သူငယ်​ချင်းသို့​ပေးစာ-၃

in #myanmar6 years ago

သူငယ်​ချင်းသို့​ပေးစာ-၃

20180111_183508.jpg

သူငယ်​ချင်း​ရေ ... မင်းဆီ
စာမ​ရေးဖြစ်​တာလည်းကြာပြီကွာ ...
ဒီ​နေ့​တော့ အတိတ်​ကိုပြန်​​တွေးချင်​စိတ်​​ပေါ်လာ
တာနဲ့ ​တွေးမိ​ ၊ ​ငေးမိ ၊ မှန်း​မျှော်​မိရင်းနဲ့ မင်း ဆီကို စာ​ရေးဖြစ်​ခဲ့တယ်​ဆိုပါ​တော့ 😃😃

သူငယ်​ချင်း​ရေ ...
ငယ်​စဉ်​ အတိတ်​က အ​တွေးတစ်​စက
တကယ်​တမ်း​တော့ -
ကိုယ်​ဉာဏ်​မမှီခဲ့တယ်​ဆိုတာ မသိခဲ့ရဘူး​လေ ။

ကိုယ့်​နဲ့ ဉာဏ်​မှီရာ zoom ဆွဲကြည့်​​တော့
သူ့ဟာနဲ့သူ​တော့ဟုတ်​​နေတာပါပဲ ။ အသက်​​တွေကြီးလာတယ်​ ဉာဏ်​​ရည်​တွေမြင့်​လာ
တယ်​ ။ အသက်​​တွေငယ်​မူပြန်​​တော့ ဉာဏ်​ရည်​​တွေ ​ပျောက်​ဆုံးခဲ့ရပြန်​တယ်​။
လူ့ ဘဝဖြစ်​စဉ်​ တခု​ပဲ​မဟုတ်​ဖူးလား ။

ဒါ​ပေမယ့်​ ကြားကာလ ရပ်​တည်​မှုကျပြန်​​တော့ အလွန်​တရာ ရှုပ်​​ထွေး​ပွေလီလှတယ်​။ စား ၊ ဝတ်​ ၊ ​နေ ၊​ရေး ကြားကာလမှာမတည်​​ဆောက်​နိုင်​ခဲ့ရင်​ ဘဝဆိုတာ Zero မကွဲတဲ့ ကိုယ်​ညံ့တဲ့ ဘာသာတစ်​ခုဖြစ်​သွားပြန်​​ရော။

ကိုယ်​တိုင်​​မေးခွန်းထုတ်​ ၊ ကိုယ်​တိုင်​စာကျက်​ ၊ ကိုယ်​တိုင်​ပြန်​​ဖြေ၊ ကိုယ်​တိုင်​အမှတ်​ခြစ်​၊ ကိုယ်​တိုင်​ အတန်းတင်​​ပေးတာ ကိုယ့်​ဘဝပဲ ။ ဘယ်
သူပဲဘယ်​​လောက်​ အတန်းလာတင်​​ပေး​ပေမယ့်
ကိုယ့်​ကြိုးစားအားထုတ်​မှုနည်းရင်​ အချည်းနှီး
ပါပဲ ။

တချို့ ကျ​တော့ ကြိုးအားထုတ်​လိုစိတ်​​များတယ်​ ။ ထက်​မြက်​တယ်​ ။ ဇွဲလုံ့ လဝီရိယ ကျ​တော့ အားနည်းတယ်​ ။ စိတ်ရှည်​သီးခံနိုင်​မှု
မရှိဘူး ။ အဲ့​တော့​အောင်​မြင်​မှုနဲ့အလှမ်း​ဝေး
သွားတတ်​ကြတယ်​ ။ သူ ရဲ့ ဉာဏ်​ရည်​ဉာဏ်​​သွေး ​ကောင်းမွန်​မှုက တိမ်​မြုပ်​သွားတတ်​ပြန်
ရော။
...
တချို့ကျ​တော့ ကြည့်​လိုက်​တာနဲ့ လူ​တွေအားကျလာနိုင်​​လောက်​​အောင်​ကို ကြိုးစား
အားထုတ်​မှု​ကောင်းပြီး စိတ်​ဓာတ်​ခိုင်​မာကြတယ်​ ။ အရာရာကိုစိတ်​ဓာတ်​နဲ့အနိုင်​ယူပြီး ​အောင်​မြင်​မှုဆီ​လျှောက်​လှမ်းနိုင်​ခဲ့ကြတယ်​။ အတုယူအားကျစရာတခုဖြစ်​​ပေမယ့်​ ကိုယ့်​မှာက အဲ့​လောက်​စိတ်​အင်​အား
မရှိ​တော့ ခက်​သားလား။အမြဲတမ်း ခ​နော်​နီ
ခ​နော်​နဲ့ ။ သိ​​နေပေမယ့်​ လည်းခွေးမြီး​ကောက်​ကျည်​​တောက်​စွပ်​​နေဆဲ။ ပြင်​မရခဲ့  ။ အားကျ
ငေး​မော​နေရုံနဲ့သာ ​နေ့ရက်​​တွေကုန်​ခဲ့​ပေါ့ ။
....

