မဖြိုသင့်တဲ့ တောင်ပို့

in #myanmar6 years ago (edited)

မဖြိုသင့်တဲ့တောင်ပို့ကို ဖြိုမိလို့ လင်မယားနှစ်လုံး တစ်ရက်တည်းတစ်ချိန်းတည်းမှာပဲသေခဲ့ရတဲ့အကြောင်းလေးကိုပြောချင်တယ် တစ်ကယ်ဖြစ်ခဲ့တာလေးပါ
သူ့တို့ လင်မယားနှစ်ယောက်ရဲ့နာမည်ကတော့ ဦးဝင်းသူ ဒေါ်မာလာပါ သူတို့နှစ်ယောက်မှာ သားလေးနှစ်ယောက်ရှိတယ် သားကြီးကတော့ ကျမနဲ့ရွယ်တူပါဘဲ သားငယ်လေးကတော့ ကျမတို့ထက် 9နှစ်လောက်ငယ်တယ်ရှင့် အန်တီမာလာကတော့ မိန်းမသိပ်မဆန်ဘူး အိမ်ထောင်မကျခင်တော့ ယောက်ကရှာ လိုပဲနေတာပါ အိမ်ထောင်ကျပြီးတော့လဲ သူယောက်ကျားရဲ့ အလိုလိုက်မှုကြောင့် နည်းနည်းဆိုးတယ်ရှင့် ဒါပေမဲ့ သူယောက်ကျားက မူးလာရင်တော့ သွေးဆိုးတယ်ရှင့် ရှိတာ အကုန်ပစ်ပေါက်ရိုက်ခွဲပေါ့ အန်တီမာလာကတော့ မိန်းမသဘာဝ ဘုရားတရားလေးကိုင်းရှိုင်းပါတယ် ဦးဝင်းသူရဲ့ အသက်မွေးဝမ်းကြောင်းအလုပ်လေးကတော့ ကားမောင်းတာပါ အန်တီမာလာကတော့ မှီခိုပေါ့ တစ်ရက်မှာ လင်မယားနှစ်ယောက် ငွေလေးစုမိဆောင်းမိဖြစ်လာတော့ အိမ်လေးနဲ့ခြံလေးဝယ်လိုက်တယ် အဲ့အိမ်လေးခြံလေးဝယ်ပြီးမကြာဘူး အဲ့အိမ်ရဲ့ခေါင်းရင်းအောက်ဖက်မှာ တောင်ပို့လေးတစ်ခုထွက်လာတယ်ရှင့် အဲ့တောင်ပို့ လေး ထွက်ပြီးမကြာပါဘူး အန်တီမာလာကို အိမ်မက်ပေးခဲ့တယ် ပိတ်ဖြူစင်ကြယ်နဲ့ အဘတစ်ယောက်က ငါနင်တို့အိမ်အောက်ထက် ခေါင်းရင်းမှာ ငါနေမယ်တဲ့ သူလဲ အဲ့လိုအိမ်မက်မက်တော့ အဲ့တောင်ပို့လေးကို အမွှေးတိုင်ထွန်း ဆီမီးပူဇော် သောက်တော်ရေကပ် ဆွမ်းကပ်ပေါ့ အဲ့လို လုပ်ပြီး 7ရက်မြောက်တဲ့နေ့မှာ သူကို ချဲဂဏန်း တစ်ကွက်လာပေးတယ် အဲ့ဂဏန်းကို သူ10000ဖိုးပေါက်တယ် အဲ့ဒါနဲ့သူပိုယုံသွားတယ်
နောက်တော့ တောင်ပို့လေးကို ရာဇမတ်ကာပြီး သေသေချာချာ ကိုးကွယ်တယ် အဲ့အချိန်ကစပြီး ချဲပေါက်ထီပေါက် ဇတ်တိုက်ပါပဲ သူအဲ့လိုတွေဖြစ်နေချိန်မှာ သူယောက်ကျားက ရှမ်းပြည်ဘက်ကားမောင်းနေရတဲ့ အတွက် မသိပါဘူး ပြောပြပေမဲ့လည်းလုံးဝမယုံဘူးရှင့်
