အမုန်းဖြင့်​စတင်​​သော အချစ်

in #myanmar6 years ago

"အမုန်းဖြင့် စတင်သော အချစ်"

part-1

" အဲဒီကားပေါ်က ဆင်းလာမဲ့ တစ်ယောက်ဟာ မင်းသိပ်တွေ့ချင်နေ တဲ့ ခြယ်မုန်းရံဘဲ မင်းလက်ယာ"

မင်းလက်ယာတစ်ယောက် ကားလေးဆီ
ကိုသာ စူးစိုက်ကြည်နေမိသည်။ မကြာပါ…ကားလေးက ထိုးရပ်သွားပြီး ကားတံခါးပွင့်လာကာ ကားပေါ်မှ ယောက်ကျာ်းတစ်ယောက်
နှင့် မိန်းမ တစ်ယောက်ဆင်းလာသည်။

ယောကျာ်းတစ်ယောက်ကို သူစိတ်မဝင်စားချေ။ "ခြယ်မုန်းရံ" ဆိုသော မိန်းမကိုသာ စိတ်ဝင်စားသည်။
ယှဉ်တွဲလျှောက်လာသူ နှစ်ယောက်အနက်
"ခြယ်မုန်းရံ" ဆိုသော မိန်းမရဲ့ ပုံရိပ်များ
ကိုသာ သူအမြင်အာရုံတွေ့ထဲမှာ မေ့မ
သွားအောင် မှတ်ထားမိသည်။

ဘယ်တော့မှတော့ မေ့နိုင်မည်မဟုတ်ပါ
ဘူး " ခြယ်မုန်းရံ " ……ဘာလိုလည်းဆိုတော့ မင်းကိုမုန်းလွန်းနေလို့………

ခြယ်မုန်းရံ …ကို စိုက်ကြည့်နေသော
"မင်းလက်ယာ " ရဲ့မျက်ဝန်းတွေ့က
စူးရဲပြီး ခက်ထန်နေသည်။

"သူဘေးကတစ်ယောက်က "မင်းခေတ်"
တဲ့။ ခြယ်မုန်းရံရဲ့ တစ်ဦးတည်းသော
သူငယ်ချင်း။ သူတို့နှစ်ယောက်က သူငယ်ချင်းမကျ ရီးစား မကျ………"

"တော်တော့ …မင်းထက်…ငါဘာမှ မသိချင်ဘူး…တစ်ခုဘဲ ငါရဲ့ အချစ်ဆုံး
သူငယ်ချင်း အလင်းရောင် အတွက်
ခြယ်မုန်းရံ ဆိုတဲ့ မိန်းမကို လက်စားခြေ
ရမယ်…"

နာကျည်းမုန်းတီးမူတွေ့နဲ့ ပြောနေသော
" မင်းလက်ယာ" ကိုကြည့်ကာ မင်းထက်
သက်ပြင်း ချမိသည်။

တစ်ကယ်တော့ လက်စားချေမည်ကိစ္စဟာ
မှားယွင်းနေပါသည်ဆိုရင်ရော …ခြယ်မုန်းရံကို မုန်းတီးနေသည် မင်းလက်ယာက လက်ခံမည်မဟုတ်……။

အခုချိန်မှာ သူငယ်ချင်းအတွက် သွေးပူ
နေသော မင်းလက်ယာရဲ့ စိတ်ကို လွတ်
ပေးထားဖို့လိုသည်ဟု မင်းထက်ထင်မိ
သည်။

ခြယ်မုန်းရံ နှင့် မင်းခေတ် တို့ကတော့
သူတို့ကို စိုက်ကြည့်နေသော သူနှစ်ဦး
ရှိနေတယ်ဆိုတာကို မရိပ်မိဘဲ ရီမောစွာနှင့်ပင် "မင်းလက်ယာ" တို့ ကားဘေးမှ ဖြက်ကျော်သွားသည်။

"တောက်……သူကတော့ တစ်ခြား
ယောကျာ်းတစ်ယောက်နဲ့ ရီမောပျော်ရွှင် နေလိုက်တာ ငါသူငယ်ချင်း အလင်ရောင်ကတော့ ………"

"မင်းလက်ယာ ……မင်းလက်ယာ…"

