အကြောက်

in #myanmar6 years ago (edited)

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


01.png


မနေ့ကတော့ အရှက်တရား အကြောင်းကို အနည်းငယ်ရေးသားခဲ့ပြီးဖြစ်တယ်။ ဒီနေ့တော့ အရှက်တရားနှင့် တွဲလျက်တည်ရှိနေသင့်သည့် အကြောက်တရားအကြောင်းကိုလည်း အနည်းငယ်ရေးသားလိုပါတယ်။ အမှန်ကတော့ အရှက်တရား နဲ့ အကြောက်တရားက ခွဲရေးလို့မကောင်းပါဘူး။ တစ်ဆက်တည်း ရေးလိုက်ရင် စာတွေအရှည်ကြီးဖြစ်နေလို့ ခွဲရေးလိုက်ခြင်းဖြစ်ပေမယ့် ခွဲရမယ့်အရာမဟုတ်ပါဘူး။ ချိန်းကြိုးလိုပဲ အပြန်အလှန်ချိတ်ဆက်နေကြတဲ့တရားတွေဖြစ်ပါတယ်။ အရှက်တရားမဲ့ သွားရင် အကြောက်တရားလည်း မရှိတတ်တော့သလို အကြောက်တရားမဲ့ လာရင်လည်း အရှက်တရားပျောက်ကွယ်သွားတတ်ပါတယ်။ လူ့လောက အဖွဲ့အစည်းကြီးအား ထိန်းကျောင်းပေးနေသည့် အဓိကတရားနှစ်ပါးဟု ခေါ်ဆိုသည့်အတိုင်း အပြန်အလှန်ချိတ်ဆက်နေတာပဲဖြစ်ပါတယ်။ အရှက်တရားရော အကြောက်တရားပါ မရှိတော့တဲ့အချိန်မှာ လူ့လောကကြီးတစ်ခုလုံး ပျက်စီးသွားမယ်ထင်ပါတယ်။ ဒါ့ကြောင့် အရှက်တရားကိုသာရေးသားပြီး အကြောက်တရားကို မရေးခဲ့ရင် မပြည့်မစုံ ဖြစ်နေမှာပါ။ အကြောက်တရားအကြောင်းကို ဆက်ရေးမှသာ သင့်တော်ပါလိမ့်မယ်။ အကြောက်တရား ဆိုတာကလည်း ဒီအတိုင်းလွတ်ထားပြန်ရင်လည်း အကြောက်တရားက လွှမ်းမိုးပြီး သုံးစားမရတဲ့ဘ၀ ရောက်နိုင်ပါတယ်။ တွေ့ရာ မြင်ရာ အကုန်ကြောက်နေ ရမယ်လို့တော့ မမှတ်ယူစေချင်ပါ။ အဓိပ္ပါယ်မရှိတဲ့ အကြောက်တရားက အကျိုးမဲ့ကိုသာ ဖြစ်စေနိုင်မှာပါ။ ဥပမာအနေနဲ့ တစ်ချို့သာသူတို့သည် ဖား ကြွက် ပိုးဟပ် စသည့်အရာတို့အား ကြောက်တတ်ခြင်းက အကျိုးမဲ့ကိုသာ ဖြစ်စေမှာပါ။ အကြောက်တရား မရှိတော့ရင် လောကတရားတစ်ခုပျက်တယ်ဆိုလို့ရေးမိတော့ တွေ့သမျှ ကြောက်နေခြင်းကလည်း ပုံမှန်အသိစိတ်မဟုတ်ပါ။ အရှက် နဲ့ အကြောက်ကို အသိတရားနဲ့ တွဲဖက်ထားမှသာ မှန်ကန်ပါလိမ့်မယ်။ ဘယ်လိုအရာတွေကို ရှက်သင့်တယ်၊ ဘယ်လိုအရာ တွေကို ကြောက်သင့်တယ်ဆိုတာကို အသိတရားနဲ့ဆုံး ဖြတ်နိုင်ကြရမှာဖြစ်ပါတယ်။ အသိမပါတဲ့ ရှက်ခြင်း ကြောက်ခြင်း တွေကတော့ အကျိုးမဲ့ကိုပဲဖြစ်စေပါလိမ့်တယ်။


