ပုဂံ​တွေ့ဆုံပွဲ အမှတ်​တရ​လေးများ

in #myanmar6 years ago

ပုဂံ​တွေဆုံပွဲတက်​​ရောက်​လာကြသူတို့သည်​မိမိတို့ အမြင်​ ခံစားချက်​​လေးများအား အသီးသီး ​ရေးသားပြီးကြ​လေသည်​။ ကျွန်​​တော်​လည်း မိမိခံစားချက်​နှင့်​ အမြင်​​လေးများအား ​ရေးသား အံ့။
ပုဂံ၌ပြုလုပ်​မည့်​ mscတစ်​နှစ်​ပြည့်​ ​တွေ့ဆုံပွဲ​သို့ သွား​ရောက်​ရန်​ တစ်​လ​လောက်​အလို၌ကပင်​ ကြိုတင်​ရင်​ခုန်​​နေရ၏။ ပုဂံသို့ ကျွန်​​တော်​တို့သည်​ ညပိုင်းအချိန်​၌မှသာ ​ရောက်​ရှိကြ​လေ၏။
သိရှိရသ​လောက်​ဆိုရလျှင်​ ကိုသက်​တစ်​​ယောက်​ အ​တော်​ပင်​ပန်းရှာမည်​။msc အဖွဲ့ဝင်​တို့ စား​ရေး၊​တည်းခိုရန် အ​​ရေးတို့သည်​ ကိုသက်​တစ်​​ယောက်​ အ​တော်​ကြိုးစားလုပ်​​ဆောင်​ထားသည်​မှာ မြင်​သာလှ​လေသည်​။
နောက်​တစ်​​နေ့ နံနက်​၌ ​ခေါင်း​ဆောင်​အကိုဟင်​မှ msc ​ရှေ့​လျှောက်​လှမ်းမည့်​ အစီအစဉ်​ တို့အား​ပြောကြား​လေသည်​။အဖွဲ့ဝင်​တို့အားလည်း မိမိတို့ စိတ်​ထဲရှိသည့်​အတိုင်း ဝင်​​ရောက်​​ဆွေး​နွေးရန်​ တိုက်​တွန်း​လေသည်​။
အခမ်းအနားမှုးအဖြစ်​ ဆရာတင်​လှိုင်​ဦးမှ တာဝန်​ယူ​ဆောင်​ရွက်​ ​ပေး​လေသည်​။
အဖွဲ့ဝင်​တို့အား ဝင်​​ရောက်​​ဆွေး​နွေးကြပါရန်​ဆို​သော်​လည်း တစ်​ဦးမျက်​နှာတစ်​ကြည့်​ကာဖြင့်​ သူ​ပြောနိုး၊ကိုယ်​​ပြောနိုး ဖြစ်​၍​နေကြ​လေသည်​။ ​ကြောက်​စရာမလိုဟု ကြိုတင်​​ပြောထား​သော်​လည်း ကျွန်​​တော်​ကိုယ်​၌က​တော့ မည်​သည့်​အရာအား ​ကြောက်​မှန်းမသိ ​ကြောက်​​နေမိသည်​ကား အမှန်​ပင်​။
ဤအ​ခြေအား ဆရာတင်​လှိုင်​ဦးမြင်​၍ တစ်​ဦးချင်းစီ အမည်​​ခေါ်၍ မတ်​တတ်​ရပ်​ကာ မိမိတို့စိတ်​ထဲရှိသည့်​အတိုင်း msc ​ရှေ့​ရေးအား အကြံပြု​စေသည်​။
တခြားသူတို့ မည့်​သို့​ခံစားရသည်​မသိ၊မိမိအ​မည်​​ခေါ်၍ အကြံပြုစကားဆိုခိုင်းစဉ်​အချိန်​၌ ကျွန်​​တော်​ရင်​ထဲ အ​တော်​​လေးလှုပ်​ခါ​နေမိသည်​။ မိမိပြောချင်​သည့်​ စကားတို့အား အမြန်​​ပြောဆို၍ အဆုံးသတ်​ရ​လေ၏။
ဤသို့တစ်​ဦးပြီးတစ်​ဦး အလှည့်​ကျ ​ပြောဆိုရ​လေသည်​။g3မှ ညီငယ်​​လေးနှစ်​​ယောက်​ဖြစ်​သည့်​ smile king နှင့်​ yelin တို့နှစ်​ဦး​တော့​လေးစားမိ​လေသည်​။ အရွယ်​နှင့်​မမျှ​အောင်​ပင်​ မိမိတို့​ပြောချင်​သည်​တို့အား တည်​ငြိမ်​စွာ ​ပြောကြား၍ ပြသွား​လေ၏။ တည်​ငြိမ်​လွန်းသည့်​ ညီငယ်​​လေးများပင်​။
နံနက်​ခင်း အစည်းအ​ဝေးပြီးဆုံး​သော်​၊ပုဂံဘုရားတို့လှည့်​လည်​ကာ ဖူးကြ​လေ​တော့သည်​။အမှတ်​တရ ဓာတ်​ပုံများ ရိုက်​ကြ​လေ၏။
အ​တော်​​​လေးပင်​ ​ပျော်​ရွှင်​စရာ ​ကောင်း​ပေ၏။
နောင်​နှစ်​​တွေ့ဆုံပွဲအား ​တောင်​ကြီး၌ပြုလုပ်​ရန်​စီစဉ်​ထား​ကြောင်းလည်း သိရ​ပေသည်​။
နောင်​နှစ်​​တွေ့ဆုံပွဲ၌လည်း လာနိုင်​​အောင်​ကြိုးစားပါမည်​ဖြစ်​​ကြောင်း ​ရေးသားရင်းဖြင့်
ဤစာစု​လေးအား အဆုံးသတ်​လိုက်​ရပါသည်​။
. image image image
Msc No 179
@aunggyi100
Myanmar Steemit မိသားစုဝင်​အားလုံး ​ပျော်​ရွှင်​ချမ်း​မြေ့ကြပါ​​စေ။

