လက်ဆင့်ကမ်းခြင်းဖြင့်

in #myanmar6 years ago (edited)

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


01.png


တိုက်တွန်းချက်များအား ထပ်ခါ ထပ်ခါ ရေးသားခဲ့ပါသည်။ ယခုလည်း ထပ်မံတိုက်တွန်း ရေးသားလိုပါသည်။ သည်းခံဖတ်ရှု လိုက်နာ နိုင်ကြပါစေ။ Myanmar Steemit Community(MSC) အား စတင်တည်ထောင်လာခဲ့သည်မှာ တစ်နှစ်ပြည့်မြောက်ခဲ့ပြီးဖြစ်ပါသည်။ MSC ၏ တစ်နှစ်တာဖြတ်သန်းခဲ့သော အတွေ့အကြုံများကို ပြန်လည် သုံးသပ်မိရာတွင် ထိုက်သင့်သော အောင်မြင်မှုရသည်ဟုလည်း ထင်မြင်မိပါသည်။ သို့သော် ရသင့်သော အကျိုးရလဒ်များကိုတော့ ပြည့်ပြည့်၀၀ ရရှိခြင်းမရှိဟုလည်း ထင်မြင်မိပါသည်။ အဖွဲ့ဝင်အသစ်များ တိုးလာလိုက်၊ ပြန်ထွက်သွားလိုက်၊ SP မြင့်လာသော အဖွဲ့သားများ ရရှိလိုက် ထွက်သွားလိုက် နှင့် လုံးခြာလိုက်နေသောကြောင့်ပင်ဖြစ်ပါသည်။ နိုင်ငံခြားသားများ၏ အကူအညီအဓိကဖြင့် ရပ်တည်နေရသည်ဖြစ်ရာ မည်သည့်အချိန်တွင် ထိုအကူအညီအား ရပ်တန့်မည်ကို မမှန်းဆနိုင်ပါ။ မရပ်တန့်မီကာလအတွင်းတွင် အဖွဲ့သားများအတွင်းတွင် SP မြင့်သော အဖွဲ့ဝင်များ ရရှိထားရန်အရေးပါလှပါသည်။ သို့သော် SP များလာလျှင် အများစုသည် Power Down ကာ အခက်အခဲကို ဖြေရှင်းရန်ကြိုးစားလာကြသောအခါ ပြဿနာဖြစ်ပေါ်လာခြင်းဖြင့် MSC မှ ထွက်ခွာကြရန် ဆုံးဖြတ်သွားကြလေသည်။ Steemit Platform သည် အချိန်ခဏတာအတွင်း အလွန်ကြီးမားသော အမြတ်အစွန်း ရရှိရန်မှာ မိမိတို့၏ ငွေကြေးအမြောက်အမြား ရင်းနှီးမြှုပ်နှံမှသာ ဖြစ်နိုင်မည်ဖြစ်ကြောင်း လူတိုင်းပင် နားလည်မည်ထင်ပါသည်။ Power Down ခြင်းအား အဘယ့်ကြောင့် Leader နှင့် Admin Team မှ ခွင့်မပြုကြပါသနည်းဟု မေးစရာဖြစ်မည်ထင်ပါသည်။ အဖွဲ့ဝင်များအနေဖြင့် သေချာစဉ်းစားစေလိုပါသည်။ မိမိတို့ ပိုင်ဆိုင်ထားကြသော Steemit Account မှ ရရှိထားသည့် STEEM, Steem Dollar နှင့် Steem Power တို့အား Power Down ခြင်း Power မ Down ခြင်းသည် Leader နှင့် Admin တို့အတွက် မည်သို့မျှ မထိခိုက် သကဲ့သို့ မည်သို့မျှလည်း အကျိုးမရှိပါ။ Power Down ခြင်းဖြင့် ငွေကြေးထုတ်ယူလျှင် မိမိပိုင်ဆိုင်ထားသော ပြောင်းဖူးတစ်ဖူးအား ပြုတ်စားလိုက်သည်နှင့်သာတူနေပါသည်။ ထိုသို့ ပြောင်းဖူးအား ပြုတ်စားလိုက်သဖြင့် မိမိတို့၏ နောက်တက်လည်မည့် လူသစ်တို့အား ပြောင်းခင်း လက်ဆင့်မကမ်းနိုင်ကြတော့ပါ။ ရလာသည့် ပြောင်းဖူးတစ်ဖူးအား ပြုတ်စားခြင်းမပြုပဲ ပြောင်းခင်းဖြစ်အောင် မျိုးစေ့ကြဲကာ အချိန်အနည်းငယ် စောင့်ဆိုင်း ပေးလိုက်ခြင်းဖြင့် နောက်မျိုးဆက်များအတွက် အကျိုးရှိကြမည်ဖြစ်သကဲ့သို့ မိမိတို့သည်လည်း အကျိုးမယုတ် နိုင်ပါ။


