မေးကြည့်​လိုက်​ပါ

in #myanmar6 years ago

image
ခဏခဏ အ​ပေါ့အ​လေးစွန့်တဲ့
အိမ်သာရဲ့ ထပ်ခိုးဟာ ငါပဲ
မင်းရဲ့ လူမမြင်တဲ့ အလှတရားမှန်သမျှ ငါရွံတယ်
အဆီပြန်​​နေတဲ့မျက်ခွက်က
ဒုတိယကမ္ဘာစစ်တုန်းက မိန်းမအရမ်းလိုချင်နေတဲ့ စစ်ဗိုလ်အတိုင်းပဲ
ခွေးလျားသီးတွေကို ​ချေမွလို့မရခဲ့ဘူး
နှစ်ဦးသဘောတူ​သေဆုံးပြီးရင်တော့
မင်းနဲ့အတူတစ်ကုတင်ထဲ လေယာဉ်​ပျံစီးအုံးမှာပါ

ချိုင့်​ခွက်​​တွေအပြည့်​နဲ့လမ်းကိုလမ်းလို့​ခေါ်ရင်
ခလုတ်တိုက်သူဦးရေ ရေတွက်လို့မရဘူး
ငှက်တွေကို လူအဆီထည့်ပြီး မောင်းကြသောအခါ
မျက်စောင်းထိုးတာတောင် ဒီဂရီထည့်ထိုးရပြီ
မင်းကိုယ်မင်း ကလိကြည့်လိုက်ပါဦး
မင်းလိုအပ်တာ ဘာလဲမင်းသိလာမယ်

လမ်းမ​တွေပေါ်က
နေ့စဉ်​နာတာလူးပွဲတော်တွေကို ဂျာနယ်လို့​ခေါ်တယ်​ စကားနည်းတဲ့ မင်းကိုတော့ အားနာပါတယ်
ဒါမဲ့ ခွေးကမွေးတာ ကျားမဖြစ်ဘူး
နာနာဘာဝတွေဟာ စာသင်ချိန်မှားပြီး
ကြွေခဲ့ကြတယ် မင်းကို​မေးချင်တာတွေ
တကူးတက ပွင့်ပေးနေတဲ့သူက ငါ့ရဲ့ကဗျာပင်ပဲ

သူ့ကို ​နောင်တစ်ခေတ်ရဲ့သင်ရိုးညွှန်းမှာတွေ့ခဲ့ရင်
မင်းမေးကြည့်လိုက်ပါ
ငါတို့ကိုသူဘယ်သူနဲ့မှားပြီး
ဆင်ခြေဖုံးကက လက်သည်နဲ့ မွေးခဲ့တာလဲလို့
မေးကြည့်လိုက်​ပါ

Myanmar_burma_flag_waving_animation.gif

Sort:  

လိုက်၍မမှီတော့ပါဗျာ

မောဒန်​ကဗျာပါအကို

တော်သေးရဲ့ အ​ပေါ့အ​လေးစွန့်တဲ့ ကြမ်းခင်းမဟုတ်လို့

ဟားဟားဟား

စကားပြေပြန်ပေးဘာ လိုက်မမီတော့ဘူး🙃🙃🙃

ကွကိုပြန်​ပါ​အေ

ဟဟ…အဲ့ဒါတော့…မေးရဲဘူး😂

မေးနဲ့ဂျာ

တဖြေးဖြေးနဲ့ အဆင့်မြင့်တင်လာပြီ နားလည်အောင် မနည်းကြိုးစားဖတ်နေရတာ ပြန်လျော့ ထားအုံး ကိုတာ ရေ ညီတို့ လိုက်လာနေတယ် ။စကားပြေပြန်ပြီး နားလည်အောင် ဖတ်နေရတယ်။

မော်​ဒန်​ကနည်းနည်း​တော့​တွေးရတယ်

Thank you @ahtaroo for making a transfer to me for an upvote of 0.79% on this post! Half of your bid goes to @budgets which funds growth projects for Steem like our top 25 posts on Steem! The other half helps holders of Steem power earn about 60% APR on a delegation to me! For help, will you please visit https://jerrybanfield.com/contact/ because I check my discord server daily? To learn more about Steem, will you please use http://steem.guide/ because this URL forwards to my most recently updated complete Steem tutorial?

ဓါ့ပုံလေးရိုက်ထားလိုက်ဘးဖုလား အိမ်သာခေါင်မိုးရယ်

😂😂😂😂😂

ညီကဗျာ​တေ ဂျာနယ်​ထဲထည့်​ချင်​တယ်
သို့​သော်​ နာလည်းနားမလည်​ဘူး

စကား​ပြေ ပြန်​လိုက်​ နားလည်​​အောင်

လိုက် မမီဗျာ
လိုက် မမီဘူး
သို့ပေမယ့် ကြိုက်တယ်။

ဟုတ်​ကဲ

မော်ဒန်ကဗျာ တွေးရခက်ကြီးပါ ..

ကျေးဇူးပါအန်​တီ

Coin Marketplace

STEEM 0.28
TRX 0.12
JST 0.033
BTC 69624.90
ETH 3615.21
USDT 1.00
SBD 3.73