ဥမ္မာဒန္တီ

in #myanmar6 years ago

ဥမ္မာဒန္တီ

ဥမ္မာဒန္တီ လို့ပြောလိုက်ရင် လူတိုင်းသိတဲ့ အကြောင်းလေးပါ ဒါပေမဲ့ နှိုက်နှိုက်ချွတ်ချွတ် သိ သူ ရှားပါတယ်
ဣထ္တိရလို့ခေါ်တဲ့ မိန်းမလှတွေ ကို စွဲလမ်းတပ်မက်သူတွေဟာ ယောက်ကျားတွေပါ ယောက်ကျားလေးတိုင်း မိန်းခလေးချောချောတွေ့တိုင်းမကြည့်ဘူးဆိုတာ အလကားပါ တစ်ချက်လောက်တော့ ကြည့်လိုက်ကြတာပါပဲ ဒါဟာလဲ သူတို့ရဲ့ သဘာဝပါ အဲ့ဒီထဲမှာ ကျမတို့ရဲ့ ဘုရားလောင်းနုစဉ်အခါ အဘိပါရကမင်းကြီးဘဝက ဥမ္မာဒန္တီ ကိုစွဲလမ်းတပ်မက်ခဲ့ပုံလေးကိုပြောပြချင်ပါတယ်
ဟိုးရှေ့ရှေ့တုန်းက ပေါ့ အရိဋ္ဌာပူရ မြို့တော်မှာ အဘိပါရက အမည်ရှိတဲ့ မင်းကြီးတစ်ပါး စိုးစံပါတယ် သီလသမာဓိနဲ့ ပြည့်စုံတဲ့အတွက် တိုင်းသူပြည်သားတွေဟာ မင်းကြီးကိုချစ်မြတ်နိုးကြပါတယ်
အဘိပါရက မင်းကြီးထံမှာ အမှုတော်ထမ်းနေတဲ့စစ်သူကြီးကတော့ မင်းကြီးရဲ့ ငယ်သူငယ်ချင်းဖြစ်ပြီး ရဲစွမ်းသတ္တိနဲ့လည်းပြည့်စုံပါတယ် မင်းကြီးကိုလည်း အင်မတန်ချစ်ပြီး သစ္စာစောင့်သီပါတယ်
အရိဋ္ဌာပူရမြို့ရဲ့ ရွာတစ်မှာတော့ အင်မတန်မှ ချမ်းသာတဲ့ သဌေးကြီးတစ်ယောက်ရှိတယ် သူ့မှာ အရမ်းချောမောလှပတဲ့ သမီးလေးတစ်ယောက်ရှိတယ် သူကတော့ ဥမ္မာဒန္တီ ပါ သူမရဲ့ချောမော လှပမှုဟာ အရိဋ္ဌာပူရ မြို့တစ်ခုလုံး ပျံနှံ့နေပါတယ်
ဒီသတင်းကိုကြားတဲ့ မင်းကြီးဟာ ဒီသတင်းဟုတ်မဟုတ် သွားရောက်စုံစမ်းရန် ပုဏ္ဏား သုံးယောက်ကိုလွှတ်လိုက်ပါတယ်
ပုဏ္ဏား တွေလည်း သူဌေးကြီးအိမ်ရောက်တော့ မင်းကြီးလွှတ်လိုက်တဲ့ အကြောင်းပြောပြတဲ့အတွက်
ပုဏ္ဏား တွေကို စားဖွယ်သောက်ဖွယ်တွေနဲ့ ဧည့်ခံပါတယ် ဒီအချိန်မှာ ဥမ္မာဒန္တီ ဧည့်ခန်း ဘက်လာစဉ် ပုဏ္ဏား သုံးယောက်လုံးက ဥမ္မာဒန္တီကိုတွေ့ပြီး ဥမ္မာဒန္တီ ရဲ့အလှမှာ ခဏတာရူးသွပ်သွားခဲ့ပါတယ်
