ဝဋ်ကြွေး
ယခင်တာဝန်ကျရာအုပ်စုထဲမှအုပ်စုခေါင်းဆောင်ကျောင်းအုပ်ဆရာကြီးဆုးံသွားသည့်သတင်းကြားရသဖြင့်ကျွန်မစိတ်မကောင်းဖြစ်မိသည်။ဆရာကြီးသေဆုးံသည်မှာ၉၆ပါးသောရောဂါနှင့်သေဆုံးသည်ဟုထင်မှတ်၍ဘာရောဂါလဲမေးရာရောဂါနှင့်သေဆုးံတာမဟုတ်ဘဲအသတ်ခံရသည်ဟုကြားလိုက်ရ၍လွန်စွာစိတ်မကောင်းဖြစ်မိပါသည်။
July5ရက်နေ့ ညဆရာကြီး၏အိမ်ထဲ၌မျက်နှာဖူးယောင် ဦးခေါင်းအတွင်းကြေဒဏ်ရာနှင့်သေဆုးံနေသည်ကိုတွေ့ရသည်ဟုပြောသည်။သတ်သွားသူ၏ဆိုင်ကယ်ဆရာကြီးအိမ်ရှေ့တွင်ကျန်ခဲ့သည်ဟုကြားသိရသည်။ဒီအဖြစ်မျိုးသည်ယခင်ဘဝဝဋ်ကြွေးရှိလို့ ဒီဘဝဝဋ်ကြွေးဆပ်ရခြင်းဖြစ်ပေမည်။
ဝဋ်ကြွေးသည်အလွန်ကြောက်စရာကောင်းသည်။ဆရာကြီးဒီဝဋ်ကြွေးကိုဒီဘဝနှင့်အပြီးဆပ်နိုင်ပါစေဘဝဆက်တိုင်းဒီလိုအဖြစ်မျိုးနဲ့မကြုံရပါစေနဲ့ဆုတောင်းပေးလိုက်ပါတယ်။ဆရာကြီးကောင်းရာဘုံဘဝရောက်ပါစေ
photo-credit -Image source
Author Aye Aye Thaw