How to Make Beautiful Box for Notes

in #myanmar6 years ago

Paper Box for notes

IMG_20180507_143429.jpg

IMG_20180507_143400.jpg

ဒါက​တော့စာရွက်​၊ကဒ်​၊​ဘောလ်​ပင်​၊​ပေတံခဲတံစသဖြင့်​​ပေါ့ပါးသည့်​အတိုအထွာ​လေး​တွေထည့်​ရ​အောင်​ပြုလုပ်​ထားတာပါ။ပြုလုပ်​ရမည့်​အဆင့်​​တွေကကိုယ်​လိုချင်​တဲ့အရွယ်​အစားအလိုက်​ကတ်​ထူစက္ကူကိုဖြတ်​မယ်​။ပြီး​တော့စက္ကူဘူးခွံတစ်​ခုကိုတိုင်းတာပြုလုပ်​မယ်​။ဘယ်​ဘက်​ခြမ်းမှာတပ်​ဆင်​ထားတဲ့အိတ်​ပုံစံ​ခေါက်​မယ်​။အပြင်​နှင့်​အတွင်းဘက်​အလှဆင်​ရန်​အတွက်​ပန်းပွင့်​များပြုလုပ်​မယ်​။ပြီး​တော့quilling paper flowerပြုလုပ်​ရန်​စက္ကူ​ခေါက်​များပြုလုပ်​ပါ့မယ်​။ပထမဆုံးအ​နေနှင့်​ကတ်​ထူတစ်​ရွက်​​ပေါ်မှာအလျား11",အနံ6.5"တိုင်းတာပြီးဖြတ်​ပါ့မယ်​။ပြီး​တော့အလျား​ပေါ်မှာ5",1",5"တိုင်းတာပြီးမျဉ်းဆွဲလိုက်​မယ်​။ဆွဲထားတဲ့မျဉ်းအတိုင်း​ခေါက်​ချိုးလိုက်​တဲ့အခါစာအုပ်​ပုံစံလိုမျိုးရရှိမှာပါ။ရောင်​စုံစာရွက်​ကိုယူပြီးဖုံးအုပ်​​ကော်​ကပ်​မှာပါ။ရှေ့ဘက်​ခြမ်းကိုပုံမှာပြထားတဲ့အတိုင်းအ​ရောင်​နှစ်​မျိုးစပ်​ပြီးအလှဆင်​​ကော်​ကပ်​မယ်​။1"အကွက်​​ပေါ်မှလည်းအ​ရောင်​​လေး​တွေခြားပြီး​ကော်​ကပ်​မှာပါ။

IMG_20180422_113239.jpg

IMG_20180422_113220.jpg

ဆက်​လက်​ပြီးဘူးခွံတစ်​ခုရှာပါ့မယ်​။အလျား5"နီးပါးအရွယ်​အစားဘူးခွံကိုယူပြီးမလိုတဲ့အပိုင်းများဖြတ်​လိုက်​မယ်​။အစိမ်း​ရောင်​စာရွက်​နှင့်​ဖုံးအုပ်​ကာတစ်​ခုလုံး​ကော်​ကပ်​မယ်​။ဒီဘူးခွံရဲ.​ရှေ့ဘက်​ကိုလည်းအ​ရောင်​နှစ်​မျိုးဖြင့်​အလှဆင်​မှာပါ။ခုနကပြုလုပ်​ထားတဲ့စာအုပ်​ပုံစံကတ်​ထူနှင့်​ဘူးခွံကိုပုံမှာပြထားတဲ့အ​နေအထားအတိုင်းပူးတွဲ​ကော်​ကပ်​လိုက်​မယ်​။!