မင်းထက်က အတွေးထဲမှာ နစ်မျောနေသော "မင်းလက်ယာ" ပခုံးကို
ဖျက်ခနဲ့ ပုတ်၍ ………

"မင်းသူကို ဘယ်လို လက်စားခြေမှာလည်း"

"သူတစ်ဘဝလုံး နောင်တရနေမဲ့ အရာ
မျိုးနဲ့ပေါ့……"

နာကျည်းစွာ ပြောနေသော မင်းလက်ယာ
ကို ကြည့်ကာ မင်းထက် သက်ပြင်းချရင်း

"ထားပါတော့…ငါ…မနပ်ကျ အလုပ်ကိစ္စနဲ့ ပြည်ကိုသွားဖို့ရှိတယ်…
အဲဒါ …မင်းစိတ်ပြေလက်ပျောက် လိုက်
ခဲ့ပါလား ……"

"မလိုက်တော့ပါဘူးကွာ ……ငါမှာ
လုပ်စရာ ကိစ္စတွေ့ရှိသေးတယ်"

"မင်း…အမေရိကက ပြန်ရောက်တာမှ မကြာသေးတာ အလုပ်ကိစ္စတွေ့ မလုပ်သင့်သေးဘူး …အနားယူသင့်တယ်……"

"အေးပါကွာ ……"
မင်းလက်ယာက ပြောရင်း ကားမောင်း
ထွက်လာခဲ့သည်။

"တစ်ကယ်တော့ စီစဉ်စရာ ကိစ္စဆိုတာ
အလုပ်ကိစ္စတွေ့ မဟုတ်ဘဲ "ခြယ်မုန်းရံ"
ကို လက်စားချေဖို့ စီစဉ်နေတာမှန်း
မင်းထက် သိခဲ့မည်ဆိုလျှင်………။

……………………………………

       "အလင်းရောင်"
         အသက်- 22

"မင်းလက်ယာ " တစ်ယောက် အုတ်ဂူ
ဖြူဖြူလေး ရှေ့သို့ အနီရောင်နှင်း
ဆီပန်းစည်းကို ချလိုက်ရင်း …ပြုံးပြလိုက်
သည်။ သို့သော် သူအပြုံးတွေ့က မလက်ဆက် …အသက်မဲ့နေသည်ပမာ။

အုတ်ဂူလေးကို ငေးရင်း အတိပ်မှ ပုံရိပ်
တို့က အမြင်အာရုံထဲမှာ ပေါ်လာသည်။

မင်းလက်ယာ နှင့် အလင်းရောင် ဆိုသည်
သူတို့ နှစ်ယောက်က ညီအစ်ကိုတွေ့ပမာ
အလွန်ခင်သည် သူငယ်ချင်းတွေ့ ဖြစ်
သည်။မိဘများ မရှိတော့သည်ကလည်း
အတူတူ တစ်ကောင်ကြွက် ဖြစ်သည်က
လည်း အတူတူမို့ နှစ်ယောက်သား
ပေါင်းဖြစ်ခဲ့ကြခြင်း ဖြစ်သည်။ တက္ကသိုလ် တက်တော့လည်း ကျန်သူငယ်
ချင်းတွေ့ထက် သူတို့နှစ်ယောက်
ပိုတွဲ ဖြစ်ခဲ့ကြသည်။

မင်းလက်ယာက မိဘတွေ့မရှိတော့ပေမဲ့
မိဘတွေ့ ထားရစ်ခဲ့သည် အမွေပစ္စည်း
တွေ့က သူတစ်သက်စာ အတွက် ပူပင်စရာ မလို။ အလင်းရောင်ကတော့
ရိုးရိုး သာမာန် ဘဝသာ။

ချမ်းသာခြင်း ဆင်းရဲခြင်းက သူတို့နှစ်
ယောက်ကြား ပြဿနာမဟုတ်ခဲ့။
မင်းလက်ယာက အလင်းရောင် အတွက်ဆိုအားလုံး ထောက်ပံပေးခဲ့တာ ချည်း။

ကျောင်းတွေ့ ပြီးကျသည်အထိ…သူတို့
နှစ်ယောက် အခင်အမင် မပျက်ခဲ့။

နောက်ပိုင်းမှာ "မင်းလက်ယာ" တစ်ယောက်အမေရိကမှာ ရှိသည် သူမိဘတွေ့ထားရစ်ခဲ့သည် စီးပွားရေး
ကိစ္စတွေ့ကို ကိုယ်တိုင်ဦးစီးဖို့ ဖြစ်လာ
သည်။

