Happy Mothers Day

in #myanmar6 years ago

စာရေးဆရာမ၊ ကထိက၊ လူမှုရေး ပြုပြင်ရေးသမားဖြစ်သူ မစ္စဂျူလီယာ သည် ဘောစတွန်မြို့ရှိ သူမ၏နေအိမ်၌ မိခင်များနေ့ကို (၁၈၇၂) ခုနှစ်တွင် စတင် ကျင်းပခဲ့သည်။ သူမသည် နေအိမ်၌ မိခင်များနေ့ကို တစ်ကိုယ်တော် ကျင်းပခဲ့ခြင်းဖြစ်ပြီး (၁၈၈၇) ခုနှစ်တွင် တင်တပ်ကီ ပြည်နယ် မှ ကျောင်းဆရာမ မေရီဆင်သိန်း သည် မစ္စဂျူလီယာ၏ တိုက်တွန်းချက်ဖြင့် မိခင်နေ့ကို ကျင်းပခဲ့သည်။ ထိုသို့ပင် (၁၉၀၄) ခုနှစ်တွင် အင်ဒီယားနား ပြည်နယ်မှ ဖရင့်စ်အီဟဲရင် သည်လည်း မိခင်များနေ့ကို ကျင်းပခဲ့ပြီး သုံးနှစ်အကြာ ဖီလာဒဲလ်ဗီးယား ပြည်နယ်မှ မစ္စစ်အင်နာဂျားဗစ် ဆိုသူ က (၁၉၀၇) ခုနှစ်တွင် မိခင်များနေ့ကို ယင်းထက် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်စေရန် ကြိုးစား အားထုတ်ခဲ့သည်။ ယင်းသို့ မိခင်များနေ့ (သို့) အမေနေ့ ကို မေလ၏ ဒုတိယတနင်္ဂနွေနေ့အဖြစ် သတ်မှတ်ခဲ့ကြ ပြီး ဖီလာဒဲလ် ဗီးယားပြည်နယ်က ပထမဦးဆုံး အသိအမှတ်ပြုခဲ့ပြီး (၁၉၀၈) ခုနှစ်၊ မေလ (၁၀) ရက်ကို မိခင်များနေ့အဖြစ် ကျင်းပခဲ့သည်။

Images Credit - Original Source
ဖီလာဒဲလ်ဗီးယားပြည်နယ်မှ မစ္စစ်အင်နာဂျားဗစ်သည် အခြားပြည်နယ်နှင့် တိုင်းတွေကပါ မိခင်များနေ့ ကို ကျင်းပလာစေရန် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေးစသည့် နယ်ပယ်တို့မှ သြဇာရှိ ပုဂ္ဂိုလ်များကို စာနဲ့တစ်မျိုး ကိုယ်တိုင်တွေ့ဆုံ ဆွေးနွေး၍တစ်ဖုံ ကြိုးစား အားထုတ်ခဲ့ကာ (၁၉၁၄) ခုနှစ်တွင် မိခင်များနေ့ကို အခြားသော ပြည်နယ်နှင့်တိုင်းတွေကပါ အသိအမှတ်ပြု ကျင်းပလာခဲ့ကြောင်း လေ့လာ သိရှိရသည်။ အမေရိကန် သမ္မတကြီး ဝူးဒရိုးဝီလ်ဆင် သည် ကွန်ကရက် လွှတ်တော်၌ “ကမ္ဘာပေါ်တွင် အကောင်းဆုံး မိခင်ဖြစ်သည့် သင်၏မိခင်ကို ဂုဏ်ပြုလျက်” စသည်ဖြင့် မိခင်နေ့ကို ကျင်းပရန် သတ်မှတ်ပေးခဲ့ကာ ယင်းအချိန်မှ စတင်၍ လက်တင်အမေရိကနှင့် အရှေ့ပိုင်းနိုင်ငံများ တွင် မေလ၏ ဒုတိယတနင်္ဂနွေနေ့တိုင်း မိခင်များနေ့ကို ယနေ့အထိ ကျင်းပလာခဲ့ကြသည်။