ထိုအရာကိုကြည့်ပြီး ဥမ္မာဒန္တီ က ဒီလိုရူးသွပ်နေတဲ့ ပုဏ္ဏား တွေက ငါ့ရဲ့အလှကို ဘယ်လိုလုပ်ပြီးသိနိုင်မှာလဲ ဆိုပြီး ပုဏ္ဏား သုံးယောက်လုံးကို နှင်ထုတ်ခဲ့တယ် ဒါကို ပုဏ္ဏား တွေက အညှိုးထားပြီးမင်းကြီးကို အများပြောတဲ့ သူဌေးကြီး သမီး ဥမ္မာဒန္တီ မှာ ရုပ်ဆင်းအဂါင်္မှာလဲ ဆိုးရွားကြောင်း မိန်းမလဲ မပီသကြောင်း လိမ်လည်လျှောက်တင်ကြတယ် ထိုအခါမင်းကြီးက ဥမ္မာဒန္တီ ကို မိဖုရား မမြှောက်လိုကြောင်း သူဌေးကြီးထံ အကြောင်းကြားလိုက်တယ်
ထိုအခါ သူဌေးကြီးလည်း သူ့သမီးကို မင်းကြီးရဲ့ သူငယ်ချင်းစစ်သူကြီးနဲ့ လက်ဆက်ပေးလိုက်ပါတယ်
ဒီလိုအခြေအနေမှာ ဥမ္မာဒန္တီ ဟာ သူ့လို လှပချောမောပြီး အများကတပ်မက်တဲ့သူတစ်ယောက်ကို မင်းကြီးက ငြင်းလေခြင်းဆိုပြီး တစ်နေ့တော့ ငါ့အလှမှာ မင်းကြီးတပ်မက်စွဲလမ်းစေရမယ်ဆိုပြီး အညိုးထားခဲ့တယ်
တစ်နေ့မှာတော့ မင်းကြီးတိုင်းခန်းလှည့်လည်မည့်အကြောင်း ဥမ္မာဒန္တီ ကြားသိလိုက်တယ်
အဲ့အချိန်မှာ ဥမ္မာဒန္တီ လည်း ထားရှိခဲ့တဲ့အညိုးအတွက် ကလဲ့စားချေ ဖို့ မင်းကြီးအလာလမ်းမှာ မင်းကြီးကို ကြိုဆိုဖို့ဆိုပြီး သူ့ကိုယ်ကိုသူလည်းအလှဆုံးပြင်ဆင်ပြီး မင်းကြီးအလာစောင့်စားနေလိုက်ပါတယ် image
ထိုအခါမင်းကြီးကြွလာတော့ ဥမ္မာဒန္တီ ဟာ ပန်းများနဲ့ ကြဲပီး ကြိုဆိုနေတာကို မင်းကြီးတွေ့လိုက်တစ်ခဏအချိန်မှာပဲ စွဲလမ်းတက်မက်သွားခဲ့တယ်
မင်းကြီးလည်းနန်းတော်ထဲပြန်ရောက်တော့ ဥမ္မာဒန္တီ ရဲ့အလှကြောင့် စွဲလမ်းမှုဖြစ်ပေါ်ပြီး အမတ်ကြီးတွေကို ဥမ္မာဒန္တီ ဟာ လင်ရှိမယားလား အပျိုလားစုံစမ်းခိုင်းလိုက်တယ်
ထိုအခါ အမတ်ကြီးတွေလည်းစုံစမ်းပြီး လင်ရှိမယားဖြစ်ကြောင်း လျှောက်တင်ခဲ့တယ် ထိုအချိန်မှာပဲ မင်းကြီးဟာ ဥမ္မာဒန္တီ ကိုစွဲလမ်းပြီး စားမဝင် အိပ်မပျော်နဲ့ အိပ်ယာထဲမှာပဲ လူးလှိမ့်နေခဲ့တယ်
ထိုအရာကို သိတဲ့စစ်သူကြီးဟာ သူ့ရဲ့မင်းကြီးအတွက် တစ်ခုခုကြံမှ ဖြစ်တော့မယ်ဆိုပြီး မှူးကြီးမတ်ရာတွေနဲ့တိုင်ပင်ပြီး သစ်ပင်တစ်ပင်မှာ လူတစ်ယောက်ကို ကြိုတင်စောင့်ခိုင်း ရုက္ခစိုး အဖြစ် ဟန်ဆောင်ခိုင်းခဲ့တယ်
