How to Make Paper Beautiful Card

in #myanmar5 years ago

ဒီတစ်​ခါမှာ​တော့​ရောင်​စုံစက္ကူများဖြင့်​ကဒ်​တစ်​ခုပြုလုပ်​ထားပါတယ်​။ပန်းပွင့်​ပုံဖြတ်​၍​ကော်​ကပ်​ပြီး၊စက္ကူ​ခေါက်​​တွေကိုစီ၍အရွက်​များဖြင့်​ပြုလုပ်​ထားတာပါ။အပြင်​ဘက်​မှာလည်းပန်းပွင့်​များဖြင့်​အလှဆင်​ထားပါ​သေးတယ်​။

ပထမအဆင့်​မှာ​တော့အလျားအနံတူညီတဲ့အနီ​ရောင်​စာရွက်​​တွေကိုအဆင့်​ဆင့်​​ခေါက်​ပြီး၊ပန်းပွင့်​ပုံဖြစ်​ရန်​ပုံစံ​ဖော်​၍ဖြတ်​ကာ၊ပန်းပွင့်​ပုံ​လေး​တွေပြုလုပ်​ပါတယ်​။ပြုလုပ်​ပြီးတဲ့ပန်းပွင့်​များကိုလိုအပ်​သလိုဖြတ်​ကာ၊အနားနှစ်​ဘက်​​ကော်​ကပ်​ပြီး၊စက္ကူ​ခေါက်​များပြုလုပ်​ပါတယ်​။ရရှိတဲ့အနီ၊အစိမ်းစက္ကူ​ခေါက်​များကိုပုံပါအတိုင်း၊စီ၍တစ်​ခုနှင့်​တစ်​ခု​ကော်​ကပ်​ကာ၊အခြားအပြာ​ရောင်​စာရွက်​ကိုအလယ်​မှ​ခေါက်​ချိုးပြီး၊အလယ်​မျဉ်းမှာစက္ကူ​ခေါက်​သုံးခုကိုညီညာစွာ၊အစက်​​လေး​တွေချထားတဲ့​နေရာမှာ​ကော်​ကပ်​လိုက်​မှာပါ။

ဒီအဆင့်​မှာ​တော့အစိမ်း​ရောင်​စာရွက်​သုံးပြီးအရွက်​ပုံများဖြတ်​ကာ၊သစ်​ရွက်​များပြုလုပ်​လိုက်​ပါတယ်​။ရှေ့ဘက်​မျက်​နာမှာလည်းပန်းသုံးပွင့်​ပြုလုပ်​ပါတယ်​။ပထမဆုံးအနီ​ရောင်​​ဘောင်​ပုံစံဖြတ်​၍​ကော်​ကပ်​ကာပန်းသုံးပွင့်​အလှဆင်​ပါတယ်​။ပန်းပွင့်​ပြုလုပ်​ပုံကအတွင်းဘက်​မှပန်းပွင့်​ပြုလုပ်​ပုံပထမအဆင့်​အတိုင်း​ခေါက်​ကာ၊မတူညီတဲ့ပန်းပွင့်​​လေး​တွေကိုထပ်​၍​ကော်​ကပ်​ပါတယ်​။ပန်းပွင့်​အနား​တွေကိုလည်း​ပေတံဖြင့်​လိပ်​ထားပါတယ်​။

Written by @asterkame
MSC-008
By my photos & made by me

Sort:  

လှပတဲ့ ရောင်စုံကဒ်လေးတစ်ခုပါအစ်မ။လက်ဆောင်ပစ္စည်းလေးတစ်ခုအဖြစ် သုံးလို့ရမှာပေါ့နော်။

Posted using Partiko Android

ဟုတ်​ပါတယ်​.. .လက်​​ဆောင်​ ​ပေးရတာ​ပေါ့....​ကျေးဇူးပါ

Posted using Partiko Android

လှတယ်​ဆိုလို့​ကျေးဇူးပါ...😊

Posted using Partiko Android

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thank you

Posted using Partiko Android

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.034
BTC 63799.64
ETH 3130.40
USDT 1.00
SBD 3.97