မြန်မာနိုင်ငံတွင်မူ မြန်မာ့ရေမြေစရိုက်၊ သဘာဝနှင့် လိုက်လျောညီထွေဖြစ်သည့် ပြာသိုလပြည့်နေ့တိုင်းတွင် မိခင်များနေ့အဖြစ် ကျင်းပလာခဲ့သည်မှာ “အမေနေ့အစ ဆရာကြီးဦးသုခက” ဟု မှတ်သားဖူးခဲ့သည်။ မြန်မာပြည်တွင် အမေနေ့အဖြစ် သတ်မှတ်ရာ၌ အမျိုးသားစာဆို စာရေးဆရာကြီး ဦးသော်ဇင်၊ စာရေးဆရာကြီး ဒဂုန်ဦးစန်းငွေ၊ စာရေးဆရာကြီး ဦးရန်အောင်၊ စာရေးဆရာကြီး တက်တိုး၊ စာရေးဆရာမကြီး လူထုဒေါ်အမာ၊ စာရေးဆရာမကြီး ဒေါ်စောမုံညင်း၊ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်စသည့် စာပေ ပညာရှင်များက ဆရာကြီးဦးသုခနှင့် တစ်စိတ် တစ်ဝမ်းတည်းပါဝင်ဆောင်ရွက်၍ ပြာသိုလပြည့်နေ့ တိုင်း ကို အမေနေ့အဖြစ် သတ်မှတ်ခဲ့ကြသည်။ ဆရာကြီး ဦးသုခသည် မိခင်ဖြစ်သူကို ကျိုက်လတ်တွင် ထားခဲ့ပြီး သားဖြစ်သူကို လွမ်းနေရသော မိခင်၏ ကြေကွဲ ခံစားချက်များသည် မြန်မာပြည်တွင် အမေနေ့ ဖြစ်ပေါ်လာစေရန် ဆရာကြီးဦးသုခ ရင်ထဲ၌ ကိန်းဝပ် အစပျိုးခဲ့ကြောင်း၊ ဆရာကြီးဦးသုခသည် ရင်ထဲမှ ခံစားချက်များကို ပရိသတ်များထံ လိုက်လံဟောပြော ကာ အမေ့မေတ္တာ ပြန့်ပွားရေးကို စတင် လှုံ့ဆော်ခဲ့သူ ဖြစ်ကြောင်း၊ ဆရာကြီးဦးသုခ က အမေနေ့ အကြောင်း မိခင်မေတ္တာကို ဟောပြောစဉ် သီချင်းကိုလည်းဆို၊ ပြောလည်းပြော၊ ငိုလည်းငို၍ ဟောပြောစဉ် ပရိသတ် သည် မလှုပ်မယှက် ငြိမ်သက်နေခဲ့ကြောင်း မှတ်သား ခဲ့ဖူးသည်။