591-the-art-of-retreating-for-body-and-mind-self-repair.jpg

ခုဆိုငါတို့တဖြည်းဖြည်းအသက်​ ကြီးလာ ကြတယ်​ ဘာမှ ဖမ်းဆုပ်​နိုင်​မှုမရှိခဲ့  ။
အောင်​မြင်​မှု၊တိုးတက်​မှု ၊စံပြဖြစ်​မှု ဘာတစ်​ခုမှမရှိ။ မတိုးတက်​တဲ့အတိတ်​က ​တလွဲ အယူအဆ​တွေ နဲ့ ငိုက်​မြည်းလို​​ကောင်းတုန်း
ပါပဲ။ခုဆို မင်း​ရောငါ​ရော ဘဝ​တွေကိုယ်​စီမှာ မျိုးဆက်​ကိုယ်​စီ​ရှိခဲ့ကြပြီ ။ ငါတို့မျိုးဆက်​သစ်​​တွေအတွက်​ ဖခင်​​ကောင်းတစ်​​ယောက်​ တာဝန်​​ကျေဖို့ အတွက်​နိုးထသင့်​ပါပြီ။သူတို့​လေး​တွေ အရွယ်​​ရောက်​ပြီး ငါတို့လို အမြင်​မကျယ်​ခဲ့တဲ့ ဘဝ​တွေမှာရှင်​သန်​မ​နေ​စေဖို့ လမ်း ပြ​ပေးရမှာ ငါတို့တာဝန်​ပဲမဟုတ်​လား။

အတိတ်​က နာကျည်းစရာ ၊ ရင်​နာစရာ ဆိုး​ပေ​တေပြီး မိုက်​မဲ ရူးသွပ်​ခဲ့မှု​တွေကို ခုချိန်​ကစ
ပယ်​ဖျက်​ပြီး​ ခိုင်​မာတဲ့စိတ်​ဓာတ်​အင်​အား​တွေနဲ့
အတူ​တလွဲအယူအဆ​တွေကို​ဘေးချိတ်​လို့  ငါတို့မျိုးဆက်​သစ်​​တွေအတွက်​ နိုးထကြပါစို့ ​သူငယ်​ချင်း​ရေ ....

ကဲ .. စာလည်းလိုတာထက်​ပိုရှည်​သွားပြီ ။ ငါ့စာကို ဒီမှာပဲ အဆုံးသတ်​လိုက်​ပါတယ်​ကွာ။

မင်းတို့မိသားစုအားလုံးကျန်းချမ်းသာပြီးကိုယ်​စိတ်​နှလုံး ရွှင်​လန်းချမ်း​မြေ့ ကြပါ​စေလို့ ဆုမွန်
ကောင်း​တောင်း​ပေးလိုက်​ပါတယ်​။

မင်းရဲ့ သူငယ်​ချင်း

Author - @ahkhayar (MSC-048)

Image ..google

Sort:  

Gercekten ilgi cekici bir sey sizi tekip ediyorum
Bana geri don

Tulis english lah kawan.
Aku tak faham awak bahasha!

Terimakasi!

I do not write very well because I'm a little weak in English

Congratulations @ahkhayar! You received a personal award!

Happy Birthday! - You are on the Steem blockchain for 2 years!

You can view your badges on your Steem Board and compare to others on the Steem Ranking

Vote for @Steemitboard as a witness to get one more award and increased upvotes!

GOOD.ဖတ်​လို့​ကောင်းပါသည်​။

Thank you ! Sis ...

GOOD.ဖတ်​လို့​ကောင်းပါသည်​။

ဖတ်​လို့​ကောင်း​​အောင်​​ရေးတတ်​တယ်​ :-)

အား​ပေးစကားအတွက်​​ကျေးဇူးပါဗျာ ...

သူငယ်ချင်းမှပြန်စာ
သူငယ်ချင်းရေ သတိတရစာရေးလာလို့ကျေးဇူးတင်ပါတယ်ကွာ။
ဒို့တွေ အတူကြိုးစားပြီးရှေ့ဆက်ကြပါစို့
fighting :D

ကျေးဇူးတင်​ပါတယ်​ .. သူငယ်​ချင်း​ရေ 😃😃

အလဲ့လဲ့
ကိုမင်း အရေးသားတွေက အကြွေးများနေပုံရတယ်

အ​ကြွေးက​တော့များသလား
မ​မေးနဲ့ လက်​ညှိုးညွှန်​ရာအ​ကြွေးချည်းပဲ ဖြစ်​​နေတယ်​ ။

Thank you sis 😃

အေးပါကွာ.. .ခုလိုသတိတရစာ​ရေးတဲ့အတွက်​ ​ကျေးဇူးပါ သူငယ်​ချင်းရယ်​။

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 66101.68
ETH 3023.14
USDT 1.00
SBD 3.71