How to Make Beautiful Postcard

in #myanmar6 years ago

ဒီတစ်​ခါပြုလုပ်​ထားတာကpostcard​လေးတစ်​ခုပါ။လိုအပ်​တဲ့ပစ္စည်း​တွေကကတ်​ထူစက္ကူ၊​ရောင်​စုံစက္ကူ၊​ပေတံ၊ခဲတံ၊​ကော်​ဘူး၊တို့လိုအပ်​ပါတယ်​။ပြုလုပ်​ရမည့်​အဆင့်​​တွေက​ရောင်​စုံစာရွက်​များသုံးပြီးcardနှစ်​ခုပြုလုပ်​မယ်​။ပြီး​တော့ကတ်​ထူကိုဖြတ်​၍​ခေါက်​ချိုးပြီး​ရောင်​စုံစက္ကူများနှင့်​​ကော်​ကပ်​မယ်​။ဆက်​လက်​ပြီးပန်းပွင့်​များပြုလုပ်​ရပါ့မယ်​။ပထမဆုံးမှာ​တော့ကဒ်​အ​သေးနှစ်​ခုပြုလုပ်​ပါ့မယ်​။

img1530900472757.jpg

img1530900173690.jpg

စာရွက်​တစ်​ရွက်​ကိုယူပြီးအနားသုံးနားလုံးညီတဲ့တြိဂံပုံဖြတ်​ပါ့မယ်​။ဒီပုံမှာ
တော့အနားသုံးနားလုံးကို21cmယူထားပါတယ်​။ပြီး​တော့အနားတစ်​ခုစီမှာအလယ်​မှတ်​ယူပြီး​နောက်​ထပ်​တြိဂံပုံတစ်​ခုဆက်​ဆွဲမယ်​။ဆက်​လက်​၍ပုံမှာပြထားတဲ့အတိုင်းခုနကဆွဲတဲ့တြိဂံရဲ့အနားနှင့်​3cmစီကွာပြီးအနားသုံးနားထပ်​မံဆွဲပါ့မယ်​။ပြီး​နောက်​အစိမ်းနှင့်​အပြာ​ရောင်​သုံး၍လိုအပ်​တဲ့​နေရာ​တွေမှာစာရွက်​ကိုတိုင်းတာဖြတ်​၍​ကော်​ကပ်​မယ်​။စာရွက်​ကိုတစ်​ဘက်​သို့လှည့်​၍အစိမ်း​ရောင်​စာရွက်​များကိုတိုင်းတာဖြတ်​ပြီးထပ်​မံ​ကော်​ကပ်​မယ်​။ထို့​နောက်​ပုံမှာပြထားတဲ့အတိုင်း​ခေါက်​ချိုးလိုက်​ရင်​ကဒ်​ပုံစံရမှာပါ။

IMG_20180704_143858.jpg

IMG_20180704_145532.jpg

IMG_20180704_145524.jpg

IMG_20180704_145624.jpg

IMG_20180704_145719.jpg

ဆက်​လက်​ပြီး​နောက်​ထပ်​ကဒ်​တစ်​ခုပြုလုပ်​ပါ့မယ်​။အလျား၊အနံတူညီတဲ့ပန်း​ရောင်​စာရွက်​ကိုအလယ်​တည့်​တည့်​မှ​ခေါက်​ချိုးမယ်​။ထောင့်​စွန်းနှစ်​ဘက်​မှလည်း​ခေါက်​ပြီး​ခေါက်​ချိုးမျဉ်းနှစ်​​ကြောင်းယူမယ်​။ပြီး​တော့​ခေါက်​ချိုးမျဉ်းအတိုင်းအတွင်းသို့​ခေါက်​မယ်​။စာရွက်​ကိုပြန်​ဖြန့်​လိုက်​တဲ့အခါအရွယ်​တူအပိုင်း​လေးပိုင်းရမှာပါ။ပုံမှာပြထားတဲ့အတိုင်းအပိုင်း​လေးပိုင်းအနက်​သုံးပိုင်းကိုheart shapeပုံ​ဖော်​၍၊စာရွက်​ကိုခုနကအတိုင်းပြန်​​ခေါက်​ပြီး၊​ရှေ့ဆုံးheart shapeမှာအပြာ​ရောင်​နှင့်​​ဗေဒါ​ရောင်​heart shapeများဖြတ်​ပြီး၊​ကော်​ကပ်​ကာ၊အလှဆင်​လိုက်​ပါ့မယ်​။စက္ကူ​ခေါက်​ရဲ့အတွင်းဘက်​​နေရာမှာလည်းအပြာ​ရောင်​heart shapeသုံးခု၊​လေး​ထောင့်​ပုံစံတစ်​ခုဖြတ်​၍​ကော်​ကပ်​မှာပါ။

