အဖေ့အတွက်သွေးကြွေးကလဲ့စား

in #myanmar6 years ago

အဖေ့အတွက်သွေးကြွေးကလဲ့စား

ကရင်ပြည်နယ်
လှိုင်းဘွဲ့နားကရွာကလေး

ဒီရွာမှာ
ဖထီးကို ရှာရတာလွယ်တယ်ဗျ

သူကို
ဒီရွာမှာ ဆေးဆရာကြီးလို့ဘဲသိကြတာ

ဖထီးပုံကြည့်ရတာ
အောက်လမ်းပညာတတ်တဲ့
အောက်လမ်းဆရာနဲ့လည်းမတူဘူး

လက်ထဲမယ်
ပုတီးလေးတချောက်ချောက်စိတ်လို့
မျက်နှာကလည်း
ကြည်လင်ပြီးအေးချမ်းလိုက်တာ

ဖထီးထံရောက်တော့
ကျုပ်က
လာရင်းကိုတဲ့တဲ့ဘဲပြောလိုက်တယ်

ကိုရင်လေး
ဒီပညာတွေက
ဘုရားမကြိုက်တဲ့အလုပ်တွေမို့
မယူချင်ပါနဲ့ မတတ်ချင်ပါနဲ့

ဖထီးရယ်

ကျုပ်က
ဟိုးအဝေးကြီး
ပြည်မြို့တဖက်ကမ်းရွာကလေးကနေပြီး
ပညာယူချင်လို့ဒီထိအောင်လာခဲ့ရတာပါ

ကျုပ်ကိုသင်ပေးပါဖထီးရယ် နော်လို့

ကျုပ်လည်း
ဖထီးလက်ကိုကိုင်ပြီး အတင်းပူဆာတော့

အင်း
ခက်တယ် ကိုရင်လေးရယ်

ဖထီးလည်း အသက်ကကြီးလာပြီ

နောက်ပြီး
ဒီပညာရပ်တွေက
အကုသိုလ်တရားတွေပွားစေတာမို့လို့

ဖထီးလေ
ပြီးခဲ့တဲ့ လပြည့်နေကဘဲ
ဘုရားမှာသစ္စာပြုပြီး စွန့်လ်ုက်ပါပြီ

ဖထီးက
ကျုပ်ကို ဒီပညာမပေးချင်လို့မို့လား

ကျုပ်ကတော့
ဖထီးကို အားကိုပြီးလာခဲ့ရတာပါဖထီးရယ်
သင်ပေးပါနော်

ကိုင်း
ကိုင်း...
ဒီလိုလုပ်ပါ ကိုရင်လေး
ဖထီးက သစ္စာပြုပြီးသားဆိုတော့က

ဆောမြို့ကိုသွား
ကြားဘူးတယ်မို့လားကိုရင်လေး

အင်းကြားဘူးတယ်ဖထီး
ယောတို့ ဆောတို့ ဂန့်ဂေါတို့လေ

ဟုတ်တယ်ကိုရင်လေး

ဆောမှာ
ဖထီးရဲ့ ညီရှိတယ်

သူနံမည်က ဖိုးခမောက်တဲ့

သူလည်း
အာက်လမ်းပညာမှာ
တဖက်ကမ်းခတ်တတ်တဲ့ဆရာကြီးဘဲ

သူပညာက
ထုံးကူးမယ်အဆင့်တောင်ရောက်တော့မယ်

သူစီကိုသာ သွားပေတော့ ကိုရင်လေးရေ

ဒီညတော့
ဒီမှာဘဲအိပ်လိုက်တော့

မနက်
အာရုံဆွမ်းစားပြီးမှ ခရီးဆက်ပေတော့

သြော်ဒါနဲ့

ဖထီးစာရေးပေးလိုက်မယ်
ဘိုးခမောက်နဲ့တွေ့ရင်ပေးလိုက်နော့

ပြောပြောဆိုဆို
ဖထီးကရေထည့်လို့ရတဲ့
ဗူးသီးအခြောက်လေးတလုံးပေါ်မှာ
အင်းလိုလို
စမလိုလို
စာတွေရေးနေလေရဲ့

ပြီးတော့
ကျုပ်လက်ထဲထည့်ပေးပြီး

ဒီဗူးလေးကို လွယ်သွား
လမ်းမှာ အန္တရာယ်ကင်းအောင်လို့
ဖထီးစီရင်ပေးလိုက်တာ

ပြီးတော့
ရေထည့်သွား
လမ်းမှာသောက်လို့ရတာပေါ့
ဟိုကြမှ
ဘိုးခမောက်ကိုဒီဗူးလေးပေးလိုက်

ကဲကဲ
ကိုရင်လေးလည်း
ပင်ပန်းလာပြီဆိုတော့
အိပ်ပေဦးတော့

ဖထီးလည်းအိပ်တော့မယ်နော့

ကျုပ်လည်း
ဖထီးပေးတဲ့
ဗူးသီးခြောက်ရေဗူးလေးကိုကိုင်ရင်း

ဖထီးပြင်ပေးထားတဲ့ကွပ်ပျစ်လေးပေါ်က
ဖျာကြမ်းထက်မယ် ကျောခင်းလိုက်ရင်း

ကျိမ်ခေါင်းအုံးလေးပေါ်မှာ ခေါင်းတင်လို့
ထိန်ထိန်သာနေတဲ့ လမင်းကြီးကိုကြည့်ကာ
ကျုပ်မရောက်ဘူးသေးတဲ့ ဆောမြို့ နဲ့

ကျုပ်မတွေ့ဘူးသေးတဲ့
ဘိုးခမောက်အကြောင်းအတွေးနယ်ချဲ့ ရင်း

ဘိုးခမောက်...
ကျုပ်ကို
ပညာပေးပါစေလို့ဆုတောင်းနေမိတယ်

ဒီညတော့
ဘယ်လိုမှ အိပ်၍မပျော်တော့တာ
အမှန်ပါ ....
ကဲ့ ဒီလောက်ပါဘဲနော် အားပေးကြတဲ့မောင်နမှများ အားလုံးကို
ကျေးဇူတင်ပါတယ်ရှင်

@ayeaye image

Coin Marketplace

STEEM 0.28
TRX 0.12
JST 0.033
BTC 71297.37
ETH 3698.84
USDT 1.00
SBD 3.75