နေရာထက် ခေါင်းဆောင်အရေးကြီး

in #myanmar6 years ago

ဒါလေးကို ဖတ်လိုက်ရတာ ရင်ထဲမှာ တစ်မျိုးလေး...အရမ်းကို လေးစားစရာကောင်းတဲ့စာလေးပေါ့နော်။ အင်ဒီရာ ဂန္ဒီ က ရေးတဲ့စာသားလေးပါ......၊ အရမ်းကို လေးစားစရာကောင်းတဲ့စိတ်ဓါတ်မျိုးလို့ပဲ ပြောချင်ပါတရ်.။
91A20EF0-A25D-4630-B874-0D6E3504FA44_cx0_cy3_cw0_w1023_r1_s.jpg
Images Credit - Original Source
ကျွန်တော့်အဘိုးက ကျွန်တော့်ကိုပြောဖူးတယ်။ လောကမှာ လူနှစ်မျိုးကွဲပြားနေတရ် တစ်မျိုးက အလုပ်လုပ်တဲ့သူပေါ့ .။ နောက်တစ်မျိုးက အလုပ်မလုပ်ပဲ နေရာတစ်ခုကို အချောင်ရချင်ပြီး အကျိုးရလာဒ်ကိုပဲ အာရုံစိုက်တဲ့သူ။ အဲဒီထဲမှာ သူအဘိုးက ပထမလူ ဖြစ်အောင်ကျိုးစားပါတဲ့ ပြောလိုက် တရ်နော်....။ သေချာတာပေါ့ အနော်တို့မြန်မာနိုင်ငံမှာလည်း နေရာတစ်ခု ရဖို့ ဘယ်လိုနည်းနဲ့ရရဆိုပြီး အာဏာရပြီး နေရာတစ်ခု ရဖို့ပဲ ကျိုးစားချင်ကျိုးစားချင်မှာပါ ။နိုင်ငံ့ကောင်းကျိုးအတွက် လူမျိုးကောင်းကျိုး အတွက် ပါချင်မှပါမရ် ။ ဒီလိုပြောလို့လည်း စိတ်မဆိုးနဲ့ဗျ ။ အနော်တို့ ဒီမိုကရေစီဆိုတာကို အနော် အများသိအောင်ရှာပြီး ဒီမိုကရေစီဆိုတာဘာလဲ ဆိုတဲ့ခေါင်းစဉ်နဲ့တင်လိုက်တော့ တစ်ချို့ကအပြစ်ပြော တရ်ဗျာ .။ဒီမိုကရေစီခေတ်ဆိုတော့ ဒီမိုကရေစီ ဆိုတာ ဘာလဲ ပြည်သူတွေသိဖို့လိုတာပေါ့ ဒါကြောင့်မို့ အနော်လည်း ဒီမိုကရေစီဆိုတာ မိမိတို့ပြည်သူနှစ်သက်တဲ့ ကိုယ်စားလှယ်တွေကို မဲဆန္ဒပေးပြီး ရွေးကောက်တင်မြှောက်ထားတဲ့ ပြည့်သူ့အစိုးရလို့ ဒီလိုဖွင့်ပြန်တော့ ကြိုက်ချင်တဲ့သူက နည်းလိမ့်မရ် ။ ဟုတ်တရ်ဗျ ။အနော်တို့ ခုမှ ကြုံဖူးတာပါ ဒီမိုကရေစီနည်းလမ်းကျကျနဲ့ ကြားဖြတ် ရွေးကောက်ပွဲမှာ ပါတီအသီးသီးက၀င်ပြိုင်ရွေးကောက်ကြပါတရ် ။ အဲဒီထဲမှာ ရွေးကောက်ကြတော့ မဲလိမ်တွေကလည်း မကြုံဖူးပေါင် တောသုံးတောင်လို့ဆိုရမလားပဲဗျ ။ ပြသနာတတ်လိုက်ကြတာ နိုင်ငံကောင်းကျိုးကို တကယ်လုပ်ချင်တဲ့သူတွေ များပါလားလို့တောင် အနော်ထင်မိသေးတရ် ။ ဟုတ်ပါပြီ ခင်ဗျားတို့ ကိုယ်အတွက်တစ်နေရာရတာ အရေးမကြီးဘူးလေ။ ကိုယ့်နိုင်ငံကောင်းကျိုးအတွက် ကိုယ်ပါဝင်လှုပ်ရှားပြီး အမျိုးဘာသာလူမျိုးအတွက် လုပ်ကြပါ။ ခုမြန်မာနိုင်ငံမှာ နေရာတစ်နေရာက အရေးမကြီးပါဘူးဗျ ။ ကိုယ့်နိုင်ငံကြီး ဘယ်လိုများ ဆင်းရဲမွဲတေမှု့မှနေပြီး ဘယ်လိုကြံဆောင်မလဲလို့ ပဲတွေးကြပါ ။ ခေါင်းဆောင်ကောင်းတွေ ပေါ်ထွက်မှ တိုင်းပြည်က တိုးတတ်မှာပါ ။ အနော်က ဘယ်ပါတီဝင်ကိုမှ အပြစ်မဆိုချင်ပေမဲ့ တိုင်းပြည်ကောင်းကျိုးလုပ်တဲ့ ပါတီဝင်တိုင်းကို အားပေးရမှာပဲ ဘာလို့လည်း ဆိုတော့ အနော်တို့ မြန်မာနိုင်ငံမှာ ဘာသာအားဖြင့်လည်း ဗုဒ္ဒဘာသာဆိုတော့ အနော်တို့ရဲ့ခေါင်းဆောင်တွေဟာ ဘာသာသာသနာကို အားပေးတဲ့ခေါင်းဆောင်ကောင်းတွေမျိုး ဖြစ်စေချင်တရ်ဗျာ။ ဒါရင်ထဲက လာတဲ့အနော်စေတနာပါ။ ဘာလို့လည်း အနော်တို့ မြန်မာပြည်ကြီးမှာ တခြားသော နိုင်ငံတွေလိုမဟုတ်တာတော့ သေချာပါတရ် ။ ဘာလို့လည်းဆိုတော့ အရင်က ပါကစ္စတန် နိုင်ငံဆိုရင်လည်း Buddhismပဲဗျ နောက် ဂျီဟတ်စစ်ပွဲဆိုတဲ့ ဘာသာရေးအစွန်းရောက် သူတွေက အဲဒီလိုပါကစ္စတန်နိုင်ငံကို ၀ါးမြိုသွားခဲ့တာ နောက်ဆုံးတော့ ဘုရားရှင်တော်ရဲ့အဆုံးမတွေ ပျောက်ကုန်ပါတရ် ။ သူတို့မွတ်တွေကလည်း ခက်တရ်ဗျ ။ 2100 ဆိုတဲ့ 21 ရာစုမှာ သူတို့လူမျိုး သာ အယူဝါဒမှန်တရ် ။ တခြားသောဝါဒကို မရှိစေရဆိုတဲ့ ရည်ရွယ်ချက်ကြီးကြီးနဲ့ လုပ်ကိုင်ဆောင်ရွက် နေတာဆိုတော့လေ ....ရင်လေးစရာလေးတွေကို သတိရှိရှိနဲ့ဆောင်ရွက်စေချင်ပါတရ်ဗျ ။ ဒီလိုသာ ပြုမူနေထိုင်ခဲ့မရ်ဆိုရင်လည်း အနော်တို့နိုင်ငံကြီး တိုးတက်စည်ကားလာမရ် ။ ဘာသာ သာသနာလည်း ထွန်းတောက်လာပါမရ် ။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဟောဒီမြန်မာနိုင်ငံကို အတုယူအားကျမဲ့ နိုင်ငံတွေတောင် များလာမရ်ဆိုတဲ့အကြောင်းလေးပါ ။ အားလုံးကို ပြောချင်တရ် နေရာတစ်နေရာက အရေးမကြီးဘူး အဲဒီနေရာမှာ တကယ်အလုပ်လုပ်မဲ့ ခေါင်းဆောင်ကောင်းတွေ မွေးထုတ်နိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါ့ရစေဗျာ။ အားလုံးကိုလေးစားလျှက်ပါ

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.033
BTC 67205.80
ETH 3112.68
USDT 1.00
SBD 3.71