ပတ်ဝန်းကျင်

in #myanmar6 years ago

ဒီနေ့တော့ ပတ်ဝန်းကျင်အကြောင်းလေးပြောချင်တယ် ပတ်ဝန်းကျင်လို့ပြောရင်ကောင်းတဲ့ ပတ်ဝန်းကျင်မကောင်းတဲ့ပတ်ဝန်းကျင်ဆိုပြီး သမုဒ်ကျတယ် တချို့ဆို နေထိုင်မှုအတွက် ပတ်ဝန်းကျင်ကောင်း ပတ်ဝန်းကျင်သန့်ကို ရွေးချယ်ကြတယ် ဒါတွေဟာဘာကြောင့်လဲ ကောင်းတဲ့ ဝန်းကျင်မှာ ကျင်လည်လာတဲ့သူဟာ သူအရင်က ဘယ်လောက်မိုက်ခဲ့ဆိုးခဲ့ ပတ်ဝန်းကျင်ကောင်းကို ရောက်သွားတဲ့အခါမှာ သူဆိုးခဲ့မိုက်ခဲ့တဲ့အကျင့်စရိုက်တွေဟာ အဲ့ဒီပတ်ဝန်းကျင်ကောင်းရဲ့ ခြုံလွမ်းမှုကြောင့် တစ်စတစ်စ တစ်ဖြေးဖြေး သူ့ရဲ့အကျင့်ဆိုးတွေဟာ ပပျောက်လာတယ် image ဒါတွေဟာဘာတွေလဲ ကောင်းတဲ့ ပတ်ဝန်းကျင်မှာနေထိုင်မိလို့ ဒီလိုပါပဲ ကောင်းတဲ့သူတွေ ဆိုးတဲ့ပတ်ဝန်းကျင်ကိုရွေးချယ်မိရင် သူဘယ်လောက်ကောင်းတယ်ပြောပြော သူနေထိုင်တဲ့ ပတ်ဝန်းကျင်ကြောင့် ဆိုးတယ်လို့ အထင်ခံရတယ် ပတ်ဝန်းကျင် လို့ဆိုတဲ့နေရာမှာ အိမ်နီးချင်းဘေးပတ်လည်မှ ပတ်ဝန်းကျင်လို့မဆိုပါဘူး သားသမီးတိုင်းရဲ့ပတ်ဝန်းကျင်ဟာလဲမိဘပါပဲ သားသမီး တွေဟာ မိဘတွေ စရိုက်တိုင်းကို အတုခိုး အတက်သင်ကြပါတယ် မိဘတွေကောင်းတဲ့ အကျင့်လုပ်ရင် သားသမီးကလည်း ကောင်းတဲ့အကျင့်ကို အတုခိုးကြတာကြည့်ပါပဲ အဲ့လိုအတုခိုးတက်တဲ့ အရွယ်လေးတွေဟာ အသက်အားဖြင့် တစ်နှစ် ကနေ 16နှစ်အရွယ်ကလေးတွေပါ အဲ့အရွယ်တွေဟာ သွန်သင်လို့အကောင်းဆုံးအရွယ်တွေပါ ပတ်ဝန်းကျင်အကြောင်းပြောတော့ ဒီနေ့ ကြုံခဲ့ရတာလေး တစ်ခုပြောချင်တယ် ဒီနေ့ ကျမ စက်ရုံကနေ အိမ်ပြန်ထမင်းစား နေပူလို့ မပြန်ပဲ ထမင်း ကျမတို့စက်ရုံရဲ့ အနောက်ဖက်က ဆိုင်မှာ ကျမ ထမင်းသွားစားခဲ့ တယ် ကျမက သတ်သတ်လွတ်စားတော့ သူ့ကို သတ်သတ်လွတ် ကန်စွန်းရွက် ကြော်ပေးဖို့ပြောလိုက်တယ် သူကကန်စွန်းရွက်မနက်ဖြန် အချဉ်ဟင်းချက်မလို့ကြော်ပေးလို့မရဘူး လို့ပြောပြီး ဗူးညွန့်ပဲကြော်ပေးတယ် အယ်ပြီးတော့ သူကပြောတယ် ဘာလို့သက်သက်လွတ်စားတာလဲတဲ့ အလုပ်ရှုပ်ခံပြီးတော့တဲ့ သူကပြောပြီး တခြားလူကိုပြောတယ်ငါလဲ မနက်ထဲက ပိန္နဲသီး ဝယ်တော့လဲ သူက ဆွမ်းတော်ကပ်ဖို့ပြောတော့ မကပ်နိုင်ဘူး ဘုရားက လူတကာကျွေးနေတာစားလို့ရတယ်တဲ့ ကိုယ်ကျွေးလဲ ဒီဘုရားသိမှာ မဟုတ်ဖူး တဲ့ ဘုရားကသူ့ဘာသာသူပြန်လွန်တော်မူသွားပြီတဲ့ လူတွေက ဘုရားတရားလုပ်ပြပြီး စိတ်ကောင်းရှိတာ မဟုတ်ဖူးတဲ့ ဘုရားတရားလုပ်ပြီး စိတ်ယုတ်နေတာတွေတစ်ပုံကြီးတဲ့ သူပြောတာလဲမှန်ပါတယ် မမှားပါဘူး ဒါပေသိ ဘယ်သူတွေ ဘယ်စိတ်ထားထား ကိုယ်ပြုတဲ့ကံက ကိုယ့်ဆီပဲလာမှာပါ ဒါပေသိ အာပေါင်အာရင်းသန်သန်နဲ့ ဂုဏ်ယူဝံ့ကြွားစွာပြောဆိုနေတာ ကြည့်လိုက်တော့ ကျမလဲ စိတ်ထဲ တစ်မျိုးဖြစ်သွားတယ် အဲ့ဒါနဲ့ image ကိုယ့်ထမင်းလေးကိုယ်ကုန်းစား နေလိုက်တယ် အဲ့နောက်တော့ သူဘာသာ ကျမကို အားနာသွားတာလား ဘာလားတော့မသိဘူး ကျမကလဲ သတ်သတ်လွတ်စား အဓိဌန်ဝင်တယ်လို့ပြောတာကို ဘာပြောလဲ ဆိုတော့ ငါတို့ကအဲ့လိုပဲပြောနေကြ ငါဆီလာတဲ့ အဒေါ်ကြီးဆိုငါ့ထက်ဆိုးတယ် တို့ အဲ့ကစ ယုတ်ယုတ်ပတ်ပတ်တွေ ပြောတယ်ဆိုတဲ့အကြောင်းကို ဂုဏ်ယူဝံကြွားစွာပြောနေတာပေါ့ ရှင် ဒါပေမဲ့ ကျမ အပြစ်မမြင်ဘူး သူနေတဲ့ပတ်ဝန်းကျင်နဲ့ စရိုက်ဟာ သူပြောနေတဲ့ပုံစံ အတိုင်းပါပဲ တစ်နေ့တစ်နေ့ အတင်းပြောကြ ပြသနာတက်ကြနဲ့ ဆဲကြဆိုကြနဲ့ အလုပ်များနေတဲ့ ပတ်ဝန်းကျင်ဆိုတော့ ဒါကြောင့် ကိုယ်ကိုတိုင် မိဘဖြစ်လာရင်လဲ ကောင်းတဲ့ အရာတွေ ကိုယ့်သားသမီးကိုပေးနိုင်တဲ့ ပတ်ဝန်းကျင်ဖြစ်အောင်နေထိုင်ကြစေလိုပါတယ် imageမိဘနေရာမရောက်သေးရင်တောင် အိမ်မှာ ညီကိုမောင်နှမတွေအတွက် ကောင်းတာတွေ အတုခိုးနိုင်စေဖို့ ပေးစွမ်းနိုင်တဲ့ ညီကိုမောင်နှမတွေဖြစ်စေလိုပါတယ် ကိုယ်ကရိုင်းပြစွာပြောတဲ့ စကားတွေကို သူများတော့နစ်နာစေဆိုတဲ့ အသိစိတ်နဲ့ ကြီးမှန်းငယ်မှန်းမသိ ပြောလိုက်တဲ့ စကားတိုင်းဟာ တစ်ဖက်လူရဲ့ ကောက်ချက်ချမှုကတော့ ရိုင်းစိုင်းတယ်ပေါ့ ဒါပါပဲ လူတစ်ယောက်ရဲ့ အပြောအဆိုအပြုအမူတိုင်းဟာ ကိုယ့်မိဘနဲ့အသိုင်းအဝိုင်းကို ထိခိုက်စေတယ်ဆိုတာ သတိပြုမိစေရန်ရေးသားဖော်ပြလိုက်ပါတယ်ရှင် စဉ်းစားချင့်ချိန်နိုင်ကြပါစေ
Credit image google
By coralbright MSC 231

Sort:  

ဒါကိုပဲ social motivate လို့ခေါ်ကြတာပေါ့

ဟုတ်ကဲ့

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.033
BTC 70586.26
ETH 3763.77
USDT 1.00
SBD 3.79