ရှေးရှေးတုံးက (၂)

in #myanmar6 years ago

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


02 copy.png


တနင်္ဂနွေနေ့တိုင်း တင်နေကျ ဓာတ်ပုံ မတင်နိုင်ခဲ့ပါ။ အရှုပ်တွေလုပ်နေရလို့ပါ။ ဒီတော့လည်း ရှေးရှေးတုံးက အကြောင်းအရာအချို့ကို ဆက်လက်ရေးသား ဖော်ပြလိုပါသည်။ ရှေးတုံးက မြန်မာတို့သည် လုပ်ငန်းများကို လုပ်ဆောင်ကြရာတွင် ရောင့်ရဲတင်းတိမ်တတ်သော သဘောရှိခဲ့သည်ထင်ပါသည်။ လုပ်ငန်း တစ်ခုကိုလုပ်ကိုင်ရာတွင် အလွန်အလွန်တက်ကြွလွန်းသာ စိတ်ဓာတ်မရှိခဲ့ကြသလို ထိုအလုပ်သည် အောင်မြင်ခြင်းမရှိပါကလည်း အလွန်အမင်း စိတ်ဓာတ်ကျဆင်းမှုမရှိခဲ့ကြဟု သိရပါသည်။ လုပ်ငန်းမအောင်မြင် သဖြင့် မိမိကိုယ်ကို သတ်သေသည်ဟုလည်း မဖတ်ဖူး မကြားဖူးခဲ့ပါ။ ရှိခဲ့လျှင်လည်း ရှိနိုင်ပါသည်။ ကျွန်တော်၏ ဗဟုသုတ နည်းပါးသောကြောင့် လည်းဖြစ်နိုင်ပါသည်။ ကံ ကံ၏အကျိုးကို ယုံကြည်ကြသည့် လူမျိုးဖြစ်သည့် အလျောက် မကောင်းမှု ကံ ကြောင့် ခံကြရသည်ဟု ယူမှတ်တတ်ကြပါသည်။ ထိုအယူအဆကြောင့်ပင် အများစု တို့သည် အောင်မြင်ပါက ကောင်းသောကံကြောင့်၊ မအောင်မြင်ပါကလည်း မကောင်းသော ကံကြောင့်ဟု စွဲမှတ်ယူခဲ့ကြပါသည်။ လူမတန် ကံချဆိုသကဲ့သို့ပင်ဖြစ်ပါမည်။ မမြင်နိုင်တော့သည့် ယခင်ဘ၀က ကံကိုသာ အားကိုးအားထားပြုနေသူကများခဲ့ပါသည်။ ယခုလက်ရှိကံကို ပြုလုပ်ရန်အားနည်းခဲ့သည်ဟု ထင်ပါသည်။ ထို့အပြင် အများစုတို့သည် ပေါ့ပေါ့ဆဆ နေတတ်ကြသည်ဟုလည်း ထင်မြင်မိပါသည်။ ထိုသို့ ပေါ့ပေါ့ဆဆ နေတတ်သည့်အကျင့်သည် ယနေ့ခေတ်တိုင်အောင်ဖြစ်ပါသည်။ ရှေးတုံးက လူတစ်ယောက်အား ပြစ်ပယ်သည့် အလေ့အကျင့်မရှိခဲ့ကြပါ။ အပြစ်ပြုမိသူအား အပြစ်ပေးလျင်လည်း သနား ကရုဏာစိတ် ၀င်တတ်ကြပါသည်။ အံ့သြစရာ စိတ်ထားဖြစ်သည်ဟုလည်း ထင်မှတ်မိပါသည်။ ထိုသို့ ကြင်နာသနားစိတ်ကြီးမားခဲ့သော လူမျိုးများ ဖြစ်ပါသည်။


