How to Make Paper Pop-up Card

in #myanmar5 years ago

ဒီတစ်​ခါမှာ​တော့paper pop-up cardတစ်​ခုပြုလုပ်​ထားပါတယ်​။လိုအပ်​တဲ့ပစ္စည်း​တွေကကတ်​ထူ၊​ရောင်​စုံစာရွက်​၊ကတ်​​ကြေး၊​ကော်​ဘူး၊ခဲတံ၊​ပေတံစသဖြင့်​လိုအပ်​ပါတယ်​။ပြုလုပ်​ရမည့်​အဆင့်​​တွေကကတ်​ထူတစ်​ခုအလယ်​မှ​ခေါက်​ချိုးပြီး၊​ရောင်​စုံစာရွက်​​ကော်​ကပ်​ရမယ်​။ပန်းပွင့်​များပြုလုပ်​ရမယ်​။နေလုံးပုံစံနှင့်​တိမ်​ပုံစံများဖြတ်​ရမှာပါ။

ပထမအဆင့်​မှာကတ်​ထူတစ်​ရွက်​ကိုယူပြီး၊အတွင်းဘက်​မျက်​နာမှာခရမ်းနှင့်​အ၀ါ​ရောင်​စာရွက်​များဖြင့်​ပုံပါအတိုင်းပုံ​ဖော်​ရမယ်​။ပြီး​နောက်​ကတ်​ထူကိုအလယ်​မှ​ခေါက်​ချိုးပြီး၊မျဉ်းများဆွဲ၍ဖြတ်​လိုက်​မယ်​။ထိုဖြတ်​ထားတဲ့အတိုင်းအတွင်းသို့​ခေါက်​ချိုးပြီး၊ကဒ်​ရဲ့အပြင်​မှအ၀ါ​ရောင်​စာရွက်​ဖြင့်​ထပ်​မံ​ကော်​ကပ်​ရမယ်​။ဆက်​လက်​ပြီးပန်းပွင့်​များပြုလုပ်​ရန်​စာရွက်​ကိုအလျား၊အနံတူညီစွာဖြတ်​မယ်​။ပြီး​နောက်​ပုံပြထားတဲ့အတိုင်းအဆင့်​ဆင့်​​ခေါက်​ပြီး၊ပုံဆွဲ၍ဖြတ်​ကာ၊ပန်းပွင့်​များပြုလုပ်​လိုက်​ပါတယ်​။

ပြီး​နောက်​​နေလုံးပုံစံနှင့်​တိမ်​ပုံစံများဆွဲ၍ပြုလုပ်​မှာပါ။နေအတွက်​လိ​မ္မော်​​ရောင်​စာရွက်​ကိုအပိုင်းငယ်​များဖြတ်​ပြီး၊စက်​၀ိုင်းပုံစာရွက်​ထပ်​မံဖြတ်​၍​ကော်​ကပ်​ကာပုံ​ဖော်​လိုက်​ပါတယ်​။တိမ်​အတွက်​အဖြူ​ရောင်​စာရွက်​​ပေါ်ပုံဆွဲ၍ဖြတ်​ပြီး၊အနားတစ်​​လျောက်​အပြာ​ရောင်​​ဆေးခြယ်​လိုက်​ပါတယ်​။ကဒ်​ရဲ့အတွင်းဘက်​မှာပန်းပွင့်​များ​ကော်​ကပ်​ပါတယ်​။ကဒ်​ရဲ့အပြင်​ဘက်​မှာ​တော့အရွယ်​မတူတဲ့အသည်းပုံ​လေးခုဆွဲ၍​ကော်​ကပ်​ကာ၊အနားမှာလည်းအနီ​ရောင်​ပန်းပွင့်​​လေး​တွေ​ကော်​ကပ်​အလှဆင်​ပါတယ်​။


Written by @asterkame
MSC-008
By my photos & made by me

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thank you

Posted using Partiko Android

creativecoin tag တွဲပါ

Posted using Partiko Android

ဟုတ်​ကဲ့...တွဲလိုက်​မယ်​...​ကျေးဇူးပါ...

Posted using Partiko Android

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 64093.86
ETH 3123.80
USDT 1.00
SBD 3.94