Steemit နှင့် ပတ်သက်၍ ( မျှော်လင့်ချက်လေးများ)
မင်္ဂလာပါ မိတ်ဆွေတို့ရေ...
Steemit နှင့် ပတ်သက်၍ MSC အဖွဲ့ရဲ့
ယခင်နှစ်က အချိန်လေးတွေကို ပြန်တမ်းတမိရင်း
မနေ့က မနှစ်က လုပ်ဆောင်ခဲ့တာလေးတွေ
အစဖော်ခဲ့မိပါတယ်။
ဘာကြောင့် အစပြန်ဖော်သလဲ ဆိုတော့ကာ...
မနှစ်က ဒီလိုအချိန်မှာ မန္တလေး တောတွင် စိတ်ကျန်းမာရေး
ဆေးရုံသို့ နေ့လည်စာ အလှူဒါန ပြုခဲ့ကြရင်း
MSC အဖွဲ့တော်သား အချို့ တွေ့ဆုံခဲ့ကြတာနှင့်
ကောင်းမြတ်ဖွယ်ရာ အချို့ကို ဆောင်ရွက်ခဲ့ကြလေတော့
ကောင်းခဲ့တဲ့ အတိတ်ကို ပြန်သတိရ အစဖော်မိတာ
လွန်မလားဗျာ😁😁😁
အဲဒီတုန်းက MSC Logo ဖြင့် T-shart တွေ
ဝတ်ခဲ့ကြပြီး ကောင်းမှုလေးတွေ လုပ်၊ ပျော်ပါးခဲ့ကြသေး
မဟုတ်ပါလား။
ဒီနှစ်မှာတော့ အဲဒီလို မလုပ်ဖြစ်ကြသေးတော့
ကိုယ့်ကိုကိုယ် ပဲ အားမလိုအားမရ ဖြစ်ကြရမလား?
Steemit နှင့် steem ဈေးကိုပဲ ဆင်ခြေပေးကြရမလား?
Steemit and steem ဈေးကလည်း ပြောချင်စရာပါ။
2019 ခု 4 လပိုင်းကို SMTs နှင့်အတူ ဈေးကောင်း
လာမလားဟု အမျှော်လင့်ကြီး မျှော်လင့်နေရတာလည်း
ခု 3 လပိုင်း အချိန်ထိ ဘာသတင်း အစအနလေးမှ
ထူးခြား မလာသေးတော့ အားမလိုအားမရတာတော့
အမှန်ပါပဲ။
ကဲပါလေ... မည်သို့ပင် ရှိစေတော့...
စမိတဲ့ဇာတ် ဆုံးအောင်တော့ ကပါဦးမယ်ဗျ😁
မနှစ်က ခုလို အချိန်က စလို့ steem အပေါ်
ယုံကြည်စိတ်ဖြင့် မြန်မာငွေ ၄ သိန်းကျော်ဖိုးလောက်
ဝယ်စုခဲ့တာလေးမှာ အရင်းပြန်ရရ၊ ကံကောင်းတော့လည်း
အမြတ်ရလိမ့်မယ်ပေါ့ ဟု စိတ်ဖြတ်ကာ
SP ကိုသာ သည်းသည်းမည်းမည်း စုနေခဲ့လိုက်ပါတယ်။
စာရေး၊ ကဗျာရေး၊ ဓာတ်ပုံတွေ Post နေ့စဉ် တင်ရုံမကဘဲ
Steem and SBD$ ရလာနိုင်တဲ့ Game တွေပါ
ကစားလို့ Bill and Time ကတော့ အတော်ကြီး
ပေးဆပ်ခဲ့ပါပြီ။
ဒီတော့လည်း ကြိုးစားသမျှ အရာထင်ချင်ပါတယ်...
မျှော်လင့်ချက် အဆုံးမသတ်ဘဲ ဆက်လျှောက်နေဆဲပါလေ...
MSC က Friends တွေနှင့်လည်း
Steemit အကြောင်းပြု ကောင်းမှုလေးတွေ
ပေါင်းစုလုပ်ချင်ပါသေးသမို့ တောင်းဆုပြုလိုက်ရပါတယ်။
မိတ်ဆွေအားလုံး ပြုံးပျော်နိုင်ကြပါစေ...
MSC - 193
Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq
Thanks for upvote
Posted using Partiko Android
@billionairehein, အီး စ တင်း ကို အ သုံး ပြု သည့် အတွက် ကျေး ဇူး တင် ရှိ ပါ သည်။
ကျေးကျေးနော်
Posted using Partiko Android