03.png


အင်္ဂလိပ်လူမျိုးတို့သည် ရှေးယခင်ကတည်းကပင် မြန်မာလူမျိုးတို့သည် စိတ်ဝင်စားစရာကောင်းသော လူမျိုးတစ်မျိုးအဖြစ် သတ်မှတ်ထားခဲ့ကြပါသည်။ ရှေးရှေးတုံးက မြန်မာတို့သည် ပွင့်လင်းဖော်ရွှေတတ်သော လူမျိုးဖြစ်သည့်အပြင် ဧည့်ဝတ်ကျေပွန်သော လူမျိုးတစ်မျိုးအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရပါသည်။ မည်သည့် တိုင်းတပါးသားကိုမဆို ယောက်ျား၊ မိန်းမ မရွေး ဧည့်ဝတ်ကျေပွန်ခဲ့ကြပါသည်။ ဂျပန်၊ အင်္ဂလိပ် တို့ အုပ်စိုးခဲ့စဉ်က မြန်မာလူမျိုးတို့အား နည်းမျိုးစုံဖြင့် နှိပ်စက်ညှင်းပန်းခဲ့ကြပါသည်။ မြန်မာမိန်းကလေးများကို သားမယားအဖြစ် ပြုကျင့်ခြင်းများလည်း ပြုလုပ်ခဲ့ကြပါသည်။ သို့သော် ဂျပန်တို့ စစ်ရှုံးသဖြင့် မြန်မာပြည်မှ ဆုတ်ခွာရချိန်တွင် ဂျပန်တို့အား အင်္ဂလိပ်လူမျိုးတို့လက်မှ လွတ်မြောက်စေရန် ၀ှက်ထားပေးခြင်း၊ အစာရေစာ ကျွေးမွေးခြင်းများ ပြုလုပ်ခဲ့ကြပေသေးသည်။ ထိုသို့သော အပြုအမူ၊ ကြင်နာသနားမှုသည် မည်သည့်လူမျိုးတွင် မျှ မရှိနိုင်ဟုထင်မိပါသည်။ မိမိတို့အပေါ်တွင် ရက်ရက်စက်စက် ပြုကျင့်ခဲ့သည့် ဂျပန်တို့ ဒုက္ခရောက်နေသည်ကို လစ်လျူရှုခြင်း မပြုနိုင်ကြပဲ အကူအညီများစွာပေးခဲ့ကြသော လူမျိုးများဖြစ်ပါသည်။ ခွင့်လွှတ်တတ်သည့် နေရာတွင်လည်း အံ့သြဖွယ်ရာပင်ဖြစ်ခဲ့ကြပါသည်။ အင်္ဂလိပ်တို့သည် မြန်မာပြည်အား မတရား ကျူးကျော်စစ် ဖြင့် နှစ်(၁၀၀)တိုင် ကျွန်ပြုအုပ်စိုးခဲ့ကြသော်လည်း မြန်မာလူမျိုးတို့သည် အခင်အမင်မပျက်၊ ရန်ငြိုးမထားပဲ ဆက်ဆံနိုင်ခဲ့ကြသည်မှာ ကမ္ဘာကပင် သြချလောက်သော ခွင့်လွှတ်တတ်မှုပင်ဖြစ်ခဲ့ကြပါသည်။ စိတ်ဆိုး ဒေါသထွက်ခြင်းသည်လည်း ခေတ္တခဏသာဖြစ်ပါသည်။ ကျွန်တော်တို့လူမျိုး၏ အခြေခံစိတ်ဓာတ်က အလွန်သိမ်မွှေ့ကြခြင်းဖြစ်မည်ထင်ပါသည်။ ဘာသာတရားရဲ့အဆုံးအမကြောင့်လည်း ဖြစ်နိုင်ပါသည်။ သို့တည်းမဟုတ် အမှတ်မရှိသော လူမျိုးလည်း ဖြစ်နိုင်ပါသည်။


