ပုံပြင်က ပေးတဲ့အသိ

in #myanmar5 years ago

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


Knowledge copy.png


လူအများစုက ပုံပြင် တို့ ယုံတမ်းစကား တို့ဆိုရင် အသုံးမ၀င် အသုံးမတည့် အပျင်းပြေပြောကြတယ်လို့ မှတ်ယူတတ်ကြတယ်။ ခုခေတ်ကာလ ကလေးတွေဆိုရင် ယုံကြည်မှု ပိုနည်းလာတာကို မြင်ရပါတယ်။ အမှန်တော့ ပုံပြင်၊ ယုံတမ်းစကားဆိုတာတွေက လူငယ်တွေကို သိစေလိုတဲ့ အကြောင်းအရာတွေ၊ ရယူစရာ သင်ခန်းစာတွေကို သင်ကြားပြသပေးတဲ့ အရာတွေဖြစ်ပြီး အပျင်းပြေအဆင့်ထက်ပိုတယ်ဆိုတာကို သိစေလိုပါတယ်။ အရင်က ပုံပြင်ထဲကနေ ပေးတတ်တဲ့ သင်ခန်းစာလေးတွေကို အတော်များများရေးခဲ့ဘူးပေမယ့် ပုံပြင် ဆိုတာကို လူတိုင်းကသိပြီးသားတွေများလွန်းလို့ မရေးတာ အတော်ကို ကြာခဲ့ပါပြီ။ ခုရေးတာကလည်း သိစေလို၊ နားလည်စေလိုတဲ့ အရာတွေအတော်များလို့ ရေးလိုက်ခြင်းဖြစ်ပါတယ်။ မြန်မာပုံပြင်လည်း မဟုတ်ပါ။ တရုတ်ပုံပြင်လို့ဆိုရပါမယ်။ ပုံပြင်တွေ ယုံတမ်းစကားတွေဆိုတာကနေ ယူတတ်ခဲ့မယ်ဆိုရင် အသိပညာအတော်များများကို ရရှိနိုင်ပါတယ်။ ဒါ့ကြောင့် အောက်ကပုံပြင်လေးကို ဖတ်ကြည့်စေချင်ပါတယ်။(၀န်ခံချက် - ပုံပြင်ကို မျှဝေလိုသောကြောင့် ဆရာမင်းသိင်္ခ ၏ ဖတ်ထားသမျှ ၀တ္ထုများထဲမှ မှတ်မိသလောက်အား ရေးတင်ခြင်းဖြစ်ပါသည်။)

ဟိုး ရှေး ရှေး တုံးက _________

တရုတ်ပြည်ကြီးမှာ တိုက်ဟန်း နဲ့ ၀မ်ဝု အမည်ရှိတဲ့ တောင်ကြီး နှစ်လုံး ရှိပါသတဲ့။ အဲဒီတောင်ကြီး နှစ်လုံးရဲ့ အကျယ်အ၀န်းက တရုတ်လို လီ လို့ နဲ့ဆိုရင် စတုရန်းလီပေါင်း ၇၀၀ ကျော် ကျယ်ဝန်းပါသတဲ့။ အလွန်အင်မတန်ကျယ်ဝန်းပြီး အလွန်အင်မတန်မြင်မားလှတဲ့ တောင်ကြီးတွေဖြစ်ပါသတဲ့။ လီ ဆိုတာကို မြန်မာလို မိုင် ဆိုတာနဲ့ တွက်ကြည့်နိုင်ပါတယ်။ မိုင် လို့ပဲ သဘောထားလိုက်ကြတာပေါ့။ အဲဒီ တိုက်ဟန်း နဲ့ ၀မ်ဝု တောင်ကြီး နှစ်လုံး ရဲ့ မြောက်ဘက် ရွာလေးတစ်ရွာ ဖြစ်တဲ့ ချင်ချောင်း ဆိုတဲ့ရွာမှာ အသက် (၉၀)နီးပါးအဖိုးကြီး တစ်ယောက် နေထိုင်တယ်။ အဲဒီအဖိုးကြီးက ဟိုနန် ဆိုတဲ့မြို့ကို ဈေးဝယ်သွားတိုင်း အဲဒီကျယ်ဝန်းလှတဲ့ တောင်ကြီး နှစ်တောင်ကို ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း ကျော်တက်ပြီးမှ သွားနေရသတဲ့။ ဒီတော့ အဖိုးကြီးဟာ အဲဒီလိုခက်ခဲပင်ပန်းလွန်းတဲ့အတွက် တောင်ကြီးနှစ်လုံးကို ဖြိုချချင်စိတ် ဖြစ်လာခဲ့တယ်။ တစ်နေ့တော့ အဖိုးကြီးက သူ့ရဲ့ မိန်းမ ကို တိုင်ပင်ပါသတဲ့။ ဘယ်လိုများတိုင်ပင်သလဲဆိုရင်