တစ်နေ့ သူယောက်ကျားမူးမူးရူးရူးနဲ့ အိမ်ပြန်ရောက်လာတယ် ဟိုဟာပေါက်ခွဲ ဒီဟာပေါက်ခွဲပေါ့ အဲ့ဒါလည်းအားမရသေးပဲ ပေါက်တူးပြေးကိုင်ပြီး သူမိန်းမက ဘာလုပ်မို့လဲမေးတော့ တောင်ပို့ဖြိုမလို့တဲ့ မလုပ်ဖို့အကြိမ်ကြိမ်တားတယ်မရဘူး ပေါက်တူးနဲ့ အစိတ်စိတ်အမွှာမွှာ လုပ်ပြီး မြေညှိုလိုက်တယ် ပါးစပ်ကလဲပြောသေးတယ် နင့်ကိုလုပ်ကျွေးနေတာ ဒီတောင်ပို့ မဟုတ်ဖူး နင်လင်ငါဆိုပြီး ပေါက်တူးနဲ့ ဖြိုလိုက်တယ် image
မိုးလင်းနောက်ရက်ရောက်တော့ ကားမောင်းထွက်ရမယ်ဆိုပြီး အစောကြီးထွက်ခဲ့တယ် ကားထွက်ပြီး ပဲခူးအရောက်မှာ ဆိုင်ကယ်တစ်စီး ဖြတ်တက်တာကို မျက်လုံးထဲမြင်ပြီး ကားကိုကွေ့လိုက်တာ ကားကအိမ်တစ်အိမ်ထဲဝင်ပြီး လူတစ်ယောက်ဥွေားပါတယ် အဲ့ကနေစ အမှုတွေ ဖြစ်ရုံးချိန်းတွေတက်ရပေါ့ သူတို့ရဲ့နေရပ်ကတောင်ငူ ဖြစ်တော့ ပဲခူးမှာဆိုတော့ ပဲခူးအရေးပိုင်တဲ့အတွက် ပဲခူးမှာပဲ လာတက်ရတာပေါ့ အဲ့တော့ ကျမတို့အိမ်မှာလာတည်း ပြီးရုံးချိန်းအမှုလာတက်ရပါတယ် အဲ့လိုနဲ့ ထောင်နှစ်နှစ် ကျခဲ့တယ် အဲ့ကနေထွက်တော့ ကားမောင်းတဲ့ အလုပ်လေးပဲပြန်လုပ်ပါတယ် သူတို့နေတဲ့ အိမ်မှာလဲတောင်ပို့လေးက ပြန်ပေါက်နေပါတယ် သူမိန်းမလဲ သူမရှိတုန်းလေးကိုးကွယ်ထားတာပေါ့ ထုံးစံအတိုင်း ဦးဝင်းသူကမူးလာတိုင်း အဲ့တောင်ပို့ကိုပဲ အကြိမ်ကြိမ်ဖြိုတယ်ရှင့် တောင်ပို့ကလည်းသူဖြိုပြီးမကြာဘူး ပြန်ပြန်တက်လာတယ် နောက်မကြာပါဘူး သူမိန်းမကို နိမိတ်မကောင်းတဲ့ အိမ်မက်တွေ ခဏခဏပေးတယ် အဲ့ဒါနဲ့ လင်မယားနှစ်ယောက်မနေရဲတော့တာနဲ့ အိမ်ကိုရောင်းပြီး သူမိဘတွေမြေမှာပဲ အိမ်လေးဆောက်ပြီးနေကြတယ် image
နောက်ဆုံးအကြိမ်ကားမောင်းခြင်း
ကျမကလဲ အဲ့အချိန်တောင်ငူမှာ GTCတက်နေတဲ့အချိန်ဆိုတော့ သူတို့ကလည်းကျမတို့အိမ်က အကူအညီအများကြီးရထားတော့ ကျမကိုတော့ လင်မယားနှစ်ယောက်လုံးဂရုစိုက်ကြတယ် သူတို့ဘယ်ကပြန်လာလာ ကျမအတွက်မုန့်ဝယ်ဝယ်လာတက်တယ် တစ်နေ့မုန့်လေးဝယ်လာပြီးလာနှုတ်ဆက်တယ် သမီးရေတဲ့ အန်တီတို့လင်မယားနှစ်ယောက်လုံး မန္တလေးမှာ ကားမောင်းသွားမလို့တဲ့ အန်တီကတော့ နင့်ဦးလေးကို ထမင်းချက်ကျွေးဖို့လိုက်သွားရမယ်တဲ့ အန်တီလဲ သူကားမောင်းတဲ့နောက် တောက်လျှောက်လိုက်ရမှာ ဒီတခါတော့ နောက်ဆုံးကားမောင်းခြင်းပဲသမီးရေ အန်တီလဲ အိမ်မက်တွေကမကောင်းတော့ ကားမောင်းသွားဖို့ကိုမသွားချင်ဘူး ဒါပေမဲ့လဲ company နဲ့စာချုပ်ချုပ်ထားတာမို့မောင်းပေးရမှာ ဒီတစ်ခါ ကားမောင်းပြန်လာရင် အိမ်မှာပဲ အိမ်ဆိုင်လေးဖွင့်ပြီးနေတော့မယ် ကားမမောင်းတော့ဘူး ပြောပါတယ်
