ပြန်​​တွေးဖြစ်​ခဲ့သည့်​​နေ့ရက်​များ(အပိုင်းဆက်​)

in #myanmar7 years ago (edited)

Steemit အဖွဲ့ သူအဖွဲ့ သား ညီအစ်​ကို​မောင်​နှစ်​မများအားလုံး မင်္ဂလာပါလို့
နှုတ်​ခွန်းဆက်​သပါတယ်​။

images.jpg

သီတင်းကျွတ်​အခါသမယမှာ အားလုံးပဲ
ပျော်​ရွှင်​ကြည်​နူးစရာများပိုင်​ဆိုင်​နိုင်​ပါ​စေလို့  ဆုမွန်​​ကောင်း​တောင်း​ပေးပါတယ်​ဗျာ ။
...

ကျ​နော့်​ရဲ့ မဆုံး​သေး​သော " ပြန်​​တွေးဖြစ်​ခဲ့ ​သော​နေရက်​များ " ​ခေါင်းစဉ်​ရဲ့ အပိုင်း ဆက်​​လေးကို ဆက်​လက်​ ​ရေးသားလိုက်​ပါတယ်​။ဖတ်​ရအဆင်​မ​ပြေတာ ၊
ထောက်​​နေတာ ​တွေများရှိရင်​ ခွင့်​လွှတ်​​ပေးဖို့ ​​ကြိုတင်​ ​မေတ္တာရပ်​ခံပါတယ်​။
အ​ရေးအသားက​တော့ က​လေးစာစီစာကုံး
အဆင့်​ပဲရှိလို့  သီးခံဖတ်​​ပေးကြပါလို့  ...

ပြန်​​တွေဖြစ်​ခဲ့တာက အမှတ်​ရစရာ​လေး​တွေရှိခဲ့တာမို့ ပါ။ ပြီး​တော့ ​ပျော်​ရွှင်​ခဲ့ရ
တဲ့​နေ့ ရက်​​လေး​တွေလည်း ပြန်​​တွေးမိရင်​ စိတ်​ချမ်းသာစရာ​တခုလို ခံစားမိတာ
မို့ မ​ရေးတတ်​​ရေးတတ်​နဲ့ ​ရေးဖြစ်​ခဲ့တာပါ။စာ​ရေးဆရာမဟုတ်​​တော့လည်း အရေး အသားက မညက်​​ညောဘူး​ပေါ့ ။ ဘာပဲဖြစ်​ဖြစ်​ပါ ဖတ်​ရူ့ ​ပေးတယ်​ဆိုရင်​တော့ ဝမ်း​မြောက်​မိမှာပါ။ 😃😃

ဋီကာချဲ့​နေတာနဲ့ လိုရင်း
မ​ရောက်​ ဖြစ်​​နေပြီ။ ပြန်​​တွေးမိတဲ့​နေ့ရက်​​လေး​တွေ ဆက်​ရ​အောင်​ 😃
...
.....
.......

20171024_164721.jpg

လေး​ယောက်​​ပေါင်း​တော့ ​လောင်း​ကျော်​။နေသားမကျခင်​​တော့ အရာရာကိုစိတ်​အလိုမကျ ​နေသားကျလာကြ​တော့ ညီရင်း
အစ်​ကိုပမာတစ်​​ယောက်​ကိုတစ်​​ယောက်​​ဖေးမပြီး ​ဆိုးတူ၊ ကောင်းဖက်​​ကျောင်း တက်​ခဲ့ကြတယ်​။

မသိခင်​ ၊ မရင်းနှီးခင်​တုန်းက​တော့
တ​ယောက်​နဲ့တ​ယောက်​ အထစ်​အ​ငေါ့​လေး​တွေရှိခဲ့ တာ​ပေါ့ ။ ​လေး​ယောက်​မှာ အကျဉ်းချုပ်​အဖြစ်​တစ်​​ယောက်​ချင်းစီ
အရင်​မိတ်​ဆက်​​ပေးပါရ​စေ။

သူငယ်​ချင်းထဲမှာတစ်​​ယောက်​က ဝတုတ်​ကြီး ဉာဏ်​အရမ်း​ကောင်းပြီး သီချင်းဆို
အရမ်း​တော်​တယ်​ ။ ဝ​တုတ်​ကြီး​ပေမယ့်
ကျ​နော်​တို့ ထဲမှာအလည်​ဆုံးကသူ ။
နာမည်​က zin min min oo သူက ပုသိမ်
သင်္ကန်းကုန်းသား။အစအ​နောက်​ အရမ်း သန်​သလို ချစ်​စရာလည်း​ကောင်းတယ်​ ။ အစားကြီးတာတခုက​တော့အမြင်​ကပ်​စရာ အရမ်း​ကောင်း တဲ့အချက်​ပဲ 😃😃 ။
ကျ​နော်​တို့ သူ့ ကို​​ပေးထား တဲ့နာမည်​က
" ဝ " ကြီး ။

တ​ယောက်​က ​တော့ Zin Myo ပန်းတ​နော်​သား။ ဆယ်​တန်း​လေးခါကျ ​လေး​ယောက်​ထဲမှာ အသက်​ကြီးဆုံး။ ဉာဏ်​​ကောင်း ပြီးစာ​ရေးစာဖတ်​ရမှာ အရမ်းပျင်း​ပေမယ့်​ ​ကျောင်းတက်​​နေရတာ အရမ်း​ပျော်​​နေတဲ့သူ။ အရက်​ငှဲ့ မှာ​တော့ စပါယ်​​ရှယ်​တော်​တယ်​ ။ 😃😃
သူ့ ကို ကျ​နော်​တို့ နာမည်​​ပေးထားတာက
"ဘဲ​လေး" ။

နောက်​တစ်​​ယောက်​ က ​တော့ ​Zay Yar Tun ဟိုင်းကြီး၊ပျဉ်​ခရိုင်​သား ။ ကျ​နော့်​လို့ ပဲ ဘာမှာ မယ်​မယ်​ရရမတတ်။ ဒါ​ပေမယ့်​တစ်​​ယောက်​​ယောက်​ကို ကြပ်​ရမယ်​ ဆိုအမြဲတမ်းအသင့်​ရှိ​နေသူ ။ သူက ​ကျ​နော်​တို့ လေး​ယောက်​ထဲမှာ လူ​ချော​ပေါ့ ။
သူ့ ကို​တော့ လမ်း​လျှောက်​ရင်​ ကန်​တန်
ကန်​တန်​နဲ့ မို့  ဘဲ​ခြေ​ထောက်​လို့  ​ခေါ်တယ်​ဒါ​ပေမယ့်​ သူ့ နာမည်​​ပြောင်​က သိပ်​မတွင်​ကျယ်​ဘူး ။ နာမည်​ရင်း ပဲ ​ခေါ်တာတာများတယ်​ ။

ကျ​နော်​ ဘော်​ဒါကို စ​ရောက်​စ ဆံပင်​က အရှည်​ကြီး။တ​ခေါင်းလုံး​ရွှေအို​ရောင်​ ။လူကလည်း ဆတ်​ဆတ်​ထိမခံ ။
ဆရာကြီးက ဆံပင်​တိုတို ​ဘေးခွဲ ညှပ်​ခိုင်း လို့  စိတ်​တိုပြီး ဆံပင်​ကို ​ရှေ့ တစ်​လက်​မ​နောက်​​ပြောင်​ ဗန်​ဒိန်း​ကေ ညှပ်​ပစ်​လိုက်​တာ သူ့ ကိုရွဲ့ ရမလားဆိုပြီး ​ကြိမ်​ငါးချက်​နဲ့  လုပ်​ချင်​ဦး ဗန်​ဒိန်း ဆိုပြီးခြံဝမှာတင်​အပီ​ကျွေး တာ။ အဲ့တာနဲ့  နာမည်​​ က ဇူလိုင်​စိုး က​နေ ဗန်​ဒိန်းဖြစ်​သွား​ရော ။
...

