ကျမသိတယ်ပြောပြလိုက်တော့မယ်

in #myanmar6 years ago (edited)

ဒီဇတ်လေးကတော့ လူတစ်ယောက်ဟာ စိတ်ကွယ်ရာအရပ်မှာ လူတွေမသိအောင်လုပ်မိတဲ့ မသမာတဲ့ ကိစ္စတွေဟာ သူများကဘာမှမလုပ်ပေမယ့်လည်း ကိုယ့်စိတ်က ကိုယ့်ကို ပြန်ခြောက်လှန့်နေတယ် ဆိုတဲ့ အကြောင်းလေးကို အသိပညာလေး တစ်ခုပေးချင်တဲ့အတွက်ရေးသားလိုက်ခြင်းဖြစ်ပါတယ်
လွန်ခဲ့သော 4နှစ်ခန့်လောက်က ကျမတို့ အင်းတကော်ရွာရဲ့ စာပေဟောပြောပွဲမှာ ဆရာမ သန်းမြင့်အောင်ဟောပြောခဲ့တာလေး ကျမအရမ်းသဘောကျတဲ့အတွက်ကော အားလုံးလဲ စဉ်ချင်မိစရာလေးတွေလဲဖြစ်အောင် ရေးသားလိုက်ပာတယ် ဒီဇတ်လေးကတော့ ဟာသလေးနှောထားတဲ့ ပညာပေးဇတ်လမ်းလေးပါ ဇတ်လမ်းလေးကတော့ ဒီလိုပါ
ဟိုရှေးရှေးတုန်းက ရွာနှစ်ရွာရှိခဲ့တယ် ရွာတစ်ရွာရဲ့နာမည်က စွန်ညို ရွာတဲ့ တစ်ရွာကတော့ ယုန်မင်းရွာတဲ့ စွန်ညိုရွာကတော့ ရွာရဲ့တောင်ဘက်ခြမ်းမှာ ရှိပြီးတော့ ယုန်မင်းရွာကတော့ ရွာရဲ့ မြောက်ဘက် ခြမ်း မှာ တည်ရှိနေတယ် စွန်ညိုရွာမှာ ကိုရွှေဆိုတဲ့ သူတစ်ယောက်နေထိုင်ပါတယ်
တစ်နေ့မှာတော့ ရွာရဲ့မြောက်ဘက် ယုန်မင်းရွာရဲ့ ရွာဦးကျောင်းဘုရားပွဲလုပ်ပါတယ် ဘုရားပွဲရဲ့ထုံးစံ ပွဲလမ်းသဘင်တွေထည့်ကြတယ် ပွဲလမ်းသဘင်ဆိုတော့ ဘယ်ပြောကောင်းမလဲ တောသားတွေအကြိုက်ပေါ့ရှင် ရွာလုံးကျွတ်နီးပါး ပွဲသွားကြတယ် အဲ့ထဲမှာတော့ လူပျိုကြီးကိုရွှေ တစ်ယောက်လည်း အပါအဝင်ပေါ့ အဲ့နေ့ကတော့ တစ်ရွာလုံး ပွဲသွားဖို့ မိမိတို့သက်ဆိုင်ရာအလုပ်တွေကို မြန်မြန်လုပ်ကြ စောစောသိမ်းကြနဲ့ တစ်ရွာလုံး ပွတ်လောရိုက်နေတာပေါ့ရှင် ရွာရဲ့ အပျိုတွေကလည်း ရေချိုးကြ ဖီးလိမ်းကြနဲ့ပေါ့ အဲ့လိုနဲ့ ညနေနည်းနည်းစောင်းတော့ လှည်းပြင်ပြီး ကိုယ်စီကိုယ်စီ အော်ဟစ်ခေါ်ရင်း နွားခလောက်သံ တစ်ညံညံနဲ့ပဲ ပွဲလမ်းသဘင် ရှိရာသို့သွားကြပါတော့တယ် အယ်အဲ့ထဲမှာတော့ လူပျိုကြီးကိုရွှေမပါသွားဘူးရှင့် လူပျိုကြီးကလဲဖြစ်ရှက်ကလဲရှက်တက်ဆိုတော့ လူတောမတိုးဘူးပေါ့ရှင် ဒါပေသိ ပွဲလမ်းသဘင်တော့ သိပ်ကြိုက်တဲ့ ပုဂ္ဂိုလ်ရှင့် သူမှာတော့ တစ်ယောက်တည်းလဲဖြစ် ချို့တဲ့ တဲ့ သူလဲဖြစ်တော့ နွားလှည်းတစ်စီးတောင်မပိုင်ဘူးပေါ့ အဲ့မှာပဲ သူကခြေလျင်သွားရမှာဆိုတော့ သူများတွေသွားတဲ့ လှည်းလမ်းကြောင်းအတိုင်းမသွားပဲ လယ်တောထဲကနေ ဓာတ်မီးတစ်ချောင်းနဲ့ တစ်ကိုယ်ထဲ ဖြတ်လျှောက်လာခဲ့တယ်
