Steemit Power 500 ရှိနေရင် ကောင်းမယ်ကွယ်

in #myanmar6 years ago (edited)

image
Steem ဈေးလဲ ကျ ၊ SBD ဈေးကလဲ ကျနေတယ် ၊ ဒီအချိန် ဝယ်ထားနိုင်ရင်ကောင်းမှာ ၊ဝယ်ထားချင်တာပေါ့SP များလာအောင် SP များလာရင် အများတကာ ကူညီ ရတာ အရာ ရောက်မယ်။Vote ပေးတဲ့အခါ သိသိသာသာ $တက်မယ် ဒီလိုတက်သွားရင်၊ကိုယ် vote လိုက်လို့  $ တက် ၊ post ရေးသားသူတွေလဲ ပျော် ၊ နောက်ထပ်ပို့ စ့် တစ်ခုရေးဖို့  စိတ်အား ထက်သန်သွားမှာတော့ အမှန်၊ SP,SBD ဝယ်မထည့်နိုင်သေးတော့လဲ ဒီလိုဖြစ်လာဖို့ က ကြာဦးမှာပါ။
image
ပို့ စ်ကောင်းတစ်ခု ရေးနိုင်ဖို့ ကလဲ မလွယ်တာ ပို့ စ်တစ်ခုရေးဖို့  ကုန်ကြမ်း ရှာရတာလဲ သိပ်လွယ်လှသည်မဟုတ်။ မြင်မြင်သမျှလေးတွေ ပြန်တွေး ဖြစ်နေတာလေး စာစီ ၊စာလေးရှည်အောင် ကြိုးစားရေးရင်နဲ့  ပို့ စ်တစ်ခု တော့ တင်နိုင်သွားပါလိမ့်မည်။ဒီလိုပဲ ကြိုးစားရေးမည်။

လုပ်ဖော်ပိုင်ဖက် သူငယ်ချင်းတွေကိုလဲ ပြောပြဖြစ်တယ် ။ စာရေးရုံနဲ့  $ ရကြောင်း၊ Facebook ကဲ့သို့  သုံးရတာ ဖြစ်ကြောင်း၊ လက်ဖက်ရည်ဆိုင် မှာ ထိုင်ဖြစ်တဲ့အခါ၊ beer ဆိုင်တို့  မှာ ထိုင်ဖြစ်ရင်လဲ ပြောပြဖြစ်တယ်။ဒါပေမဲ့ သူတို့  တွေက သံသယ စိတ်ဝင်နေတယ်။ဘာဖြစ်လို့ ဆိုတော့ ၂၀၁၅ လောက်တုန်း MMM ဆိုတာကြီးကို သိထားကြလို့  ပေါ့ ။လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းတွေတော်တော်များများ ပိုက်ဆံ ဆုံးရှုံးခဲ့ကြသည်။ MMM ကြောင့်လဲ Online မှာ ငွေရှာလို့ ရတယ်ဆိုတာလေး သိလာတယ်။သိပ်မကြာခင်မှာပဲ အလိမ်အညာ ဆိုတာ သိသွားခဲ့ရသည်။ သူတို့ တွေ online ငွေရှာခြင်းကို စိတ်မစားကြတော့ပါ။ ပြောပြရင်လဲ မယုံတော့ ပါ။ကိုယ်သွားပြောတဲ့အခါ ကိုယ်က လိမ်ညာ နေသလို ဖြစ်လို့ နေပါပြီ။ဒါကြောင့် steemit မှာ လုပ်ဖို့  မဆွဲဆောက်နိုင်ဖြစ်လို့  နေပါသည်။ဒါကလဲ ကိုယ်ညံ့တာလဲ ပါမှာပါ။KBZ ဘဏ်မှာ အလုပ် လုပ်နေတဲ့ သူငယ်ချင်းကိုတော့ Account တွေ လုပ်ပေး၊ post တင်နည်း တွေပါ ပြောပြ အစပိုင်းကတော့ ဟုတ်မလိုလို နဲ့  အခု သူစာမရေးတော့ပါ။သူ စိတ်မပါရင်တော့လဲ ဘာမှ မတတ်နိုင်ပြန်ဘူးလေ။ သူ လုပ်ချင်မှ ဖြစ်မှာဆိုတော့ အစပို့ စ်တွေတင်တဲ့အခါ $ မရတာလဲ ပါမယ်ထင်ပါသည်။
image
Account စလုပ်ခါစကတော့ ဒီလိုပါပဲ ၊ နောက်မှအဆင်ပြေလာမှာပါ။ စသဖြင့်ပြောပြဖြစ်တယ်။ online ပေါ်မှာ ငွေရှားခြင်းဆိုတာ သူ့ အတွက်တော့ ဒါ ပထမဆုံး ပါ သူများတွေ ရတာ ကို ပြပေးတယ်။ Myanmar Steemit Leader Kachin Henry Aung တင်ထားတဲ့ post တွေကို ဖတ်ဖို့  link ပို့ ပေး၊ ပို့ စ်တွေ ဖတ်တဲ့အခါ ဟို 7လပိုင်း2017 က post တွေကိုပါ လိုက်ဖတ်ဖို့  ပြောပြတာပေါ့။ဆရာတင် Sir TinHlaing (Thayet)ရဲ့ ပို့ စ်တွေဖတ်ဖို့  နှင့် အစမို့  SP မရှိသေးတဲ့အတွက် တတ်နိုင်သလောက် comment လိုက်ပေးဖို့  မနည်းဆုံး နှစ်ရက် တစ်ပို့ စ် တင်နိုင်အောင် ကြိုးစားပါ စသည်ဖြင့် လမ်းညွှန် ပြပေးဖူးတယ် ဒါပေမဲ့မရပါ။ စာတွေ လိုက်မဖတ်လို့ လားပေါ့။ ဒါပေမဲ့ သူ့  အလုပ် KBZ ဘဏ်က ရုံးဆင်းတာ နောက်ကျတယ် ဒါကြောင့်လဲ ဖြစ်ပါလိမ့်မည် ဟုသာ တွေးကြည့်နေမိသည်။

ဖြစ်ချင်တာက ရင်းနှီးတဲ့ လုပ်ဖော်ကိုင်ဖက်တွေ ၊ သူငယ်ချင်းတွေ စုပြီး လုပ်ချင်တာ လေ သူ့ တို့  ကOnline အလုပ်ဆိုတာနဲ့  စိတ်မဝင်စားတော့တာ ဘာတတ်နိုင်မလဲ ဆိုပြီး နေရ၊ တစ်နေ့  ကိုယ့်မှာ SP 1000 လောက်ရှိလာတဲ့အခါ သူတို့  အားကျနေလေမလား၊ သူ့ တို့ စိတ်ပါလာမလား၊အဲချိန်မှာ ထလုပ်ချင်စိတ်တွေ ပေါ်လာမလား တွေးတောရင် SP များများ စုလိုက်ပါလို့ သာ ကိုယ့်ကိုကိုယ် အားပေးနေပါသည်။
MSC အဖွဲ့ သားများ ပိုမို တိုးတက် နိုင်ကြပါစေ။
Author>>@aungsanlwin
photos credit ;google image
MSC-017

Coin Marketplace

STEEM 0.27
TRX 0.12
JST 0.031
BTC 68526.92
ETH 3726.80
USDT 1.00
SBD 3.73