အောင်မြင်သူတိုင်းကျရှုံးဖူးကြပါတယ်

in #myanmar6 years ago


မင်္ဂလာပါ။ အဖေ့ရဲ့စီးပွားရေးအောင်မြင်နေပီးတော့ ကြီးပွားချမ်းသာနေတဲ့ကောင်လေးတစ်ယောက်ရှိပါတယ်။ သူ့အတွက် သူ့အဖေက ကားတစ်စီးဝယ်ပေးထားပါတယ်။ သူ့ကောင်မလေးနဲ့လည်ပတ်တာတွေ သူ့သူငယ်ချင်းတွေနဲ့လည်ပတ်တာတွေဆိုရင် သူ့ရဲ့ကားနဲ့အပြင်ကို သွားလေ့ရှိပါတယ်။ တစ်နေ့ကျတော့ သူ့ရဲ့အဖေ စီးပွားရေးကျရှုံးပီး ပျက်သွားခဲ့ပါတယ်။ နောက်ဆုံး သူတို့ နေဖို့ သာမာန်အိမ်သေးသေးလေးတစ်လုံးရယ် သူ့ရဲ့ကားရယ်ကျန်ခဲ့ပီး သူတို့မိသားစုစီးပွားရေး ပျက်သွားခဲ့ပါတယ်။ သူ့အဖေလည်း အဲ့ဒီ လို စီးပွားပျက်တဲ့ဒဏ်နဲ့ပဲ ကွယ်လွန်သွားခဲ့ပါတယ်။ သူ့အိမ်မှာ သူ့အမေရယ် သူရယ် သူ့ကားရယ်ပဲကျန်ပါတော့တယ်။သူ့ကောင်မလေးကလည်း သူ့ကို မယ်မယ်ရရ မကူညီနိုင်ပါဘူး။ အဲ့ဒါနဲ့ပဲ သူ့အနေနဲ့ အကြံထုတ်ရပါတော့တယ်။ ငါတစ်ခုခုလုပ်မှဖြစ်တော့မယ်ဆိုပီးတော့ သူစဉ်းစားပါတော့တယ်။ စဉ်းစားရင်းနဲ့ တစ်နေ့ သူရယ် သူ့ကောင်မလေးရယ် ရေညှိသုတ် စားတာကို သတိရသွားပါတယ်။ သူ့အနေနဲ့ ရေညှိကို ပုံစံပြောင်းပီးတော့ ကြာရှည်အသုံးပြုလို့ရတဲ့အနေအထားပြင်ဆင်းပီး ရောင်းရင် အဆင်ပြေလောက်တယ်ဆိုပီးတော့ သူစပီး ရေညှိအစိုတွေကို အထုတ်ကြီးလိုက် ဝယ်စုပါတယ်။ ပီးတော့ ရေညှိကို ကြာရှည်ခံဖို့ဆိုရင် အချောက်ဖြစ်မှအဆင်ပြေမှာဖြစ်တဲ့အတွက် အချောက်အနေနဲ့ထားဖို့ သူစဉ်းစားပါတယ်။ စဉ်းစားရင်းနဲ့ ရေညှိကို ကြော်မယ်ဆိုရင် ရေရှည် ထားပီး စားလို့ရမယ်ဆိုပီး အကြံရသွားခဲ့တယ်။ အဲ့ဒါနဲ့ပဲ ရေညှိကြော်ဖို့အတွက် အကြော်ဆရာတစ်ယောက်ငှားပါတယ်။ အဲ့ဒီအကြော်ဆရာ နဲ့သူနဲ့ပေါင်းပီးတော့ ကြော်နည်းမျိုးစုံနဲ့ ရေညှိကို ကြော်ကြပါတယ်။ တစ်ခါကြော်လိုက် မြည်းကြည့်လိုက် အရသာ မကောင်းလိုက်နဲ့ ရေညှိတွေသူဝယ်ထားသမျှကုန်သွားပါတယ်။ နောက်ထပ် ရေညှိဝယ်ဖို့အတွက် သူ့မှာအရင်းအနှီးမရှိတော့တဲ့အခါမှာ သူ့ရဲ့ကားကိုရောင်းပီးတော့ ရေညှိတွေ ထပ်ဝယ်လိုက်ပါတယ်။ ရေညှိအထုတ်အကြီးကြီးတွေ ၅ ထုပ် ရပါတယ်။ ၄ ထုပ်လောက်ထိကုန်သွားတဲ့အချိန်ထိ သူ့အနေနဲ့ စားလို့ကောင်းတဲ့ အရသာကို ပိုင်ဆိုင်တဲ့ ရေညှိကြော်ကို မရသေးပါဘူး။ နောက်၅ ထုပ်မြောက် မှာမှ သူရေညှိကို ကြော်တာ အရသာကောင်းတဲ့ ကြော်နည်းကို ရသွားခဲ့ပါတယ်။ ဒီတစ်ခါတော့ သူ့အတွက် အရသာရှိတဲ့ ရေညှိကြော်ကို ရရှိသွားပါပီ။ အဲ့ဒါနဲ့ သူ့ရဲ့ရေညှိတွေကို ဈေးကွက် မှာရောင်းချလို့ရဖို့အတွက် သူစပီး စဉ်းစားရပါတယ်။ သူတို့စီမှာလည်း ကျွန်တော်တို့လို ၂၄ နာရီဆိုင်တွေရှိပါတယ်။ အဲ့ဒီဆိုင်တွေမှာ သူ့ရဲ့ ရေညှိကြော်တွေကို ရောင်းဖို့အတွက် ဆိုင်ပိုင်ရှင် နဲ့တွေ့ဖို့ သူစပီး လုပ်ဆောင်ပါတယ်။ ဆိုင်ပိုင်ရှင် နဲ့တွေ့တဲ့အခါမှာလည်း ထိုင်စောင့်နေရပါတယ်။ ၄၅ မိနစ်လောက်ထိုင်စောင့်ပီးမှ သူနဲ့လာတွေ့ပါတယ်။ ပထမဆုံးတွေ့တော့ သူက ရေညှိကို ဒီတိုင်း ပလပ်စတစ်အိတ်နဲ့ထုတ်ပီးယူလာတာပါ။ အဲ့ဒီအခါကျတော့ ပိုင်ရှင်က ပြောလိုက်တယ်” မင်းရဲ့ ရေညှိတွေကို ရောင်းချဖို့ဆိုရင် သေသေချာချာ ထုပ်ပိုးပီးမှရောင်းလို့ရမှာပေါ့။ ဒီလိုပီးစလွယ်ထုပ်ပိုးထားလို့မရဘူး “ ဆိုပီး ပြန်လွှတ်လိုက်ပါတယ်။ အဲ့ဒါနဲ့ သူ့ရဲ့ ရေညှိတွေကို ပြန်ပီး သေသေချာချာ ထုပ်ပိုးဖို့ သူ့သူငယ်ချင်းစီကနေ အိတ် ထုပ်ပေးတဲ့စက်ကို ငှားပီး အထုတ်တွေလုပ်ပါတယ်။ ပီးတော့ နောက်တစ်ခါ ပိုင်ရှင်နဲ့သွားတွေ့ပါတယ်။ ဒီတစ်ခါကျတော့ သူ့ရဲ့ ထုပ်ထားတဲ့အိတ်တွေက ကြီးနေတဲ့အတွက် ရောင်းရတဲ့နေရာမှာအဆင်မပြေဘူးဆိုပီးပြန်လွှတ်လိုက်ပြန်ပါတယ်။ သူလည်း ပြန်သွားပီးတော့ အရွယ်အလယ်အလတ်ရှိတဲ့ ဆိုဒ်ကို ပြုလုပ်ပီး ထပ်သွားတွေ့ပါတယ်။ ဒီတစ်ခါမှာတော့ မင်းရေညှိတွေကို ရောင်းတာ နာမည်ရှိမှဖြစ်မယ်ဆိုပီး ပြန်လွှတ်လိုက်ပြန်ပါတယ်။ နောက်တစ်နေ့ သူစဉ်းစားပီး little boss ဆိုတဲ့နာမည်တပ်ပီး ထပ်သွားပါတယ်။ ဒီတစ်ခါမှာတော့ ပိုင်ရှင်က အလုပ်မအားလို့ဆိုပီး မတွေ့ဖြစ်ခဲ့ပါဘူး။ နောက်နေ့ကျမှပြန်လာခဲ့ဖို့ပြောလိုက်တဲ့အခါမှာ သူလည်း စိတ်ပျက်လက်ပျက်နဲ့ ပြန်လာခဲ့ပါတယ်။ ပြန်လာနေရင်းနဲ့ ဓါတ်လှေကားထဲမှာ သူနဲ့အတူ ဓါတ်လှေကားစီးတဲ့ သန့်ရှင်းရေး ဦးလေးကြီးနဲ့တွေ့ပါတယ်။ သူက အဲ့ဒီဦးလေးကြီးကို “ညနေစာစားပီးပီလား”မေးလိုက်ပါတယ်။ ဦးလေးကြီးက “ မစားရသေးဘူး “ လို့ပြောတဲ့အခါမှာ သူက သူ့ရဲ့ရေညှိထုတ်တွေကို ပေးလိုက်ပါတယ်။ ဦးလေးစားဖို့ဆိုပီးတော့ ရေညှိအထုတ်တွေအများကြီးပေးလိုက်ပါတယ်။ ဒီလိုနဲ့ သူလည်း ပြန်လာခဲ့ပါတယ်။ အဲ့ဒီမှာကျန်ခဲ့တဲ့ဦးလေးကြီးကတော့ ရေညှိထုပ်တွေကို ဖောက်စားရင်းနဲ့ သူနဲ့အတူ ဓါတ်လှေကား လိုက်စီးဖြစ်တဲ့ တစ်ခြား ဝန်ထမ်းတွေကလည်း နည်းနည်းစီစား ဖြစ်ကြပါတယ်။ အဲ့ဒါနဲ့ပဲ နောက်ပိုင်း ဓါတ်လှေကားထဲက ရေညှိ ဆိုပီး နာမည်ပေါက်လာခဲ့ပါတယ်။ အဲ့ဒီနောက်တော့ ခုနက ပိုင်ရှင်ရဲ့ အတွင်းရေးမှုးက သူ့ရဲ့ သူဋ္ဌေးအတွက် ဆိုပီး ရေညှိ ထုပ်လေးကို လာပေးပါတယ်။ သူဋ္ဌေး က ဒါဘယ်ကရတာလည်းဆိုတာ မေးရင်းမေးရင်းနဲ့ ခုနက ကောင်လေးမှန်းသိသွားပီး အဲ့ဒီကောင်လေးကို ထပ်တွေ့ဖို့ ချိန်းလိုက်ပါတယ်။ ကောင်လေးရောက်သွားတဲ့အခါမှာတော့ သူ့ကို အသင့်စောင့်နေပါတယ်။ ကောင်လေးရဲ့ စက်ရုံရှိတဲ့နေရာ စက်ရုံကို လိုက်ကြည့်ချင်တယ် လို့ပြောတော့။ ကောင်လေးလည်း အိမ်ပြန်လာပီး သူနေတဲ့အိမ်ကိုစက်ရုံနဲ့တူအောင် ပြင်ရပါတယ်။ အိမ်တောင်မှ သေးသေးလေးပဲမို့လို့ စက်ရုံလို့တောင်သတ်မှတ်လို့မရပါဘူး။ ဒါနဲ့ပဲ သူဋ္ဌေးက လာကြည့်တဲ့အခါ စိတ်ပျက်သွားခဲ့ပါတယ်။ ဒါပေမဲ့ သူ့ကို target တစ်ခုပေးလိုက်ပါတယ်။ သူ့ရဲ့ ရေညှိကြော်တွေကို ဆိုင်မှာတင်ရောင်းမယ်။ တစ်ပတ်အတွင်းရောင်းအားကိုကြည့်ပီးတော့မှ သူ့ရဲ့ ရေညှိကြော်တွေကို ဆက်ပီးလက်ခံမယ်ဆိုပီးစာချုပ်ချုပ်လိုက်ပါတယ်။ အဲ့ဒါနဲ့ သူလည်း ရှိသမျှရေညှိတွေနဲ့ ဆိုင်မှာ စရောင်းဖို့ကြော်ပါတယ်။ သူ့ရဲ့ ရေညှိကြော်က ၃ ရက်အတွင်းကို ဒေါ်လာ တန်ဖိုးနဲ့တွက်ရင် ၅၀၀၀ လောက်ထိ ရောင်းအားကောင်းခဲ့ပါတယ်။ အဲ့ဒါနဲ့ပဲ သူ့ရဲ့ ရေညှိကြော်တွေကို ဆိုင်ခွဲတွေမှာ ရောင်းချခွင့်ရခဲ့ပါတယ်။ ခုဆိုရင်တော့ ရေညှိကြော်လုပ်ငန်းနဲ့ အထူးအောင်မြင်နေတဲ့ လူငယ်တစ်ယောက်ဖြစ်နေပါပီ။ ခုကျွန်တော်တို့တွေရဲ့ ၂၄ နာရီဆိုင်မှာမြင်တွေ့နေရတဲ့ ရေညှိကြော်တွေက သူကနေစခဲ့တာပါ။ ခုနောက်ပိုင်းတော့ တစ်ခြား အမည်နဲ့ ရေညှိကြော်တွေ ရှိနေပါပီ။

