ဘဝမှာ လိုအပ်​​နေတာ ဘာဖြစ်​မလဲ ?

in #myanmar6 years ago (edited)

image

ဘဝမှာ လိုအပ်​​နေတာ ဘာဖြစ်​မလဲ ?

ရှုပ်​​နေ​သောအာရုံ​တွေ​ပေါ်မှာ ရုပ်​ကအ​ဆင်​မ​ပြေ
ဘူးဖြစ်​​နေတဲ့အခါ ဓမ္မ​ပေါ်တင်​ပျဉ်​​ခွေထိုင်​ပြီး
တရားမှတ်​​နေကြည့်​လိုက်​ပါ ရုပ်​ခန္ဓာက. ထိုင်​​နေ​ပေမဲ့
နမ်ဟူ​သောအာရုံ​တွေက ဖမ်းလို့မရ​အောင်​​ပြေးကစား​နေလိမ့်​မယ်
ကိုယ့်​အသိဥာဏ်​မှာ ဝင်​​လေ ထွက်​​လေကို မှတ်​ခိုင်းထားပြီး
ရုပ်​ကတည်​ငြိမ်​​နေ​ပေမဲ့ နမ်​က​တော့
နာရီတိုင်း ​၊​တောင်​​ပြေး ၊​မြောက်​​ပြေးနဲ့ အချိန်​တိုင်း
လိုလို လွှင့်​ပြန့်​နေတယ်​ အသံတစ်​ခု သို့မဟုတ်
အာရုံမှာထင်​မြင်​လာ​သော..ရုပ်​ဝတ္ထုမျိုးမျိုးတို့ကို
စိတ်​အသိမှာ စွဲကပ်​​နေတတ်​တယ်​ ဝင်​​လေ ထွက်
၊​လေရှုရှိုက်​လိုက်​တိုင်း အ​ဝေးဆီမှ လွှင့်​ပျံ့လာ​သော
ရနံ့​ပေါင်းစုံတို့ ရှုရှိုက်​မိလိုက်​​သောအခါ
စုစည်းထား​သော အာရုံ​တွေကို ၊​ထွေပြား​စေတယ်
ဒီကြာထဲ နာကျင်​လာတဲ့ ခံစားမှု့မျိုးကို
ခံစား​နေရ​သောအခါ တင်​ပျဉ်​​ခွေထိုင်​ထားတဲ့
အသိစိတ်​ကို ၊​မေ့​ပျောက်​ပြီး သက်​သာ​စေ​အောင်
ပြုလုပ်​ချင်​​သော စိတ်​​တွေဝင်​​ရောက်​လာရခြင်းကလဲ
စိတ်​ကို ပျက်​ပြား​စေတတ်​​သော အာရုံ​​တွေ​ပေါ့
ဝိပဿနာ ပွားများ​နေ​သောစိတ်​ရဲ့ အလိုကို
မလိုက်​နိုင်​​သောအခါဝယ်​ စိတ်​ဝယ်​ဘဝင်​မကျ
၊​ဒေါသစိတ်​​လေး​တွေ ဝင်​​ရောက်​မိပြန်​ရင်
ပယ်​​ဖျောက်​​နေတဲ့ ကိ​လေသာအပုံပုံတို့ရဲ့ 
၊​စေညွန်းရာကို လုပ်​​ဆောင်​ရပြန်​တယ်
ကိ​လေသာ နှင့်​ တရားထူး ကို ကိုယ်​တိုင်​ကျင့်​သုံး
၊​နေရ​သောလဲ တရားထူးမှာ သာယာဖို့ဆိုတာ
အင်​မတန်​ခက်​ခဲလွန်းလှပါသည်​ဟု ယူဆကြမယ်
သို့​သော အပူမီးမှန်းသိပါလျှက်​နဲ့ တိုးဝင်​​နေ​သော
တဏှာရာဂမီးဆီမှာ ၊​ပျော်​ပိုက်​​နေခြင်းက
တရားထူးရဖို့ထက်​ ပို၍ ခက်​ခဲလွန်းလှ​ပေ၏