CYMERA_20171024_172017.jpg

နောက်​ပိုင်းဆရာကြီးက "ဇ" ​လေးလုံးဆို
ပြီး​ခေါင်းစဉ်​တပ်​​ခေါ်​ဝေါ်ခံရတဲ့အထိ အတွဲညီခဲ့ကြတယ်​။
...
ဘာ​ပြော​ပြော​ရောက်​စတည်းက ကျ​နော်​တို့ အတွဲက ညီတယ်​ဗျ ။ စားအတူ၊သွားအတူစာကျက်​အတူ။ စရိုက်​​တွေက​တော့ တ​ယောက်​နဲ့တစ်​​ယောက်​မတူကြဘူး ။ ဝကြီးက ဆိုးချင်​တယ်​။ ဘဲ​လေးက အ​ပျော်​မက်​တယ်​ ။ အ​ပေါင်းသင့်​ဆန့်​တယ်​။ ကျ​နော်​နဲ့ ​ဇေယျာထွန်းကတော့ ဒါဆိုဒါသမား​တွေ တစ်ဇွတ်​ထိုးသမား​တွေငယ်​တာလည်း ပါမယ်​ထင်​တယ်​ ။ ​လေး​ယောက်​ထဲမှာ
သူနဲ့ကျ​နော်​က လပိုင်းပဲကွာတာ​လေ ။
...
ဇေယျာထွန်းနဲ့ကျ​နော်​နဲ့ စရင်းနှီးတာက ​ဘော်​ဒါရောက်​​ရောက်​ချင်းစာ​မေးပွဲ စစ်​မယ့်​​နေ့  ကျ​နော်​က ကျ​နော့်​အင်္ဂလိပ်​ မှတ်​စု စာအုပ်​ထုတ်​ပြီး ကြည့်​​နေချိန်​သူက​ရောက်​လာပြီး စာအုပ်​​တောင်းကြည့်​တာကစတာ။ သူ့ စာအုပ်​နဲ့ကျ​နော့်​မှတ်​စု စာအုပ်​ က အချက်​လက်​​တွေက အတူတူပဲဖြစ်​​နေတာ။ ပုသိမ်​မှာအဲ့​တုန်းက အင်္ဂလိပ်​စာဆရာ ဆရာဦးမျိုးတင့်​သန်းဆို မသိသူ
မရှိ အင်္ဂလိပ်​စာအသင်​အပြ အရမ်း​ကောင်း
တာ။ အင်္ဂလိပ်​စာ day ဖွင့်​တာ​ပေါ့ ။
ဆရာသင်​တဲ့နည်းက ကျက်​စရာမလို ပုံ​သေနည်း ကိုအားပြုပြီးသင်​တာဆို​တော့ စာကျက်​ပျင်းတဲ့ ကျ​နော်​တို့ အနေနဲ့ အကြိုက်​ပဲ ။ ကြိုက်​တဲ့အချိန်​​ဖြေ ငါး
ဆယ်​​ကျော်​ရတယ်​။အဲ့​လောက်​ပိုင်​နိုင်​​အောင်​ကြည့်​ထားတာ။ ကျ​နော်​က​နွေတုန်း က ဆရာ့ဆီ တက်​ဖူးတယ်​။ ပြီး​တော့ ဆရာ့တပည့်​ ကျ​နော်​အကိုဆီမှာလည်း
ပြန်​သင်​တယ်​။ အဲ့​တော့အဲ့နည်း​တွေက
ကျ​နော့်​အတွက်​ အရမ်းရင်းနှီး​နေ​တော့တာ။ ​ဇေယျာထွန်းကလည်း ကျ​နော်​လို ဆရာ့ဆီတက်​ခဲ့ဖူးတာဆို​တော့နှစ်​​ယောက်​သားတိုင်​ပင်​​ဖော်​ တိုင်​ပင်​ဖက်​ရ
တော့ ပိုအဆင်​​ပြေသွားတာ​ပေါ့။ အဲ့​နောက်​ပိုင်း သူနဲ့ အရင်​ဆုံးတွဲဖက်​ဖြစ်​လာတယ်​။

နောက်​တ​ယောက်​က ဘဲ​လေး
ဘဲ​လေးနဲ့ကျ​တော့ သူက စာမသိရင်​ လာ​လာ မေးရင်းက​နေ ရင်းနှီးတာ။သူကစာ
ကိုဘယ်​​တော့မှ မကျက်​၊ မဖတ်​ ။ သိချင်​ရင်​သူများ​မေးတယ်​။ အဲ့တာကိုမှတ်​ထားတယ်။ ဘယ်​​တော့မှ စာ​ကောင်း​ကောင်းမကျက်​ ။

ဝကြီးကျ​တော့ ​စာကျက်​ရင်​ သူ့ အသံသြသြကြီးနဲ့ အသားကုန်​​အော်​ကျက်​တတ်​တာ။ seleceted myanmar tale တအုပ်​လုံးကိုအလွတ်​ကျက်​တယ်​။တကယ်​လည်းရတယ်​။ မှတ်​ဉာဏ်​က ဂွတ်​ရှယ်​ကြီး။ အဲ့မှာ
နားမခံနိုင်​လို့ ​တိုးတိုးသက်​သာကျက်​ဖို့ ပြောရင်းက​နေ စိတ်​တိုပြီး ​ပြေးကန်​မိတာက စတာ။ ကန်​တုန်းက​တော့ ​ဘောကန်​သလို အသားကုန်​ ပစ်​ကန်​လိုက်
တာ သူ့ ခမျာ ကုတင်​​ပေါ်ကပြုတ်​ကျပြီး
နာသွား​တာသိတော့မှ ​​နောက်​​နေ့ မှ သနားသွားတာနဲ့ပြန်​​တောင်းပန်​ရင်းက
ရင်း နှီးသွားတာ ။