တစ်နေရာအရောက်မှာတော့ သူဓာတ်မီးကို အကြာကြီးထိုးကြည့်ပြီးအော်လိုက်တယ် "ဟာ.. ဇီးသီးကြီးပါလား ဝင်းမှည့်ပြီးပြောင်တင်းနေတာပဲ "ဒီဇီးသီးကြီးတာ စားလိုက်ရရင်တော့ အီစိမ့်နေအောင် ချိုနေမှာပဲ "သူတွေးလိုက်တယ် ဒါပေမဲ့ ဖြစ်ချင်တော့ အဲ့ ဇီးသီးက နွားချီးပုံရဲ့ အလယ်တည့်တည့်မှာဖြစ်နေတယ် အဲ့အချိန်မှာ ပြသနာပဲ ဇီးသီးကလဲ ဝင်မှန့်ပြီးစားချင်စရာ ဒါပေမယ့် နွားချီးပုံတည့်တည့်မှရောက်နေရတယ်လို့ကွာ ဟင်းးး စိတ်ကိုဒုန်းဒုန်းချ ဇီးသီးကိုကျော်ပြီး ပွဲရှိရာသွားဖို့ပြင်လိုက်တယ် နှစ်လှမ်းလောက်ပဲလျှောက်ရသေးတယ် သူစဉ်းစားတယ် ဒီဇီးသီးမျိုးက စားရခဲ တယ် ငါနဲ့ထိုက်လို့ငါတွေ့တာ ငါမှမစားရင်တစ်ခြားသူစားသွားမှာပဲဆိုပြီး နောက်ပြန်လှည့်ပြီး နွားချီးပုံထဲ က ဇီးသီးကို စားဖို့ပြင်လိုက်ပါတော့တယ် စားမယ်ဆိုတော့ ဘေးဘီဝဲယာသူကြည့်လိုက်တယ် ဘယ်သူတွေများရှိနေလဲပေါ့ သူကနွားချီပုံထဲက ဇီးသီးစားမှာဆိုတော့ လူသိလို့လဲမဖြစ်ဖူးလေ အဲ့အချိန် ကံကောင်းထောက်မစွာနဲ့ လူကလဲပျက်လပ်နေတာပေါ့ ကဲ ကိုရွှေတို့ဘယ်ပြောကောင်းမလဲ နွားချီးပုံထဲကဇီးသီးကို ဇွပ်ဆိုနှိုက် ပုဆိုးနဲ့သုတ်ပြီး တစ်ဂွတ်ဂွတ်ကိုက်စားလိုက်ပါတော့တယ် စားပြီးတော့ လူတွေရိပ်မိမှာ စိုးပြီး ပါးစပ်ကို ပုဆိုးနဲ့အသေအချာသုတ်ပြီး ပွဲလမ်းသဘင်ကို ခက်တည်တည်နဲ့ သွားလိုက်ပါတော့တယ် ပွဲထဲရောက်တော့ ပွဲရဲ့အလည်နားလောက်မှာထိုင် ပွဲအထွက်ကို ထိုင်စောင့်နေလိုက်တယ် image
ပွဲထွက်ပါပြီ ပွဲတွေရဲ့ထုံးစံ စထွက်ထွက်ချင်းမှာ ကိုကြီးကျော်အကကပါတယ် ပြီးတော့ မင်းသမီးစထွက်ပြီးကပါပြီ ဖြစ်ချင်တော့ မင်းသမီးရဲ့ သီချင်းနာမည်က ကျမသိတယ်ပြောပြလိုက်တော့မယ်တဲ့ အဲ့ကနေမင်းသမီးက ဇတ်ခုံပေါ် မီးရောင်တွေကြား သီချင်းလေး ဆိုရင်းကတာပေါ့ အယ် သီးချင်းလေးဒေါက်လျှောက် စာသားလေးဆိုလာပြီး နောက်အပိုဒ်လေးမှာ မင်းသမီးက ခေါင်းလေ်းလှုပ်ခါ မေးလေး ကော့ကာနဲ့ ဆိုလိုက်တယ် "ရှင်မဟုတ်တာ လုပ်တယ် ကျမသိတယ် ပြောပြလိုက်တော့မယ် " အဲ့အချိန် ကိုရွှေ "ဟိုက် ဟင် ဒီမင်းသမီး ငါကိုလဲ သေချာကြည့်တယ် ပြီးတော့ သီချင်းကိုလဲ ရှင်မဟုတ်တာလုပ်တယ်ပြောပြလိုက်တော့မယ်ဆိုပါလား သူ့အတွေးအမှန်က မင်းသမီးက သူ့ကြည့်တာလဲမဟုတ်ဖူး ပရိပ်သတ်ကိုကြည့်ပြီးဆိုတာ သီးချင်းကလဲ အစောကြီးထဲက အဲ့ဒီသီချင်းဆိုမို့ တိုက်ထားပြီးသား အဲ့မှာ ကိုရွှေ သူမဟုတ်တာလုပ်ထားတော့ချွေးပြန်နေပြီ ဇတ်ခုံပေါ်မှာ မင်းသမီးကလည်း "ကျမသိတယ်ပြောပြလိုက်တော့မယ် ထပ်ထပ်ခါဆို ပရိပ်သတ်ကလည်း အောက်ကနေ လက်ခုပ်လက်ဝါးတီးပြီးသြဘာပေး image
