mountain

in #myanmar6 years ago (edited)

Towards the top of the mountain ...
If you like, 😘😘🖤
သဘာဝ တရား တေ ထဲ မှာ တောင်တန်း တေ ကို ချစ်မြတ်နိး ခြင်းသည်..အပြစ်ကင်းစေင် စေ သည်..
တောင်တန်းကြီးတေ ကို အားကျ သည် ....
နစ်သက်ရင်ခုန်မိသည်....
တောင်​တန်းဆိုတာ နိမ့်​ချည်​မြင့်​ချည်​နဲ့ တစ်​​တောင်​ ပြီး တစ်​​တောင်​သွယ်​တန်း ယှက်ဖြာတည်​ရှိ​နေ တတ်တဲ့ သဘာဝ ရှိပါ တယ်​...
ဘ၀ဆိုတာလည်း​တောင်​တန်း​တွေလိုပဲ ​နိမ့်လိုက် မြင့်လိုက်.ကုန်းမြင့်တေ လွင်ပြင် တေ ကို ဖြတ်သန်း ကျော်လွှား နေရသလို ကောင်းလိုက်​ဆိုးလိုက်​နဲ့ ဘ၀အခက်​ခဲ​တွေကိုတိုကိပွဲဝင်​​နေရ ခြင်း မျိုး နဲ့ တူ ပါတယ်​..
တစ်​​တောင်​ပီးရင်​​နောက်​တစ်​​တောင်​ ​ကျော်​ဖြတ်​ရပြီး​တော့ ​နောက်​မှာလည်း​ဖြတ်သန်းကျန်ရစ်စေခဲ့တဲ့ တောင်ခါးပန်းအနိမ့်အမြင့် ရှေ့ မှာ လဲ မြင့်မားမတ်စောက်လွန်းတဲ့တောင် နံရံ မြင့်မြင့်မားမားတေ နောက်​​ထပ် တောင်​​တွေများစွာဆီးကြို​နေ​သေး ပါတယ်​..
ကျရှုံးလိုက်​ ​အောင်​မြင်​လိုက်​နဲ့ ဘ၀​တောင်​​တွေကို ​ကျော်​ဖြတ်​ရတာဟာ ဘ၀ရဲ့အရသာပါပဲ...
တစ်​​တောင်​​ကျော်​ဖြတ်​ပီးလို့ ခံစားရတဲ့အရသာကိုသင်​ကြိုက်​နှစ်​သက်​ပီဆိုရင်​ ​သေချာပီ သင်​ဘ၀တိုက်​ပွဲဝင်​ရတာ ​ပျော်​​မွေ့​နေပီ..ဒီခံစားချက် တေ ရဲ့ အနားသပ် ရင်ခုန်မှု့ တို့ သည်..
စိန်ခေါ်မှု့ တေ ကို နှစ်သက်လက်ခံ နိင် ခြင်း ဖြစ်တယ်..

တောင်​ကို​ကျော်​ဖြတ်​​နေတုန်း ​ဘေးနားကလှပတဲ့ရှုခင်း​တွေကိုခံစားတတ်​ဖို့မ​မေ့နဲ့​နော် ​သာယာလှပတဲ့ပတ်​၀န်းကျင်​​တွေရှိ​နေနိုင်​တယ်​​လေ
တောင်​​ပေါ်မှာလည်းလှပတဲ့အရာ​လေး​တွေ​ကိုရှာနိုင်​​သေးတယ်​​နော်
ခံစားကြည့်​ပါ သာယာနှစ်​​မြောမသွားပါနဲ့ ကိုယ့်​အလုပ်​က ​တောင်​ကို​ကျော်​ဖြတ်​ဖို့ဆိုတာ​တော့သတိရပါ..

မြေပြင်​​ပေါ်မှာလမ်း​လျောက်​​နေတဲ့သူ​တွေက​​တောင်​​ပေါ်ကသူ​တွေကို​မော်​ကြည့်​ပီး​တော့ အားကျ တတ် ကြ ပါတယ်​..
တောင်​​ပေါ် မှာ ကာအရမ်းသာယာမှာပဲ​.လို့မျှော်ငေးမောအားကျ ကြည့် မိတတ် ကြပြန် ပါတယ်..
အဲ့လို​ကျော်​ဖြတ်​နိုင်​ဖို့ဆိုတာ ဘ၀ရဲ့​သွေး​ချွေး အခက်အခဲ တေ သတ္တိ ဇွဲလုံ့ လ တွေ ကြံ့ ကြံ့ ခံ နိုင်ရည် မှု့ တေနာကျင်​မှု​တွေ ​ပျော်​ရွှင်​မှု​တွေ အရာအားလုးံအကုန်​​ပေါင်းစပ်​ပီးမှရလာတဲ့ အင်​အားတစ်​ခုပါ...ရလာဒ် ကောင်း တစ်ခုပါ...
လောကမှာ ဘယ်​အရာမှအလကားမရပါဘူး တစ်​ခုလိုချင်​တစ်​ခု​တော့စွန့်​ရလိမ့်​မယ်​..
လို့ လဲ ခံယူထားပါတယ်....
အချိန် တိုင်း ကြိုးစား ပါ ..အချိန်တိုင်း
မ​လျော့​သောဇွဲနဲ့ ဘ၀​တောင်​​တွေကို ​ကျော်​ဖြတ်​နိုင်​ကြပါ​စေ
image

Sort:  

မှန်တာပေါ့..ကလေးရယ်...ဘယ်အရာမဆို..အလကားမရနိုင်ဘူး..အလကားရနေရင်လည်း..ကိုယ့်ရဲ့တန်ဖိုးထားခြင်စိတ်ကဆုံးရှူံးတယ်...။တေ..မဟုတ်ဖူးကလေး။တွေ..ပါ။

Coin Marketplace

STEEM 0.26
TRX 0.13
JST 0.031
BTC 61553.99
ETH 2881.27
USDT 1.00
SBD 3.54