04.png


ရှေးရှေးတုံးကမြန်မာတို့သည် ဧည့်သည်လာရောက်ပါက အလွန်အရေးထားကာ ဧည့်ဝတ်ကျေခဲ့ကြသော လူမျိုး များဖြစ်ပါသည်။ ဧည့်သည်များအားလည်း အထူးဂရုစိုက်တတ်ပါသည်။ မိမိတို့ကိုယ်တိုင်က ထမင်းကောင်း ဟင်းကောင်းမစားနိုင်သည့်တိုင် ဧည့်သည်လာပါက အိမ်တွင်မွေးထားသော ကြက်ကိုပင်သတ်ကာ ဧည့်ခံကျွေးမွေးလိုကြပါသည်။ ဧည့်သည်မပြန်မချင်း အစားအသောက်၊ အနေအထိုင်အတွက် တာဝန်ယူတတ်ခဲ့ ကြပါသည်။ စည်းစိမ်ဥစ္စာများ မချမ်းသာကြသော်လည်း စိတ်ချမ်းသာမှုရှိခဲ့ကြပါသည်။ ရသမျှနှင့် ရောင့်ရဲတင်းတိမ်တတ်ခဲ့ကြပါသည်။ မတော်လောဘမထွက်တတ်ခဲ့ကြပါ။ ကမ္ဘာပေါ်တွင် မည်သည့်လူမျိုးတွင်မှ မတွေ့ရသည့် အားနာ တတ်ခြင်းသည်လည်း တစ်ခုအပါအ၀င်ဖြစ်ပေသည်။ အားနာတတ်ခြင်းသည် မည်သည့် လူမျိုးတွင်မှမရှိဟု ဆိုကြပါသည်။ စိတ်သဘောထားကောင်းမွန်လွန်းသောကြောင့် အားနာခြင်းဖြစ်ပေါ်လာရ သကဲ့သို့ စိတ်ဓာတ်ခိုင်မာမှုမရှိခြင်း၏ အချက်တစ်ချက်ပင်ဖြစ်မည်ထင်ပါသည်။ တခါတရံမှသာ ထွက်သဖြစ်တတ်သော်လည်း မကြာမီ ထိုဒေါသသည် အလွယ်တကူပျောက်သွားတတ်ကြသည်ကများပါသည်။ အခြားနိုင်ငံများမှလူများ အံ့သြစေသောနောက်ထပ်အချက်တစ်ခုမှာ ခင်ပွန်းသည်အား ဇနီးသည်က အလွန်ရိုသေလေးစားတတ်ခြင်းပင်ဖြစ်ခဲ့ပါသည်။ ယခုတော့ ထိုသို့မဟုတ်တော့ပြီလားမသိတော့ပါ။ ယောက်ျားများနှင့်တန်းတူ ရင်ဘောင်တန်းအလုပ်လုပ်ကိုင်ကြခြင်းကိုလည်း အထူးအဆန်းသဖွယ်ဖြစ်နေတတ် ပါသည်။ လူမှုရေး စီးပွားရေးကိစ္စများတွင်လည်း ယောက်ျား၊ မိန်းမ ခွဲခြားခြင်းမပြုခဲ့ကြပါ။ တန်းတူလုပ်ကိုင်ခဲ့ကြ ပါသည်။ ကလေးလေးများမွေးဖွားရာတွင်လည်း ယောက်ျားလေးဖြစ်သဖြင့် အလေးပေးခြင်းမဟုတ်သကဲ့သို့ မိန်းကလေးမွေးပါကလည်း နှိမ်ချဆက်ဆံခြင်းမျိုးလုံးဝမရှိခဲ့ကြပါ။ တန်းတူပင် ဆက်ဆံခဲ့ကြပါသည်။