Knowledge copy 1.png


“ရှင်မရေ ဒီတောင်ကြီး နှစ်လုံးကတော့ ငါ့ကို တော်တော် ဒုက္ခပေးတယ် ဖြိုပစ်လိုက်ပြီး မြေပြန့်ဖြစ်အောင် လုပ်လိုက်ရင် ကောင်းမယ်“ တဲ့။

ဒီတော့ သူ့မိန်းမ အဖွားကြီးက ဘယ်လိုများ ပြန်ပြောတယ် ထင်သလဲ။

“ရှင်က တောင်ကြီး နှစ်လုံးကို ဖြိုပစ်တာကတော့ ဟုတ်ပါပြီ… အဲဒီကထွက်လာတဲ့ မြေစာတွေကို ဘယ်မှာ သွားပြီး ပစ်မှာတုံး”

လို့ပြောမေးလိုက်သတဲ့။ အံ့တွေကို သြရောပေါ့ဗျာ။ မဖြစ်နိုင်ဘူးဆိုတဲ့စကားမပြောပဲ “ထွက်လာတဲ့ မြေစာ ဘယ်မှာ သွားပစ်မတုံး” တဲ့။

ဒီတော့ အဖိုးကြီးက

“မပူပါနဲ့ ရှင်မရယ်... မြေစာတွေကို ပိုဟိုင်း ပင်လယ်ထဲကို သွားပစ်မှာပေါ့” တဲ့။

“ပိုဟိုင်းပင်လယ်” က “မန်ချူးရီးယား” ရဲ့ တောင်ဘက် “ဆိုက်ဗေးရီးယား” ရဲ့မြောက်ဘက် မှာရှိပြီးတော့ အဲဒီ အဖိုးကြီး အဖွားကြီး နေထိုင်တဲ့ “ချင်ချောင်းရွာ” နဲ့ဆို အလွန်အင်မတန်ဝေးတယ်လို့ဆိုပါတယ်။ ဒီလိုနဲ့ နောက်တစ်နေ့ကစလို့ အဖိုးကြီးရယ် အဖွားကြီးရယ် သူတို့ရဲ့ သား သုံးယောက်ရယ် မြေးကလေးတစ်ယောက် ရယ် စုစုပေါင်း ခြောက်ယောက်လို့ ဆိုနိုင်ပေမယ့် မြေးကလေးက ကလေးအရွယ်ပဲရှိသေးတော့ ငါးယောက်က စပြီး တောင်ကြီးနှစ်လုံးကို ဖြိုကြတယ်လို့ ပြောရမှာပဲ။ ပေါက်တူး ပေါက်တဲ့သူ က ပေါက် ဂေါ်ပြားကော်တဲ့သူ ကော်၊ မြေစာပစ်တဲ့သူ မြေစာတွေကို ပစ် နဲ့ အသီးသီးလုပ်ပြီး တောင်ဖြိုတဲ့လုပ်ငန်းစနေကြတယ်။ အဲဒီအချိန်မှာ အိမ်နီးနားချင်းဖြစ်တဲ့ မုဆိုးမတစ်ယောက်ရဲ့ ကလေးလေးကလည်း ထွက်လာတဲ့မြေစာလေးတွေကို သူ့ရဲ့လက်လေးနဲ့ ရသမျှကြုံးပီး ၀င်ပစ်ပေးပါသတဲ့။ အဲဒီလို တောင်ကြီးတွေကို ဖြိုနေတုံးမှာ ရွာထဲက ပညာရှိ ဟုတ်ချူး ဆိုတဲ့ လူရောက်လာပြီး အကျိုးအကြောင်း မေးပါသတဲ့။ ဟုတ်ချူး က အဖိုးကြီးတို့တစ်တွေက တိုက်ဟန်း နဲ့ ၀မ်ဝု တောင်ကြီးနှစ်လုံးကို ဖြိုနေမှန်းလည်း သိကရော အကူအညီ မပေးတဲ့အပြင် ဟက်ဟက် ပက်ပက် ဟားတိုက် လှောင်ပြောင်ရယ်မောပြီးတော့