IMG_20180705_121740.jpg

IMG_20180705_231905.jpg

IMG_20180705_231824.jpg

IMG_20180705_231840.jpg

ပြီး​နောက်​ကတ်​ထူတစ်​ခုကိုပုံ​ဖော်​ပါ့မယ်​။ကတ်​ထူကိုအလယ်​မှ​ခေါက်​ချိုးပြီးအနီ​ရောင်​စာရွက်​နှင့်​အတွင်းအပြင်​နှစ်​ခုလုံး​ကော်​ကပ်​မယ်​။ဗေဒါ​ရောင်​စာရွက်​ကိုယူ၍ကတ်​ထူရဲ့အပြင်​ဘက်​အ​ပေါ်အနားနှင့်​​အောက်​ဘက်​အနား​တွေကိုညီညာစွာ​ကော်​ကပ်​လိုက်​မယ်​။ရှေ့ဘက်​အနားကိုလည်းပန်းစက္ကူကိုအသုံးပြု၍​ကော်​ကပ်​လိုက်​မယ်​။ပြီး​တော့အတွင်းဘက်​မှာ​တော့​ဗေဒါ​ရောင်​စာရွက်​ကိုအပြည့်​မကပ်​ဘဲ၊အနီ​ရောင်​အနားများချန်​၍​ကော်​ကပ်​လိုက်​ပါ့မယ်​။ခုနကပြုလုပ်​ထားတဲ့ကဒ်​နှစ်​ခုကိုကတ်​ထူရဲ့အတွင်းဘယ်​ညာမှာ​ကော်​ကပ်​လိုက်​မှာပါ။

IMG_20180705_125413.jpg

IMG_20180705_125316.jpg

IMG_20180705_125238.jpg

ဆက်​လက်​ပြီးပန်းပွင့်​များပြုလုပ်​ပါ့မယ်​။ပထမဆုံးစက္ကူ​ခေါက်​ရမှာပါ။အလျား၊အနံတူညီတဲ့စာရွက်​ကိုပုံမှာမြင်​ရတဲ့အတိုင်း​ခေါက်​ပြီး၊မလိုတဲ့​အပိုင်းကိုကတ်​​ကြေးဖြင့်​ဖြတ်​ကာ၊​နောက်​တစ်​ဆင့်​မှာ​တော့စက္ကူ​ခေါက်​​ပေါ်မှာခဲတံဖြင့်​ပုံဆွဲပြီး၊ကတ်​​ကြေးဖြင့်​ဖြတ်​မှာပါ။စက္ကူ​ခေါက်​ကိုပြန်​ဖြန့်​လိုက်​ရင်​ပန်းပွင့်​ပုံစံရရှိမှာဖြစ်​ပြီး၊ပန်းတစ်​ပွင့်​မှာပန်းပွင့်​ပုံစံနှစ်​ခုစီ​ကော်​ကပ်​ရမှာပါ။ဒီနည်းအတိုင်းပန်းပွင့်​အများကြီးပြုလုပ်​ဖြစ်​တယ်​။ပြီး​နောက်​ကဒ်​ရဲ့အပြင်​ဘက်​မှာအလှဆင်​မှာပါ။

