How to Make Paper Wall Hanging

in #myanmar5 years ago

ဒီတစ်​ခါမှာ​တော့နံရံအလှဆင်​တာတစ်​ခုပြုလုပ်​ထားပါတယ်​။ပြုလုပ်​ရမည့်​အဆင့်​နည်း​ပေမဲ့အလှဆင်​ထားတဲ့နှင်းဆီပွင့်​​တွေကို​တော့အများကြီး​ခေါက်​ရမှာပါ။ပြီး​တော့အရွက်​များပြုလုပ်​၍လည်းအလှဆင်​ထားပါတယ်​။လိုအပ်​တဲ့ပစ္စည်း​တွေကကတ်​ထူ၊​ရောင်​စုံစာရွက်​၊ကတ်​​ကြေး၊​ကော်​ဘူး၊ခဲတံ၊​ပေတံစသဖြင့်​လိုအပ်​ပါတယ်​။

ပထမအဆင့်​မှာ​တော့စက်​၀ိုင်းပုံကတ်​ထူနှင့်​စက္ကူအလိပ်​များပြုလုပ်​မယ်​။ပြီး​နောက်​အ၀ိုင်းပုံကတ်​ထူရဲ့​ကျောဘက်​မှာစက္ကူအလိပ်​များကိုပုံပါအတိုင်း​နေရာချ​ကော်​ကပ်​ပြီး၊စက္ကူအလိပ်​ရဲ့မလိုတဲ့အပိုင်းများကိုထပ်​မံဖြတ်​လိုက်​မယ်​။ဆက်​လက်​ပြီးနှင်းဆီပွင့်​များ​ခေါက်​ရမှာပါ။နှင်းဆီပွင့်​ကို​တော့အ၀ါ​ရောင်​နှင့်​ပန်း​ရောင်​နှစ်​မျိုးပြုလုပ်​ပါတယ်​။ပန်း​ရောင်​အပွင့်​များပို၍​ခေါက်​ရမှာပါ။ပြုလုပ်​နည်းကပို၍လွယ်​ကူ​စေရန်​A4sizeစာရွက်​ကို​လေး​ခေါက်​ချိုးပြီး၊ထိုအ​ပေါ်မှာပုံပါအတိုင်းပုံဆွဲ၍ဖြတ်​လိုက်​ပါတယ်​။ပြီး​နောက်​အနားအစမှအတွင်းသို့​ခေါက်​ပြီး၊အဆုံးမှာ​ကော်​ကပ်​ပါတယ်​။တစ်​ခါတည်းဖြတ်​ပြီးပန်းပွင့်​​လေးပွင့်​ရပါတယ်​။ထိုနည်းအတိုင်းနှင်းဆီပွင့်​များပြုလုပ်​ပါတယ်​။

ဆက်​လက်​ပြီးအရွက်​များပြုလုပ်​မှာပါ။အစိမ်း​ရောင်​စာရွက်​ကိုအရွက်​ပုံများဖြတ်​မယ်​။ပြီး​တော့ပိုလှပ​စေရန်​အစိမ်း​ရောင်​​ဆေးခဲတံဖြင့်​ဆွဲ၍ပုံ​ဖော်​လိုက်​ပါတယ်​။ပြုလုပ်​ပြီးတဲ့ပန်းပွင့်​နှင့်​အရွက်​များကိုစက်​၀ိုင်းပုံကတ်​ထူမှာ​တော့ပန်း​ရောင်​နှင့်​အ၀ါ​ရောင်​နှင်းဆီပွင့်​များပုံပါအတိုင်း​ကော်​ကပ်​ပါတယ်​။စက္ကူအလိပ်​များ​ပေါ်မှာ​တော့အ၀ါ​ရောင်​နှင်းဆီနှင့်​အရွက်​များ​ကော်​ကပ်​လိုက်​ပါတယ်​။

Written by @asterkame
MSC-008
By my photos & made by me

Sort:  

အသဲကွဲရင် ကွဲသွားပစေ ချစ်မိလို့ 😁

ဟုတ်​ကဲ့...အား​ပေးလို့​ကျေးဇူးပါ
ဆက်​ကြိုးစားပါ့မယ်​ 😃

Posted using Partiko Android

Congratulations @asterkame! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You distributed more than 7000 upvotes. Your next target is to reach 8000 upvotes.

You can view your badges on your Steem Board and compare to others on the Steem Ranking
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Vote for @Steemitboard as a witness to get one more award and increased upvotes!

Thank you so much

Posted using Partiko Android

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 64303.16
ETH 3137.29
USDT 1.00
SBD 3.97