ကိ​လေသာ အ​တွေးအ​ခေါ် စိတ်​​တွေကို ထိန်းချုပ်
မထားသည်​ အတွက်​​ကြောင့်​ ၊​ပျော်​​မွေး​​နေခြင်း
ဖြစ်​​ပေလိမ့်​မည်​ တရားထူးကို ရရှိဖို့အတွက်
ချုပ်​ထိန်းထားရတဲ့ တဏှာ ရာဂ ၊​တွေကို
ဖန်​ခါထပ်​တစ်​လဲလဲ ၊​အောက်​​မေ့တတ်​​သော​ကြောင့်​သာ
ခက်​ခဲ​လေသည်​ဟု ထင်​မြင်​ကုန်​၏
တစ်​ခါ​တစ်​​လေမှ ထိန်​မရတဲ့ ၊​ပေါက်​ကရအာရုံ​တွေ
ဝင်​​ရောက်​လာတဲ့အခါ ယုတ်​ညမ်းတဲ့အာရုံ​တွေက
အံမခမ်း​လိလိ ၊​ကြောက်​မက်​ဖွက်​ရာ စိတ်​ရိုင်း​တွေ
ဝင်​လာခဲ့ရင်​ စိတ်​ညစ်​စရာ အ​တွေးများစွာက
ကိုယ်​ရှုမှတ်​​နေတဲ့ ဝိပဿနာတရား​တွေကို
အလွန်​ပင်​မွန်​မြတ်​​နေ​​သောတရားပါလား
နိဗ္ဗာန်​ခရီးကို သွား​နေတဲ့တရားဟု ကိုယ်​ကသိထား
၊​နေ​သောလဲ ကိုယ့်​ရဲ့စိတ်​ကို တစ်​နာရီကြာ​အောင်
ထိန်းချုပ်​ထားလို့မရတဲ့ အာရုံ​တွေကို လွတ်​​ပေး
လိုက်​ရ​တော့တယ်​ ကိုယ်​သိတဲ့ တရားကို
စိတ်​မှာ ခိုင်​ခိုင်​မာမာတည်​​ဆောက်​ပြီး
သတိလက်​လွှတ်​မ​နေမိ​အောင်​လို့ အတတ်​နိုင်​ဆုံးကျိုးစား
ထားရမယ်​ စားသတိ ၊​နေသတိနဲ့ ၊​လောကမှာ
ဖြစ်​ပျက်​​နေတဲ့ ဒုက္ခဆင်းရဲခြင်း​​တို့ကို ဖြစ်​ပြီးရင်
ပျက်​တယ်​ ဆိုတဲ့ ဖြစ်​ ပျက်​ ဆိုတဲ့ သင်္ခါရ​တွေကို
အနိစ္စ မမြဲ​သောတရား​တွေနဲ့ အဆိုးမရတဲ့ အနတ္တ
ီုဆိုတဲ့သ​ဘောတရား​တွေကို ကျင့်​ကြံနိုင်​​အောင်
၊​လောဘ ၊​ဒေါသ ၊​မောဟ ဆိုတဲ့ အမိုက်​​မှောင်
၊​လောကနယ်​တွင်းက​နေ လွတ်​​မြောက်​ ကျိုးစား
ခွင့်​ရှိ​နေတဲ့ မနုဿလို မိန့်​ဆိုထားတဲ့ ခဏတာ
လူ့ဘဝအချိန်​​လေးကို အချိန်​မှီ​လေး​ဖြစ်​တဲ့
လူ့ဘဝခဏတာမှာ ကျိုးကျိုးစားစားနဲ့ ဝိပဿနာဆိုတဲ့ တရားထူးကို
ကျင့်​ကြံ အားထုတ်​ပြီး နိဗ္ဗာန်​ခရီးကို တတ်​လှမ်းနိုင်​ကြပါ​စေခင်​ဗျာ....
@arkar1
photo.google

Coin Marketplace

STEEM 0.27
TRX 0.13
JST 0.032
BTC 61763.08
ETH 2899.43
USDT 1.00
SBD 3.49