အဲ့ဒါနဲ့ ကိုရွှေ စဉ်းစားတယ် ဒီလိုနေနေလို့တော့ မဖြစ်သေးဘူး ငါတစ်ခုခုလုပ်မှ ဖြစ်မယ် အဲ့ဒါနဲ့ပွဲခင်းထဲကထ ထွက် ဇတ်ခုံပေါ်တက် ပါလာတဲ့ အကြွေလေးထဲ နည်းနည်းကို မင်းသမီးနားကပ် မျက်နှာလေးပြုံးပြပြီး ဆက်မဆိုနဲ့တော့နော် ဆိုတဲ့ပုံစံနဲ့ ဆုသွားချတယ် အမှန်တော့ သူက ဆုချတာမဟုတ်ဖူး လက်ထိုးတာ ဒါပေမဲ့ မင်းသမီးကမသိဘူး သူ့သီချင်းကို အရမ်း ကြိုက်လို့ နောက်တစ်ခါထပ်တောင်းတယ် ထင်ပြီး အဲ့သီချင်းကိုပဲနောက်တစ်ခါထပ်ဆိုတယ်
အဲ့အချိန်မှာ ကိုရွှေ "ဟ ဒီ မင်းသမီး နှယ် ငါလက်ထိုးတာ နည်းလို့သီချင်းကိုထပ်ဆိုနေတာဖြစ်မယ် ကိုရွှေ -နောက်တစ်ခေါက် ပါလာတဲ့ပိုက်ဆံနဲ့ မင်းသမီးဆီ သွား မျက်နှာလေးပြုံးပြပြီ ဆုချတယ် " မင်းသမီးလည်း သူ့သီချင်းကို အရမ်းကြိုက်လို့ထပ်တောင်းတယ် ထင်ပြီး ထပ်ဆိုတယ် အဲ့မှာပဲ ကိုရွှေက ဆုချလိုက် မင်းသမီးက ဆက်ဆိုလိုက်နဲ့ ကိုရွှေ ပါလာသမျှပိုက်ဆံ ကုန်ပါပြီ ကိုရွှေ ဒေါသကလည်းထွက်လာပြီ ဘယ်ပြောကောင်းမလဲ မင်းသမီးနား သွားမင်းသီးဆီက မိုက်ကိုဆွဲယူပြီး "ပြောပြလိုက်တော့ဟေ့ တကယ်ထဲ ငါ့ဘာသာ နွားချီးပုံထဲက ဇီးသီးလေး ကောက်စားမိတာ ကျမသိတယ်ပြောပြလိုက်တော့မယ် ကျမ သိတယ်ပြောပြလိုက်တော့မယ်နဲ့ " သူပြောမှ ပွဲခင်းထဲကလူတွေ အကုန်သိပြီး ရီလိုက်ကြတာ အူတတ် မတက်ပါပဲ
ပြောချင်တာလေးကတော့ ကိုရွှေ ထုံး နှလုံးမူပြီး မကောင်းမှုဆိုတာ စိတ်ကွယ်ရာ အရပ်မရှိပါဘူး ကိုယ်မဟုတ်တာလုပ်ထားရင် သူများ သူ့အကြောင်းနဲ့ သူစကားပြောရင်တောင် ငါ့များ ပြောနေသလား ဆိုတဲ့ စိတ်ခြောက်ခြားမှုတွေ ဖြစ်စမြဲပါ
ဇတ်လမ်းလေးကတော့ ဒါပါပဲကွယ်
အားလုံးပဲကျန်းမာပါစေ
Credit image google
By @coralbright
MSC 231

Sort:  

ကောင်းပါတယ်ဗျူာဖတ်ရတာ တော်တော်ကောင်းပါတယ်

ကျေးဇူးပါ ဆရာကျော်ရေ

ကောင်းပါ့ဗျာ ဖတ်လို့။

ျေးဇူးကိုထွေး

အတော်ကောင်းမယ့်ဇဇီးသီးဘဲ

ဟား ဇီးသီးမပေ့န်းသီး ထည့်ထားတာ 😂😂😂😂

ကျမသိတယ် ပြောပြလက်တော့မေ

ပြောပြလိုက် ပြောပြလိုက် 😁😁

တင်‌ ပြပုံ ‌လေး‌ကောင်းတယ်‌။ အား‌ပေး‌နေပါတယ်‌ ညီမ။

ဟုတ်ကဲ့အကို

ပြောပြလိုက်တော့

အ​ရေးအသား၊တင်​ပြပုံအချိတ်​အဆက်​​ကောင်းလာပြီညီမ​ရေ။

Coin Marketplace

STEEM 0.28
TRX 0.12
JST 0.033
BTC 69746.86
ETH 3747.17
USDT 1.00
SBD 3.80