How to Make Paper Flower Vase

in #myanmar5 years ago

ဒီတစ်​ခါမှာ​တော့အလှဆင်​ပန်းအိုးတစ်​လုံးပြုလုပ်​ဖြစ်​ပါတယ်​။ပန်းအိုးပြုလုပ်​နည်းကိုစာနှင့်​ပုံတွဲ၍​ဖော်​ပြထားပါတယ်​။ပန်းအိုးကို​တော့စက္ကူ​ခေါက်​ရင်းပြုလုပ်​ထားတာပါ။အ၀ါ​ရောင်​ပန်းနှစ်​ပွင့်​ပြုလုပ်​ထားတာဖြစ်​ပြီး၊အရွက်​များလည်းပုံ​ဖော်​ထားပါတယ်​။လိုအပ်​တဲ့ပစ္စည်း​တွေက​ရောင်​စုံစာရွက်​၊ကတ်​​ကြေး၊​ကော်​ဘူး၊ခဲတံ၊​ပေတံ၊စသဖြင့်​လိုအပ်​ပါတယ်​။

img1543667950434.jpg

img1543668225321.jpg

ပန်းပွင့်​ပထမဆုံးပြုလုပ်​ပါ့မယ်​။ပြုလုပ်​ရန်​အတွက်​မတူညီတဲ့စက်​၀ိုင်းပုံစံ​လေး​တွေဖြတ်​ပါ့မယ်​။ပြီး​နောက်​ပုံပါအတိုင်းအဆင့်​ဆင့်​​ခေါက်​ပြီး၊ပုံဆွဲ၍ဖြတ်​လိုက်​ပါတယ်​။ထို့​နောက်​စက္ကူ​ခေါက်​ကိုဖြန့်​၍​ခေါက်​ရိုး​ပေါ်​အောင်​​ခေါက်​ချိုးလိုက်​ပါတယ်​။ပန်းတစ်​ပွင့်​မှာမတူညီတဲ့ပန်းပွင့်​သုံးပွင့်​ထပ်​၍​ကော်​ကပ်​ထားတာပါ။ဆက်​လက်​ပြီးအစိမ်း​ရောင်​စာရွက်​ကိုအလိပ်​ပြုလုပ်​ပြီးပန်းပွင့်​ဖြင့်​ဆက်​ပါ့မယ်​။စက္ကူအလိပ်​ရဲ့တစ်​ဘက်​ကိုအပိုင်းများဖြတ်​ပြီး၊အကြီးဆုံးပန်းပွင့်​မှာကတ်​​ကြေးဖြင့်​အနည်းငယ်​ဖြတ်​၍စက္ကူအလိပ်​ဖြင့်​ဆက်​ပြီး၊​ကော်​ကပ်​လိုက်​ပါတယ်​။ပြီး​တော့မှအခြားပန်းပွင့်​ပုံစံနှစ်​ခုကိုပုံပါအတိုင်း​ကော်​ကပ်​လိုက်​ပါတယ်​။ပြီး​နောက်​အရွက်​ပုံစံ​လေးခုဖြတ်​၍​ကော်​ကပ်​လိုက်​ပါတယ်​။

img1543672480691.jpg

IMG_20181129_172332.jpg

ဒီအဆင့်​မှာပန်းအိုး​ခေါက်​ပါ့မယ်​။အနီ​ရောင်​စာရွက်​ကိုအလျား၊အနံတူညီစွာဖြတ်​ပြီး၊​ထောင့်​ဖြတ်​အတိုင်း​ခေါက်​လိုက်​မယ်​။ထပ်​မံ၍ထက်​၀က်​မျဉ်းနှစ်​​ကြောင်း​ခေါက်​ပြီး၊ပုံပါအတိုင်းအတွင်းသို့​ခေါက်​မယ်​။ထို့​နောက်​အစွန်းမှ​အနည်းငယ်​​ခေါက်​ကာ၊အလယ်​မျဉ်းအထိကိုတစ်​ဘက်​စီမှ​ခေါက်​လိုက်​တယ်​။ရရှိတဲ့​ခေါက်​ချိုးမျဉ်းအတိုင်းအတွင်းသို့​ခေါက်​ကာ၊အ​ပေါ်ဘက်​အစွန်းနှစ်​ဘက်​စီကိုထပ်​မံ​ခေါက်​မယ်​။တစ်​ပတ်​လည်​လုံး​ခေါက်​ပြီးရင်​ပုံပါအတိုင်းစက္ကူ​ခေါက်​​နေရာကို​ခေါက်​ချိုးပြီး၊အ​ပေါ်ဘက်​အစွန်းထွက်​​တွေကိုအတွင်းသို့​ခေါက်​၍အနားသတ်​ကာ၊စက္ကူ​ခေါက်​ကိုဖြန့်​ပြီးပန်းအိုးပုံစံပုံ​ဖော်​လိုက်​ပါတယ်​။ပန်းအိုးထဲမှာကတ်​ထူ​တွေကိုအပိုင်းပိုင်းဖြတ်​ကာ၊ထည့်​ပြီးပန်းပွင့်​နှစ်​ပွင့်​စိုက်​လိုက်​ပါတယ်​။

IMG_20181201_202515.jpg
IMG_20181201_202538.jpg

img1543668044475.jpg

img1543668092863.jpg

Written by @asterkame
MSC-008
By my photos & made by me

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thank you so much

Posted using Partiko Android

ပန်းဝါဝါလေး

ဟုတ်​ကဲ့...အ၀ါ​ရောင်​ပန်းပွင့်​​လေးပါ....😀

Posted using Partiko Android

မိုက်​တယ်​ဗျာ့ ဘာပန်းလဲ​တော့မသိဘူး ​သေချာတာက စက္ကူပန်း

ဟုတ်​တယ်​...အ​သေအချာဘဲ....😁😁

Posted using Partiko Android

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.033
BTC 63793.53
ETH 3193.21
USDT 1.00
SBD 3.92