Knowledge copy 2.png


“တော်တော် မိုက်တဲ့ အဖိုးကြီး ခင်ဗျားတို့ ဒီ တောင်ကြီးတွေကို ဘယ်လိုဖြိုကြမှာတုံး ခင်ဗျားတို့ ဖြိုလို့ကော ဒီတောင်ကြီးတွေက ပြိုမတဲ့လား”

လို့ပြောပြီး အူတက်မတတ် ရယ်မော လှောင်ပြောပါသတဲ့။ ဒါဟာ ပညာရှိတစ်ယောက်ရဲ့ အပြုအမူ မဟုတ်ပါဘူး။

ဒီတော့ အဖိုးကြီးက

“အသင် ဟုတ်ချူး အသင်ဟာ ပညာရှိအစစ်မဟုတ်ဘူး… ပညာရှိ အမည်ခံသာ ဖြစ်တယ်… ဒီတောင်ကြီးတွေကို ဖြိုတဲ့အခါမှာ ငါ့တစ်သက်မပြီးဘူးဆိုတာသိတယ်... အခုပဲငါ့ အသက် ၉၀ ရှိနေပြီ… ဒီတော့ ငါသေသွားရင်တောင် ဟောဒီတောင်ကြီးတွေဟာ အရာယွင်းမှာ မဟုတ်သေးဘူး... ဒါပေမယ့် အသင့်အနေနဲ့ တစ်ခုလောက် စဉ်းစားကြည့်စမ်းပါ... ငါသေသွားရင် ငါ့သားတွေ ရှိတယ်မဟုတ်လား... သူတို့က ဆက်ပြီး ဖြိုကြလိမ့်မယ်... သူတို့သေသွားတဲ့အခါ သူတို့ရဲ့ သားသမီးတွေက ဆက်ပြီး ဖြိုကြလိမ့်မယ်... အေး.... သူတို့ သေသွားရင်လည်း နောက်ထပ် နောက်ထပ် သားတွေ သမီးတွေ သားတွေ မဆုံးတမ်း ပေါ်ပေါက်လာမယ့် မျိုးဆက်သစ် သားတွေ သမီးတွေက ဆက်ပြီး ဖြိုကြမှာပေါ့... တောင်ကြီးတွေက သားတွေ သမီးတွေမွေးလာမှာ မှ မဟုတ်ပဲ... တောင်ကြီးတွေက မျိုးဆက်သစ်တွေ ပေါက်ဖွားလာမှာမှ မဟုတ်ပဲ… ဒီတော့ နောက်ဆုံးမှာ ငါတို့ပဲ နိုင်ရမယ်... တောင်ကြီးတွေက အရှုံးပေးရမှာပဲ ဖြစ်တယ်... ဘာဖြစ်လို့လဲဆိုတော့ ငါတို့က အဆက်မပြတ် ဖြစ်ပေါ်နေတယ်... တောင်ကြီးတွေက ဖြစ်ပေါ်မှု မရှိဘူး... ပုံသေ ရပ်နေတယ် မဟုတ်လား အသင် ဟုတ်ချူး”

