Beautiful Paper Box

in #myanmar4 years ago

ဒီတစ်ခုကတော့အလှအပပစ္စည်းလေးတွေနဲ့ပေါ့ပေါ့ပါးပါးအတိုအထွာလေးတွေထည့်လို့ရအောင်အဆင့်သုံးဆင့်ပါတဲ့boxပုံစံတစ်ခုပြုလုပ်ထားပါတယ်။နှင်းဆီပွင့်များအရွက်လေးတွေနဲ့အလှဆင်ထားပါတယ်။

ပထမအဆင့်မှာတော့အရွယ်မတူတဲ့boxသုံးခုပြုလုပ်ပါတယ်။ကိုယ်ပြုလုပ်ချင်တဲ့အတိုင်းအတာကိုကတ်ထူနှင့်လိမ္မော်ရောင်စာရွက်တစ်ဘက်စီကပ်ထားတဲ့စာရွက်ပေါ်စက်ဝိုင်းပုံဆွဲလိုက်ပါတယ်။boxရဲ့ဘေးဘက်တွေမှာ၂လက်မအကွာအဝေးဖြင့်အခြားစက်ဝိုင်းတစ်ခုထပ်ဆွဲပါတယ်။အပြင်ဘက်စက်ဝိုင်းမှာအပိုင်းငယ်များဆွဲ၍ဖြတ်လိုက်တယ်။အလယ်စက်ဝိုင်းမှာထားရန်အခြားကတ်ထူတစ်ခုကိုတိုင်း၍ဖြတ်ပြီးအဖြူရောင်စာရွက်ကော်ကပ်ပါတယ်။ထိုကတ်ထူကိုအလယ်နေရာမှာထားပြီး၊ဘေးဘက်မှစက္ကူအပိုင်းများကိုခေါက်တင်၍တစ်ခုနဲ့တစ်ခုကိုကလစ်ဖြင့်ညှပ်ပြီးဆက်လိုက်ပါတယ်။ထိုနည်းအတိုင်းboxသုံးခုပြုလုပ်ပါတယ်။

ဒီအဆင့်မှာကတ်ထူကိုလိပ်၍ခေါက်ပြီးအပြင်မှလိမ္မော်ရောင်စာရွက်ကော်ကပ်ထားတဲ့စက္ကူအလိပ်နှစ်ခုပြုလုပ်ပါတယ်။boxသုံးခုကိုထိုစက္ကူအလိပ်နှစ်ခုဖြင့်ပုံအတိုင်းကော်ကပ်ဆက်လိုက်ပါတယ်။ဆက်လက်ပြီးအစိမ်းရောင်စာရွက်ပေါ်အရွက်အခက်ပုံစံဆွဲ၍ဖြတ်ပြီး၊boxတွေပေါ်ကော်ကပ်ပါတယ်။ပြီးနောက်ပန်းပွင့်များပြုလုပ်ပါတယ်။စာရွက်ပေါ်ပုံစံအရင်ဆွဲပြီး၊ဆွဲထားတဲ့အတိုင်းဖြတ်ကာအနားတစ်ဘက်မှအတွင်းသို့ခေါက်၍အဆုံးမှာကော်ကပ်ပါတယ်။အပြာနဲ့အဝါရောင်နှင်းဆီပွင့်များပြုလုပ်ပြီးကော်ကပ်အလှဆင်ပါတယ်။

Written by @asterkame
MSC-008
By my photos & made by me

Sort:  

လုပ်နိုင် လှနိုင်ပါပေ့

ကျေးဇူးပါ
ဆက်ကြိုးစားပါ့မယ်...

Posted using Partiko Android

Coin Marketplace

STEEM 0.28
TRX 0.12
JST 0.032
BTC 60860.14
ETH 2960.47
USDT 1.00
SBD 3.61