ်​နာမှု​တွေရှိခဲ့ပါတယ်​။ 
အော်​လဒူ နဲ့ မပုတင်​ပဲ သုံးလို့ ရတဲ့​နေရာ။ ​ဘေလ်​တုတ်​ချက်​က ​တော့​ပြောမယုံကြုံမှသိ။ တကယ်​လက်​လန်​တယ်​။
ဖုန်းအားသွင်းရတာကလည်းအဆင်​မ​ပြေ။
မ​ပြေတာ​တွေကများ​နေတယ်​။ ကုန်​ကုန်​​ပြော
ရရင်​ အရက်​တောင်​လားတိုက်​တဲ့ အရက်​ပဲ
သောက်​ခဲ့ရတယ်​။ အရက်​နာမည်​က စိတ်​ပျက်​စရာ အာမီ​ 😃😃😃

မြို့ နယ်​ခွဲလို့ ဆိုင်းဘုတ်​​ထောင်​ထားတာ​တော့​တွေ့ ခဲ့ မိပါတယ်​။ ဘာသ​ဘောလည်း​တော့ စဉ်း စားမရ ။ ကိုယ်​ဉာဏ်​မမှီခဲ့တာပဲ​နေမှာပါ​လေ။ 😑😑 ပြန်​လာကာနီး​တော့ ဆိုင်းဘုတ်​​ကို တစ်​ချက်​ကြည့်​ခဲ့မိ​သေးတယ်​။ ဖုန်​​တွေကိုတက်​လို့ 
😜😜😜
..........

20171228_081744.jpg

MSC - 048
Author - @ahkhayar
Image facebook and ahkhayar

Sort:  

အားပေးနေပါတယ်@ahkhayar

ကျေးဇူး

ဘဝတူ​တွေပါ :-)

ကြုံရဆုံရ လူ့ ဘ​ပေါ့ 😃😃

aww ငွေနောက်လိုက်နေရတယ်လေ

ဒါ​တော့ လူ တိုင်းအတွက်​ တာဝန်​တခု​လေ 😃

အရင်​ကဆို bitcoin ​လေး​တွေ free ရှာ၊ တစ်​လ​လောက်​​နေလို့ ရလာတာက 5$ ​လောက်​၊ ကုန်​သွားတဲ့ ဖုန်း​ဘေက သုံး​သောင်း
😂၊ ဒါ​ပေမယ့်လည်း​ပျော်​တယ်​။

ဆုံးရှုံးတာမမြင်
ရတာကိုပဲမြင်​ပြီး
ပျော်​မဆုံး​မော်​မဆုံးကြွားမဆုံး
ဖြစ်​ခဲ့ဖူးပါသည်​ 😃

တကယ်လုပ်ကြည့်တော့သူလည်းအချိန်ပေးရတာရယ်..
သေချာလေးလုပ်ချင်မိတော့ အာရုံစိုက်မှရတာ

ဟုတ်​ပ ..

me too , fighting

Thank you !

အားပေးနေပါတဟ် good post

ကျေးဇူးပါဗျာ

အားပေးနေပါတယ် bro

အား​ပေးနဲ့  vote​ပေး 😛😛😛

ကျွန်တော်တို့ အရပ်မှာကျတော့ တစ်မျိုးဗျ သိလား

လင်းဦး​လေ

Coin Marketplace

STEEM 0.27
TRX 0.13
JST 0.031
BTC 61906.25
ETH 2905.39
USDT 1.00
SBD 3.64