To Be Perfect Life (10)

in #myanmar6 years ago

မင်္ဂလာပါ အောင်မြင်ချင်သူ မိတ်ဆွေတို့ရေ...
orca-image-1526033864405.jpg_1526033864511.jpeg
အောင်မြင်ပြည့်စုံသောဘဝ သို့ အရောက်သွားရန်
ခေါင်းဆောင်မှုပညာကို ကျင့်ကြံရာတွင် စိတ်ဓာတ်
တတ်ကြွအောင် လှုံ့ဆော်ပေးမှု လိုအပ်ကြောင်းနှင့်
မိတ်ဆွေ အပေါင်းအသင်း အဝန်းအဝိုင်းတွေပေါ်မှာ
ဩဇာတိက္ကမ ကြီးမားဖို့ လုပ်ဆောင်ရမည်များကို
ဆက်လက် မျှဝေပေးသွားပါမည်။

(7) Motivation

Screenshot_2018_0607_213327.png

Motivation ဆိုတာ လူတွေရဲ့ စိတ်ဓာတ်ကို
လုပ်ချင်ကိုင်ချင်စိတ် ရှိလာအောင်၊ လုပ်ဆောင်
နိုင်စွမ်း တိုးတတ်လာအောင် တိုက်တွန်းလှုံ့ဆော်
ပေးတာကို ဆိုပါတယ်။
မိတ်ဆွေတို့ဟာ ခေါင်းဆောင် အဖြစ် ရပ်တည်ကာ
အောင်မြင်မှု ရယူချင်တယ် ဆိုရင် အခြားလူတွေကို
Motivate လုပ်ပေးနိုင်ရပါမယ်။ လူတွေဟာ
Stimulate - လှုံ့ဆော်ခံရတဲ့အခါတိုင်း
Respond - တုန့်ပြန်တတ်ကြပါတယ်။
မိတ်ဆွေတို့နှင့် ဆက်နွှယ်ပူးပေါင်းသူတွေကို
အောင်မြင်မှု အတွက် လုပ်ချင်စိတ်တွေ ပေါ်လာပြီး
စွမ်းအားမြှင့် မောင်းနှင်နိုင်အောင် ဘယ်လို
Stimulate လုပ်ပေးကြမလဲ။ သူတို့တွေ
ကောင်းမွန် အားပြည့်တဲ့ Respond ရှိလာအောင်
ဘယ်လို Motivation ပေးကြမလဲ။

Screenshot_2018_0607_212935.png

Motivation ဖြစ်စေမယ့် အကြောင်းအရာ (၃)
ခုကို တင်ပြပေးပါမယ်။

(၁) Fear - အကြောက်တရားကြောင့် လူဟာ
လုပ်ဆောင်နိုင်စွမ်း မြင့်မားလာတတ်ပါတယ်။
ဥပမာ။ ။ အသက်ခံရမှာ ကြောက်လို့ ထွက်ပြေးရာ
ခြောက်ပေလောက်ရှိတဲ့ နံရံကို ခုန်ကျော်နိုင်တာမျိုး။
ဒီတော့ မိတ်ဆွေတို့ဟာ အခြားလူတွေကို ကြောက်
အောင် ခြောက်လှန့်ပြီး Motivate လုပ်ကြမလား။
ဒါ ကောင်းတဲ့ လှုံ့ဆော်မှုတော့ ဟုတ်မယ် မထင်ပါဘူး။

(၂) Prize - လူဟာ လိုချင်တက်မက်မှု၊ ဂုဏ်ရှိန်
ဆုလဒ် ရလိုမှုကြောင့်လည်း လုပ်ဆောင်နိုင်စွမ်း
တိုးလာနိုင်ပါတယ်။ ဒါပေမယ့် လိုချင်လောဘ
နည်းသူတွေကို ဘယ်လို မက်လုံးပေး ရနိုင်ပါမလဲ။

(၃) To be thirsty - ရေဆာလာအောင် လုပ်
ပေးရပါမယ်။ ဟုတ်ပါတယ်။ အခြားလူတွေကို
သူတို့တွေ ကိုယ်တိုင် မလုပ်ရရင် မနေနိုင်အောင်
ပြုမူပေးရပါမယ်။ ရေဆာလာအောင် ဆားပွတ်
ပေးရပါမယ်။ ဘယ်လို ဆားပွတ်ပေးရမလဲ။

အခြားလူတွေရဲ့ အကြောင်းကို နားလည်သိမြင်
အောင် ပေါင်းသင်းဆက်ဆံမှု ပြုရပါမယ်။ သူတို့
တွေရဲ့ လိုအပ်ချက်တွေ၊ လိုအင်တွေ၊ အကြိုက်
သဘောခွေ့တာတွေ၊ ဝါသနာတွေကို သိရှိထားရ
ပါမယ်။ ဒါတွေ အပေါ် မူတည်ပြီး သူတို့တွေကို
ကူညီတန်ရာ ကူညီ၊ ချီးမြှင့်သင့်တာ ချီးမြှင့်၊ လုပ်
ပေးရပါမယ်။ အခြားလူတွေရဲ့ စိတ်ထဲမှာ သူတို့တွေ
ဟာ အရေးပါတဲ့လူ၊ လုပ်ဆောင်နိုင်စွမ်း ရှိတဲ့လူ
အဖြစ် တန်ဖိုးထားတတ်အောင် ဆက်ဆံပြုမူပေး
ရပါမယ်။

