♡မိဘမေတ္တာ (သို့) စုန်ရေ♡(2)

in #myanmar6 years ago (edited)

image
အမေရဲ့ မေတ္တာတွေကို မြင့်မိုရ်တောင် နဲ့နှိုင်းယှဉ်
ရင်တောင် မြင့်မိုရ်တောင် ကြီးဟာ ဇီးစေ့ပမာ
လောက်ပဲ ရှိပါတော့တယ်...အလွန်ကျယ်ပြန့်၍အ
တိုင်းအဆမရှိသော စင်္ကြာဝဠာသည် မိဘမေတ္တာ
နှင့်နှိုင်းဆပါက အပ်နဖားလောက် ပမာဏသာရှိ
ပေတော့သည်...အမေတွေ သားသမီးအပေါ်ထား
တဲ့ချစ်ခင်ပုံမှာ ဆယ်ဆသာ၍ သားသမီးတွေက
အမေ့အား ချစ်ခင်ပုံမှာ တစ်ဆလောက်သာရှိလေ
သည်...အမေ့ရဲ့မေတ္တာတရားတွေကို စာဖွဲ့ရင်ဖွဲ့
လို့ကုန်ဆုံးနိုင်မည် မထင်တော့ပေ....။
အမေ...သည်ကနေ့ ကျွန်တော် ဖြစ်နေသမျှ နောင်တစ်နေ့ ကျွန်တော်ဖြစ်ဖို့ မျှော်မှန်းနိုင်သမျှ
အားလုံးသည် အမေ့ ကျေးဇူးတရားပင်ဖြစ်သည်...
image
image

လောကတွင် အမေ့ရဲ့ကျေးဇူးတရားတွေ ကြီးမား
သကဲ့သို့ အဖေ့ရဲ့ကျေးဇူးတရားတွေဟာလဲ လွန်
စွာကြီးမားကြလေသည်...အမေသည် မွေးကျေးဇူး
ရှင်ဆိုလျှင် အဖေသည် ကျွန်တော်တို့အတွက်
ကျွေး ကျေးဇူးရှင် ပင်ဖြစ်လေသည်...အမေကျွန်
တော်တို့ကို ကျွေးမွေးစောင့်ရှောက်နိုင်အောင်
အဖေ့သည် သားသမီးတွေအတွက်ရှာဖွေလုပ်ကိုင်
ပေးရသည်...အမေနဲ့ကျွန်တော်တို့ အရိပ်ထဲမှာ
အေးချမ်းစွာနေ နိုင်ဖို့အတွက် အဖေ သည်နေပူထဲ
တွင် မိုးရွာမရှောင် နေပူမရှောင် အလုပ်ကိုလုပ်ကြ
ရပေသည်...အဖေ့ရဲ့ သားသမီးတွေအပေါ် ထား
တဲ့ချစ်ခြင်း မေတ္တာတရားသည် အမေတွေထက်
မပိုရင်တောင် မလျော့ပေ....အမေတွေက သား
သမီးတွေအပေါ်ချစ်ခြင်းမေတ္တာတရားကိုထုတ်ဖော် ပြီးချစ်ပြကြပေမဲ့ အဖေတွေကျတော့ သားသမီး
တွေကိုနောက်ကွယ်ကနေသာ ချစ်ကြတာများလေ
သည်...ထို့ကြောင့်ပင် သားသမီးတွေဟာ အဖေ့
ထက် အမေ့ကို ချစ်ခင်ကြတာများလေသည်...။
image
image
အဖေတွေရဲ့ သားသမီးတွေအပေါ် ထားတဲ့မေတ္တာ
တရားတွေကို သားသမီးတွေက သိပ်မတွေ့မမြင်
ကြပေ...ကျွန်တော်ကိုယ်တိုင်လဲဘဲ အဖေရှိစဉ်က
အဖေ့ရဲ့ မေတ္တာတရားကို မသိခဲ့ပေ...အဖေ့ကို
လုံးဝမချစ်တာမဟုတ် ပင်မဲ့ အမေ့လောက် အဖေ့
ကို မချစ်ခဲ့ပေ...ကျွန်တော့် အဖေနဲ့ အမေ ရန်ဖြစ်
တိုင်း ကျွန်တော်သည် အမေ့ဘက်ကသာပါခဲ့သည်
အမေ့ကိုသာ ကာကွယ်ပြောဆိုခဲ့လေသည်...ကြာ
လာတော့ အဖေနဲ့ ကျွန်တော့်ကြားတွင် ခင်မင်ရင်း
နှီးမှု ပျောက်ဆုံးလာလေသည်...အဖေကတော့
ကျွန်တော်တို့ အပေါ်တွင် အချစ်တော့မလျော့ခဲ့ပေ
ကျွန်တော်တို့ကသာ အဖေ့အပေါ်ကို အချစ်တွေ
လျော့နည်း လာခဲ့ကြလေသည်...အဖေ့သည်ကျွန်
တော်တို့သူအပေါ် အချစ်တွေလျော့နည်းလာတာ
ကိုဂရုမစိုက်အားပေ...အဖေဆိုတဲ့ စိတ်ဓာတ်နဲ့
ပင် ကျွန်တော်တို့အပေါ်ကို ချစ်ခင်ကြင်နာခဲ့လေ
သည်...ကျွန်တော်လဲကျတိုင်း အဖေသည် ကျွန်
တော့ကို အားပေးနှစ်သိမ့်ပေးခဲ့လေသည်...ခွန်
အားတွေလဲပေးခဲ့လေသည်...အဖေအမြဲပြောသောစကားတစ်ခွန်းရှိလေသည်...ငါ့သား လောကမှာ
ဘယ်အရာမှ လွယ်လွယ်မရဘူးတဲ့...တစ်ခါလဲ
ရင် ဆယ်ခါ ပြန်ထနိုင်ရမည်...လို့အမြဲ အားပေးခဲ့
လေသည်...။(ဆက်ရန်....)
image