အဲ့​နေ့ ကုတင်​​ပေါ်က ပြုတ်​မကျပဲ ပြန်​သာထိုးမယ်​ဆိုရင်​ အဲ့​ကောင်​ ​ဆေးရုံ​ရောက်​မှာကျိန်း​သေတယ်​။ ကျ​နော်​လည်း ဘော်​ဒါကလည်းထွက်​ရမှာ ။ အဲ့ တုန်းက ခပ်​စွာစွာ ထစ်​ခနဲ့ဆို ​တော့ လက်​ကအရင်​ ​ရောက်​​နေတတ်​တာ။ လူရိုင်းလိုဖြစ်​​ပြီး ဘာကိုမှထီမထင်​ ။ ​ဈေးကြီး​ပေး​နေရပြီးစားရ​သောက်​ရတာကလည်းအလိုမကျ။

ကျ​နော်​က ကန့်​သတ်​ချက်​​တွေ ၊ တားမြစ်​ချက်​​တွေ ၊ ချုပ်​ချယ်​မှု​တွေကို ဘယ်​လိုမှ သ​ဘောမ​တွေ့ တာ။ အ​ဆောင်​မှာ ဘဲ​လေးကလွဲလို့  ဘယ်​သူမှကျ​နော့်​ကိုမထိန်း ချုပ်​ရဲဘူး။ လူ​ကောင်​က​သေး​သေးကျစ်​ကျစ်​ လက်​ရဲဇက်​ရဲတာ ဘယ်​ကအကျင့်​မှန်းမသိ။ တ​ယောက်​မှ ကိုယ့်​မထိရဲ ။

20171024_164959.jpg

ဇေယျာထွန်း နဲ့ကျ​နော်​နဲ့မတူတာ
အဲ့​တချက်​ပဲ ဟို​ကောင်​က မိန်းမဉာဏ်​သမား
စိတ်​ထဲက အငြိုးအ​တေးထားတတ်​တာ။
ကျ​နော်​က​ပေါ်တင်​သမား။ သူကကျိတ်​ကြံသမား။

အဲ့တုန်းက ဘိုက​လေးက လာတက်​​နေတဲ့တ​ယောက်​လည်းရှိတယ်​။သူက
Fresher စာအရမ်း​တော်​တယ်​ ဆိုပြီး
မြောက်​ကြွကြွ နှာဘူးကလည်း အရမ်း
ကျတာ။ (သူ့ကို နာမည်​​ပေးထားတာက တက်​ပု ) အဲ့တာကို ကျ​နော်​တို့ကြည့်​မရ
အ​မြှောက်​ကြိုက်​တဲ့​နေရာမှာလည်း နှစ်​​ယောက်​မရှိ။ ​ဘော်​ဒါကလည်းဖွင့်​ကာစဆို​တော့ သိပ်​မရင်းနှီး​ကြ​သေးဘူး​ပေါ့။
..
တက်​ပုကို​ချောက်​ချဖို့  အကြံ​ထုတ်​သူက ​ဇေယျာထွန်း နဲ့ ဝကြီး ကျ​နော်​နဲ့  ဘဲ​လေးက ​နောက်​လိုက်​ ... တခါတ​လေ
ယုတ်​မာတဲ့အပြုမူ​လေး​တွေလည်း လုပ်
ဖူးခဲ့ကြတယ်​။ 😃😃

..

ဆက်​လက်​​ရေးသားပါဦးမည်​။

အားလုံးပဲ ကျန်းမာရွှင်​လန်းကြပါ​စေ။
😃😃😃😃

@ahkhayar (MSC-048)
Image by google .

Sort:  

Thank you 😃

Good post

Good Story
Thank for sharing

Thank for support!

မန့်ချိန်မရလို့

ဟုတ်​ဆရာ

လေးယောက်ပေါင်းတော့အတင်းတုတ်လို့အဆင်ပြေတာပေါ့

ယုတ်မာမူကိုဖွင့်ဟဝန်ခံသူလည်းရှားတယ်
ဖတတ်ဖြစ်အောင်တော့ဖတ်သွားခဲ့ပါတယ်
သုံးသပ်ချက်တော့အချိန်လူ့ယူနေရလို့ဗျို့

ကျေးဇူးပါဗျို့ 

Very nice post bro good job

Thank youn!

good writing bro

Thank you !

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 65920.41
ETH 3016.79
USDT 1.00
SBD 3.71