ဒါဆိုရင်တော့ တခြားလူတွေဟာ မိတ်ဆွေတို့နှင့် ပူးပေါင်းပါဝင်ကာ သူတို့တွေ တတ်စွမ်းသမျှ
လုပ်ကိုင်ဆောင်ရွက်ကြမှာ ဖြစ်လို့ အောင်မြင်မှုကို
အတူတကွ ရရှိနိုင်ကြမှာပါ။

(8) INFLUENCE - ဩဇာတိက္ကမ

ခေါင်းဆောင်ကောင်း တစ်ယောက် ဖြစ်ရန်မှာ
ဩဇာတိက္ကမနှင့် ပြည့်စုံရပါမယ်။ ဩဇာတိက္ကမ
ဆိုတာက မိမိဟာ တခြားလူအပေါင်းပါတွေ
အပေါ်မှာ လွှမ်းမိုးနိုင်စွမ်း ရှိခြင်း၊ သူတို့တွေဟာ
မိမိကို ရိုသေလေးစားကြခြင်း၊ မိမိရဲ့စကား၊ ဆန္ဒ
အတိုင်း လိုက်ပါဆောင်ရွက်ကြစေခြင်းတို့ပါ။

မိတ်ဆွေတို့ကို ဩဇာတိက္ကမ နှင့် ပြည့်စုံကြစေဖို့
စိတ်ဓာတ်မြှင့်တင်ရေး ဟောပြောရေးဆရာကြီး
John C. Maxwell ရဲ့ ဩဇာတိက္ကမ -
INFLUENCE ကို အက္ခရာတစ်လုံးခြင်း
ဖွင့်ဆိုရှင်းပြပေးထားတာကို မျှဝေပေးပါမယ်။

Screenshot_2018_0607_213009.png

I - Integrity: ရိုးသားဖြောင့်မတ်မှု
ရိုသားဖြောင့်မတ်စွာ နေထိုင်ရပါမယ်။ ပေါင်းသင်း
ဆက်ဆံရေးကို ရိုးသားမှု အပေါ်မှာ တည်ဆောက်
ရပါမယ်။

N - Nurturing: ပြုစုပျိုးထောင်ခြင်း
လူတွေကို တစ်သီးပုဂ္ဂလအနေဖြင့် ဂရုတစိုက်
ပေါင်းသင်းဆက်ဆံခြင်းဖြင့် မိတ်ဆွေကောင်း
ပေါများအောင် ပြုစုပျိုးထောင်ရပါမယ်။

F - Faith: ယုံကြည်သက်ဝင်မှု
မိမိ၏ မိတ်ဆွေအပေါင်းအပါတွေကို ယုံကြည်မှု
ပေးရပါမယ်။

L - Listening: နားထောင်ပေးခြင်း
အခြားလူတွေ ပြောတာကို ဂရုတစိုက် နားထောင်
ပေးခြင်းဖြင့် တန်ဖိုးထားတတ်ရပါမယ်။

U - Understanding: နားလည်ပေးခြင်း
မိတ်ဆွေတို့၏ သဘောသဘာဝ အခြေအနေတွေကို
သူတို့ဘက်က အမြင်ကို ကြည့်မြင်ပေးခြင်းဖြင့်
သဘောထားကြီး နားလည်ပေးနိုင်ရပါမယ်။

E - Enlarging: ဖွံ့ထွားလာစေခြင်း
အခြားသူတွေကို ပိုမိုတိုးတတ်မြင့်မားလာစေရန်
ကူညီဆောင်ရွက်ပေးတတ်ရပါမယ်။

N - Navigating: လမ်းညွှန်ပေးခြင်း
အခြားသူတွေကို သူတို့၏ အခက်အခဲတွေကို
ဖြတ်ကျော်လျှောက်လှမ်းနိုင်အောင် လမ်းညွှန်
ကူညီထောက်ပံ့မှု ပေးရပါမယ်။

C - Connecting: ချိတ်ဆက်ခြင်း
မိတ်ဆွေသစ်တွေဖြင့် အပြုသဘော ပေါင်းသင်း
ဆက်ဆံရေးကို အစပျိုးချိတ်ဆက်ပေးရပါမယ်။

E - Empowering: လုပ်ပိုင်ခွင့်ပေးခြင်း
မိတ်ဆွေအပေါင်းပါတွေကို သူတို့ကိုယ်တိုင် ဦးဆောင်
တတ်စေဖို့ လုပ်ပိုင်နိုင်ခွင့်တွေ ဖွင့်ပေးရပါမယ်။