02.png


မကြောက်သင့်တာကို မကြောက်မှ ကြောက်သင့်တာကိုလည်းကြောက်ပါမှ မှန်ကန်တဲ့လုပ်ရပ်ဖြစ်ပါလိမ့်မယ်။ အဓိကအဆုံးအဖြတ်ပေးနိုင်တာက တော့ အသိဥာဏ်ပညာ သာဖြစ်ပါလိမ့်မယ်။ အသိဥာဏ်ပညာ မပါသော အလုပ်တို့က အများအားဖြင့် ကောင်းကျိုးတရားမရရှိနိုင်တတ်ပါဘူး။ ဘယ်လိုအရာတွေကို ကြောက်သင့်သလဲဆိုရင် မတရားတဲ့အလုပ်တွေ၊ မကောင်းမှုအကုသိုလ်ဖြစ်စေတဲ့အလုပ် တွေကို လုပ်ရ ကိုင်ရမှာ အင်မတန်ကြောက်သင့်ပါတယ်။ မတရားတဲ့အလုပ်တွေကို လွန်ကျူးဖို့အတွက် လက်မနှေးတတ် သူတွေဟာ အကြောက်တရားမရှိတဲ့သူများဖြစ်သကဲ့သို့ မကောင်းတဲ့အကုသိုလ်ဖြစ်စေမဲ့ အလုပ်တွေကို လက်မရွံ့စေတတ်သူတွေဟာလည်း အကြောက်တရားမရှိသူတွေပဲဖြစ်ပါတယ်။ မတရားသဖြင့် အခြားသူများရဲ့ ဥစ္စာပစ္စည်းဖြစ်စေ ပိုင်ဆိုင်ရာအခြားသောအရာများကိုဖြစ်စေ၊ ဇနီးသားမယား ခင်ပွန်း စတာတွေကို ရယူမယ်ဆိုရင် ဒါဟာ အကြောက်တရားမဲ့သွားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ လင်ရှိ မယားက လင်ကွယ်ရာမှာ အခြားသောယောက်ျားနဲ့ ဖောက်ပြန်တာ၊ မယားရှိသော လင်ယောက်ျားက မယားကွယ်ရာမှာ အခြားသော မိန်းမနဲ့ ဖောက်ပြန်ခြင်းတွေဟာ အကြောက်တရားမဲ့ကုန်ကြတာကြောင့်ဖြစ်ကြတာပါ။ မကြောက်ဘူးလို့တော့ မပြောပါနဲ့လို့ ပြောချင်ကြလိမ့်မယ်။ သူတို့ကြောက်တယ်ဆိုတာက အမှားမှန်းသိရက်နဲ့ စိတ်အလိုလိုက်ပြီး ကာမှ လူသိမှာ နာမည်ပျက်စီးမှာကို ကြောက်နေကြတာပဲဖြစ်ပါလိမ့်မယ်။ ရာထူးအားဖြင့် မြင့်မားနေချိန် တွင် လက်အောက်ငယ်သားတို့အား မတရားသဖြင့် ဖိနှိပ်ခြင်းခိုင်းစေကာ ရသင့်သောလုပ်အားခ တို့အား မပေးခြင်းဟာလည်း အကြောက်တရားမဲ့ ခြင်းပင်ဖြစ်ပါမယ်။ ငရဲဆိုသည်မှာလည်း မမြင်ရသောအရာဟု လည်းကောင်း၊ သေချိန်မရောက်သေးသောကြောင့်လည်းကောင်း မကောင်းသောအလုပ်တို့အား ပျော်ပျော်ကြီး လုပ်နေကြသူတွေဟာ အကြောက်တရားမရှိတော့သည့်အပြင် အရှက်ကင်းမဲ့နေကြပါပြီ။