လို့ ပြောလိုက်တဲ့အခါမှာတော့ ပညာရှိအမည်ခံ ဟုတ်ချူး လည်း တစ်ချိုးတည်း လစ်ပြေးတော့တယ်တဲ့။ အဖိုးကြီးရဲ့ ကြောက်ခမန်းလိလိ ဇွဲ လုံ့လ ၀ီရိယ ကို ကောင်းကင်က မိုးနတ်မင်းကြီး ကသိသွားတော့ အလွန်အစွမ်းထက်လှတဲ့ သူ့ရဲ့ သားနှစ်ယောက်ကို ခေါ်ပြီး တိုက်ဟန်း နဲ့ ၀မ်ဝု တောင်ကြီး နှစ်လုံးကို အဖိုးကြီး ရွှေ့ချင်တဲ့နေရာကိုချက်ချင်း ရွှေ့ပေးရမယ်လို့ အမိန့်ပေးလိုက်ပါသတဲ့... အဲဒီနေ့ကစပြီးတော့ တိုက်ဟန်း တောင်ကြီးက စူဘန်နယ်ဘက် ရောက်သွားတယ်... ၀မ်ဝု တောင်ကြီးကတော့ ယူနန် နယ်ဘက်ကို ရောက်သွားတယ်... အဖိုးကြီး နေတဲ့ ချီချောင်နယ်နယ်ကနေ ဟိုနန်မြို့ ဟန်မြစ်ကမ်းအထိ လွင်ပြင်ကြီး ဖြစ်သွားပါသတဲ့...


Knowledge copy 3.png


အထက်ပါပုံပြင်တွင် သင်ခန်းစာမြောက်မြားစွာပါရှိတယ်လို့ ခံစားမိပါတယ်။ တကယ်လည်း ပါမှာပါပဲ။ ပုံပြင် ဒါမှမဟုတ် ယုံတမ်းစကား တွေဆိုတာက အလကားသက်သက် အချိန်ကုန်ခံ ပြောခဲ့ကြတာ မဟုတ်ဘူးဆိုတာကို ငယ်စဉ် သိတတ်တဲ့အရွယ်ကစပြီး ယုံကြည်ခဲ့ပါတယ်။ ဒီပုံပြင်ကလည်း အမှန်မဟုတ်ပေမယ့် သင်ခန်းစာကောင်းတွေကို ပေးနိုင်တဲ့ ပုံပြင်တစ်ခုပါပဲ။ လူလောက လူ့ဘ၀ဆိုတာကြီးမှာ ဒုက္ခ နဲ့ သောက ဆိုတဲ့ တောင်ကြီးတွေကို ဘယ်လိုနည်းနဲ့ ဖြိုပစ်ရမယ်ဆိုတာကို ပြောပြနေပါတယ်။ ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာ ထားရှိရမယ်ဆိုတာကိုလည်း ပြောပြနေတယ်။ ကိုယ့်ဆုံးဖြတ်ချက်ကို ယိမ်းယိုင်အောင်လုပ်မယ့် ပညာရှိအယောင်ဆောင် ဟုတ်ချူး လို လူမျိုးတွေကလည်း ကိုယ့်အလုပ်ကို ကိုယ့်ရည်မှန်းချက်ပန်းတိုင်ကို လွဲချော်စေအောင်၊ စိတ်ပျက်စေအောင် ပြောဆိုကြပါလိမ့်မယ်။ သတိပြု ဆင်ခြင် ကြရပါမယ်။ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ဇွဲ လုံ့လ ၀ီရိယ ကြီးသူတွေကို ကူညီ မှိုင်းမကြမယ့် သူတွေလည်း ရှိနေတယ်ဆိုတာကို မီးမောင်းထိုးပြထားတယ်လို့လည်းထင်ပါတယ်။ နောက်တစ်ခု သတိပြုမိတာက မျိုးဆက်တွေအများကြီး အနစ်နာခံပြီး နောင်မျိုးဆက်သစ်တွေအတွက် ကောင်းကျိုးတွေကို ထားခဲ့မယ်ဆိုတဲံ စိတ်ဓာတ်ကိုလည်း မြင်ရပါတယ်။ ဒီလို စိတ်ဓာတ်မျိုးတွေကြောင့် တိုးတက်လာကြတယ်လို့လည်း ထင်မိပါတယ်။ မိသားစုတိုင်း ရပ်ကွက်တိုင်း ကျေးရွာတိုင်း မြို့တိုင်း တိုင်းဒေသကြီးတိုင်း နိုင်ငံတိုင်းမှာ အနစ်နာခံမယ့်သူတွေလိုအပ်ပါတယ်။ အနည်းဆုံး မျိုးဆက်တစ်ဆက်လောက်မှ အနစ်နာမခံနိုင်ရင် ထူးမခြားနား နဲ့ပဲ နှစ်ပါးသွားနေရမှာပါပဲ။ ဘ၀မှာ အမြဲလိုလို ကြုံတွေ့နေရတတ်တဲ့ ဒုက္ခ ဆိုတဲ့ တောင်ကြီး နဲ့ သောက ဆိုတဲံ တောင်ကြီး နှစ်လုံး ကို ဇွဲ လုံ့လ ၀ီရိယ တို့ကို အားပြု သတိဥာဏ်ပညာ နဲ့ ထိန်းကွပ်ပြီး ကျော်လွှားကြရမယ်လို့လည်း ဖော်ပြထားတယ်လို့ ယူဆမိပါတယ်။ ဒီလို ဒုက္ခ နဲ့ သောက ကို ကျော်လွှားဖို့ ကြိုးစားတဲ့အခါမှာ ဘေးပတ်ဝန်းကျင်က လူတွေအနေနဲ့ကတော့ မုဆိုးမ သားကလေးအဆင့်လောက်နဲ့ပဲ ၀ိုင်းဝန်းကူညီနိုင်ကြပါလိမ့်မယ်။ အဲဒီအထဲက မိုးနတ်မင်းကြီး လို့ တင်စားထားတာကတော့ ကိုယ်ကိုယ်တိုင်ပဲဖြစ်ပါလိမ့်မယ်။ မိုးနတ်မင်းကြီးကို အခြားမှာ ရှိတယ်ထင်ပြီး မျှော်ကိုးနေရမှာမဟုတ်ပဲ ကိုယ့်ရဲု့ယုံကြည်ချက်ကိုလေးစား ကိုယ့်နှလုံးသားရဲ့အသံကို နားထောင်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့် နဲ့ ဇွဲ လုံ့လ ၀ီရိယ တို့ကို အဖော်ပြုကာ အောင်မြင်တဲ့ ဘ၀ခရီးလမ်းကို လျှောက်လှမ်းနိုင်ကြပါစေလို့ ဆုမွန်တောင်းရင်း ရပ်နားလိုက်ပါတယ်။


