Beautiful Paper Photo Frame

in #myanmar6 years ago

Paper Photo Frame

img1536735516657.jpg

ဒီတစ်​ခါမှာ​တော့စက္ကူများဖြင့်​ပြုလုပ်​ထားတဲ့ပုံ​လေး​တွေထည့်​လို့ရ​အောင်​photo frameတစ်​ခုပြုလုပ်​လိုက်​ပါတယ်​။လိုအပ်​တဲ့ပစ္စည်း​တွေက​ရောင်​စုံစက္ကူ၊ကတ်​​ကြေး၊​ကော်​ဘူး၊ခဲတံ၊​ပေတံ၊double tape၊ကတ်​ထူစက္ကူတို့လိုအပ်​ပါတယ်​။ပြုလုပ်​ရမည့်​အဆင့်​​တွေကကတ်​ထူကိုပုံ​ဖော်​ဖြတ်​၍အဖြူ​ရောင်​စက္ကူအလိပ်​များကပ်​မယ်​။ပန်းပွင့်​များ​ခေါက်​ပြီးအလှဆင်​မယ်​။ကျောဘက်​မှာ​ကော်​ကပ်​ရန်​ကတ်​ထူတစ်​ခုထပ်​မံ​ခေါက်​ရပါ့မယ်​။

img1536761355522.jpg

ပထမဆုံး​ဘောင်​ပြုလုပ်​ရန်​ကတ်​ထူကိုပုံစံ​ဖော်​၍ဖြတ်​လိုက်​တယ်​။ပြီး​တော့​ဘေးဘက်​အနား​လေးခုမှာပုံထည့်​ဖို့အဆင်​​ပြေ​စေရန်​ကတ်​ထူအထူစားကိုပုံမှာမြင်​ရတဲ့အတိုင်း​ကော်​ကပ်​လိုက်​တယ်​။ဒီအ​ပေါ်တွင်​မှအခြားစက္ကူကို​ကော်​ကပ်​လိုက်​မယ်​။ထို့​နောက်​အဖြူ​ရောင်​စက္ကူအလိပ့်​များပြုလုပ်​ကာညီညာစွာ​ဘေးဘက်​တပတ်​လည်​လုံး​ကော်​ကပ်​လိုက်​ပါတယ်​။ပြီး​တော့​ကျောဘက်​မှာထားရန်​ကတ်​ထူကိုတိုင်းတာ၍ဖြတ်​ကာအခြားစက္ကူဖြင့်​​ကော်​ကပ်​ပြီး၊​ကျောဘက်​မှာ​ကော်​ကပ်​လိုက်​တယ်​။ဒီအဆင့်​ထိပုံများနှင့်​ပြထားပါတယ်​။အနားသတ်​တစ်​​လျောက်​ကို​တော့ပို​သေသပ်​ခိုင်​ခံ့​စေချင်​လို့ဖဲကြိုး​တွေနဲ့အနားကွပ်​လိုက်​ပါတယ်​။

IMG_20180517_113606.jpg

IMG_20180912_203144.jpg

IMG_20180912_203231.jpg

IMG_20180909_151041.jpg

ပြီး​တော့ပန်းပွင့်​များပြုလုပ်​ပါ့မယ်​။ပန်းပွင့့်​ပြုလုပ်​ရန်​ခရမ်းနှင့်​အ၀ါ​ရောင်​စာရွက်​ကိုအပိုင်းငယ်​များဖြတ်​၍​ခေါက်​ပြီး၊​နောက်​တစ်​ဆင့်​မှာအတွင်းသို့​ခွေ၍​ခေါက်​လိုက်​တယ်​။အဆုံးမှာ​ကော်​ကပ်​ပြီးပုံစံ​လေး​တွေ​ဖော်​လိုက်​ပါတယ်​။ဒီလိုစက္ကူ​ခေါက်​သုံးခုစီ​ကော်​ကပ်​ကာ၊အခြားစက္ကူ​ခွေတစ်​ခုနှင့့်​တွဲ၍ပန်းပွင့်​ပုံများပြုလုပ်​လိုက်​တယ်​။စုစု​ပေါင်း​ခြောက်​ပွင့်​ပြုလုပ်​ရမှာပါ။

