ငါပြောသလိုလုပ်

in #myanmar6 years ago (edited)

မိဘနဲ့ သားသမီးကြားက နားလည်မှာလွဲ မှားပုံလေးတွေ ကြီးသူနဲ့ငယ်သူကြားက လွဲမှား မှုလေးတွေ ကို ကိုးကားပြီး ရေးသားလိုက်ပါတယ်
မိဘ ဆိုတာကတော့ သားသမီးတွေရဲ့ လက်ဦးဆရာပါ မိဘ ရဲ့ ကောင်းတဲ့ အကျင့်လေးတွေ ဆိုးတဲ့ အကျင့်တွေ ကို အတုယူတာ သားသမီးတွေပါ
ဒုတိယ လက်ဦးဆရာကတော့ ဆရာသမားတွေပါ တစ်ချို့ကလေးတွေ ဘယ်လောက်ဆိုးဆိုး ဆရာသမားတွေ ရဲ့ သွန်သင်ဆုံးမ မှုကြောင့် လိမ္မာ သွားတဲ့ ကလေးတွေလည်း အများကြီး ရှိပါတယ် image
ကျမတို့ တွေ တော်တော်များများ ကိုးရီးယားကား တွေ ကြည့်ဖူး ကြမှာပါ အဲ့ဒီမှာ သတိထားမိတာလေး တစ်ခု ရှိတယ် မအေနဲ့ဖအေ ဘယ်လောက်ပဲ မတည့်မတည့် သူတို့ သားသမီးအရှေ့မှာ ဘယ်တော့မှ ရန်မဖြစ်ကြဘူး သူတို့သားသမီး မမြင်ကွယ်ရာမှာ ပဲ ဖြစ်ကြ ပြောကြဆိုကြတယ် ဒါတွေ ဟာ ဘာကြောင့်လည်း တစ်ယောက်နဲ့ တစ်ယောက် ရန်ဖြစ်ပြီ ဆို ကောင်းတဲ့ စကား ဘယ်တော့ မှ ထွက်မလာပါဘူး မကြားဝံ့ မနာသာတွေနဲ့ အဆဲအဆို တွေ ပါလာ စမြဲ ပါ
ဒီလိုမကောင်းတဲ့ စကားလုံးတွေ ကို သူတို့သားသမီးတွေကို အတုယူသွားမှာ ဆိုးတဲ့အတွက် သားသမီးကွယ်ရာမှာ ဖြစ်ကြတာပါ
နောက်တစ်ခု အနေနဲ့ သားမီးတစ်ယောက် တပည့်တစ်ယောက်ကို ဆုံးမတဲ့ အခါမှာ လည်း ကိုယ်ဟာလည်း လမ်းမှန်နေဖို့ လိုပါတယ် ကိုယ်က လမ်းမမှန်ပဲ ဆုံးမ တဲ့ အခါမှာ သားသမီးရဲ့ စိတ်ထဲမှာ ဟာ သူတို့ ကြလုပ်ပြီး ငါတို့ ကြ ဘာကြောင့် မလုပ် ခိုင်းတာလည်း ဆိုတဲ့ အတွေးတစ်ခု ရောက်ကြပါတယ်
ဥပမာပြော ရရင် ဟိုတလော က ကျမ မောင်ဝမ်း ကွဲ က ငယ်ငယ်နဲ့ ဆေးလိပ်သောက် ဘီယာသောက်လုပ်တယ် အဲ့ဒီအခါ မှာ သူ့အဖေကဆူ တယ် မင်း ငယ်ငယ်ရွယ်နဲ့ ဘာလို့ ဆေးလိပ်တွေ ဘီယာတွေသောက်နေတာလည်း ဆေးလိပ်တွေ ဘီယာတွေက ကင်ဆာ ဖြစ်တယ်ဆိုတာ နားမလည်ဘူးလား လို့ ပြောတဲ့အခါ သူ့သားက အဖေကြီး ကကော ဘာလို့ ဆေးလိပ်တွေ ဘီယာတွေ သောက်လည်းတဲ့ သားကို ဆုံးမချင်ရင် အဖေကြီး ကိုယ်တိုင် အရင် ဖြတ်ဦးတဲ့ ကျမ ဦးလေး စွင့်အ သွားတယ် သားသမီးတစ်ယောက်အနေနဲ့ အမှန်တရားကို ပြောပေမယ့်လည်း ရိုင်းရာကျသလို မိဘတစ်ယောက် အနေနဲ့လည်း ကိုယ်ကိုတိုင် မကောင်းတာ ကို သားသမီးရှေ့ လုပ်မိတဲ့ အတွက် သားသမီးပြောတာ ခံလိုက်ရတာပေါ့
ငါပြောသလို လုပ်ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ ပတ်သတ်ပြီး ပုံပြင်လေး တစ်ခု ဖတ်ဖူးတယ်
ဟိုရှေးရှေးတုန်းက ရွာရဲ့ အလယ်ဗဟို မှာ တည်ထားကိုးကွယ်တဲ့ အေးစေတီဆိုတဲ့ ဘုရားလေး ဘေးမှာ ဘုန်းကြီးကျောင်းတစ်ကျောငိးရှိတယ် အရင်တုန်းကလူတွေကတော့ ကိစ္စတစ်ခ်ုခု ဖြစ်ရင် ဘုန်းကြီးကို ပဲ ဦးတည်ပြီး ရှင်းခိုင်းကြတာများတယ်
တစ်နေ့မှာတော့ သားမိနှစ်ယောက် ရွာအလယ် အေးစေတီ ဘုန်းကြီးကျောင်းကို ရောက်လာ ခဲ့ တယ်
အဲ့ဒီမှာ အမျိုးသမီးကလျှောက်တင်တယ် အရှင်ဘုရား တပည့်တော်မ သားလေး ကို ဆုံးမပေးပါဦး ဘုရားတဲ့ ဘုန်းကြီးကတော့ ဒကာမ ကြီး သင့်သားက ဘာဖြစ်လို့လဲ လည်းပေါ့
အမျိုးသမီးက ပြန်ပြောတယ် အရှင်ဘုရား တပည့်တော်မှသားလေးဟာ သကြားတွေ အရမ်းစားလို့ပါဘုရားတဲ့ ဒီအချိန်မှာ ဘုန်းကြီးက အေး ကောင်းပြီ ငါဆုံးမပေးမယ် ဒါပေမဲ့ အခုတော့ မဟုတ်ဖူး နောက် လ ကုန်လောက်မှ လာခဲ့ လို့ပြောလိုက်တယ်
အဲ့ဒါနဲ့ သားအမိ နှစ်ယောက်လည်း ပြန်သွားကြတယ် နောက်လကုန်တော့ သူတို့ ဘုန်းကြီးကျောင်းကိုပြန်သွား ကြတယ် image
အဲ့ အချိန်မှာ ဘုန်းကြီး က ပြောတယ် ဒကာလေး သကြားတွေ အရမ်းမစားနဲ့ သွားတွေပိုးစားတက်တယ် ဆီချိုရောဂါတွေ ဖြစ်တက်တယ်လို့ပြောတယ်
ဘုန်းကြီးပြောလည်းပြီးရော အမျိုးသမီးကပြောတယ် ဘုန်းဘုန်း ဘုရားကလည်း ဒီ စကားလေး ပြောဖို့ကို ဟိုတစ်ခါလာ ကတည်းကမပြောပဲ နဲ့ နောက်လ ထပ်ချိန်းပြီး အခုမှ ပြောရသလားလို့ ပြောတယ်
ဒီ အချိန်မှာ ဘုန်းကြီးက ဒကာမကြီး လာပြီး ဆုံးမ ခိုင်း စဉ်က ဘုန်းဘုန်းက သကြားတွေ အများကြီးစားနေတာ အဲ့ဒါကြောင့် ဒကာမကြီးတို့ ကို ပြန်လွတ်ပြီး ဘုန်းဘုန်း ကိုယ်တိုင် သကြားကို လျော့စားပြီး မှ ဆုံးမတာပါလို့ပြောတယ်
သူများကို ဆုံးမ ချင်ရင် ကိုယ်ကိုတိုင်လည်း မှန်ဖို့ လိုပါတယ် လို့ ပြောလိုက်ပါတယ်
ဒီ ပုံပြင်လေးမှာ အသိတစ်ခု ရလိုက်တာတော့ သူများကို ဆုံးမ ချင်ရင် ကိုယ်ကိုတိုင် မှန်ဖို့ လို တာကို တွေးမိပါတယ်
အားလုံးပဲ ကျန်းမာပါစေ
@coralbright
MSC 231
Credit image google