ဒါကြောင့် အမေရိက သွားရန် ပြင်ဆင်
ပြီးနောက် အလင်းရောင်ကို လိုက်ခဲ့ဖို့
ခေါ်ခဲ့သော်လည်း မြန်မာပြည်ကို မခွဲနိုင် ချစ်သည်ဟု ဆိုကာ အလင်းရောင်က
မလိုက် …။

ထို့ကဲ့သို့ နေခဲ့ခြင်းက အလင်းရောင်
အတွက် ကံကြမ္မာဆိုး ဖြစ်ခဲ့သည်။

အမေရိကက သူဆီကို အလင်းရောင်း ဖုန်းဆက်တိုင်း နေကောင်းလား …အလုပ်အဆင်
ပြေလား ထို့အကြောင်းတွေ့သာ ပြောဖြစ်ခဲ့ကြပေမယ် တစ်ရက်မှာတော့
အလင်းရောင်က ထူးခြားစွာပင်
မြူးထူးပျော်ရွှင်နေသော အသံဖြင့် ………

"ဟျောင့်…လက်ယာ …ငါ အချစ်ကို တွေ့နေပြီ ထင်တယ်"

"ဘာ………မင်းနောက်နေတာ
လား "

"တစ်ကယ်ကွ…ငါ ကောင်မလေး တစ်
ယောက်ကို ချစ်မိနေပြီ သူနမည်က …
ခြယ်မုန်းရံ…တဲ့…"

"ခြယ်မုန်းရံ ………"
သူထို့နမည်ကို ထပ်၍ ရေရွက်မိသည်။

ထို့စဉ်က ခြယ်မှုံရံဟာ သူသူငယ်ချင်း
အတွက် ကံကြမ္မာဆိုးတွေ့ ယူဆောင်လာ
သူမှန်း သူလုံးဝ မရိပ်မိခဲ့……။

မိုးစက်လေးများက တဖွဲဖွဲကြလာသော
ကြောင့် " မင်းလက်ယာ " ရဲ့ အတွေးစများ ပြက်တောက်သွားသည်။

"ဟျောင့်……အလင်းရောင် မိုးတွေ့
တောင်ရွာလာပြီ …မိုးရွာထဲမှာ ငါတို့ လမ်းအတူ လျှောက်ခဲ့ ဖူးတာ သတိရတရ်…မင်းရော…? "

"မင်း လောကကြီးထဲက အစောကြီး ထွက်သွားရမယ်လို ငါမထင်ခဲ့ဖူး …
နောက်ဘဝဆိုတာ ရှိခဲ့ရင် မင်းနဲ့ဘဲ
ထပ်ပြီး သူငယ်ချင်း ဖြစ်ချင်သေးတရ်"

"မင်း……တမလွန်မှာ အေးချမ်းစွာ အနားယူနိုင်လိုက်မယ်လို့ ငါထင်တယ်… ဘာလို့လည်းလည်းဆို …ငါမင်းအတွက် ခြယ်မုန်းရံဆိုတဲ့ မိန်းမကို လက်စားခြေ
မှာမို့ဘဲ………"

မင်းလက်ယာ ၏ စကားအဆုံးမှာ မိုးစက်များက တဖြည်းဖြည်း သည်းလာသည်။ လေပြင်းများက အေး
စက်စွာ……။ လက်စားခြေမည် ကိစ္စကို
ထောက်ခံနေတာလား …ငြင်းဆိုနေတာ
လား ဆိုတာတော့ ………

"ခြယ်မုန်းရံ……မင်းအတွက် ကံဆိုးခြင်း
နေ့ရက်တွေ့ ရောက်လာပြီ…မင်းစောင့်
နေလိုက်ဘာ ………"

မင်းလက်ယာရဲ့ စကားသံအဆုံးမှာ မိုး
ခြိမ်းသံက ကျယ်လောင်စွာ ထွက်ပေါ်
လာသည်။

…………………………………

"ခြယ်……နင်ရည်စားထားမယ် စိတ်မ
ကူးဘူးလား ……"

စမ်းချောင်းရှိ…YKKO ဆိုင်ထဲမှာ …
မင်းခေတ် နှင့် ခြယ်တို့
ကြေးအိုး သောက်နေကျရင်းနှင့် မင်းခေတ်က အဆုံးအဆုံးမရှိ မေးလိုက်
သည်။