IMG_20180910_095158.jpg

IMG_20180910_095539.jpg

ပြီး​တော့​ဘောင်​ကို​နေရာချ​ကော်​ကပ်​ရန်​ကတ်​ထူကိုသုံး​ခေါက်​ချိုးပြီး၊ပန်းရောင်​စက္ကူဖြင့်​​ကော်​ကပ်​လိုက်​တယ်​။ထိုစက္ကူ​ပေါ်မှာdouble tapeသုံးပြီး၊​ဘောင်​ကို​ကော်​ကပ်​လိုက်​တယ်​။

IMG_20180911_163216.jpg

IMG_20180910_104255.jpg

img1536735598529.jpg

Written by @asterkame
MSC-008
By my photos & made by me

Sort:  

ဒီဟာလေးက တစ်မျိုး ဆန်းတယ် အရင်ဟာတေနဲ့မတူ တခုခု ထူးနေသလိုပဲ ကဒ်အထူကိုသုံးထားလို့လားပဲနော်

ဟုတ်​ကဲ့...ကတ်​ထူ၊ပြီး​တော့စက္ကူအလိပ်​​တွေပါဆို​တော့အရင်ြုပုလုပ်တာ​​တွေ့နဲ.မတူနည်းနည်းကွာခြားသွားတယ်​....

လှလိုက်တာ

လှတယ်​ဆိုလို့​ကျေးဇူးပါ.. ..

လှတာလုပ်လည်းလုပ်တတ်ပ

ဟုတ်​ကဲ့...​ကျေးဇူးပါ.....

ဒီလိုဆို​တော့လည်း ချစ်​စရာ Frame ​လေးဖြစ်​​နေ​ရောဗျာ 😊

ဟုတ်​ကဲ့...အား​ပေးလို့​ကျေးဇူးပါ.. ..ဆက်​ကြိုးစားပါ့မယ်

ဒီလိုဆို​တော့လည်း ချစ်​စရာ Frame ​လေးဖြစ်​​နေ​ရောဗျာ 😊

ဟုတ်​ကဲ့...​ကျေးဇူးပါ....😊😊ဟိ

ချစ်စရာလေးပါ မမရေ Goodပါတယ်ဗျ လှတယ်

ဟုတ်ကဲ့...​ကျေးဇူး​နော့... ..လှတယ်​ဆိုလို့ဝမ်းသာပါတယ်​...

မြင်ယုံနဲ့ ခိုင်ခိုင်ခံ့ခံ့ လှနေမှာ သေချာပါတယ်😁

ဟုတ်​တယ်​...စက္ကူ အလိပ်​​ရော၊ကတ်​ထူပါဆို​တော့ခိုင်​ခံ့​နေပါတယ်​....😀

အို...ဒါလေးကတစ်မျိုး

ဟုတ်​တယ်​...တမျိုး​လေးပုံ​ဖော်​​ကြည့်​တာ😊...

တော်​ပြီးရင်း​တော်
တကယ်​​တော်
အဟုတ်​​တော်
မညာတမ်း​တော်
တော်​ပြီးရင်း​တော်​....အဟပ်​..

😁😁​​​​တော်​ဆိုတာချည်းဘဲ.....​ပျော်​ပါတယ်

ဒါလေးက တောင့်တောင့်တင်းတင်းလေးဖြစ်မှာ သေချာတယ် ... စက္ကူလိပ်လေးတွေ အများကြီးနဲ့ဆိုတော့လေ... လှလည်းလှတယ် ခိုင်လည်း ခိုင်ခံ့တယ်နော့။

ဟုတ်​တယ်​....ကတ်​ထူ​ရောစက္ကူလိပ်​ပါဆို​တော့ကိုင်​လိုက်​ရင်​လည်းထူထူထဲထဲနှင့်​ခိုင်​ခံ့ပါတယ်​...ပုံစံတမျိုး​လေးလုပ်​ကြည့်​တာပါ...​ကျေးဇူးပါ....

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.034
BTC 63750.99
ETH 3130.22
USDT 1.00
SBD 3.95