ရေးသားသူ (Author)_______

stemit ansoe myanmar no word logo 2.png

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

9-6-2019 စနေနေ့(Sunday)

Sort:  

တယ်လည်း အနစ်သာရပြည့်ဝတဲ့ ပုံပြင်လေးပါလား

Posted using Partiko Android

ပုံပြင်ဆိုတာ ပြီးသွားတဲ့အရာတစ်ခုမဟုတ်ပဲနဲ့ ကိုယ့်အတွက် ဆိုတာ လူငယ်တွေ နားလည်စေချင်တာပါ ကိုဟိန်းရေ

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

ရေးနိုင်အားကောင်းတဲ့ ကိုစိုး ကောင်းတယ်ဗျာ ရေးသားချက်က

အားလို့ကတော့ ဟိုတို့ ဒီတို့ လုပ်ရင်းနဲ့ စာတွေဖြစ်သွားတတ်ပြီး တစ်ခါတစ်ခါတော့လည်း ဘာမှစဉ်းစားမရဖြစ်နေသေးတာ ကိုထွေးကြီးရေ အခုလို အားပေးလို့ ကျေးဇူးအထူးတင်ပါတယ်ဗျာ

ပုံပြင်လေးက ကောင်းသလို သုံးသပ်ချက်လေးတွေလည်း ကောင်းတယ်ဗျာ။

Posted using Partiko Android

ကျေးဇူးပါ

ဖားကန့်က တောင်တေ ၊ လက်ပတောင်း တောင်တွေ ရွှေ့ပေးပါ။

မိုးနတ်မင်းကြီးဆီ email ပို့ထားလိုက်ပါမယ် 😜

အရမ်းကောင်းတဲ့ပုံပြင်ပဲ
ဇွဲ... 💪💪💪

မှတ်ထားနော် ရွှေခြူး တဲ့

Coin Marketplace

STEEM 0.36
TRX 0.12
JST 0.039
BTC 70112.96
ETH 3549.99
USDT 1.00
SBD 4.71