02.png


ပြောလိုသည်မှာ ရှေ့ကရောက်နှင့်နေကြပြီးဖြစ်သော SP အနည်းငယ်မျှလည်း ရရှိလာပြီဖြစ်သော အဖွဲ့ဝင်ဟောင်းများ အနစ်နာမခံပါက နောက်မျိုးဆက်များ ကောင်းစားရန်မရှိပါ။ မျိုးဆက်တစ်ဆက် အနစ်နာမခံပဲနှင့် နောက်မျိုးဆက်သည် ကောင်းစားရန်မဖြစ်နိုင်ပါ။ အနစ်နာခံကာ နောက်မျိုးဆက်အတွက် ချန်ရစ်ထားခဲ့ခြင်းမရှိသောကြောင့် ယနေ့ကျွန်တော်တို့ နိုင်ငံသည်ပင်လျှင် အခြားသောနိုင်ငံများ၏ နောက်သို့ ရောက်ရှိနေခဲ့သည်မှာ အမှန်ပင်ဖြစ်ပါသည်။ မိမိတို့လုပ်သမျှ ကိုယ်တိုင် စားသုံးသွားခြင်းဖြင့် နောက်မျိုးဆက်များ ဒုက္ခနွံမှ ရုန်းမထွက်နိုင်ဖြစ်မြဲပင်ဖြစ်ပါသည်။ MSC သည်လည်း ထို့အတူ ဖြစ်ပါသည်။ ရပြီးဖြစ်သော SP များအား Power Down ပြီးရောင်းစားခြင်း မပြုလုပ်ကြဘဲနှင့် ခွဲဝေရရှိထားသော SBD, STEEM တို့ကိုသာ ထုတ်သုံးသင့်ကြောင်း အကြံပြုလိုပါသည်။ Gathering တွင် Learder ကလည်း ထိုသို့ ပြုလုပ်ရန်ကိုသာ တိုက်တွန်းခဲ့ပါသည်။ MSC ရေရှည်တည်တံ့စေရန်အတွက် Leader မှ အစွမ်းကုန်ကြိုးစားနေချိန်တွင် ကျွန်တော်တို့အနေဖြင့် ရသမျှ SBD, STEEM များအပြင် SP ကိုပါ Power Down ထုတ်ယူခြင်းသည် ဖြစ်သင့်ပါ ၏လော။ ကိုယ်တိုင်သာ ဖြေကြည့်ကြစေချင်ပါသည်။ Leader သည် Steemit Platform တွင် သူတစ်ယောက်တည်း ရပ်တည်ရန် မခက်ခဲတော့ပါ။ သို့သော် တစ်ယောက်တည်းအတွက် မစဉ်းစားပဲနှင့် မြန်မာလူမျိုးများ Steemit Platform မှ အကျိုးရှိစေရေး၊ နောင်လာမည့် မျိုးဆက်သစ်တို့အား မူးယစ်ဆေးဝါး၏ သားကောင်များ မဖြစ်စေရေး၊ စာပေအားမြတ်နိုးတတ်သူများဖြစ်ပေါ်လာစေရေးတို့ကို သူ့တစ်ကိုယ်ရေ အခွင့်အရေးများ အဆုံးရှုံးခံကာ လုပ်ကိုင်ပေးနေခြင်းကို ကျွန်တော်မြန်မာလူမျိုးတစ်ယောက်အနေဖြင့် လျစ်လျူရှုမနေနိုင်ပါ။ Leader အနေဖြင့် Steemit Platform နေ့စဉ် ရရှိနေသောဝင်ငွေသည် သူ့အတွက် လုံလောက်သည့်အပြင် ပိုလျှံနေနိုင်ပါသည်။ SP လည်း Bot များကဲ့သို့ ရောင်းစားမည်ဆိုလျှင်ပင် သူ့တစ်ယောက်စာ လုံလောက်နေပြီဖြစ်ပါသည်။ Leader က သူ့ SP ကို ရောင်းစားခြင်းမပြုခဲ့သည်အပြင် မြန်မာလူမျိုးတို့အတွက် ထိုက်တန်သော Vote ရရှိစေရန် SP များပင် ထပ်မံဝယ်ထည့်ခဲ့ပါသည်။ ကျွန်တော်တို့သည် Leader ကဲ့သို့ပင် Zero To Hero ဖြစ်အောင် ကြိုးစားသင့်ပါသည်။ Hero To Zero မဖြစ်စေရန် ကြိုးစားသင့်ပါသည်။