IMG_20180422_153330.jpg

ဒီအဆင့်​မှာ​တော့အလှဆင်​ရန်​အတွက်​ပါ။ဘယ်​ဘက်​ခြမ်းမှာထားရန်​အိတ်​ပုံစံတစ်​ခုပြုလုပ်​ပါ့မယ်​။ပြုလုပ်​နည်းကိုပုံများနှင့်​ပြပါ့မယ်​။

IMG_20180426_230459.jpg

ပန်း​ရောင်​စာရွက်​​ပေါ်မှာအ၀ါ​ရောင်​စာရွက်​ကိုကပ်​ပြီး​ဘေးပတ်​လည်​ကိုအပြာ​ရောင်​နှင့်​အနားကွပ်​မှာပါ။ပြီး​တော့အစွန်းထွက်​​နေတဲ့ပန်း​ရောင်​စာရွက်​​တွေကို​ခေါက်​ပြီးခုနကပြုလုပ်​ထားတဲ့စာအုပ်​ပုံစံကတ်​ထူရဲ့ဘယ်​ဘက်​ခြမ်းမှာ​ကော်​ကပ်​မှာပါ။

IMG_20180427_100437.jpg

ပြီး​နောက်​အတွင်းဘက်​အလှဆင်​ရန်​အတွက်​paper artနှစ်​ခုပြုလုပ်​ပါ့မယ်​။ပန်းပွင့်​များပြုလုပ်​ချင်​တာ​ကြောင့်​ပိုလွယ်​ကူ​စေရန်​ပန်း​ရောင်​စာရွက်​ကိုအထပ်​ထပ်​​ခေါက်​ပြီးဒီအ​ပေါ်မှာပန်းပွင့်​ပုံစံဆွဲကာဖြတ်​လိုက်​တဲ့အခါပန်းပွင့်​အ​သေး​လေး​တွေရလာမှာပါ။နောက်​တစ်​ခုကအ၀ါ​ရောင်​စက္ကူကို​ခေါက်​ပြီးပုံမှာမြင်​ရတဲ့အတိုင်းဖြတ်​မှာပါ။ပြီး​တော့အ၀ါ​ရောင်​စက္ကူ​ခေါက်​ကိုပြန်​ဖြန့်​လိုက်​ပြီး​အောက်​​ခြေဘက်​​နေရာ​တွေမှာညီညာစွာ​ကော်​ကပ်​မှာပါ။ပြီး​တော့ဒီ​အ​ပေါ်မှာခုနကပြုလုပ်​ထားတဲ့ပန်းပွင့်​​လေး​တွေကိုကြဲပြီး​ကော်​ကပ်​လိုက်​ပါ့မယ်​။

IMG_20180427_102935.jpg

IMG_20180427_101120.jpg

IMG_20180427_103539.jpg

IMG_20180507_143400.jpg

အတွင်းဘက်​ပြီးရင်​​တော့အပြင်​ဘက်​မှာအလှဆင်​ရန်​အတွက်​quilling paper flowerပြုလုပ်​မှာပါ။ပထမဆုံးစက္ကူ​ခေါက်​ပါ့မယ်​။လိုချင်​တဲ့အ​ရောင်​နှစ်​မျိုးကိုစက္ကူအပိုင်းပိုင်းဖြတ်​မှာပါ။ပြီး​နောက်​ဆက်​လိုက်​မယ်​။အနားတစ်​ဘက်​မှစ၍အတွင်းဘက်​သို့စက်​၀ိုင်းပုံစံ​ခွေသွားလိုက်​မှာပါ။အဆုံးမှာ​ကော်​ကပ်​ပြီးပုံမှာမြင်​ရတဲ့အတိုင်းပုံစံ​ဖော်​လိုက်​မှာပါ။ဒီနည်းအတိုင်းအ​ရောင်​နှစ်​မျိုးစပ်​ကာစက္ကူ​ခေါက်​များပြုလုပ်​လိုက်​မှာပါ။

IMG_20180426_221326.jpg

IMG_20180426_221458.jpg

IMG_20180426_221539.jpg

IMG_20180426_221640.jpg

IMG_20180426_221842.jpg

အပြင်​ဘက်​ကိုပန်းစည်းပုံစံပြုလုပ်​ချင်​တာ​ကြောင့်​အညို​ရောင်​စက္ကူကိုအရွယ်​တူအပိုင်းများဖြတ်​ပြီးပုံပါအတိုင်းထား၍​ကော်​ကပ်​မယ်​။ပြီး​တော့ခုနကပြုလုပ်​ထားတဲ့စက္ကူ​ခေါက်​များကိုပန်းပုံစံ​ကော်​ကပ်​ပြီးအလှဆင်​မှာပါ။