Images Credit - Original Source
ပြာသိုလပြည့်နေ့တိုင်းကို အမေနေ့အဖြစ် ကျင်းပနိုင်ရန် စာပေပညာရှင်များက ကြိုးစားနေကြစဉ် (၁၉၉၅) ခုနှစ် တွင် မန္တလေးမှ အမေကိုမြတ်နိုးသူများက ဆရာကြီး ဦးသုခ အား အမေနေ့ သတ်မှတ်ပေးရန် ပူဆာ တိုက်တွန်း ခဲ့ခြင်းကြောင့် မန္တလေးမြို့တွင်ဆရာကြီး ဦးသုခ ကိုယ်တိုင် ဟောပြော၍ ပြာသိုလပြည့်နေ့ကို “အမေနေ့” အဖြစ် သတ်မှတ်ခဲ့သည်။ “အမေနေ့” ကို ပြာသိုလပြည့်နေ့အဖြစ် အတည်ဖြစ်စေရန် (၁၉၉၆) ခုနှစ် တွင် ဆရာ ဦးသုခသည် ဆရာချစ်စံဝင်း အား အားပေးဆော်သြခဲ့သည်။ ထိုသို့ဖြင့် စာပေလောက၊ အနုပညာလောကနှင့် ကျန်းမာရေးလောကမှ တတ်သိ ပညာရှင်များ စုပေါင်းကာ ရွှေတိဂုံဘုရားအရှေ့ဘက်မုခ် တွင် အမေနေ့အဖြစ် ဆရာချစ်စံဝင်း က ထပ်မံကျင်းပ၍ ဟောပြောခဲ့သည်။
အမေနေ့တွင် အဝေးရောက် သားသမီးများသည် မိခင်ထံသို့ စာရေးခြင်း၊ပို့စကတ် လက်ဆောင်ပေးပို့ခြင်း၊ ဖုန်းဆက်၍ စကားပြောခြင်း၊ မိခင်နှင့် အတူရှိသော သားသမီးများသည်လည်း အမေကိုရေမိုးချိုးပေးကာ ဝတ်ကောင်းစားလှများ ဝတ်ဆင်ပေးခြင်း၊ အမြဲလိုလို တစ်နှစ်တာပတ်လုံး မီးဖိုချောင်ထဲ၌ ချက်ပြုတ်နေသော အမေကို မီးခိုးငွေ့ကင်းစင်သော ဟိုတယ်ကြီးများ၊ စေတီ ပုထိုးများသို့ ပို့ဆောင်ပေးခြင်း စသည်ဖြင့် အမေနေ့တွင် အမေကို ရိုသေမြတ်နိုး လေးစားကြည်ညိုသူများက လူမျိုး ဓလေ့ ယဉ်ကျေးမှုအလိုက် အမေများကို ဂရုတစိုက် ပြုစု စောင့်ရှောက်ခဲ့ကြသည်။

ရက်ပေါင်း (၃၆၅)ရက်တွင် အမှတ်တရ နေ့ထူးနေ့မြတ်များ မှာ သူ့နိုင်ငံနှင့်သူ၊ သူ့လူမျိုးနှင့်သူ၊ သူ့ဓလေ့စရိုက်နှင့်သူ၊ သူ့ယဉ်ကျေးမှုနှင့်သူ အမျိုးမျိုး ရှိကြသည်။ ကျွန်တော်တို့ နိုင်ငံတွင်လည်း လအလိုက် ပွဲတော်များရှိသလို နေ့အလိုက် သတ်မှတ်ရက်များ ရှိကြသည်။ နေ့အလိုက် သတ်မှတ်ထားသည့် ရက်များ ထဲတွင် မိခင်များနေ့ (သို့) အမေနေ့ကို လူငယ်အချို့ မေ့ကောင်းမေ့နေကြသလို သတိရကောင်း ရနိုင်ကြ သူများ လည်း ရှိပေလိမ့်မည်။ ဖေဖော်ဝါရီ (၁၄)ရက်၊ ချစ်သူများနေ့ကို လူငယ် တော်တော်များများ သတိတရ ရှိကြသလို တန်ဆောင်မုန်း လပြည့်ကျော်တစ်ရက်၊ ခရစ္စမတ်၊ New Year စသည့် ရက်များကိုလည်း မေ့မေ့ ပျောက်ပျောက် ရှိကြမည်မထင်။
M = is for the million things she gives us.
အမေက ကျွန်ုပ်တို့ကို ပေးခဲ့တဲ့ သန်းပေါင်းများစွာသော အရာတွေ…
O = means only that she's growing old.
သားသမီးတွေအတွက် ပေးဆပ်ရင်း အိုမင်းသွားတဲ့ အမေ ...
T = is for the tears she shed to save us.
သားသမီးတွေအတွက် အမေကျခဲ့တဲ့ မျက်ရည် ...
H = is for her heart of purest gold.
အမေ့ရဲ့ ရွှေစင်နှလုံးသား ...
E = is for her eyes, with love sight.
မေတ္တာကြင်နာခြင်း အပြည့်အဝနှင့် စောင့်ရှောက် ကြည့်ရှုခဲ့တဲ့ အမေ ...
R = means right she'll always be.
အမြဲတမ်း မှန်ကန်သော အမေ့ ဆုံးမစကားများ ...
အထက်ပါ Mother's Definition အမေဆိုသော စကားလုံး၏ အဓိပ္ပာယ်များသည် Mr.Howard Johnson ရေး၍ အရှင်က္ကန္ဒစာရ (မုံရွာ) ဘာသာပြန်ထားခြင်း ဖြစ်ပါသည်။ မိခင်များက ကိုးလလွယ်၊ ဆယ်လလွယ်ကာ ကျွန်တော်တို့ကို မွေးထုတ်ပေးလိုက်ခြင်း ကြောင့် ကျွန်တော်တို့သည် လူ့လောကထဲသို့ ရောက်ရှိ လာကြသည်။ လူ့လောကထဲတွင် ကျွန်တော်တို့သည် မိခင်ကမွေးလိုက်သည့် နေ့ရောက်တိုင်း ရောက်တိုင်း မွေးနေ့တွေကို အကြိမ်ကြိမ်အလီလီ ပြုလုပ်လာခဲ့ ကြသည်။ တချို့မှာ အဆင့်မြင့်ဟိုတယ်မှာ အကောင်းဆုံးဆိုတဲ့အစားအစာနဲ့ မွေးနေ့ပွဲ Dinner ပေးတယ်။ တချို့က သာမန်ရိုးရိုးဘုရားကျောင်း ဆွမ်းပို့ကြတယ်။ တချို့က ကိုယ့်မွေးနေ့ကိုယ် မသိချင်ယောင်ဆောင်ခဲ့ကြတယ်။ တချို့က ကိုယ့်မွေးနေ့ကိုယ် မေ့နေကြတယ်။
အမေကို တန်ဖိုးထား ရိုသေမြတ်နိုးသူများက “အမေ” ဆိုသော စကားလုံးများ၏ အဓိပ္ပာယ်ကို နောက်တစ်မျိုး ဖွင့်ဆိုထားကြပြန်သည်။

