အရေပြားအလှက အရေးမကြီးဘူးဆိုတာ ဟုတ်ရဲ့လား ?

in #myanmar6 years ago

"အလှအပဆိုတာ အရေပြားတစ်ထောက်စာပါကွာ "
" အပေါ်ယံ အရေပြားအလှက အလကားပါကွာ" ဆိုတဲ့ စကားတွေ ကျွန်တော်တို့ ဘဝမှာ အများကြီးကြားဖူးကြမှာပါ။ ဒီစကားဟာ မှန်ရဲ့လား ။ သင်ကိုယ်တိုင်ရော ထောက်ခံရဲ့လား။

မနေ့က ဖေ့ဘုတ်ပေါ်မှာ တော်တော် နာမည်ကြီးသွားတဲ့ (အဆဲတောင်း) ပိုစ့်တစ်ခုကို ဖတ်မိတယ်။ ပိုစ့်အကြောင်းကတော့ သူ့ဆီကို မိန်းကလေးတစ်ချို့က စာတွေပို့ပီး ပိုးပန်းကြကြောင်း သူပုံနဲ့တစ်ကွ တင်ထားတဲ့ ပိုစ့်ပါ ( တစ်ကယ်ဟုတ်တာ မဟုတ်တာကတော့ တစ်ပိုင်းထားလိုက်ပါ)

အဲဒီပိုစ့်အောက်မှာ တွေ့ရတာကတော့ အဆဲ အလှောင် အပြောင် ကွန်မန့်တွေပေါ့။ ပိုစ့်တင်သူကတော့ ယောက်ကျားလေးပါ။ ရုပ်မချောဘူးဆိုပါတော့။
အကယ်၍ ဒီပုံစံ ပိုစ့်ကိုပဲ မလှမပ ရုပ်ဆိုးဆိုး မိန်းကလေးတစ်ယောက်က တင်မယ်ဆိုလဲ အောက်က ကွန်မန့်တွေကတော့ စောစောကပြောတဲ့အတိုင်း သိပ်ကွာမယ် မထင်။

သို့သော် အကယ်၍ အဆိုပါပိုစ့်ကို အရမ်းလှတဲ့ မိန်းကလေးတစ်ယောက် ဒါမှမဟုတ် အရမ်းချောတဲ့ ကောင်လေးတစ်ယောက် တင်တယ်ဆိုရင်ရော စာတွေ တစ်မျိုးပြောင်းသွားမလား ...... ကျွန်တော်လည်း အတပ် မပြောရဲသေးပါဘူး။

အရင်တစ်လကလည်း ဖေ့ဘုတ်မှာ ရုပ်ဆိုးဆိုး အသားမည်းမည်း မိန်းကလေးတစ်ယောက်က သူ့ကို အဓမ္မပြုကျင့်ကြကြောင်း ပိုစ့်တင်တယ် ... ကွန်မန့်တွေကတော့ သနားညှာတာတာ အားပေးတာ တစ်ခုမှ မပါပါဘူး။ အဲဒီအစား အဆဲကွန်မန့် တွေ ထပ့်ဆင့်စော်ကား ကွန့်မန့်များသာ ....

အကယ်၍ ရုပ်ချောချော မိန်းကလေးတစ်ယောက်က အဲလိုပိုစ့်မျိုးတင်ခဲ့မယ်ဆိုရင်ရော .... လာကြပါလိမ့်မယ် ဘုရားဖြစ်မတတ် ကိုယ်ချင်းစာတရားနဲ့ ကြင်နာတရား ၇ှိကြသူတွေ .... ဒါကလဲ ကျွန်တော့တစ်ယောက်တည်း အမြင် ဖြစ်နိုင်ပါတယ်လေ ...

နောက်တစ်ခု ...
ရုပ်ဆိုးဆိုး မိန်းကလေးတစ်ယောက်က သူတတ်ကျွမ်းသလို သီချင်းလေးဆိုပြီး ဖေ့ဘုတ်ပေါ် တင်မယ် .... ကီးလည်းတည့်တယ် ဆိုပါတော့
မိန်းမလှလေးတစ်ယောက်က သီချင်းတစ်ပုဒ်ကို ဆိုမယ် ကီးလည်းတည့်မယ် ဆိုပါတော့ ... ကယ် ... ဘယ်ဟာ ပေါ်ပြူလာဖြစ်မလဲ ...