Screenshot_2018_0607_213414.png

ဆက်ရန်...
(မှတ်ချက်။ ။ To Be Perfect Life အပိုင်းဆက် အောင်မြင်ရေး
လမ်းစဉ်များကို ကျွန်တော်၏ Facebook Page ဖြစ်သော
Hein Khant Maung Perfect Life တွင် လွန်ခဲ့သော
သုံးနှစ်ခန့်က Power Point ကို Photo ရိုက်ယူ၍ တင်ခဲ့ဖူး
ပါသည်။ [Page Link မှာ https://www.facebook.com/heinkhantmaung.tinaungsoe/]

မိတ်ဆွေအားလုံး ကျန်းမာ ချမ်းသာ အောင်မြင်
ပျော်ရွှင်ကြပါစေ.....
With Kindness
@billionairehein
MSC - 193
Hein Khant Maung ပြုစု ရေးသားသည်။

Sort:  

အောင်မြင်မှုကို ဆာလောင်ငတ်မွတ်စိတ်နဲ့ တွန်းအားပေးရမယ်ပေါ့လေ

အဲဒီလိုလဲ ဖြစ်နိုင်တာပါပဲ

ကြောက်နေရင်တော့ မအောင်မြင်ပါဘူးဗျ။ ကြောက်ရွံ့မှုကို motivation နဲ့ တိုက်ဖျက်ရတယ်ထင်တာပဲဗျ။

ကြောက်ပြီး အစွမ်းထွက်လာတတ်တာ ပြောတာပါ။
ကြောက်ရွံ့ပြီး ဘာမှမလုပ်ဘဲ နေရင်တော့ လုံးဝ မအောင်မြင်ပါဘူး။

အခုကုမ္ပဏီတွေမှာဆိုရင်လဲ ၀န်ထမ်းတွေကို Motivate သင်တန်းတွေကိုတကူတကပေးလာကြပြီး အရေးပါတာကိုး

Motivate က အရေးပါပေမယ့် ရေရှည်တော့ မခံဘူး

စာတော့ မဖတ်ဖြစ်ခဲ့ဘူး အကိုရေ

ကျေးဇူးပါပဲ

ကြောက်​အားလန့်​အာ နဲ့ ရုန်းထွက်​တတ်​တာလည်ေ
တွ့ ဖူးပါတယ်

ဟုတ်တယ် အဲဒီသဘောတရားပါပဲ

လူ​တော်​​တော်​များများက စာထဲမှာ ဖက်​ရလွယ်​သ​လောက်​ တစ်​ကယ်​တန်း လိုက်​နာကျင့်​သုံးခြင်း မရှိကြပါဘူး ​ရေး​ထားတာ အရမ်း​ကောင်းပါတယ်​ ကိုယ်​တိုင်​လည်း စာထဲကတိုင်းကြိုးစားကျင့်​သုံးသွားပါမည်​။

လက်တွေ့ကျင့်ဖို့က စာထဲကလောက် မလွယ်ဘူးကိုးဗျ

စိတ်ကိုလှုပ်ဆော်ပေးရင်ရနိုင်တယ်ဆိုတာကတော့မှန်တယ်ထင်တယ်ကိုဟိန်းရ
ကောင်းတာရောဆိုးတာရောမှာစိတ်ကသာဦးဆောင်ပြီးလုပ်သွားတာပဲ။ကျနော်ငယ်ငယ်က ခွေးလိုက်ဆွဲတာခံရဖူးတယ် ကြောက်ကြောက်နဲ့ပြေးတာ မှုန်စိပ်နေတာပဲ😁😁😂

အောင်မြင်မှုတွေရရှိဖို့ ညီကိုတွေလိုမျိုးအားလုံးကိုယုံကြည်ပေးထားပါတယ်ဗျာ။
ကိုယ်တိုင် လုပ်ဆောင်နိုင်တာလည်းနည်းတော့ ညီကိုတွေကိုပဲအားကိုးနေရတာလေ ဟီး😁😁

စိတ်ဆောင်ရင် အောင်တာမို့ စိတ်ကိုသာ active ဖြစ်နေအောင် ထားရမယ်😁😁😁

ကိုဟိန်းရဲ့စာတွေက ညီလေးခံယူချက်များနဲ့ ညီညွတ်
ရပါတယ် သို့သော် ကိုဟိန်းရဲ့ အတွေးအမြင်များက
ညီလေးထက်ပိုပြီး တောက်ပနိုင်စွမ်းပြည့်ဝပါတယ်
လေးစားရပါတယ် ကိုဟိန်း

စာဖတ်အားကောင်းခဲ့တာပါလေ
လက်တွေ့အားနည်းနေသေးတယ်

INFLUENCE တစ်လုံးချင်းစီရဲ့ အဓိပ္ပာယ်တွေအတိုင်း
ပြုမှုကျင့်ကြံသွားပါ့မယ်ဗျ

ဆက်လုပ် ညီလေး မင်း အောင်မြင်ပြီ

You got a 2.19% upvote from @postpromoter courtesy of @billionairehein!

Want to promote your posts too? Check out the Steem Bot Tracker website for more info. If you would like to support the development of @postpromoter and the bot tracker please vote for @yabapmatt for witness!

Coin Marketplace

STEEM 0.31
TRX 0.12
JST 0.033
BTC 64341.19
ETH 3145.13
USDT 1.00
SBD 4.00