02.png


SP အနည်းငယ်မျှ ပိုင်ဆိုင်ထားကြပြီဖြစ်သော၊ အဖွဲ့ဝင်ဟောင်းများလည်း ဖြစ်ကြသော MSC အဖွဲ့သားများကို အဖွဲ့မှ မထွက်ခွာစေချင်ပါ။ မိမိတို့ တတ်နိုင်သမျှ၊ တတ်စွမ်းသမျှလေးဖြင့် တာဝန်ထမ်းဆောင်စေချင်ပါသည်။ ပြဿနာရှိပါက တတ်နိုင်သမျှပြေလည်အောင်ဖြေရှင်းခြင်း၊ ညှိနှိုင်းခြင်းဖြင့် ပြေပြေလည်လည်၊ စည်းစည်းလုံးလုံးဖြင့် MSC ၏ လမ်းကြောင်းကို ဖြောင့်တန်းစေရန် ကူညီစေချင်ပါသည်။ Online တွင် တစ်ဦးနှင့်တစ်ဦး မမြင်ဖူးသောကြောင့် အပြန်အလှန် ထေ့လုံး ငေါ့လုံးများဖြင့် မဆက်ဆံကြပဲ ပွင့်လင်းရိုးသားစွာ ဆိုးတိုင်ပင် ကောင်းတိုင်ပင် ရဲဘော် ရဲဘက်များ ဖြစ်စေချင်ပါသည်။ အားနည်းချက်အား ထောက်ပြ အပြစ်ရှာနေခြင်းဖြင့် မည်သူမျှ အကျိုးမရှိနိုင်သကဲ့သို့ MSC ၏ ပျက်စီးရာ ပျက်စီးကြောင်းလမ်းကိုပင် တွန်းပို့သည်နှင့်တူနေပါသည်။ MSC ၏ လမ်းခရီးအား အဖွဲ့သားတိုင်းသည် SP နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ အခြားအဖွဲ့သားတစ်ယောက်၏ အားနည်းချက်အား ကူညီ ထောက်ပြ ပြုပြင်ပေးခြင်းလည်းကောင်း၊ ဖေးမကူညီ လက်တွဲခေါ်ဆောင် ခြင်းဖြင့်လည်းကောင်း ကူညီနိုင်မည်ဖြစ်ပါသည်။ ကူညီကြလိမ့်မည်ဟုလည်း ယူဆမိပါသည်။ ထိုဆန္ဒသည်လည်း Leader ၏ ဖြစ်စေချင်သော ဆန္ဒနှင့် ကိုက်ညီကာ ထပ်တူကျမည်ထင်ပါသည်။ အသင်းအဖွဲ့တစ်ခု ရေရှည်တည်တံ့ခိုင်မြဲစေရန်မှာ အဖွဲ့သားတိုင်းတွင် တာဝန်ရှိပါသည်။ SP နည်းခြင်း၊ များခြင်း၊ Leader ဖြစ်ခြင်း၊ မဖြစ်ခြင်း၊ Admin ဖြစ်ခြင်း၊ မဖြစ်ခြင်းနှင့် မသက်ဆိုင်ပါ။ အဖွဲ့အား တန်ဖိုးထားကာ ချစ်ခင်မြတ်နိုးတွယ်တာခြင်းနှင့် တိုက်ရိုက်သက်ဆိုင်နေပါသည်။ ထပ်မံရေးသားလိုသည်မှာ နောက်တက်လာမည့် မျိုးဆက်သစ်များအား ပြောင်းခင်းတစ်ခင်း သို့တည်းမဟုတ် အလွန်များပြားလှသော SP ရှိသည့် Steemit Account တစ်ခုအား ၀မ်းမြောက် ၀မ်းသာဖြင့် လွှဲပြောင်းပေးနိုင်သူများဖြစ်စေချင်ပါသည်။ အထက်ပါရေးသားချက်များသည် ကျွန်တော်တစ်ဦးတည်း၏ သဘောထား ဆန္ဒ ဖြစ်သော်လည်း MSC အား တန်ဖိုးထားကာ ချစ်ခင် မြတ်နိုး တွယ်တာ သောသူများသည်လည်း ကျွန်တော်နှင့် သဘောဆန္ဒ တူညီနိုင်မည်ထင်ပါသည်။ သဘောဆန္ဒမတူညီခဲ့ပါက လည်း အပြစ်မမြင်ပဲ သဘောထားကြီးကြီးဖြင့် ခွင့်လွှတ် ကြပါရန် ရေးသားရင်း ရပ်နားလိုက်ပါသည်။