Sort:  

ဟဲဟဲ ကွေင်ကြီးတို့ကို ဆေးထိုးစြာ ကျန်သေးလား တိဘူး ဟဲဟဲ ဟီးဟီး

ကျန်​​သေးတယ်​ကိုဒို​ရေ ဟီးဟီး

Congratulations! This post has been upvoted from the communal account, @minnowsupport, by aunggyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ကျေးဇူးပါပဲ @minnowsupport

ပျော်စရာရင်းနှီးကြတဲ့ပွဲ

တကယ့်​ ရင်းရင်းနှီးနှီးဗျ

ကောင်းတယ်ကိုအောင်ကြီးရေ တွေ့ဆုံပွဲအကြောင်း ပြည့်ပြည့်စုံစုံ ရေးထားတာပဲ နောက်နှစ်တွေများလည်း ဆုံကြအုန်းမယ်လေ။

ဟုတ်​ကွီး​ရွှေ လာနိုင်​​အောင်​ကြိုးစားမှာပါ

နောက်နှစ်တော့ လာခဲ့ပါ့မယ်😁😁

ဟုတ်​ အမ😁

ရင်ခုန် စိတ်လှုပ်ရှားခဲ့ရတယ်ပ

ဟုတ်​တယ်​ ဦး​ထွေး​ရေ

နောက်နှစ်လည်း ဆိုင်ကယ်နဲ့ ပဲလား 😂😂😂

ငိ ​တောင်​ကြီး​တော့ဆိုင်​ကယ်​နဲ့မသွားနိုင်​​လောက်​ဘူး😂

ကြောက်တက်တယ်ပေါ့လေ အောင်ကြီး

မ​ပြောပါနဲ့ အမ​ရေ
ဒူး​တွေ​တောင်​တုန်​လို့😂😂

အမှတ်ရနေပါ့မယ်လေ

ဟုတ်​ကိုညီ

ဘယ်လိုများ အကြံပြုထားလဲ သိချင်တယ်ဗျာ

ဒီလိုပါဘဲ ကို​စောရယ်
စိတ်​ထဲရှိတာ​လေး​တွေ ကို​ပြောတတ်​သလို​လေး အကြုံပြုခဲ့တာပါ

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.034
BTC 63877.55
ETH 3143.56
USDT 1.00
SBD 3.97