(စာကြွင်း အနေနဲ့ပြောချင်တာကတော့ သူဋ္ဌေးတွေတိုင်း တစ်ကြိမ်တော့ ကြီးကြီးကျယ်ကျယ် ကျရှုံးကြတာပါပဲ)


Writer caesarsupaimin
MSC-025

Sort:  

မှန်ပါသည်

ဟုတ်ကဲ့ပါဗျ

ရေညှိတစ်ထုတ်လောက်ပါ ပုဂံသွား စားမလို့

ဟီးဟီး ၁ ထုပ်နဲ့အကို မဝလောက်ဘူးဗျ

အစ်မရဲ့ သားသားဆို သိပ်ကြိုက် ရေညှိထုပ်လေးပြပြပီး ခိုင်းရတာ တစ်ခုခုဆိုရင်... 😄😄

ဟားဟား အမလူလည်ကျတာပေါ့

အရုံှးဆိုတာ​တော့​တွေ့ကြုံ​နေရတာပါပဲ။

ဟုတ်ပါတယ်ဗျ။

စားကောင်းတယ်ဗျ

ဟုတ်ကဲ့ ကြိုက်တယ်ဗျ။ တူတူပဲ

This post has received a 3.13 % upvote from @drotto thanks to: @caesarsupaimin.

အောင်မြင်အောင်လုပ်နိုင်တဲ့သူတွေတိုင်းမှာ အားကျစရာနဲ့သင်ခန်းစာယူစရာ အချက်တွေရှိစမြဲပါ။

ဟုတ်ပါတယ်ဗျ

ရေငြိကြော်ကောင်းကောင်း မစားဖူးသေးဘူးဗျာ

စားကြည့်ကောင်းတယ်ဗျ

မလျှော့သောဇွဲနဲ့ကြိုးစားခဲ့လို့ အောင်မြင်ခဲ့တာပေါ့

ဟုတ်တယ်အကိုရ

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 65860.84
ETH 3017.19
USDT 1.00
SBD 3.70