img1530900350486.jpg

IMG_20180707_004424.jpg

အတွင်းဘက်​မှာပန်းပွင့်​ထည့်​ချင်​တာ​ကြောင့်​​ခေါက်​ချိုးလို့လည်းအဆင်​​ပြေနိုင်​မည့်​ပန်းပွင့်​ပုံစံများဖြတ်​ရမှာပါ။ပန်းတစ်​ပွင့်​မှာအစိမ်း​ရောင်​နှင့်​အနီ​ရောင်​ပါဝင်​ပြီးနှစ်​ပွင့်​ပြုလုပ်​မှာပါ။အစိမ်း​ရောင်​ပန်းပုံစံကို​တော့ကဒ်​ရဲ့အတွင်းဘက်​အလယ်​​ခေါက်​ရိုးမှာ​ကော်​ကပ်​ပြီးအနီ​ရောင်​ပန်းပုံစံကိုလည်းပုံပါအတိုင်းဆက်​လက်​​ကော်​ကပ်​လိုက်​မှာပါ။

My beautiful postcard

IMG_20180706_120219.jpg

IMG_20180708_122521.jpg

Thank you
Written by @asterkame
MSC-008
By my photos & made by me

Sort:  

Postcard တော့သဘောကျတယ် အားတဲ့ချိန်လုပ်လို့ရအောင် saveထားပါရစေ

ရပါတယ်​....saveထားပါ😊သ​ဘောကျတယ်​ဆိုလို့​ကျေးဇူးပါ....

postcard​ တစ်ခုဖြစ်ဖို့ အဆင့်တွေက မခက်ပေမယ့်
အနုစိတ်သေချာလေးလုပ်နိုင်မှ ဖြစ်မှာနော်
ကျွန်တော်တို့ တော့ စိတ်ရှည်နိုင်မှာမဟုတ်ဘူး

အင်း...ဟုတ်​တယ်​...အနုစိတ်​နှင့်​စိတ်​ရှည်​မှပိုလှနိုင်​တာပါ...အား​ပေးလို့​ကျေးဇူးပါ.. ..

အလွန်လှပါတယ် ချစ်စရာပိုစ့်ကဒ်လေးပါ

ဟုတ်​ကဲ့...​ကျေးဇူးတင်​ပါတယ်​...​နောက်​လည်းကြိုးစားပါ့ဦးမယ်​....

so beautiful postcard

ဟုတ်​ကဲ့...thanks par

တော်တော်လေးကို ဂရုတစိုက် စိတ်ရှည်ရှည်နဲ့ လုပ်မှရမယ်နော်။ လှပသော postcard တစ်ခုဖြစ်အောင် အဆင့်ဆင့်ပြုလုပ်တင်ပြပေးထားတာ ကောင်းလှပါတယ်။လေးစားအားပေးလျက်

အား​ပေးတာ​ကျေးဇူးပါ...ဆက်​ပြီးလှတာ​လေး​တွေကြိုးစားပါ့ဦးမယ်​...

တော်လိုက်တာ

ဟုတ်​ကဲ့...​ကျေးဇူးပါပဲ

လွယ်ကူစွာသင်ပြပေးမှုအတွက် ကျေးဇူးပါ

ဟုတ်​ကဲ့...ဆက်​ပြီးကြိုးစားပါ့မယ်​....​ကျေးဇူးပါ

စိတ်​ထဲကလဲ လုပ်​တပ်​တာကိုချီးကျုး​နေမိတယ်
အပတ်​တို​င်းလဲ အား​ပေး​နေပါတယ်

အား​ပေးလို.​ကျေးဇူး​နော့
ဆက်​ကြိုးစားပါ့မယ်​....

တစ်နေ့တစ်မျိုး မရိုးအောင် အဆန်းလေးတွေ လုပ်တတ်တာ ချီးကျူးတယ်

ခုလိုအား​ပေးတာ​ကျေးဇူးပါ...

လုပ်​ပြီး လက်​​ဆောင်​သွား​ပေးမယ်​..ငိငိ

အိုခီ...good good👍👍

Coin Marketplace

STEEM 0.31
TRX 0.12
JST 0.033
BTC 64485.37
ETH 3156.53
USDT 1.00
SBD 4.05