မင်းကြီးဟာ သူဖြစ်နေတဲ့အရာကို မည်သူ့ကိုမှလဲ ဖွင့်မပြောပဲ ကြိတ်ခံစားနေတယ်ဆိုတာကို စစ်သူကြီးက သိတဲ့အတွက် မင်းကြီး ကို မင်းကြီးအတွက် ကံကောင်းစေရန်အတွက် သစ်ပင်တစ်ပင်မှာ သွားရောက်ဆုတောင်းမည့်အကြောင်းလျှောက်တင်ပြီး သူစီစဉ်ထားတဲ့ သစ်ပင်ရှိရာသို့သွားပြီး မင်းကြီးထံအခစားဝင်ပြီး ရုက္ခစိုး ကြီးက မင်းကြီးဟာ ဥမ္မာဒန္တီ ကို စွဲလမ်းတပ်မက်နေတာဖြစ်ပြီး မရပါက ပျံလွန်တော်မူမည်ဖြစ်ကြောင်း လျှောက်တင်ပြီး သူ၏မိန်းမ ဥမ္မာဒန္တီ အား ဆက်သပါမည်ဖြစ်ကြောင်းလျှောက်တင်ခဲ့တယ် image
ထိုအခါ မင်းကြီးကသူရဲ့ အဖြစ်ကို ရုက္ခစိးုတောင်သိနေပြီလား ရှက်စရာအင်မတန်ကောင်းလိုက်တာဆိုပြီး
ငါသည် ဤတိုင်းပြည်အား အုပ်ချုပ်သော မင်းတစ်ပါးဖြစ်ပါတယ် ထိုအတွက်ကြောင့် လင်ရှိမယားအား ငါယူမည်ဆိုပါက ငါ့ရဲ့တိုင်းသူပြည်သားတွေဟာ ငါ့အား အပြစ်ပြောဆို ကဲ့ရဲ့ပြီး ကြည်ညိုတော့မည်မဟုတ်ပါ ထို့အတွက်ကြောင့် တရားနဲ့ စဉ်ချင်ပြီး သင်၏မယားအား ကျွန်ုပ် မယူနိုင်ပါဟုပြောကြားလေသည်
ဒီဇတ်လမ်းလေးမှာဆို အဘိပါရက မင်းကြီးဟာ အခွင့်အာဏာရှိတဲ့ သူတစ်ယောက်ပါ သူလိုချင်ရင် ဥမ္မာဒန္တီ ကို အချိန်မရွေးတော်ကောက်လို့ရပါတယ် ဒါပေမဲ့ ဒုသနသော လို့ခေါ်တဲ့ ငရဲကို သူကြောက်ရွံတဲ့အတွက် သူများ မယားကို မပြစ်မှားသင့်ဘူးဆိုတဲ့ အတွေးရှိတဲ့ မြင့်မြတ်တဲ့ စိတ်ထားအပြည့်ရှိတဲ့ ကျမတို့ရဲ့ ဘုရားလောင်း နုစဉ်အခါက အကြောင်းလေးပါ
အားလုံးကို ကျေးဇူးတင်ပါတယ်
Credit image google
By @coralbright
MSC 231

Sort:  

ရေးထားတာလေးဖတ်လို့ကောင်းပါတယ် sis lay

ကျေးဇူးပါ မဇင်ရေ

Good writing
အားပေးနေပါတယ်

ဟုတ်ကဲ့ချစ်မ

အရေးအသာကောင်းလာတယ်

ထင်ရတာပဲ

ကိုယ်‌ညီမလည်း ဥမ္မာဒန္တီ လို လှပါ‌စေ။

ဟီးဟီး

အမရေးထားတာအရမ်းကောင်းတယ်ဗျာ

ကျေးဇူးပါ အညာသားရေ

မြင့်မြတ်တဲ့စိတ်ထားရှိသူတွေဟာ အမှားကိုလွယ်လွယ်နဲ့ မကျူးလွန်ကျပါဘူး။

အမှန်ပဲ

အရေးအသာကောင်းလာတယ်

ကောင်းတယ်ဗျာ အားပေးနေတယ်

ရေးထားတာလေးကောင်းတယ်sis👍

ဟုတ်ကဲ့

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.033
BTC 69788.22
ETH 3727.34
USDT 1.00
SBD 3.75