"ဘာတွေ့ဘာမေးနေတာလည်း မင်းခေတ်ရာ ……"

"ငါသိချင်လိုပေါ့ဟ …နောက်ပြီ နင်ရီးစား ထားမယ်ဆို ဘယ်လိုလူမျိုး
ကို ထားမှာလည်း ……"
မင်းခေတ်က စလက်စ ကြေးအိုးကိုပင်
မစားတော့ဘဲ ခြယ်မျက်နှာကို စိုက်
ကြည်ရင်း ပြောသည်။

"ကျစ်……ဘယ်လို သိမှာလည်းဟ ……
နင်ဒီနေ့ အာရုံလာစားနေတယ်နော်"

"ခြယ်ကလည်းဟာ …လုပ်ပါ… ငါတစ်ကယ်သိချင်လိုပါ……"

ခြယ်…က စားလက်စ ကြေးအိုးကို လက်စ
သက်၍ ရှေ့မှာ ရှိနေသည် စတော်ဘယ်ရီ အအေးခွက်ကို မွှေရင်း…

"ရည်စား မထားချင်ပါဘူးဟယ် …
ငါအခုထိ ရင်ခုန်ရတဲ့ လူလည်း မရှိဘူး
ရှိလည်း ရှိလာနိုင်မှာ မဟုတ်ဘူး …
အပူမရှာချင်ပါဘူး မင်းခေတ်မ ရယ်"

မင်းခေတ်က စိတ်ပျက်လက်ပျက်ပြော
နေသော ခြယ်ကို ကြည့်ကာ အားရပါး
ဟ အော်ရီသည်။

"ဟားးဟားး …ရီးစားလည်း တစ်ယောက်မှ မထားဘူးဘဲနဲ့ မသိရင်
သူဘဲ ရီစားထားဖူးတဲ့ အတိုင်း …အပူတဲ့
ဟားးဟားး"

"မင်းခေတ်နော် …ငါက …ငါကြားဖူး မြင်ဖူး တာကို ပြောနေတာ …ပတ်ဝန်း
ကျင်မှာဘဲ ကြည့်ပါလား …အချစ်ကြောင့် အသည်းကွဲတဲ့ လူတွေ့
တစ်ပုံကြီး……"

"ဒါဆိုနင်က အပျိုကြီး လုပ်မလို့လား …"

"နောက်ဆုံးမှာတော့ ဒီလိုဘဲ ဖြစ်ရင်
ဖြစ်မှာပေါ့……"

"ကျွတ်……ကျွတ် …သနားစရာပါလား
…ခြယ် စိတ်ကူးမလွဲနဲ့နော် အချိန်မှီ
သေးတယ် …ရီးစားလိုချင်ရင် ငါရှိနေတယ်…သိလား ……"

"ဘာ ……မင်ခတ်…အရူးကောင်…"

"ဟားဟားး "

ခြယ် တစ်ယောက် တစ်ဟားဟား အော်ရီ
နေသော မင်းခေတ်ကို ထုရိုက်လိုက်သည်။

"တောက်………"

"မင်းလက်ယာ " တစ်ယောက် ထို့မြင်
ကွင်းကို ကြည့်ရင်း ဒေါသထွက်နေမိသည်။

"ခြယ်မုန်းရံ…မင်းသိပ်ပျော်နေတယ်ပေါ…ဒါက မင်းရဲ့ ပျော်စရာ နောက်ဆုံးရက် ဖြစ်မှာပါ …"

"မင်းလက်ယာ …" တစ်ယောက် ထို့မြင်
ကွင်းကို ဆက်မကြည့်တော့ဘဲ ဆိုင်ထဲ
မှ ထွက်လာခဲ့သည်။

မနပ်ဖြန်အတွက် သူအစီအစဉ် ဆွဲပြီးသား
……။ မနပ်ဖြန်ဟာ "ခြယ်မုန်းရံ" ဆိုတဲ့
မိန်းမ အတွက် ကံဆိုးမည်နေ့ ဖြစ်ကို ဖြစ်စေရမည်။

                  အပိုင်း (2)မျှော်

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.033
BTC 70191.58
ETH 3817.91
USDT 1.00
SBD 3.78