Success in Steemit

အောင်မြင်ကြပါစေဗျာ.....

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png


ရးသားသူ(Author) ___

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community .jpg

10-Aug-2018 သောကြာနေ့(Friday)

Sort:  

ပြောင်းဖူးပြုတ်ပဲ စားချင်တိုင်း တန်းစားလို့ မဖြစ်သည်မှာ
ပြောင်းဖူးဝယ်ထားနိုင်ရင် ပြဿနာ မရှိသော်လည်း
မဝယ်ထားနိုင်ပါက ပြောင်းခင်းစိုက်ရပေလိမ့်မည်။ သို့မှသာ
ရေရှည် ပြောင်းဖူးပြုတ် စားနိုင်မည် တကား....

အရှည်ကိုကြည့်စား ကိုဟိန်း ☺☺☺

Nice read. I leave an upvote for this article thumbsup

This post has received a 4.76 % upvote from @boomerang.

👍👍👍👍👍

ပြန်လာစေချင်ပါတယ်

ဒါပေါ့ဗျာ ဒါပေါ့ ပြောင်းပင်လေးတွေ အောင်မြင်ပြီး ပြောင်းခင်းများစွာ လက်ဆင့်ကမ်းနိုင်ခြင်းကို မျှော်လင့်လျှက်ပါ ။

အောင်မြင်အောင်လက်ဆင့်ကမ်းနိုင်အောင် လူတိုင်းကကြိုးစားကြမှရမှာပါ

steemitနှင့်တကွအဖွဲ့သားများအားလုံးအားလေးစားပါသည်

လေးစားပါတယ် ချစ်မြတ်နိုးပါတယ် တန်ဖိုးလည်းထားပါတယ်

လက်ရှိတွင် SP အများဆုံးသူများမှာ ADMIN များသာဖြစ်ကြသည်။ သို့သော် ADMIN များနှင့်တန်းတူ၊ ပို၍စောသောသူများလည်းရှိကြရာ ထိုသူများမှာ ဘာကြောင့် SP မတက်လာကြပါသနည်း။ မိမိတွင် SP ရှိမှသာ ကန်သူများကိုလက်တွဲခေါ်နိုင်မည်။ SP ကိုဘာံကြောင့်ဒေါင်းချင်ကြသနည်း။ မိမိတွင်အခက်အခဲရှိသလိုအခြားသူများတွင်ကော အခက်အခဲမရှိပေဘူးလား။ အများနှင့်နည်းတူ ADMIN များတွင်ကော အခက်အခဲမရှိပေဘူးလား။ ဤသို့ဆိုလျှင် ADMIN များနှင့် အတူတူ ဝင်ရောက်လာသူများဘာကြောင့် SP နည်းနေရသလဲအဖြေရှာဖို့တော့ လိုအပ်နေပါပြီ။

အဖြေကရှိပါတယ်ဆရာတင်ရယ် အပြစ်တော့မဟုတ်ပါ

Congratulations! This post has been upvoted from the communal account, @minnowsupport, by ansoe from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.034
BTC 63750.99
ETH 3130.22
USDT 1.00
SBD 3.95