06.png


လက်ထပ်ခြင်းတွင် ယောက်ျားလေးတို့သည် မိမိနှစ်သက်ရာ မိန်းကလေးအား ချစ်ရေးဆိုခွင့်ရှိသကဲ့သို့ မိန်းကလေးမှလည်း ခေါင်းငြိမ့်ခွင့်၊ ခေါင်းခါခွင့် ရှိပါသည်။ မိန်းကဘေးအနေနှင့်လည်း စိတ်ကြိုက်ရွေးချယ်ခွင့် ရှိပါသည်။ ရှေးတုံးက မိမိလက်ထပ်မည့်သူအား သုံးနှစ် သုံးမိုး စောင့်ကြည့်ခဲ့ကြပါသည်။ စိတ်သဘောထား တိုက်ဆိုင်ကြမှသာ လက်ထပ်ခြင်းပြုကြပါသည်။ ခုမြင် ခုကြိုက် ခုလိုက်ခဲ့ကြသည်မဟုတ်ပါ။ ဘ၀တစ်ခုအတွက် အမှားအယွင်းမရှိကြစေရန်အတွက် အချိန်ယူခဲ့ကြခြင်းဖြစ်ပါသည်။ မှားယွင်းခဲ့ပါက ပြန်လည်ပြုပြင်ရန်အလွန် ခက်သည်ဟု ရှေးကဆိုခဲ့ကြပါသည်။ ယခုခေတ်ကတော့ အင်မတန်လွယ်ကူနေပါသည်။ သုံးနှစ် သုံးမိုး စောင့်ကြည့်ချိန်တွင် လူကြီးများမှလည်း လွတ်လပ်ခွင့်ပေးကြပါသည်။ တစ်ဦးနှင့်တစ်ဦးအပြန်အလှန် လေ့လာနိုင်ကြစေရန်ဖြစ်ပါသည်။ ထိုသို့ လွတ်လပ်ခွင့်ပေးထားသော်လည်း တစ်ဦးနှင့်တစ်ဦး ပူးကပ်ထိုင်ခြင်းကိုပင် ခွင့်မပြုကြပါ။ ယခုခေတ်တွင်မတော့ ပူးကပ်သောအဆင့်ထက်ကျော်လွန်ကာ အိမ်ထောင်ရှင်အဆင့်သို့ပင်ရောက်ကုန်ကြကာ မိဘမဲ့ကလေးများ လွန်စွာတိုးပွားကြလျက် မိမိကိုယ်ကို သတ်သေကြသည့် လူငယ်အများအပြားပင် ရှိနေပါသည်။ အချိန်မီ စဉ်းစားပြင်ဆင်သင့်လှပါသည်။ လူငယ်တို့၏ အနာဂတ်သည် လူကြီးများနှင့်လည်း သက်ဆိုင်ပါသည်။ နောင်တစ်ချိန်တွင် နောင်တနှင့်အတူ ဒုက္ခရောက်ရမည့် ကိစ္စတို့အား တတ်နိုင်သမျှရှောင်ရှားနိုင်ကြပါစေရန် ရေးသားရင်း ရပ်နားလိုက်ပါသည်။



Success in Steemit အောင်မြင်ကြပါစေဗျာ.....

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png

ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

17-Jun-2018 တနင်္လာနေ့(Monday)

Sort:  

မှန်ပါတယ်ဆရာ
ယခုခေတ်သည် ဘာမဆို စိတ်မြန်ကိုယ်မြန်ရှိကြပါသည်

This post has received a 13.17 % upvote from @boomerang.

ဖက်ဒရယ်ဒီမိုကရေစီဆိုတာ သူများဟာကို အကုန်ယူတာမဟုတ်ပါဗျာ၊ ကောင်းတဲ့အရာ၊ ကိုယ်နိုင်ငံ၊ ကိုယ်ဒေသ၊ ကိုယ့်စရိုက်နဲ့ ကိုက်ညီတာကိုယရတာပါ၊ အခုတော့ အကုန်ယူ၊ အပြောင်ရှင်းဖြစ်နေကြတော့ ကိုယ့်ယဉ်ကျေးမှုဆိုတာ ပြတိုက်ထဲရောက် နေပါပြီ။

You got a 2.14% upvote from @oceanwhale With 35+ Bonus Upvotes courtesy of @ansoe! Delegate us Steem Power & get 100%daily rewards Payout! 20 SP, 50, 75, 100, 150, 200, 300, 500,1000 or Fill in any amount of SP Earn 1.25 SBD Per 1000 SP | Discord server

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 61293.86
ETH 2930.90
USDT 1.00
SBD 3.65