(♡Steemit မှညီအကို မောင်နှမတွေအားလုံး
စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိပြီး အောင်မြင်မှုတွေ
ရကြပါစေ...♡♡♡)

Writer☆@aungzin

#credit Google image

☆MSC. 242

Sort:  

အရေးအသားကောင်းလွန်းပါတယ်ဗျာ

ကျေးဇူးပါဗျ😊

တခါလဲရင် ဆယ်ခါပြန်ထနိုင်ရမယ်ဆိုတဲ့ စကားလေးကြိုက်တယ်ဗျာ

ဟုတ်တယ်အဖေကအမြဲအဲလိုပဲအားပေးခဲ့တာ

ကောင်းလွန်းတဲ့ စာသား​တွေပါဗျာ

ကျေးဇူးပါ😊

သတိရတယ်​ အ​ဖေ 😢

အေးကွာ

မိဘမေတ္တာက အင်မတန်ကြီးမားပါတယ်။

မိဘ​မေတ္တာကိုတန်​ဘိုးထားတတ်​ပါ​စေ

ဟုတ်ကဲ့ပါ😊

ဒီမယ်ငါ့သား..မိဘမေတ္တာဆိုတာကြီးမားပါတယ်သားရယ်။ ဟိုတုန်းကရုပ်ရှင်သရုပ်ဆောင် ဦးသိန်းမောင်ပြောသွားခြင်းဖြစ်ပါသည်

ဟုတ်ကျေးဇူးပါဗျ

ကျွန်​မက​တော့အ​ဖေ့ကိုပိုချစ်​တာရှင့်​အ​မေကဒုတိယ။ရေးထားတာ​လေး​ကောင်းပါတယ်​ရှင်

သမီးတွေကတော့အဖေကိုပိုချစ်ကြတာများပါတယ်သားတွေကတော့အမေကိုပိုချစ်ကြတယ်😊

ှိုင်းတု့  မမှီပါဘူး မိဘတွေ့ မေတ္တာကတော့

ဟုတ်ပါတယ်sis

အသိတရားတခုရပါတယ်...မိဘမေတ္တာဖွဲ့လေးဆိုတော့

Thz u bro😊

Coin Marketplace

STEEM 0.27
TRX 0.12
JST 0.031
BTC 61560.41
ETH 2894.96
USDT 1.00
SBD 3.61