03.png


ပြုလုပ်မိသော အလုပ်တို့သည် ကောင်းမှုကုသိုလ်မတိုး၊ မကောင်းမှုအကုသိုလ်တိုးပွားတဲ့ အလုပ်တွေဖြစ်တာကို မကြောက်တတ်ခြင်းကြောင့် သူတစ်ပါးအိမ်ရာတို့အား ပြစ်မှားတာတွေ၊ သူတစ်ပါးကို အနိုင်ကျင့်တာတွေ၊ သူတစ်ပါးဥစ္စာပစ္စည်းတို့ကို မတရားသဖြင့် ရယူတာတွေ၊ သူတစ်ပါးအသက်ကို အလွယ်တကူသတ်ဖြတ်တာ တွေ ပြုလုပ်နေကြတဲ့သူတွေ အများအပြားမြင်နေနိုင်ပါတယ်။ ထိုသူတို့သည် အကြောက်တရားကင်းမဲ့သူများ ဖြစ်ပါတယ်။ အကြောက်တရားမဲ့လာရင် အရှက်တရားလည်း မရှိတော့ပါဘူး။ ကျွန်တော်တို့ နိုင်ငံမှာသာမက ရေခြားမြေခြား နိုင်ငံခြားမှာလည်း သေရာကနေပြန်လည်အသက်ရှင်လာသူများ ကြားဖူး ဖတ်ဖူးပါတယ်။ သေရွာကနေပြန်လည် အသက်ရှင်လာသူ အများစုကတော့ မကောင်းတဲ့အလုပ်ကို လုပ်ဖို့ အင်မတန် ကြောက်ရွံ့သွားတတ်ကြတယ်လို့ဆိုပါတယ်။ သေပြီးတဲ့နောက်မှာ ဘာတွေဖြစ်နိုင်တယ်ဆိုတဲ့ အသိအမြင်လေး တစ်ခု တိုးသွားလို့ပဲ ဖြစ်လိမ့်မယ်ထင်တယ်။ သူတို့ဘာတွေမြင်ခဲ့လဲဆိုတာကို သူတို့ကိုယ်တိုင်ပဲသိနိုင်ပါလိမ့် မယ်။ သူတို့ပြန်ပြောနိုင်တာက အတိအကျတော့ဖြစ်မယ်တော့မဟုတ်လောက်ပါဘူး။ သေခါနီးအချိန်မှာ ကြောက်နေလို့ ကိုယ့်အတွက် အကျိုးမရှိနိုင်ပါဘူး။ သေရမှာကို ကြောက်နေလို့လည်း အကျိုးမရှိပါဘူး။ ကြောက်လို့ မသေတဲ့လူ မရှိပါဘူး။ မကြောက်လို့ဆိုပြီး မသေတဲ့သူမရှိပါဘူး။ ဒီတော့ သေကို သေရမယ့်အတူတူ ကြောက်နေလို့လည်း ဘာမှမထူး ဘာမှအကျိုးမရှိတာတော့ သေချာပါတယ်။ အဓိပ္ပာယ်မဲ့သော အကြောက်တရားသာဖြစ်ပါလိမ့်မယ်။ ကောင်းမှုတို့ကို စဉ်ဆက်မပြတ်လုပ်နေသူတို့သည် သေမည်ကို ကြောက်လိမ့်မည်မဟုတ်ပါ။ မကောင်းမှုတို့အား စဉ်ဆက်မပြတ်လုပ်ကိုင်နေသူတို့သည်ကား သေရမည်ကို အချိန်တိုင်း ကြောက်ရွံ့နေကြပေလိမ့်မည်။


