Believe yourself

in #myanmar6 years ago

ထိုင်​​နေတုန်းက အ​ကောင်း
ထသွားမှ ကျိုး မှန်း သိ..တဲ့

ဒီစကားပုံ အဓိပ္ပါယ်​က ​အေး​အေး​ဆေး​ဆေးသာ​နေပါ..
မစွန့်​စားနဲ့ ဆိုတဲ့သ​ဘော ..

စွန့်​စားရင်​ ဒုက္ခ ​ရောက်​နိုင်​တယ်​ ဆိုတဲ့ဘက်​ကို ​တွေးပြီး
ဖွဲ့ဆိုထားတဲ့ စကားပုံ​....

သေချင်​တဲ့ကျား ​တော​ပြောင်း ဆိုတဲ့ စကားပုံမျိုးနဲ့ အဓိပ္ပါယ်
တူတူပဲ​ပေါ့...

ဒါ​ပေမယ့်​ ကျ​နော်​က ​သေခါမှ​သေ​ရော..​တော​ပြောင်းချင်​တယ်​..
ကျိုးခါမှကျိုး​ရော ထ သွားသင့်​တယ်​လို့ မြင်​တယ်​..

တချို့က ကိုယ်​ ကျိုး​နေလား ​ကောင်း​နေလား မသိဘူး..
ထ လည်း သွားမကြည့်​ဘူး..

တချို့က ကျိုး​နေမှန်း သိရက်​နဲ့ မှိန်းထိုင်​​နေကြရင်း..
တစ်​သက်​လုံး မတ်​တတ်​ထ သွားခွင့်​ မရကြဘူး..

ကျ​နော်​တို့ ကျိုး​နေလား.​ကောင်း​နေလား သိဖို့..
ထ သွားကို သွားရမယ်​..

ကျိုး​နေရင်​ ​ကောင်း​အောင်​ ပြုပြင်​နိုင်​မယ်​..
ပြင်​​ပေးနိုင်​မယ့်​လူ လဲ ​တွေ့နိုင်​မယ်​..

ကျိုးမှာစိုးလို့ ထိုင်​​နေရင်​​တော့ တစ်​သက်​လုံးငုတ်​တုတ်​ကြီး​ပေါ့..

ကျိုး​နေတဲ့ လူက​တော့ ထိုင်​ရုံပဲ ထိုင်​နိုင်​မယ်​..
ကောင်းတဲ့လူက​တော့ ထိုင်​ချင်​ထိုင်​ ထချင်​ထ
သွားချင်​သွား ကြိုက်​တာလုပ်​..

အဲဒီ​တော့ ထိုင်​​နေမလား ထသွားကြမလား...
@aungthetpysoe image

Sort:  

မှတ်​သား​လောက်​တဲ့အ​တွေးအ​ခေါ်​လေး​တွေ​good brother

ကျေးဇူးပါ ညီ

အော်​ ကိုစံ​အောင်​ကြီးကို

ဟုတ်

We can take out a good learn from your blog.It is an educative value. Big thanks @aungthetpysoe (25)in myanmar

Thanks a lot..

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 61095.28
ETH 2922.98
USDT 1.00
SBD 3.65