Images Credit - Original Source

M - She gaves million of smiles to me. သားသမီးတွေကို အမြဲ ပြုံးရွှင်နေစေတယ်
O - Only that she is growing old. တစ်နေ့ထက် တစ်နေ့ အိုလာမှာ ဖြစ်တယ်။
T - For the tears she had to save me. မျက်ရည် မကျအောင်၊ ဝမ်းမနည်းရအောင် စွမ်းဆောင် ပေးနိုင်တယ်။
H - For her heart as pure as gold. အသည်းနှလုံးဟာ ရွှေအစစ်လို အဖိုးတန်တယ်။
E - Every thing she's done to help me. အခက်အခဲ မှန်သမျှကို ကူညီဖို့ အသင့်ပဲ။
R - Right and Right she always be. သားသမီးတွေအတွက် အမှန်တရားကိုသာ ရှေ့ရှုတယ်။
ကမ္ဘာပေါ်တွင် ပြော၍မကုန်သော အကြောင်းအရာမှာ မိခင်အကြောင်းသာ ဖြစ်ပါသည်။ လူတိုင်းလူတိုင်းတွင် အမေများ ရှိကြပေလိမ့်မည်။ ဖခင်မပေါ်ဘဲ မွေးသည့် သားသမီးများသာ ရှိနိုင်ကြပြီး မိခင်မပေါ်ဘဲ မွေးသည့် သားသမီးများ ရှိကြမည် မဟုတ်ပါ။ (အနည်းငယ် ရိုင်းသွားလျှင် ခွင့်လွှတ် နားလည်ပေးစေချင်ပါသည်။) မိခင်တစ်ယောက်၊ အမေတစ်ယောက်၏ သားသမီးများ အပေါ် ထားသည့် ချစ်ခြင်းမေတ္တာသည် တုနှိုင်းမရ အနန္တဆိုသည်မှာ အကျယ်ချဲ့၍ ပြောစရာလိုမည် မထင်ပေ။

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by alexarkar from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.28
TRX 0.12
JST 0.033
BTC 69774.83
ETH 3620.03
USDT 1.00
SBD 3.72