Sort:  

သူများကို ပြောမယ်ဆို ကိုယ်ကိုတိုင် အရင် မှန်ဖို့ လိုတယ်။

ငါပြောသလိုလုပ် ငါလုပ်သလိုမလုပ်နက် !!
အဲလိုမဖြစ်အောင်နေရပါမေလို့ ပြောတာပါ :D

ဟုတ်ပါ့ ချစ်မရေ

သူများကိုပြောချင်ရင် ကိုယ်ကိုယ်တိုင်အရင်ကောင်းအောင် နမူနာပြပြီး နေသင့်တာတော့ အမှန်ပဲ။

သူတပါးကိုပြောချင်ကိုယ်တိုင်မှန်အောင်ကျင့်မှဆုံးမနိုင်မှာပေါ့။မှန်ပါတယ်

ရှုပ်ထွေးတယ် ဒကာမကြီး ဦးဇင်းတို့လောက ကရှုပ်ထွေးတယ်

ဟုတ်ကဲ့ပါ

လုံးဝအပြည့်​အဝ​ထောက်​ခံတယ်​ဗျာ။
ကိုယ်​တိုင်​မကျင့်​ကြံနိုင်​ဘဲ
သူများကို ငါ​ပြောသလိုလုပ်​ဆိုတာ
တော်​​တော်​ မတရားတဲ့ကိစ္စပဲဗျ။

အသိတရားတခုရလိုက်​ပါတယ်​ညီမ​ရေ။

ငါ​ပြောသလိုလုပ်​ ငါလုပ်​သလိုလုပ်​:-)

အဟမ်းး ဘာ့ပြောတာပဲကောင်းဘာဒေလေ :-)

Coin Marketplace

STEEM 0.28
TRX 0.12
JST 0.033
BTC 69692.63
ETH 3775.19
USDT 1.00
SBD 3.76