IMG_20180426_223906.jpg

IMG_20180427_100354.jpg

IMG_20180427_100331.jpg

Paper box for notes

IMG_20180507_143332.jpg

Thank you
Written by @asterkame
MSC-008
By my photos & made by me

Sort:  

ဝေဖန်အကြံပေးစရာမရှိပါ။အရမ်းကောင်းပါတယ်

လိုအပ်​တာရှိလည်း​ပြောပြ​ပေးပါ...ခုလိုအား​ပေးတာ​ကျေးဇူးပါ.. ..

hey you must try this they are offering free 30 days upvote service for limited time. i am using it for 2 weeks, They upvote my every new post Click here to see the offer

လှနေရော ယွန်းရေ..😍😍

ဟုတ်​@kyi😍😍
ထပ်​ပြီးကြိုးစားဦးမယ်​...
ဆက်​အား​ပေးပါ​နော့😊😊

အရမ်းလှတဲ့ ပုံတစ်ခုရဖို့ လက်ဝင်လှပါလား မမရေ😊😊😊

ဟုတ်​တယ်​...ဒီတစ်​ခုကအလှဆင်​တဲ့အပိုင်းမှာစက္ကူအများကြီး​ခေါက်​ရတယ်​...​သေး​သေး​ကွေး​ကွေး​တွေ😁😁

မရိုးနိုင်အောင်ပါပဲ

အား​ပေးလို့​ကျေးဇူး​ပါ​နော့😊

အစ်မလုပ်ထားတဲ့ ပစ္စည်းလေးတွေ ကြည့်ရင်းနဲ့လက်တွေ့သုံးချင်စိတ်ပေါက်လာပြီ။ဒီလိုစိတ်ကိုစွဲဆောင်နိုင်တာ အစ်မရဲ့ creation ကောင်းမွန်မှုကြောင့်ပါ။တစ်ကယ်သုံးလို့ရနေတဲ့ပုံစံဆိုတာမြင်နေရပါတယ်အစ်မ။လေးစားနေပါတယ်အစ်မ။

ဟုတ်​ကဲ့ပါ...ခုလိုfri​တွေအား​ပေးတာ​ကြောင့်​ပါမယ်​...ဆက်​ပြီးလှလှ​လေး​တွေပြုလုပ်​ပါဦးမယ်​...😊

တော်တော်လက်ဝင်တယ်နော် အမ
တော်တန်လုပ်ဖို့ မလွယ်ဘူးဗျ

ကျွန်တော်လုပ်မယ်ဆို တော်တော်ကြာမှာဗျာ

အင်း...ဟုတ်​တယ်​...အဆင့်​များပြီးစက္ကူ​ခေါက်​ရတာများတယ်​...နည်းနည်းအချိန်​ယူရတယ်​...

အစ်မတော်တော် idea တွေထွက်တယ်နော် တစ်နေ့တစ်မျိုး မရိုးရအောင် အရမ်းတော်တာဘဲဗျာ

😀😀အမြဲအား​ပေးတာ​ကျေးဇူးပါ​နော့...ထပ်​ပြီးအဆန်း​လေး​တွေလုပ်​ပါဦးမယ်​...

လှပတဲ့ လက်ရာတွေပါဗျာ

ဟုတ်​ကဲ့...တစ်​ခုထက့်တစ်​ခုဆန်းသစ်​​အောင်​ကြိုးစားထားပါတယ်​...အား​ပေးတာ​ကျေးဇူးပါ....

အ​ကောင်းဆုံး​လေး​တွေ​ရွေးထားပြီး အခန်းထဲမှာ အလှဆင်​မယ်​။

အိုခီ...မိုက်​တယ်​...good tal😉👍

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.033
BTC 64243.42
ETH 3152.93
USDT 1.00
SBD 4.28