04.png


အရှက်တရား နှင့် အကြောက်တရားသည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေသည်ဖြစ်ရာ တစ်ခုခု ပျက်ယွင်းခဲ့ပါက နောက်တစ်ခုသည်လည်း အလွယ်တကူ ပျက်စီးသွားနိုင်ပါတယ်။ အရှက်ရှိရင် အကြောက်လည်း ရှိနေတတ်ပြီး အရှက်မဲ့ရင်လည်း အကြောက်မဲ့သွားတတ်ပါတယ်။ အရှက် အကြောက်ကိုသာမက အများစုတို့ကို ဖုံးလွှမ်းအုပ်ချုပ်တတ်သော အသိဥာဏ်ကိုလည်း မမေ့သင့်ပါ။ အသိဥာဏ်မပါခြင်းသည် မျက်ကန်းလုပ်ကိုင်ခြင်း နှင့်သာတူပါလိမ့်မည်။ ရှက်သင့်သည့် အလုပ် ဟုတ် မဟုတ်၊ ကြောက်သင့်သည့် အလုပ် ဟုတ် မဟုတ် ကို အသိဥာဏ်ဖြင့်သာ သိနိုင်မှာဖြစ်ပါတယ်။ အသိဥာဏ်ကသာ ဆုံးဖြတ်နိုင်မှာဖြစ်ပါတယ်။ အကျိုးမဲ့စေတတ်တဲ့ ကြောက်ခြင်းတွေကို တတ်နိုင်သမျှ ပယ်ဖျောက်သင့်ပါတယ်။ ကြောက်သင့် ရှက်သင့်တဲ့ အလုပ်တွေကိုတော့ ကြောက်ကြပါ၊ ရှက်ကြပါ။ အရှက်တရား နဲ့ အကြောက်တရားကို ကြားကနေ ချိတ်ဆက်ပေးထားတာကလည်း အသိဥာဏ်ပဲဖြစ်ပါမယ်။ လောကကို စောင့်ရှောက်နေတဲ့ တရားနှစ်ပါးကို လက်လွတ်ခဲ့မယ်ဆိုရင်တော့ လောကကြီး ပျက်စီးသလား မပျက်စီးသလားဆိုတာထက် မိမိကတော့ သေချာပေါက်ထိခိုက်သွားမှာဖြစ်ပါ တယ်။ ပျက်စီးတယ်လို့ဆိုတဲ့နေရာမှာ ငွေကြေးဆုံးရှုံးပျက်စီးတာကို မဆိုလိုပါ။ သံသရာပါမယ့် သီလပျက်စီးခြင်းကို သာဆိုလိုပါတယ်။ ဘ၀တစ်ခုအဆုံးမသတ်မီ အချိန်ထိတော့ ကောင်းချင် ကောင်းနေနိုင်ပါတယ်။ အဆုံးသတ်ပြီး နောက်တစ်ခုကိုများ ကူးကြရမယ်ဆိုရင်တော့…


ကောင်းမှုလုပ်ခြင်း မလုပ်ခြင်း၊ မကောင်းမှုလုပ်ခြင်း မလုပ်ခြင်းတို့ကို လူ့လောကတွင် အသက်ရှင်သန် နေထိုင်စဉ်ကာလအတွင်းမှာ လူတွေအားလုံးကို လိမ်ညာလို့ရနိုင်ပေမယ့် သံသရာခရီးကို ထွက်ကြရတော့မယ့် တမလွန်မှာတော့ ညာလို့မရနိုင်ပါဘူး။


05.png


အရှက်တရား နဲ့ အကြောက်တရားတို့ကို အသိဥာဏ်ပညာဖြင့် ထိန်းကွပ်နိုင်ကြပါစေကြောင်းရေးသားရင်း ရပ်နားလိုက်ပါတယ်။


ရေးသားသူ(Author) ___


stemit ansoe myanmar no word logo 2.png


@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community .jpg

14-Sept-2018 သောကြာနေ့(Friday)

Sort:  

တန်‌ဘိုးရှိလိုက်‌တာ ဦးစိုး‌ရေ။share ပါရ‌စေ‌နော်‌။တမလွန်‌ကို ညာလို့မရဘူးဆိုတာ သိပ်‌ကြိုက်‌တယ်‌ဗျာ။

ကြိုက်တာယူ မကြိုက်တညမယူနဲ့ share လေကြိုက်လေပါပဲ များများသာ share ပါ

တစ်ခါတစ်လေကြတော့ အကြောက်တရားက Motivation ဖြစ်တာတွေ ရှိတယ်ဗျ...

