ကိုယ်ကျင့်တရားနဲ့သိက္ခာ

in #myanmar6 years ago

လူတစ်ယောက် မှာ ကိုယ်ကျင့်တရားနဲ့ သိက္ခာ သိပ်အရေးကြီးတယ် ဘာမှမဟုတ်ပါဘူးဆိုပြီး လုပ်လိုက်တဲ့ အလုပ်တစ်ခုဟာလဲ သိက္ခာကျစေရင်လဲ မကောင်းပါဘူး မိန်းမတစ်ယောက်မှာလဲ သိက္ခာတရားအရေးကြီးသလို ယောက်ကျားတစ်ယောက်မှာလဲ သိက္ခာတရားဟာအရမ်းအရေးကြီးပါတယ် ငါတို့က ယောက်ကျားလေးပဲ ဘာပဲလုပ်လုပ်တင့်တယ် တယ်လို့ တထစ်ချမတွေးပါနဲ့ အခန့်မသင့်ရင် ဘာမဟုတ်တဲ့ ကိစ္စလေးကအစ မီးခိုးကြွက်လျှောက် ဖြစ်တက်ပါတယ် လွန်ခဲ့တဲ့ 3ရက်လောက်က ဖြစ်ပျက်ခဲ့တာလေးကို သင်ခန်းစာ ယူရစေရန် ရည်ရွယ်ပြီး ရေးသားလိုက်ပါတယ် image ဘာမဟုတ်တဲ့ကိစ္စလေးဟာ လူတစ်ယောက် ရဲ့ ဘဝမှာ အမဲစက်တစ်ခုထင်ကျန်သွားပါပြီ လွန်ခဲ့သော 3ရက်လောက် ကျမ အသိမိတ်ဆွေတစ်ယောက်က သူ့မောင်လေး မတရားစွတ်စွဲ ခံရပြီး ရဲစခန်းရောက်နေလို့ဆိုပြီး အဖော်လိုက်ပေးဖို့ ကျမကိုလာခေါ်တယ် ကျမလဲ ကိုယ့်မိတ်ဆွေဖြစ်နေတော့ မနေသာဘူး လိုက်သွားခဲ့တယ် ဟိုရောက်တော့ဖြစ်ကြောင်းကုန်စင်ပြောပြတယ် အဖြစ်ကတော့ ဒီလိုပါ ကျမမိတ်ဆွေ ရဲ့မောင်လေးက သူ့ သူငယ်ချင်ကောင်မလေးက ည9နာရီလောက်မှာ ဖုန်းဆက်ပါတယ် သူ့ကိုလာခေါ်ဖို့ လူငယ်သဘာဝ ဆိုင်ကယ် လျှောက်စီးမယ် မုန့်သွားစားမယ်ပေါ့ ကောင်လေးကလဲ ကောင်းမလေးခေါ်တာကို မငြင်းပဲ သွားခဲ့တယ် ကောင်းမလေးကိုလဲမေးတယ် နင့်အမေ သိလားပေါ့ ကောင်မလေးကတော့ ပျော်ချင်ပါးချင်တာပဲသိတဲ့ မိန်းခလေးဆိုတော့ ကောင်လေးမေးတာကို အလွယ် မအေသိတယ်ဆိုပြီးဖြေလိုက်တယ် အဲ့တော့ကောင်လေးကလဲ သွားခေါ်တာပေါ့ အမှန်တော့ကောင်လေးကလဲ အဲ့အချိန်ဘာပဲဖြစ်ဖြစ်မခေါ်သင့်ဘူး ဒါပေမဲ့ ကောင်လေးကသွားခေါ်ခဲ့တယ် ခေါ်ပြီး ဆိုင်ကယ်လျှောက်စီးကြတယ် အဲ့အချိန်မှာ ကောင်မလေးအိမ်မှာ ကောင်မလေးကို မတွေ့တော့လို့ ပွတ်လော ရိုက်ကုန်ကြတယ် လူကြီးတွေကလျှောက်ရှာကြပေါ့ မတွေ့ဘူး အဲ့အချိန် ည10နာရီလောက်ရှိပြီ ကောင်မလေးကို အိမ်ပြန်ပို့ပေးခဲ့တယ် မိဘတွေ မသိလိုက်ဖူး သိလိုက်ရင်တော့ အဲ့မှာတင်နှစ်ယောက်သားပေးစားခံထိမှာပါပဲ ကောင်လေးကပဲ ကံကောင်းတာလားတော့ မသိဘူးရှင့် မိုးလင်းတော့ ကောင်မလေးအိမ်က ကောင်လေးအိမ်ကို ဖုန်းဆက်ပြီး သူ့သမီးကို လာတောင်းမလား အချုပ်ထဲဝင်မလားပြောပါတော့တယ် ဖြစ်လဲဖစ်သင့်ပါတယ် ဒါပေသိ ကောင်မလေးဟာ အခုစကားနဲ့ပြောရရင် ဖလန်းဖလန်းလေးပေါ့ အဲ့တော့ ယောက်ကျားလေးဘက်ကလဲ ကြိုက်လဲမကြိုက် ကောင်မလေးနဲ့ အပေါင်းအသင်း အကန့်ပဲရှိတဲ့အတွက်မယူနိုင်ဘူးဆိုပြီး တစ်ယောက်တစ်ခွန်းစကားများရင်း ရဲစခန်းရောက်သွားခဲ့တယ် ရဲစခန်းမှာလာရှင်းဆိုပြီးကောင်မလေးဘက်ကခေါ်တဲ့အတွက် ရဲစခန်းရောက်သွားခဲ့တယ် ဟိုရောက်တော့ ကောင်လေးနဲ့ ကောင်မလေးကိုမေးတော့ ကောင်မလေးကတော့ အသက် 15နှစ်ကျော်ေ imageကျာ်ပဲရှိသေးတယ်ရှင့် ကောင်လေးကတော့20ပေါ့ အဲ့မှာနှစ်ယောက်ဆုံမေးတော့ ကောင်မလေးကတော့ သူကကောင်လေးကိုကြိုက်တယ်ဆိုတာကိုပြောတယ် သူတို့ရိုးရိုးသားသား ဆိုင်ကယ် စီးတာဖြစ်ကြောင်းလဲပြောတယ် ကောင်းလေးမေးတော့ သူက မကြိုက်တဲ့အကြောင်း ပြောတယ် အဲ့တော့ ကောင်းမလေးမိဘတွေက မကြိုက်ပဲ အဲ့အချိန်သူ့သမီးကို ဘာခေါ်လုပ်တာလဲပေါ့ မေးသင့်တယ်လေ အဲ့မေးခွန်း အမှန်ကဒီလိုရှင် ကောင်မလေးကကြိုက်တော့ ကောင်လေးကို ဖုန်းဘေထည့်ပေးဘာပေးဆိုတော့ မချစ်သော်လည်းအောင့်ခါနမ်းဆိုတဲ့ စတိုင်ဖမ်းတာပေါ့ရှင် ဘာပဲဖြစ်ဖြစ် ဘယ်သူမပြုမိမိမှုပါပဲ ကောင်မလေးက အသက်မပြည့်တဲ့ အတွက် တစ်ခုခုဖြစ်သည်ဖြစ်စေ မဖြစ်သည်ဖြစ်စေ ကောင်မလေးဘက်က တရားစွဲရင် သက်ငယ်မဒိန်းမှုနဲ့ အစွဲခံရမှာပါ ဘာပဲဖြစ်ဖြစ်ယောက်ကျားတစ်ယောက်အတွက် မိန်းခလေးတစ်ယောက်အတွက် သိက္ခာဆိုတာ တစ်ပြားသားမှမရှိတော့ပါဘူး ဘဝမှာ ဘာမဟုတ်တဲ့ကိစ္စလေးနဲ့ ဖျောက်မရတဲ့ အမဲစက်တစ်ခုထင်ကျန်သွားပါပြီ ဒီစာကိုရေးရခြင်းမှာ မည်သူ့ကိုမျှ သိက္ခာကျစေလိုတဲ့စိတ် ထိခိုက်လိုတဲ့စိတ် လုံးဝမရှိပါ အသိနဲ့သတိချင့်ချိန်နိုင်စေဖို့ရေးသားခြင်းဖြစ်ပါတယ် သူများဘဝနဲ့ရင်းပြီးရခဲ့တဲ့ သင်ခန်းစာကို နောင်လာနောင်သားတွေ ရှောင်ကြဉ်နိုင်ဖို့ ရေးသားခြင်းဖြစ်ပါတယ် commentမှာ ဝေဖန်ပြောဆိုရေးသားခြင်းမလုပ်ဖို့ အနူးအညွှတ်တောင်းပန်ပါတယ်
Credit image google
By coralbright
MSC 231

Sort:  

ကျေးဇူးbro

Good post

👍👍👍👍

အေးပါဟယ်

အား​ပေး​နေပါတယ်

ဟုတ်ကဲ့

ပညာ ‌ပေး‌ဆောင်းပါ‌လေး။‌ရေးသားချက်‌‌ကောင်းတယ်‌

ဟုတ်အကို

ရေးထားတာ ကောင်ူတယ်

မမသန်

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.033
BTC 69788.22
ETH 3727.34
USDT 1.00
SBD 3.75