နောက်နေ့ရောက်တော့ လင်မယားနှစ်ယောက်လုံး မန္တလေးထွက်သွားကြတယ် company နဲ့ စာချုပ်က တစ်လပါ တရုတ်ပြည်နယ်စပ်ကို သံချောင်းတွေ ပို့ရတဲ့အလုပ်ပါ တစ်လပြည့်ဖို့နောက်ဆုံးရက် သံတွေတင် တောင်တွေကြား ကားလေးမောင်း မန္တလေးမြို့ထဲ အရောက်လေဘောင်လေးချိန်ပြီး အထွက် 15မိနစ်လောက်မှာ အရင် ဖြစ်ဖူးတဲ့ အက်ဆီးဒင့် အတိုင်း မန္တလေးမြို့ထဲလမ်းကွေ့နေရာမှာ ဆိုင်ကယ်ဖြတ်တက်တာမြင်ပြီး လန့်ပြီး steeringကို အဆုံးကွေ့ ကားမှောက်ပြီး နောက်က တင်လာတဲ့ သံချောင်းတွေဟာ လျောကျလာပြီး ခေါင်းခန်းဖောက်ထွက် လင်မယားနှစ်ယောက်လုံးရဲ့ ဦးခေါင်းမှာ စိုက်ဝင်ပြီး နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်
ကားပေါ်ပါလာတာ သူတို့လင်မယားနှစ်ယောက်နဲ့ သူ့တူနဲ့ စပါယ်တစ်ယောက်ပါ သူတို့လင်မယားနှစ်ယောက်ပဲ သေပါတယ် ကျန်နှစ်ယောက်ကတော့ ဒဏ်ရာပဲရပြီး အသက်ရှင်လျက်ကျန်ခဲ့တယ် သူတူပြောပြချက်အရ သူတို့ကားထွက်တဲ့ လမ်းတစ်လျှောက် ကျီးကန်းတစ်ကောင်ဟာ အော်ပြီး တောက်လျောက်လိုက်လာခဲ့တယ် သူတို့နားရင်လိုက်နားတယ် သူတို့သွားရင်လိုက်သွားခဲ့တယ်
ကျမ messageပေးချင်တာလေးကတော့ တောင်ပို့ ဆို ဘယ်တောင်ပို့မှ မတောင်းပန်ပဲ မဖြိုပါနဲ့ လူနဲ့ မလွတ်ရင်တောင်းပန်ပြီးဖြိုပါ တကယ်ဖြစ်ခဲ့တာလေးမို့ အဖြစ်အပျက်လေးကို ဝေငှပေးလိုက်ခြင်းဖြစ်ပါတယ် အားလုံးပဲကျန်းမာပါစေ
Credit image google
By @coralbright MSC 231

Sort:  

တောင်ပို့ ဗဟုသုတ ရပါတယ်ဗျာ။

ဟုတ်ကဲ့

MSC 231
@coralbright လို့ ရေးတာပိုကောင်းမယ်

အေးပြင်လိုက်ပြီ သယ်ရင်း

ကောင်းပါတယ်။

ဖတ်လို့ကောင်းပါတယ် သယ်ရင်းရေ
အားပေးခဲ့ပါတယ်

ကျေးဇူး သယ်ရင်း

ဥပါဒန်ကြောင့် ဥပါန် ရောက်တာပေါ့

ဟုတ်တယ်အကို သနားစရာလည်းကောင်းတယ်

အ​ရေးအသား​ကောင်းပါတယ်​ရှင်​။

ကျေးဇူးပါ

ကောင်းပါတယ်

ကျေးဇူးပါ ဗိုလ်စိုး

Coin Marketplace

STEEM 0.28
TRX 0.12
JST 0.033
BTC 69386.82
ETH 3714.50
USDT 1.00
SBD 3.85