ကျွန်တော်ကတော့ အလှ အပဆိုတာ အရည်ပြားတစ်ထောက် ဆိုတာကို သိပ်လက်မခံချင်ဘူး ...
စကားပြောတတ် ဆက်ဆံရေးသေသပ်သူချင်းတူရင် ရုပ်ချောသူက ပိုအောင်မြင်မယ်....
အရည်အချင်းခြင်းတူရင် ရုပ်လှသူက အလေးပေးခံရမယ် ...
အောင်မြင်တာခြင်းတူရင် ရုပ်လှသူက ပိုကျော်ဇောမယ် ...

စာအုပ်ကို ဝယ်ရင် မဖတ်ခင် မျက်နှာဖုံး ကြည့်ပီးရွေးကြမယ် ...
လူကိုတွေ့လို့ စကားမပြောခင် ရုပ်ကို အရင်မြင်မယ် ... နှစ်လိုဖွယ်ရှိတဲ့ရုပ်က စကားမပြောသေးခင်ကတည်းကကို မိတ်ဆွေဖြစ်ဖို့ ၅၀ ရာနှုန်း အောင်မြင်နှင့်ပီးသား ...

လူချင်းဆက်ဆံရာမှာ ပထမဆုံး ခံစားရတဲ့ အာရုဏ်ဟာ အမြင်အာရုဏ်ပါ ...
အမြင်အာရုံ စိတ်ကို ကြည်နူးစေနိုင်တယ် ....
စိတ်ကို မနှစ်မြို့ဖွယ် ဖြစ်စေနိုင်တယ် ...
အမြင်အာရုံကနေ ဆွဲဆောင်မှု စိတ်ဝင်စားမှု ဆိုတာတွေ ဖြစ်စေတယ် ...

ဒီတော့ အလှအပဟာ အရေးပါပါတယ် ။ ။

ဤစာကို ရေးသည်မှာ အားငယ်၍မဟုတ်
မကျေနပ်ခြင်းမပါ ...

လောကကို အမှန်အတိုင်း မြင်ပြီး ..
သင်သည် ရူပကာမှာ သူများတစ်ကာလောက် နှစ်လိုဖွယ်မရှိပဲ သူများတစ်ကာထက် အောင်မြင်လိုလျင် သူများတစ်ကာလောက် တော်ရုံ တတ်ရုံနှင့် မရ သူများထက် နှစ်ဆ တော်မှ တတ်မှ ရပေလိမ့်မည် ဟူသော အသိကို မိမိကိုယ်တိုင်သော်လည်းကောင်း သူများအားလည်းကောင်း သိစေလိုသော ရည်ရွယ်ချက်ဖြင့်သာ ...

ရေးသားသူ @aikkhorn

Sort:  

Congratulations @aikkhorn! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of upvotes

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

အပြင်ပန်းအလှက အခုခေတ်မှာ ပထမထားကျတာ ဘဒိုရ ဆိုးလိုက်တာ

မဖြစ်သင့်ပေမယ့် ဖြစ်နေတာပေါ့ ...

အပြင်ပန်းအလှက ခဏတာပါ
ရုပ်လှပြီး စိတ်မလှရင်
ထိုရုပ်ရဘ်သည် အချည်းနှီး

မှန်တာပေါ့ဗျာ .... ဒါပေမယ့် စိတ်လှပီး ရုပ်မလှ တာနဲ့ စိတ်လှပီး ရုပ်ချောတာနဲ့ဆိုရင်ရော ...

ကံချင်းတူရင် ညာဏ်ရှိသူက သာတယ်ဆိုသလို

စိတ်လှချင်းတူရင် ရုပ်လှသူက သာတယ် (စိတ်မကောင်းစရာ အမှန်တရားဖြစ်နေမလား"

အပြင်ပန်းလှတာက အမြင်မှာခဏတာဘဲ့ခံပါတယ်...တကယ်စိတ်ရင်းလှမှသာလျှင် အချိန်တိုင်းလှပါတယ်...

မှန်တာပေါ့ဗျာ .... ဒါပေမယ့် စိတ်လှပီး ရုပ်မလှ တာနဲ့ စိတ်လှပီး ရုပ်ချောတာနဲ့ဆိုရင်ရော ...

ကံချင်းတူရင် ညာဏ်ရှိသူက သာတယ်ဆိုသလို

စဉ်းစားစရာပဲဗျ

တစ်ခါတစ်လေ အားငယ်နေသူကို အားပေးဖို့ အမှန်တရားကို ဖုံးပြီး ကိုယ့်ကိုယ်ကို လိမ်နေကြတယ် ...

Coin Marketplace

STEEM 0.25
TRX 0.11
JST 0.029
BTC 69413.68
ETH 3688.09
USDT 1.00
SBD 3.36