အာ့ကြောင့် အသိဥာဏ်တွဲပေးထားရတာ

အရှက် အကြောက်ကို လောဘ ဒေါသ မောဟတွေက
ဖုံးထားလိုက်တဲ့အခါ ကြောက်စရာကောင်းသွားသဗျို့

ကြာရင်တော့မကြီးပွားပဲ ဘုန်းကြီးဝတ်ကုန်ကြတော့မယ်ထင်တယ် ကိုထွေးကြီးရေ

ဟုတ်ပါ့ ကိုစိုးရေ ... တမလွန်ဂိတ်တံခါးရောက်ရင် ပါလာသမျှ ကောင်းမှုနဲ့ မကောင်းမှု ချိန်ခွင်ပေါ်တင်ရစမြဲမို့ ညာလို့လည်းမရသလို ၊ ထိန်ချိန်ထားလို့လည်း ရမှာမဟုတ်။ ဘ၀ကူးကောင်းဖို့ လာဘ်ထိုးလို့လည်း ရမှာမဟုတ်။ အဲ့လိုအချိန်ပြည့် တွေးတော ဆင်ခြင်နေရင် မကောင်းမှုလုပ်ရမှာ အလိုလို ကြောက်လာမှာ နေမှာနော်...။

ရူးတိုးတိုး လာဘ်ထိုးရင်တော့ ရမယ်ထင်တယ်ဗျ ☺☺

တန်​ဖိုးရှိ​သောစာပါဗျာ အရှက်​အ​​ကြောက်​ အ​ကြောင်း​တွေ​ရေးထားတာ

ဟုတ် ဟုတ် ကျေးဇူးတင်ပါတယ် မမယုရေ ☺

ရှက်သင့်တာရှက်ဖို့လိုသလို ကြောက်သင့်တာ ကြောက်တတ်ဖို့လည်း လိုတာ အမှန်ပါပဲ ကွီးစိုးရ

ဟုတ်တာပေါ့ မောင်တိုးတက်ရေ ရှက်သင့်တာလား မရှက်သင့်တာလား ကြောက်ရမယ့်အရာလား မကြောက်သင့်တဲ့အရာလား ဆိုတာကို သိသင့်ပါတယ်

အရှက်တရားနဲ့အကြောက်တရားကို အသိညဏ်ပညာနဲ့ ထိန်းချုပ်ဆင်ခြင်ရမယ်ဆိုတာလေး မှတ်သားရပါတယ်။ရေးသားထားတဲ့ပုံစံလေးဟာ ပေးချင်တဲ့ message လေးကို ထိမိပေါ်လွင်စေပါတယ်။လေးစားလျက်။

ကျေးဇူးတင်ပါတယ်ဗျာ

ကျွန်တော်အကြောက်ဆုံးကစိတ်တိုကောင်ပဲ
ကြည့်တောင်မကြည့်ရဲဘူး

ငယ်ငယ်လေးထဲကကြောက်ခဲ့တာလား အဲ စိတ်တိုကောင်ဆိုတာကို မသိဘူးဟ ဘယ်လိုအကောင်ကိုခေါ်တာလဲ

ဆလပ်ပင် ရေတံမာပင် တို့မှာတက်တဲ့အကောင်
မျက်လုံးပြူးပြူးကြီးနဲ့ အစိမ်းရောင်အကောင်ကြီး
ရေးရတာတောင်ကြောက်တယ်ဗျာ

စမိ သေချင်သေးဘူး ဘုရားလဲ မရှိခိုးဖြစ်ဘူး ကယ်ပါအုံး ဥစိုး😞

သေမင်းကိုခေါ်နဲ့အုံးဆိုပီး လာဘ်ထိုးထားလိုက်လေ

ခု​တော့ လူ​တွေက ရှက်​သင့်​တာကို မရှက်​တတ်​ကြ​တော့ အ​ကြောက်​တရားလည်းမရှိဘူး
ယိုသူ မရှက်​ မြင်​သူရှက်​​နေရတာပါဗျာကိုစိုး​ရေ

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.034
BTC 63960.62
ETH 3142.95
USDT 1.00
SBD 3.95